မီးတောက်ပင်လယ်အောက်မှ ကြေးနီခေါင်းတလား(ခ)
Vol. 56 Ch. 863
ရွှီချင်းက ချော်ရည်အောက်ထဲမှာ ဆက်လက်နေထိုင်နေစဉ် ရွှေကျီးကန်းသည် ချော်ရည်အား ဆက်လက်ဝါးမျိုနေသည်။
ထိုသို့ဖြင့် ရှစ်ရက်ကုန်ဆုံးသွားသည်။
ထိုရှစ်ရက်အတွင်းတွင် ရွှီချင်းသည် နေနာရီစွမ်းအားကို နှစ်ကြိမ် အသက်သွင်းခဲ့ပြီး မတူညီသော နည်းလမ်းအမျိုးမျိုးဖြင့် အတည်ပြုခဲ့သည်။
ပထမတစ်ကြိမ်တွင် သူသည် မြန်ဆန်သော အလျင်ဖြင့် ရွေ့လျားနေစဉ် နေနာရီစွမ်းအားကို ထုတ်လွှတ်လိုက်သည်။ ထိုအခါ သူ၏ ခန္ဓာကိုယ်က လွန်ခဲ့သော (၇)စက္ကန့်တုန်းက နေရာဆီသို့ ပြန်ရောက်ရှိသွားကြောင်း ရှာတွေ့သွားသည်။
ဒုတိယတစ်ကြိမ်တွင် သူက ဓမ္မလက်နက်တချို့ကို ထုတ်ယူလိုက်ပြီး သူ့ကိုယ်သူလည်း ဒဏ်ရာအနာတရတချို့ ဖြစ်စေသည်။ သူက နေနာရီစွမ်းအားကို ထုတ်လွှတ်လိုက်သည့်အခါ နေနာရီစွမ်းအားသည် သူ့အပေါ်မှာသာ သက်ရောက်မှုရှိကြောင်း ရှာတွေ့သွားသည်။
ပြင်ပရုပ်ဝတ္ထုပစ္စည်းများသည် မူလနေရာများဆီမှာ ကျန်ရှိနေကြဆဲ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်သည်တော့ လွန်ခဲ့သော (၇)စက္ကန့်အချိန်သို့ ပြန်ရောက်ရှိသွားသောကြောင့် သူ၏ ဒဏ်ရာအားလုံးသည် ပျောက်ကင်းသွားသည်။
ယင်းက ရွှီချင်းအား နေနာရီစွမ်းအားကို ပိုပြီးလေးနက်စွာ နားလည်သွားစေသည်။
“ အဲ့ဒါက လွန်ခဲ့တဲ့(၇)စက္ကန့်တုန်းက တည်နေရာနဲ့ ငါ့အခြေအနေကို ပြန်ရောက်ရှိသွားစေတာပဲ ”
“ တကယ်လို့ ဒီစွမ်းရည်ကို သေချာအသုံးပြုမယ်ဆိုရင် အဲ့ဒါက တစ်ခါသုံး အသက်ကယ်ဝှက်ဖဲဖြစ်လာလိမ့်မယ်… ပြီးတော့ အစွမ်းထက် သတ်ဖြတ်ခြင်းဝှက်ဖဲအနေနဲ့လည်း အသုံးပြုနိုင်တယ် ”
ရွှီချင်းသည် အံ့ဩထိတ်လန့်သော ခံစားမှုကို ဖိနှိပ်လိုက်ပြီး ခရမ်းသလင်းကျောက်ကို ကြည့်လိုက်သည်။ ထိုအရာအားလုံး၏ ဇစ်မြစ်သည် ခရမ်းသလင်းကျောက်ထံမှ ဖြစ်သည်။
“ ခရမ်းသလင်းကျောက်က တကယ်ပဲ ဘာလဲ… ”
“ အဲ့ဒါက အရိပ်လေးနဲ့ နတ်ဘုရားတွေကို ချိပ်ပိတ်နိုင်ပြီး ငါ့ကို အံ့ဩဖွယ်ကောင်းတဲ့ ပြန်လည်ကုသခြင်းစွမ်းရည်ကို ပေးစွမ်းတယ်… ပြီးတော့ အခု အချိန်စွမ်းအားကို ပိုင်ဆိုင်စေတယ်… ”
ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ အချိန်အတော်ကြာပြီးနောက် သူ၏ သံသယအားလုံးကို မြှုပ်နှံလိုက်ပြီး ရွှေကျီးကန်းကို ကြည့်လိုက်သည်။
ရွှေကျီးကန်း၏ အမြှီးသည် (၂၈၀)ချောင်းထက် ကျော်လွန်သွားပြီဖြစ်သည်။ ၎င်းက ပို၍သိပ်သည်းသော ချော်ရည်ကို မစုပ်ယူနိုင်တော့လျှင် ဤသည်မှာ ၎င်း၏ အကန့်အသတ် ဖြစ်သည်။ သို့သော်လည်း လက်ရှိရွှေကျီးကန်းသည် ဆယ်ပေအနက်ထက် ကျော်လွန်သော မီးတောက်များကို ခံနိုင်ရည်မရှိသေးပေ။ သို့ဖြစ်၍ ၎င်း၏ အကန့်အသတ်သို့ ရောက်ရှိသွားပြီဟု မှတ်ယူနိုင်ပေသည်။
သို့သော်လည်း လဝက်ဟူသော အချိန်တိုလေးအတွင်း အမြှီး(၁၀၀)ချောင်းမှ (၂၀၀)ချောင်းကျော်သို့ တိုးမြှင့်သွားခြင်းသည် ရွှေကျီးကန်းအတွက် ကြီးမားသော အားဖြည့်တင်းမှုဖြစ်သည်။ အမှန်မှာတော့ ၎င်းက ဒုတိယကောင်းကင်ကဒ်ဘေးဒုက္ခကို ဆွဲဆောင်ရန် လက္ခဏာရပ်များပင် ထုတ်ပြလာချေ၏။
ဤအခြေအနေသို့ ရောက်ရှိလာသောအခါ ကောင်းကင်ဘုံမီးတောက်ပင်လယ်ထဲ၌ ရွှီချင်း၏ ကျင့်ကြံခြင်းသည် ပြီးဆုံးသွားပြီဟု မှတ်ယူနိုင်ပေသည်။ ဤနေရာတွင် ဆက်နေရန် သူ့အတွက် အကြောင်းပြချက်မရှိတော့ပေ။
“ မျက်လုံးကို စီနီယာသွမ့်မူကျန်းဆီ ပြန်ပေးပြီးသွားရင် စီနီယာအကိုကြီးနဲ့ တွေ့ဆုံဖို့ အဆုံးမဲ့ကောင်းကင်နွားတောင်ကုန်းဆီ ငါသွားရမယ် ”
ရွှီချင်းသည် လဝတ်ပြုဒေသကြီး၏ အရှေ့ပိုင်းဒေသတွင် နှစ်ဝက်နီးပါး နေထိုင်ခဲ့သည်။ ယခု သူ၏ စီနီယာအကိုကြီးက မည်သည့်နေရာသို့ ရောက်နေပြီး မည်သည့်အရာကို လုပ်ဆောင်နိုင်ကြောင်း သူမသိပေ။ သို့ဖြစ်၍ သူ၏ စီနီယာအကိုကြီးကို အနည်းငယ် စိတ်ပူသည်။
သို့သော်လည်း သူမထွက်သွားမီ ရွှီချင်းသည် ကောင်းကင်ဘုံမီးတောက်ပင်လယ်၏ အနက်ပိုင်းထဲသို့ တစ်ချက်သွားကြည့်ချင်သည်။
“ စီနီယာသွမ့်မူကျန်းပြောတဲ့ အနီရောင်လဗိမာန်ရဲ့ အချုပ်အနှောင်စည်းတွေကို တစ်ချက်သွားကြည့်ရအောင်… ”
အနီရောင်လဗိမာန်က အဘယ့်ကြောင့် ဤနေရာတွင် အချုပ်အနှောင်စည်းများ ခင်းကျင်းထားကြောင်း ရွှီချင်း စစ်ဆေးချင်သည်။ နေနာရီစွမ်းအားဖြင့်ဆိုလျှင် အကယ်၍ သူသာ သတိထားမည်ဆိုလျှင် မည်သည့်အန္တရာယ်မှ ရှိလိမ့်မည်မဟုတ်ဟု သူထင်သည်။
ထိုသို့တွေးမိသောအခါ ရွှီချင်းသည် မျက်လုံးကို ဖျစ်ညှစ်လိုက်သည်။
မျက်လုံးသည် ချက်ချင်းတုန်ယင်လာပြီး ပို၍များပြားသော သီးခြားခွဲထုတ်ခြင်းစွမ်းအင်ကို ထုတ်လွှတ်လိုက်သည်။
ရွှီချင်းသည် စိတ်ကျေနပ်သွားသည်။ သူက ရွှေကျီးကန်းကို ပြန်ဆင့်ခေါ်လိုက်ပြီး မျက်လုံးကို ဆုပ်ကိုင်လျက် ချော်ရည်အောက်ခြေသို့ တန်းမတ်စွာ ပျံသန်းသွားသည်။ များမကြာမီ သူက ပေတစ်ထောင်အနက်သို့ ရောက်ရှိသွားပြီး ဆက်လက်နစ်မြုပ်သွားလေရာ ပေနှစ်ထောင်၊ ပေသုံးထောင် အစရှိသဖြင့် တိုးမြှင့်သွားသည်။
ချော်ရည်အနက်ပိုင်းသို့ ရောက်ရှိလာလေ အပူဒဏ်သည် ပိုပြီးပြင်းထန်လာလေ ဖြစ်သည်။ ကံကောင်းစွာဖြင့် ထူးဆန်းမျက်လုံးဆီမှာ အပူဒဏ်ကို ပျက်ပြယ်စေနိုင်သော စွမ်းရည်ရှိ၏။
ထိုသို့ဖြင့် ရွှီချင်းသည် ပေကိုးထောင်ကျော်သို့ ရောက်ရှိသွားသည်အထိ မရပ်နားဘဲ ဆက်လက် နစ်မြုပ်သွားသည်။
ပေကိုးထောင်အနက်သို့ ရောက်ရှိလာသောအခါ ပြင်းထန်သော အပူဒဏ်အပြင် ဘေးပတ်ဝန်းကျင်၌ ဖိအားတစ်ခု ကိန်းအောင်းနေသည်။ မျက်လုံးထံမှ နီညိုရောင်သွေးကြောများသည်လည်း ပိုပြီးသိပ်သည်းလာသည်။
ထပ်ပေါင်းဆိုရလျှင် ရွှီချင်းသည်လည်း အောက်ခြေမှ ရင်းနှီးကျွမ်းဝင်သော အရှိန်အဝါတစ်ခုကို အာရုံခံမိလာသည်။
ဤသည်မှာ နီလာနတ်သမီး၏ နတ်ဘုရားအစွမ်း ဖြစ်သည်။
ထိုရှာတွေ့မှုသည် ရွှီချင်းအား ပိုပြီးစူးစမ်းလိုစိတ် ဖြစ်လာစေသည်။ သူက အောက်ခြေသို့ တဖြည်းဖြည်း နီးကပ်လာသည်နှင့်အမျှ အန္တရာယ်ခံစားမှုသည် သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ သူက တုံ့ဆိုင်းမနေဘဲ ခရမ်းလဝိညာဉ်နတ်သူငယ်ကို သူ၏ ခန္ဓာကိုယ်ထဲမှ ချက်ချင်း ထုတ်လွှတ်လိုက်သည်။ ချက်ချင်းဆိုသလို ခရမ်းလစွမ်းအားသည် သူ၏ ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့သွားသည်။
နောက်အခိုက်အတန့်မှာ အောက်ခြေမှ အန္တရာယ်ခံစားမှုသည် ဖြည်းညင်းစွာ ပျက်ပြယ်သွားသည်။
ခရမ်းလစွမ်းအင်မှတဆင့် သူသည် ချော်ရည်အောက်ခြေထံမှ အနီရောင်လ၏ စွမ်းအားအရင်းအမြစ်ကို အာရုံခံမိသွားသည်။
ရွှီချင်းသည် အောက်သို့ ဆက်လက်မနစ်မြုပ်ခင် တစ်ခဏကြာ စောင့်ဆိုင်းလိုက်သည်။
တစ်ချိန်တည်းမှာ ကောင်းကင်ဘုံမီးတောက်ပင်လယ်ပေါ်ရှိ ဤနေရာနှင့် မဝေးကွာသော ကောင်းကင်တစ်နေရာတွင် အနီရောင်လဗိမာန်မှ ဧရာမနှလုံးသည် ထိုနေရာ၌ မျောလွင့်နေသည်။
ဥက္ကာပျံဒါဇင်ခန့်သည် ဧရာမနှလုံး၏ ဘေးပတ်ဝန်းကျင်တွင် ဖြန့်ကြက်နေကြပြီး ဥက္ကာပျံပေါ်မှ ပုံရိပ်များသည် လုံးဝမလှုပ်ရှားကြပေ။
အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုသည်သာ ဘုရားကျောင်းထဲမှ ထွက်လျှောက်လာသည်။
ဤသည်မှာ လူသားကျင့်ကြံသူ အမျိုးသမီးဖြစ်သည်။
သူ၏ အမူအရာသည် အေးစက်နေပြီး မျက်လုံးထဲမှာ စိတ်မရှည်မှုဖြင့် ပြည့်နှက်နေသည်။ သူက ဘုရားကျောင်းထဲမှ ထွက်လျှောက်လာပြီး ဧရာမနှလုံး၏ အစွန်အဖျားဆီသို့ ရောက်ရှိသွားသောအခါ ခေါင်းငုံ့လိုက်ပြီး သူ့အောက်မှ မီးတောက်ပင်လယ်ကို ကြည့်လိုက်သည်။
သူက မျက်မှောင်ကြုတ်လိုက်သည်။
နောက်ဆက်လုပ်ရမည့်အရာကို သူမလုပ်ချင်ပေ။ ယင်းက ရက်စက်ကြမ်းကြုတ်သော အလုပ်ဖြစ်သောကြောင့် မဟုတ်ပေ။ ယင်းအစား ထိုလုပ်ဆောင်မှုက အမှတ်အသားပြုလုပ်ခံရမည်ဖြစ်ပြီး အနာဂတ်တွင် သူ့အပေါ် အကျိုးသက်ရောက်မှု တစ်စုံတစ်ရာ ရှိလာနိုင်သောကြောင့် ဖြစ်သည်။
သို့သော်လည်း နတ်အစေခံတစ်ယောက်အနေဖြင့် သူ့မှာ ငြင်းဆန်နိုင်သော အခွင့်အာဏာမရှိပေ။
“ နောက်ကျရင် အမှတ်အသားကို ဖယ်ရှားဖို့ ပျက်ပြယ်ခြင်းနည်းလမ်းကို ငါအသုံးပြုရလိမ့်မယ် ”
အမျိုးသမီးကျင့်ကြံသူသည် စိတ်ထဲမှ သက်ပြင်းချလိုက်ပြီး အရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ကာ ချော်ရည်အောက်သို့ ထိုးဆင်းသွားသည်။ သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်လေရာ အနီရောင်ပုလဲတစ်လုံး ထွက်ပေါ်လာသည်။ သူက ပုလဲနီကို ပါးစပ်ထဲမှာ ငုံထားလိုက်ပြီးနောက် ချော်ရည်အောက်ခြေသို့ နစ်မြုပ်သွားသည်။
ထိုပုလဲနီသည် အနီရောင်လဗိမာန်၏ ရှားပါးရတနာဖြစ်သည်မှာ ရှင်းလင်းသည်။ ယင်းကို ငုံထားလိုက်သည့်အခါ သူ၏ ခန္ဓာကိုယ်သည် ချော်ရည်ထဲမှ အပူဒဏ်၏ သက်ရောက်ခြင်းမခံရတော့ပေ။
ထို့ကြောင့် အမျိုးသမီး၏ အလျင်သည် အလွန်မြန်ဆန်သည်။ သူက ချော်ရည်အောက်ခြေသို့ နစ်မြုပ်သွားသည်နှင့် သူ၏ ကျင့်ကြံခြင်းအခြေခံသည် ပေါ်လျှိုးထွက်လာသည်။ ဝိညာဉ်သိုက်အဆင့်အရှိန်အဝါသည် ဘေးပတ်ဝန်းကျင်သို့ ပျံ့လွင့်သွားသည်။ သို့သော်လည်း ထိုထဲတွင် ကောင်းကင်ဘုံတာအို၏ နိယာမများ မပါရှိပေ။
သူက ပြီးပြည့်စုံသော လျှို့ဝှက်ရတနာသိုက်တစ်ခုကို မဖွဲ့စည်းနိုင်သေးပေ။ သူက တာအိုပျိုးထောင်ခြင်းအဆင့်မှာသာ ရှိသေး၏။ သို့သော်လည်း နတ်အစေခံဟူသော သူ၏ အဆင့်အတန်းနှင့် နီလာနတ်သမီးထံမှ ရရှိထားသော သက်ဆိုင်ရာ ကောင်းချီးမင်္ဂလာများကြောင့် ဘုရားကျောင်းထဲမှ ပုဂ္ဂိုလ်များမှလွဲလျှင် အပြင်လောကရှိ မည်သူမှ သူ့အား ရန်မစဝံ့ကြချေ။
နတ်အစေခံတစ်ယောက်အား သတ်ဖြတ်ခြင်းအတွက် အဖိုးအခကို လဝတ်ပြုဒေသကြီးထဲတွင် မည်သည့်မျိုးနွယ်စုမှ မတတ်နိုင်ကြချေ။
အမှန်မှာ နတ်အစေခံဟူသော သူ၏ အဆင့်အတန်းကြောင့် သူ၏ နှုတ်မှ စကားတစ်ခွန်းသည်ပင် မျိုးနွယ်စုငယ်များအတွက် သေခြင်းရှင်ခြင်းကို အဆုံးအဖြတ်ပေးနိုင်သည်။
အဘယ့်ကြောင့်ဆိုသော် သူသည် ငယ်ငယ်လေးကတည်းက ဘုရားကျောင်းထဲမှာ ကြီးပြင်းလာခဲ့သောကြောင့် ဖြစ်သည်။ သူ၏ မိသားစုထဲတွင် နတ်တမန်တော်အဖြစ် တာဝန်ထမ်းဆောင်နေသော တစ်စုံတစ်ယောက် ရှိသည်။
သို့မှသာ လဝတ်ပြုဒေသကြီးထဲတွင် သူ၏ နောင်သားမျိုးဆက်များသည် ပြောမပြနိုင်သော ကောင်းချီးမင်္ဂလာများကို ခံစားခွင့်ရနိုင်ကြသည်။
ဤအခိုက်အတန့်မှာ သူက ပေတစ်သောင်းအနက်အထိ နစ်မြုပ်သွားပြီး ပစ်မှတ်နှင့် နီးကပ်လာနေပြီ ဖြစ်သည်။
ရွှီချင်းသည်လည်း ပေတစ်သောင်းအနက်တွင် ရှိနေပြီး သိပ်မကွာဝေးတော့ချေ။ သူသည် စောစောတုန်းက အာရုံခံမိခဲ့သော နေရာဆီသို့ ချဉ်းကပ်သွားနေသည်။
နှစ်ယောက်စလုံးသည် တူညီသော နေရာဆီသို့ တစ်ယောက်ပြီးတစ်ယောက် ချဉ်းကပ်လာနေကြသည်။