← Chapters

တောင်းပန်ပါ

Vol. 40 Ch. 598

တောင်းပန်ပါ

Vol. 40 Ch. 598

၎င်းက ရင့်သီးသော စကားဖြစ်သော်လည်း ထိုအမာခံ ပရိသတ်များက ဤသို့ အရူးအမူး ပြုမူနေသည်က ရယ်ချင်စရာ ကောင်းလှပေသည်။

ရဲ့လင်းချန် သက်ပြင်းချလိုက်မိသည်။ သူ့နိုင်ငံက အဘယ်ကြောင့် ဤသို့သော ပြဿနာများ ရှိနေသလဲ သူ မသိပေ။

*ဒီမိန်းကလေးတွေ ဦးနှောက်များ ချောင်နေသလား၊ ဘယ်လိုလုပ် ငါတို့ ယဉ်ကျေးမှုက ကိုရီးယားနိုင်ငံဆီက ထိုးဖောက်တာကို အလွယ်လေး ခံလိုက်ရတာလဲ*

*ပြည်ပ ယဉ်ကျေးမှုကို သဘောကျပြီး ကိုယ့်ယဉ်ကျေးမှုကို စွန့်ပစ်တာပဲ*

ဤမိန်းကလေးများ၏ မသိနားမလည်မှုက သနားစရာကောင်းသော မြင်ကွင်းတစ်ခုပင်။

စစ်သည်တော်ဌာနက စစ်ပညာ အသားပေး ရုပ်သံဇာတ်လမ်းတွဲ ရိုက်ချင်နေသည်က မဆန်းတော့ပေ။ ချင်ပိုင်ချွမ်းသည် ပရိသတ်များ၏ လက်ရှိ ခံယူချက်ကို ပြောင်းလဲနိုင်ရန်အတွက် သူ့အား အနုပညာလောကတွင်း၌ ဥပမာကောင်းတစ်ခု ဖြစ်လာရန်ပင် မျှော်လင့်နေခဲ့သည်။

အရူးအမူး ဖြစ်နေသော လူအုပ်အတွင်း၌ ဆယ်ကျော်သက်အရွယ် မိန်းကလေး တစ်ယောက် ပါရှိသည်။ နှစ်သစ်ကူး ရာသီဥတုသည် အစကတည်းက ချမ်းအေးနေပြီ ဖြစ်သည်။ ထို့အပြင် ယခုအချိန်က ညအချိန် ဖြစ်သည်။ သူမ၏ နှုတ်ခမ်းများက ချမ်းအေးလှသော အပူချိန်ကြောင့် ဖြူရော်လာသည်။ သူမသည် အပြင်၌ အချိန်အတော်ကြာအောင် ရပ်နေခဲ့ပုံရသည်။ လူအုပ်အတွင်း၌ အားနှင့် တိုးဝှေ့နေရတာတောင်မှ သူမသည် ပို့စကတ်ကို ကိုင်၍ ကင်ဟျွန်းမင်ကို စိတ်လှုပ်ရှားစွာ လှမ်းပေးနေသည်။

“ကျွန်မ တောင်းဆိုပါတယ်နော်၊ ကျေးဇူးပြုပြီး လက်မှတ်လေး ထိုးပေးပါလား”

ထိုစဉ် အစောင့်များက အခြေအနေကို ထိန်းရန် အပြေးရောက်လာ၏။

“ကျေးဇူးပြုပြီး ပူးပေါင်းပေးပါ”

“ကျေးဇူးပြုပြီး လမ်းပိတ်တာကို ရပ်ပြီး အပြင်ကို ထွက်ပေးပါ”

“ဘေးဖယ်ကြပါ၊ စိတ်ကို ငြိမ်ငြိမ်ထားပါ”

သူတို့သည် စကားဖြင့်သာ ထိုသို့ ပြောနေရသည်။ ကြမ်းတမ်းသော အပြုအမူများကိုလည်း ပြုလုပ်၍ မဖြစ်ပေ။ အထူးသဖြင့် ထိုမိန်းကလေးများက အသက်မပြည့်သေးသော အရွယ်လေးများ ဖြစ်နေသည်။ သူတို့ ဘာမှမတတ်နိုင်ဘဲ စောင့်ကြည့်နေရသည်။ ထိုသို့သော အခြေအနေ၌ တစ်ခုခု ဖြစ်လာရန် အလွန် လွယ်ကူလှသည်။

ဤသို့သော အခြေအနေ၌ အနုပညာရှင်သည် လိုက်လျောညီထွေစွာ လက်မှတ် အနည်းငယ် ထိုးပေးသင့်သည်။ ထို့နောက် ပရိသတ်များအား ပူးပေါင်းပေးရန် စကား အနည်းငယ် ပြောသင့်ပေသည်။ ထိုသို့ဆိုလျင် ပရိသတ်များက သူတို့ဘာသာ အလိုလို ထွက်သွားတတ်ကြသည်။

သို့သော် ကင်ဟျွန်းမင်က နေရာ၌ ရပ်၍သာ စူးစိုက်ကြည့်နေပြီး ဘာမှမလုပ်ချေ။ သူ၏ မှင်သေသေ မျက်နှာတွင် အထင်အမြင်သေးဟန်များသာ ရှိနေပြီး သူ့ပရိသတ်များ တစ်ယောက်နှင့် တစ်ယောက် တိုးဝှေ့ ကျပ်ညက် နေသည်ကို ကြည့်ရုံသာ ကြည့်နေ၏။

ရုတ်တရက် လူအုပ်ထဲမှ အော်သံတစ်သံ ထွက်ပေါ်လာသည်။

“အား … လူတစ်ယောက် လဲကျသွားပြီ”

“တိုက်ခိုက်တာ၊ သက်တော်စောင့်တွေက လူတွေကို ရိုက်နေတာပဲ”

စူးရှသော အော်သံနှင့်အတူ လူအုပ်က ရေလှိုင်းသဖွယ် နောက်သို့ ပြန်ဆုတ်သွားသည်။ ပို့စကတ် ကိုင်ထားသော ဆယ်ကျော်သက်အရွယ် မိန်းကလေးက မြေကြီးပေါ်၌ လဲနေသည်။

ရုတ်တရက် ဖြစ်ပျက်သွားခဲ့သဖြင့် လူတိုင်း အံ့ဩသွားကြသည်။ သူတို့အားလုံး မှင်တက်နေ၏။

ယင်းက အလွန် လျင်မြန်စွာ ဖြစ်သွားခဲ့ပြီး ဖရိုဖရဲ အခြေအနေ ဖြစ်နေသဖြင့် ဘာဖြစ်သွားသလဲ ဆိုသည်ကို ဘယ်သူမှ မမြင်လိုက်ချေ။

မြေကြီးပေါ် လဲကျသွားသော ထိုဆယ်ကျော်သက်အရွယ် မိန်းကလေးသည် ရာသီဥတုနှင့် ဆန့်ကျင်စွာ ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားသည်။ သူမက အနွေးထည်လေး တစ်ထည်ပင် မဝတ်ဘဲ ခပ်ပါးပါး အဝတ်လေးသာ ဝတ်ထားပြီး တိတ်တဆိတ် ခိုးထွက်လာခဲ့ပုံရသည်။ သူမ ဒဏ်ရာ ရသွားသည့်ပုံပင်။ သူမသည် ညည်းတွား၍ မျက်မှောင်ကြုတ်ကာ ဝေဒနာအား တတ်နိုင်သမျှ သည်းခံနေသည်။

သူမသည် အံကို ကြိတ်ထားပြီး မျက်ရည်များက မထိန်းနိုင်ဘဲ စီးကျလာကာ သူမ၏ သေးသွယ်သော ခန္ဓာကိုယ်လေး တုန်ယင်လာ၏။

“ဘာဖြစ်တာလဲ”

“ဘာဖြစ်သွားတာလဲ”

“မိန်းကလေးက ဘယ်လိုလုပ် လဲကျသွားတာလဲ”

“သူ့ကို သက်တော်စောင့်တွေက တွန်းလိုက်တာ ထင်တယ်”

“သူ့ကို ထူပေးကြဦးလေ”

သူမအနီးအနားမှ လူများက ပြောဆိုနေကြသည်။

ကင်ဟျွန်းမင်သည် ဆယ်ကျော်သက်အရွယ် မိန်းကလေးအား ကြည့်နေပြီး ခံစားချက် ကင်းမဲ့နေဆဲ ဖြစ်ကာ တုပ်တုပ်မျှ မလှုပ်ပေ။

သူ၏ သက်တော်စောင့်များမှာမူ တစ်ခဏမျှသာ‌ ကြောင်နေပြီးနောက် ဘာမှမဖြစ်သကဲ့သို့ ပြုမူကာ နေရာ၌ ရပ်မြဲ ရပ်နေကြသည်။

“ကလေး မင်း အဆင်ပြေရဲ့လား၊ နာနေလား”

လူအုပ်ထဲမှ အမျိုးသမီးတစ်ယောက်က သူမနားသို့ လျှောက်လာသည်။

သူမအား ရဲ့လင်းချန် မြင်ဖူးနေသလို ဖြစ်နေပြီး သူမသည် Gala နွေဦးပွဲတော်၏ စင်နောက်ဘက် ဝန်ထမ်း အဖွဲ့ဝင်များထဲမှ ဖြစ်ပုံရသည်။

“သမီး အဆင်ပြေပါတယ်”

မိန်းကလေးက ခေါင်းခါနေသည်။ ထို့နောက် သူမသည် မြေကြီးပေါ်မှ ပို့စကတ်ကို ကြည့်ကာ မျက်လုံးထဲ၌ စိတ်ညစ်သွားဟန် ပေါ်လာသည်။

“ငါ့ပုဝါကို မြန်မြန် ပတ်ထားလိုက်၊ ညဉ့်နက်နေပြီ၊ အိမ်မှာမနေဘဲ ဘာလို့ ဒီကို ပြေးလာတာလဲ”

အမျိုးသမီးက ကလေးမလေးကို ကရုဏာသက်စွာ ကြည့်ပြီး သူမ လည်စည်းပုဝါအား ကလေးမလေးကို မြန်မြန် ပတ်ပေးလိုက်သည်။

ထို့နောက် ဘာမှမလုပ်သော ကင်ဟျွန်းမင်နှင့် သူ့သက်တော်စောင့်များကို သူမက စူးစိုက်ကြည့်၍ ဒေါသတကြီး ပြောဆိုသည်။

“ရှင်တို့က ဘယ်လိုလူတွေလဲ၊ ရှင်တို့ ကလေးမလေးကို တွန်းထုတ်ပြီးတော့ မတောင်းပန်ဘဲ ရပ်ကြည့်နေတာလား”

ကင်ဟျွန်းမင်က သူမကို ကြည့်ရုံသာ ကြည့်၍ ငြိမ်နေ၏။ သူ၏ မာန်တက်နေသော အပြုအမူက အတိုင်းသားပင်။ ထို့နောက် သူက သူ၏ သက်တော်စောင့်များနှင့် ထွက်သွားရန်ပင် ကြိုးစားလေသည်။

“ယီးပဲ၊ မင်းက ဘာမို့လဲ၊ မင်းက လူကို လဲကျအောင် လုပ်ပြီးတော့ ဒီလို ထွက်သွားချင်တာလား”

“ချီးပဲ၊ ငါ ဒေါသထွက်လာပြီ၊ ဒီကောင်က အရူးလား”

“ကိုရီးယားက လူတွေအားလုံးက ခံစားချက် မရှိကြတာလား၊ ဒီကောင်က ဘာရှိုးထုတ်ချင်နေတာလဲ၊ ဟန်လုပ် နေတာလား”

“ဒီကလေးမလေးက သူ့ပရိသတ်လေ၊ ဒါကြီးက များလွန်းသွားပြီ”

“သူ့ကို ထွက်မသွားစေနဲ့”

ကင်ဟျွန်းမင်၏ အပြုအမူက လူထုအား ချက်ချင်း ဒေါသထွက်လာစေသည်။

မရေတွက်သော အကြည့်များက ကင်ဟျွန်းမင်ထံ ကျရောက်လာပြီး သူတို့က သူ့အား လမ်းပိတ်လာကြသည်။

ကင်ဟျွန်းမင်၏ စိတ်သည် အစကတည်းက ထိုင်းမှိုင်းနေပြီး ဖြစ်သည်။ ထို့ကြောင့် သူသည် စိတ်မရှည်တော့ဘဲ ကိုရီးယားလို အော်ဟစ်တော့သည်။

“အဲ့ဒါ ဘာပြောတာလဲ”

“သူ ဘာပြောလိုက်တာလဲ”

“ဒီအနုပညာရှင်က တရုတ်လိုတောင် မပြောတတ်ဘူး၊ သူက ဘာလို့ ငါတို့နိုင်ငံထဲမှာ လေကျယ်နေတာလဲ”

ယခုတစ်ခေါက်၌ ကလေးမလေးတစ်ယောက်က အော်ပြောလာသည်။

“ခံရတာတောင် နည်းသေးတယ်လို့ သူ ပြောလိုက်တာ”

ထိုစကားသည် ရိုးရှင်းပြီး ကိုရီးယား ဇာတ်လမ်းတွဲ ကြည့်သည့် မိန်းကလေးတိုင်းနီးပါး နားလည်ကြသည်။

“မြေယိုး၊ ရိုင်းစိုင်းလိုက်တာ”

“ခွေးမသား ကိုရီးယားကောင်၊ တရုတ်နိုင်ငံထဲက ထွက်သွားစမ်း”

“ဒီလိုလူမျိုးက ငါတို့နိုင်ငံကို လာပြီး အမြတ်ထုတ်ရဲတယ်ပေါ့လေ၊ ယီးပဲ”

“ဒါ ငါတို့နိုင်ငံကို မလေးမစား လုပ်တာပဲ၊ ခွေးမသား”

“မင်းပရိသတ်တွေက မင်းအတွက် ဒီလောက် အေးစက်နေတဲ့ ရာသီဥတုထဲမှာ အကြာကြီး စောင့်နေခဲ့တာ၊ ဒါက မင်း သူတို့ကို ဆက်ဆံတဲ့ပုံတဲ့လား၊ မင်းက ဘယ်လိုလူစားမျိုးလဲ”

“ဒီပရိသတ်တွေ မရှိရင် မင်းက ဘာမို့လို့လဲ”

လူအုပ်ကြီးသည် သည်းမခံနိုင် ဖြစ်လာပြီး သူတို့အားလုံးက ပြေးလာပြီး ကင်ဟျွန်းမင်အား ရိုက်နှက်ချင်နေကြသည်။ သူ၏ အမူအရာက လူထုအား စိတ်တိုစေရုံသာမက သူ ပြောလိုက်သော စကားများက ပို၍ ဒေါသထွက်လာစေခဲ့သည်။

ထိုအမာခံ ပရိသတ်များသည်လည်း အခြေအနေကို တဖြည်းဖြည်း သတိထားမိလာပြီး စိတ်ပျက်သွားကြသည်။ ကင်ဟျွန်းမင်ကို ကြည့်သော သူတို့၏ အကြည့်များက ပြောင်းလဲလာပြီး မသိလျင် သူစိမ်းတစ်ယောက်အား ကြည့်နေသလိုပင်။

ကင်ဟျွန်းမင်က အပြင်၌ ဤသို့ အကျင့်စာရိတ္တ မကောင်းသော လူတစ်ယောက် ဖြစ်နေလိမ့်မည်ဟု သူတို့ တစ်ခါမှ ထင်မထားမိကြချေ။ သူတို့၏ စိတ်ကူးယဉ်မှုများ လွင့်ပြယ်သွားပြီး ဒေါသက အစားထိုး ဝင်ရောက်လာသည်။

လူတစ်ယောက်သည် မည်မျှ မောက်မာနေပါစေ သူတို့၏ ပရိသတ်များကို ပြုံးပြသရွေ့ ပရိသတ်များက ပျော်ရွှင်မည် ဖြစ်သည်။ ထိုမျှ ရိုးရှင်းလှသော အရာလေးတစ်ခုပင်။ ထို့အပြင် လူတစ်ယောက်၌ အရေးကြီးသော ကိစ္စများ ရှိနေပြီး အခြားတစ်နေရာသို့ အလျင်စလို သွားရန် လိုအပ်ပါက ပရိသတ်များအား အသိပေးရန်သာ လိုအပ်ပြီး ပရိသတ်များက လမ်းဖယ်ပေးကြမည် ဖြစ်သည်။ ပရိသတ်များက များများစားစား တောင်းဆို တတ်သူများ မဟုတ်သည့်အပြင် ရိုးရှင်းသော စိတ်ထား ရှိကြပေသည်။

သို့သော် ကင်ဟျွန်းမင်သည် ထိုသို့ ရိုးရှင်းသော ကိစ္စလေးအား ပြုလုပ်ရန်ပင် အလွန် မောက်မာလွန်းနေ၏။ ထိုမောက်မာမှုသည် သူ၏ ပရိသတ်များအပေါ် အထင်အမြင်သေးခြင်းမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ သူသည် သူ၏ ပရိသတ်များအား လူအဖြစ် တစ်ခါမှ သဘောမထားဖူးချေ။ သူ့အတွက် ၎င်းသည် တစ်ဖက်သတ် ကိစ္စများသာ ဖြစ်သည်။

“တောင်းပန်ပါ၊ မင်း မဖြစ်မနေ တောင်းပန်ရမယ်”

“မင်း မတောင်းပန်သရွေ့ မထွက်သွားရဘူး”

“ကိုရီးယားကောင်က လာပြီး မထီမဲ့မြင် ပြုမူရဲတယ်ပေါ့လေ”

လူအများက အော်ဟစ်နေကြသည်။

လူအုပ်ထဲမှ ကင်ဟျွန်းမင်၏ ပရိသတ် မဟုတ်သူများသည် သူ့အား အစောကြီးကတည်းက မုန်းတီးနေကြသည်။ ထို့အပြင် ကိုရီးယားနိုင်ငံသည် သူတို့၏ အရှက်မရှိမှုအတွက် နာမည်ကြီးသည်။ သူတို့သည် ကင်ဟျွန်းမင်အား စိတ်ထဲ အသည်းထဲမှနေ၍ မုန်းတီးနေကြ၏။

အနုပညာရှင်များမှာမူ ကင်ဟျွန်းမင်ကဲ့သို့ မောက်မာသော လူတစ်ယောက်အား သဘောကျခြင်း မရှိကြချေ။ သူတို့ထဲက ဘယ်သူကမှ သူ့အတွက် ရပ်တည်ပေးချင်စိတ် မရှိပေ။

“တောင်းပန်၊ တောင်းပန်”

လူတိုင်း ပြိုင်တူ အော်ဟစ်နေပြီး သူတို့၏ အသံများက လေထုထဲသို့ ပဲ့တင်ထပ်လာသည်။

တစ်ချို့ဆိုလျင် ရှေ့သို့ တိုးလာပြီး အတားအဆီးကို ဖြတ်ကျော်ရန် ကြိုးစားလာကြသည်။

“စိတ်ကို အေးအေးထားကြပါ၊ အားလုံး စိတ်ကို အေးအေးထားကြပါ”

“ကျေးဇူးပြုပြီး ပူးပေါင်းပေးကြပါ”

“ဒီစည်းကို ကျော်လာလို့ မရပါဘူး”

အစောင့်အရေအတွက်က ပို၍ တိုးလာပြီး အခြေအနေကို ထိန်းသိမ်းရန် ကြိုးစားကြလေသည်။

“ချီးပဲ၊ မင်းတို့တွေ ကန်းနေလား၊ ကိုရီးယားနိုင်ငံက လူတွေက ငါတို့လူတွေကို အနိုင်ကျင့်နေတာကို မင်းတို့ မမြင်ဘူးလား”

“ဒါ တရုတ်နိုင်ငံလား၊ ကိုရီးယားနိုင်ငံလား၊ မင်းက အပြင်လူတစ်ယောက်ကို ငါတို့မျက်စိရှေ့မှာ သူတို့ကို သူတို့ စိတ်ကြိုက် ပြုမူခွင့် ပေးဖို့ ကြိုးစားနေတာလား”

“ဒါကို သူတို့ စခဲ့တာလေ၊ မင်းတို့တွေမှာ ကိုယ့်ယဉ်ကျေးမှုအပေါ် ဘာဂုဏ်သိက္ခာမှ မထားကြဘူးလား”

“လမ်းဖယ်စမ်း၊ တရုတ်လူမျိုးတွေကို ဒီလိုမျိုး အနိုင်ကျင့်လို့ မရဘူးဆိုတာကို သူတို့ သိအောင် ငါ လုပ်ရမယ်”

…

All Chapters