← Chapters

မီးတောက်ပင်လယ်အောက်မှ ကြေးနီခေါင်းတလား(ဃ)

Vol. 56 Ch. 865

မီးတောက်ပင်လယ်အောက်မှ ကြေးနီခေါင်းတလား(ဃ)

Vol. 56 Ch. 865

အချိန်အတော်ကြာပြီးနောက် ရွှီချင်းသည် တိတ်တဆိတ် အနောက်ဆုတ်သွားပြီး ဤနေရာမှ ထွက်သွားရန် ပြင်ဆင်လိုက်သည်။

သူသည် အနီရောင်လဗိမာန်နှင့် မည်သည့်ပြဿနာမှ မဖြစ်ချင်ပေ။

သို့သော်လည်း ရွှီချင်း အနောက်ဆုတ်သွားသည်နှင့်ချက်ချင်း အစာကျွေးနေသော အမျိုးသမီးသည် ရုတ်တရက် ထရယ်လိုက်သည်။

“ နင်စောင့်ကြည့်နေတာ အတော်ကြာပြီမဟုတ်ဘူးလား… ဘာလို့ အခုမှ ထွက်သွားမှာလဲ ”

ရွှီချင်းသည် မျက်လုံးမှေးကျဉ်းလိုက်ပြီး ချက်ချင်း အရှိန်မြှင့်တင်လိုက်သည်။ တစ်ချိန်တည်းမှာ ဝတ်စုံနီအမျိုးသမီးသည် သူ၏ ညာလက်ကို မြှောက်တင်လိုက်ပြီး ရွှီချင်း၏ တည်နေရာဆီသို့ လက်ညှိုးညွှန်လိုက်သည်။ သူက နတ်အစေခံဟူသော သူ၏ အခွင့်အာဏာကို အသုံးပြု၍ ဤနေရာမှ အချုပ်အနှောင်စည်းများ၏ စွမ်းအားကို ထိန်းချုပ်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ လာစမ်း ”

သူ၏ စကားဆုံးသည်နှင့်ချက်ချင်း ဘေးပတ်ဝန်းကျင်တွင် မျောလွင့်နေသော အနီရောင်လစွမ်းအားမှ ဖွဲ့စည်းထားသည့် အချုပ်အနှောင်စည်းများသည် ချက်ချင်း ပုံပျက်တွန့်လိမ်လာပြီး ဧရာမအနီရောင်လက်တစ်ဖက်သို့ ပြောင်းလဲသွားကာ ရွှီချင်းကို ဖမ်းဆုပ်လိုက်သည်။

အကယ်၍ သူသာ ခရမ်းလ၏ အခွင့်အာဏာကို အသုံးမပြုလျှင် အချုပ်အနှောင်စည်းများမှ ဖြစ်ပေါ်လာသော ထိုဧရာမလက်ကြီးကို ခုခံနိုင်လိမ့်မည်မဟုတ်ကြောင်း ရွှီချင်း သိသည်။

သို့သော်လည်း ထိုသို့သူလုပ်ဆောင်လျှင် သူ၏ လျှို့ဝှက်ချက်က ထွက်ပေါ်သွားလိမ့်မည် ဖြစ်သည်။

လျှပ်တစ်ပြက်အတွင်း ရွှီချင်းသည် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ အေးစက်စက်အလင်းက သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်နှင့် သူက တည်ငြိမ်စွာ ပြောသည်။

“ အတင့်ရဲလှချည်လား ”

သူ၏ စကားဆုံးသွားသည်နှင့်ချက်ချင်း သူ့ထံသို့ မြန်ဆန်စွာ ချဉ်းကပ်လာနေသော ဧရာမသွေးနီလက်ကြီးသည် ရုတ်တရက် တုန်ယင်သွားသည်။ ၎င်းက ချက်ချင်း အနောက်လှည့်လိုက်ပြီး ဝတ်စုံနီအမျိုးသမီးဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။

ထိုမြင်ကွင်းက ဝတ်စုံနီအမျိုးသမီးကို ဆွံ့အသွားစေသည်။ သူက ချိပ်တံဆိပ်လက်သင်္ကေတများကို အလျှင်အမြန် ဖွဲ့စည်းလိုက်သော်လည်း ဧရာမလက်ကြီးကို မတိမ်းရှောင်နိုင်ခဲ့ပေ။ ပြင်းထန်သော သက်ရောက်အားကြောင့် သူ၏ ခန္ဓာကိုယ်က အဝေးသို့ လွင့်စင်သွားသည်။ သူက သွေးနီတံဆိပ်တော်ကို ထုတ်လိုက်သည့်အခါမှ ဧရာမလက်ကြီးကို ပျက်ပြယ်နိုင်သွားသည်။

ထို့နောက် သူ၏ အမူအရာသည် သိသာစွာ ပြောင်းလဲသွားပြီး အလန့်တကြား အော်ပြောလိုက်သည်။

“ နတ်တမန်တော်လား ”

ထိုသို့ပြောပြီးနောက် သူက ထူးဆန်းသော ချိပ်တံဆိပ်လက်သင်္ကေတတစ်ခုကို လက်နှစ်ဖက်ဖြင့် ချက်ချင်း ဖွဲ့စည်းလိုက်ပြီး ရွှီချင်းကို ရိုသေလေးစားစွာ ဦးညွတ်လိုက်သည်။

ရွှီချင်းသည် မျက်မှောင်ကြုတ်လိုက်သည်။ ထိုချိပ်တံဆိပ်လက်သင်္ကေတသည် အနီရောင်လဗိမာန်၏ အဆင့်မြင့်ပုဂ္ဂိုလ်ကြီးများကြားမှ ယဉ်ကျေးမှုထုံးတမ်းဖြစ်ကြောင်း သူပြောနိုင်သည်။ သို့သော်လည်း မည်သို့ပြန်တုံ့ပြန်ရမည်ဖြစ်ကြောင်း သူမသိပေ။

ထို့ကြောင့် သူက တည်ငြိမ်ချင်ဟန် ဆောင်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။

သို့သော်လည်း ရွှီချင်း၏ လုပ်ရပ်က အမျိုးသမီး၏ သူငယ်အိမ်ကို ကျုံ့သွားစေသည်။ သူက တခြားသော လက်သင်္ကေတများကို ဖွဲ့စည်းလိုက်သည်။ သူက ရွှီချင်းကို စိုက်ကြည့်လိုက်ပြီး သူ၏ အမူအရာသည် ပြောင်းလဲသွားသည်။

“ နင်က နတ်တမန်တော်မဟုတ်ဘူး ”

“ နင်ဘယ်သူလဲ… ဘာလို့ နင့်မှာ အဆင့်မြင့်နတ်ဘုရားရဲ့ အစွမ်းတွေ ရှိနေတာလဲ ”

အမျိုးသမီးသည် စိတ်ရှုပ်ထွေးသွားပြီး ခံစားချက်ပေါင်းစုံသည် သူ၏ နှလုံးသားထဲမှာ ပေါ်လျှိုးလာသည်။

ဤသို့အဖြစ်အပျက်မျိုးကို ပထမဆုံးအကြိမ် သူတွေ့ကြုံဖူးခြင်း ဖြစ်သည်။ သူ့ကိုမဆိုထားနှင့် အနီရောင်လဗိမာန်သည်ပင် ထိုသို့အဖြစ်အပျက်မျိုးကို တစ်ခါမှ မတွေ့ကြုံဖူးချေ။

သူ၏ မျက်စိဖြင့် မြင်တွေ့လိုက်ရသည့်အရာကို သူမယုံကြည်နိုင်ပေ။

ရွှီချင်းသည် မိန်းမောတွေဝေသွားသည်။ တစ်ချိန်တည်းမှာ သူက နက်နဲစွာ တွေးတောလိုက်ပြီး စဉ်းစားချင့်ချိန်လိုက်သည်။ တစ်ဖက်လူက တစ်စုံတစ်ခုလွဲမှားနေကြောင်း အာရုံခံမိသွားသည်မှာ အနီရောင်လဗိမာန်၏ ယဉ်ကျေးမှုထုံးတမ်းနှင့် လက်သင်္ကေတများအပေါ် သူ၏ နားမလည်ထားမှုတစ်ခုတည်းကြောင့် မဖြစ်နိုင်ဘူးဟု ရွှီချင်း ခံစားမိသည်။

သူက အမှားတစ်ခုခုကို ထုတ်ဖော်ပြခဲ့ခြင်း ဖြစ်ရမည်။

မည်သို့ဖြစ်ပါစေ တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းက မြင့်မားသော အဆင့်တစ်ခုသို့ ရောက်ရှိသွားသောအခါ အလွယ်တကူ မလှည့်စားခံရနိုင်ပေ။ သူတို့သည် သေးငယ်သော သဲလွန်စများကိုပင် လွယ်ကူစွာ ရှာတွေ့နိုင်ကြသည်။

သူသည် အစက ထွက်သွားရန် ရွေးချယ်ခဲ့သည်။ သို့သော်လည်း တစ်ဖက်လူက သူ့အား တိုက်ခိုက်ရန် အတင်းရွေးချယ်စေခဲ့သည်။

သို့ဖြစ်၍ တစ်ဖက်လူ၏ ကျင့်ကြံခြင်းက သူ့အား စိုးရိမ်စိတ်ဖြစ်စေသော်လည်း ယခု သူ့ကို သတ်ဖြတ်ရန် နည်းလမ်းတစ်ခုကို အမြန်ဆုံး သူစဉ်းစားရတော့ပေမည်။

ရွှီချင်း၏ နှလုံးသားထဲမှာ သတ်ဖြတ်ချင်သော စိတ်ဆန္ဒဖြင့် ပြည့်နှက်လာသည့်အခါ သူက တည်ငြိမ်စွာ ပြောသည်။

“ မင်းက ကိုယ့်အဆင့်ကိုယ်မသိဘူးပဲ ”

သူက စကားဆုံးသည်နှင့် ညာလက်ကို မြှောက်လိုက်ပြီး လက်ညှိုးညွှန်လိုက်သည်။ ချက်ချင်းဆိုသလို ဘေးပတ်ဝန်းကျင်မှ အနီရောင်လ၏ အချုပ်အနှောင်စည်းများသည် တစ်ခါမှမဖြစ်စဖူး တုန်ယင်လာသည်။

ရွှီချင်းသည် နတ်ဘုရားအခွင့်အာဏာကို ချက်ချင်း လွှဲပြောင်းထိန်းချုပ်လိုက်ပြီး ဝတ်စုံနီအမျိုးသမီးထံသို့ဦးတည်၍ ဖိနှိပ်အားတစ်ခုကို ထုတ်လွှတ်လိုက်သည်။

အမျိုးသမီး၏ ချောမောလှပသော မျက်နှာသည် လုံးဝပြောင်းလဲသွားသည်။ သူ၏ နှလုံးသားထဲမှ ချောက်ချားမှုသည် မျက်နှာပေါ်မှာ ထင်ထင်ရှားရှား ထွက်ပေါ်လာသည်။ ယင်းက သူ၏ ခန္ဓာကိုယ်ကို တသိမ့်သိမ့် တုန်ယင်သွားစေသည်။

‘ သူက ဘုရားကျောင်းက မဟုတ်ဘူး… ဒါပေမဲ့ သူ့မှာ နတ်ဘုရားအစွမ်း ရှိတယ် ’

‘ နတ်ဘုရားအခွင့်အာဏာပေါ် သူ့ရဲ့ ထိန်းချုပ်နိုင်စွမ်းက ငါ့ထက် အများကြီး ပိုသန်မာတယ် ’

‘ ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ’

အမျိုးသမီး၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်နှင့် သူက အစွမ်းကုန်ထုတ်သုံးလိုက်သည်။ လျှို့ဝှက်ရတနာသိုက်တစ်ခုသည် သူ၏ အနောက်မှာ ထွက်ပေါ်လာသည်။ ရတနာသိုက်ထဲမှာ ကောင်းကင်ဘုံတာအိုတစ်ခု မဖွဲ့စည်းရသေးသော်လည်း သူ၏ တိုက်ပွဲစွမ်းအားသည် အံ့ဩစရာကောင်းသည်။

သို့တိုင် သွေးနီတံဆိပ်တော်ဖြင့်ပင် သူက အချုပ်အနှောင်စွမ်းအားကို တောင့်ခံထားနိုင်ရုံမျှသာ တတ်စွမ်း၏။

‘ အချုပ်အနှောင်စည်းတွေအပေါ် သူ့ရဲ့ ထိန်းချုပ်နိုင်စွမ်းက တခြားနတ်တမန်တော်တွေထက်တောင် အများကြီး သာလွန်တာပဲ ”

အမျိုးသမီးသည် လွန်စွာထိတ်လန့်သွားသည်။ သူငယ်ငယ်တုန်းက ဘိုးဘေးအနောက်ကိုလိုက်ဖူးသောကြောင့် အချုပ်အနှောင်စည်းများအပေါ် နတ်တမန်တော်များ၏ ထိန်းချုပ်နိုင်စွမ်းကို သူမြင်ဖူးသည်။

ယခု ထိုနတ်တမန်တော်များကို သူ့အရှေ့မှ လူငယ်နှင့် နှိုင်းယှဉ်ကြည့်သည့်အခါ ကွာခြားမှုသည် အတော်လေး ကြီးမားသည်။

“ မဖြစ်နိုင်တာ ”

အမျိုးသမီး၏ နှလုံးသည် အပြင်းအထန် တုန်လှုပ်လာသည်။ ချက်ချင်းပင် နောက်ထပ်အတွေးတစ်ခုသည် သူ၏ စိတ်ထဲမှာ ပေါ်လျှိုးလာသည်။

‘ ဒါက ကိစ္စကြီးပဲ… တကယ်လို့ ဒီအကြောင်းကို ဘုရားကျောင်းဆီ ငါသတင်းပို့နိုင်မယ်ဆိုရင် ကြီးမားတဲ့ အကျိုးဆောင်မှုကို သေချာပေါက် ရရှိလိမ့်မယ် ’

ဤသို့တွေးမိသွားသောအခါ အမျိုးသမီးသည် မည်သည့်အရာကိုမှ ဂရုမစိုက်တော့ပေ။ သူ့အနောက်မှ လျှို့ဝှက်ရတနာသိုက်သည်လည်း ထွန်းလင်းလာသည်။ သူ၏ အရှေ့မှ သွေးနီတံဆိပ်တော်သည် ပြင်းထန်သော အခွင့်အာဏာကို ထုတ်လွှတ်လာသည်။

သူက အရှိန်တိုးမြှင့်လိုက်သည်။ သို့သော်လည်း ယင်းက ရွှီချင်းနောက်ကို လိုက်ဖမ်းရန် မဟုတ်ပေ။ ဤနေရာမှ ထွက်သွားရန်သာ ဖြစ်သည်။

ချော်ရည်မှ အမြင့်ပေတစ်သောင်းအထက်တွင် အနီရောင်လဗိမာန် ရှိသည်။ သူက ချော်ရည်ထဲမှ ပျံသန်းထွက်သွားနိုင်သရွေ့ အနီရောင်လဗိမာန်ဆီသို့ ချက်ချင်း သတင်းပို့နိုင်လိမ့်မည်။

သို့သော်လည်း ရွှီချင်းသည် မည်သို့ကြောင့် သူ့ကို လွှတ်ပေးနိုင်မည်နည်း။

သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်လေရာ အရပ်မျက်နှာအသီးသီးမှ သွေးနီရောင်အချုပ်အနှောင်စည်းများသည် ထပ်မံလှုပ်ခါလာကြသည်။

အသက်တစ်ခါရှူချိန်အတွင်း ၎င်းတို့က ဧရာမသွေးနီလက်ကြီးရှစ်ခုသို့ ပြောင်းလဲသွားကြပြီး အမျိုးသမီးထံသို့ အကြမ်းပတမ်း ရိုက်ချလိုက်သည်။

အနီရောင်လ၏ အချုပ်အနှောင်စည်းများရှိသော ဤနေရာမှ သူထွက်သွားသည်နှင့် တာအိုပျိုးထောင်ခြင်းအဆင့် ဝိညာဉ်သိုက်ကျင့်ကြံသူ ဤအမျိုးသမီးကို မည်သို့မှ ယှဉ်ပြိုင်နိုင်လိမ့်မည်မဟုတ်ကြောင်း ရွှီချင်း သိသည်။

ထို့ပြင် အကယ်၍ တစ်ဖက်လူသာ ဤနေရာမှ အောင်မြင်စွာ လွတ်မြောက်သွားမည်ဆိုလျှင် အနာဂတ်မှာ အဆုံးမရှိသော အန္တရာယ်များက သူ့အား စောင့်ကြိုနေလိမ့်မည်မှာ သေချာသည်။

“ ငါသူ့ကို သေချာပေါက် သတ်ရမယ် ”

All Chapters