← Chapters

စီနီယာ… ငါ့အသားက တကယ်အရသာမရှိပါဘူး(ဃ)

Vol. 56 Ch. 869

စီနီယာ… ငါ့အသားက တကယ်အရသာမရှိပါဘူး(ဃ)

Vol. 56 Ch. 869

ထို့ပြင် သူက အလျင်စလို မလုပ်ဆောင်ရသည့် ထူးခြားသော အကြောင်းပြချက်တစ်ခုလည်း ရှိသည်။

သို့ဖြစ်၍ သူက တင်ပျဉ်ခွေထိုင်လိုက်ပြီး ဒဏ်ရာများကို ပြန်လည်ကုသနေစဉ် တားမြစ်အဆိပ်ကို ဘေးပတ်ဝန်းကျင်သို့ ထုတ်လွှတ်လိုက်သည်။

ထို့နောက် သူက အပြင်လောက၌ သူသိထားသော လူ့သမိုင်းကြောင်းကို ဖြည်းညင်းစွာ ပြောပြသည်။ ရံဖန်ရံခါ သူ၏ ဒဏ်ရာများက ထကြွလာသည့်အခါ သူက ဆက်မပြောမီ တစ်ခဏကြာ ရပ်တန့်သွားပြီး အသက်ရှူခြင်းကို ထိန်းညှိလိုက်သည်။ ထိုသို့ပြောပြနေစဉ်အတွင်း သူက အလွန်မြင့်မားသော သတိတရားကို စောင့်ထိန်းထားသည်။

ထိုသို့ဖြင့် အချိန်သည် နှေးကွေးစွာ ကုန်ဆုံးသွားသည်။

တစ်ရက်ကြာပြီးနောက် ရွှီချင်းသည် စကားပြောခြင်းကို အဆုံးသတ်လိုက်သည်။

ခေါင်းတလားထဲမှ အပြာရောင်မျက်လုံးသည် အတိတ်ကို တမ်းတလွမ်းဆွေးသော အရိပ်အယောင်ကို ထုတ်ဖော်ပြလာသည်။

အချိန်အတော်ကြာပြီးနောက် သူက တီးတိုးရေရွတ်လိုက်သည်။

“ လူသားမျိုးနွယ်က တကယ်ပဲ ဘေးကျပ်နံကျပ်အခြေအနေကို ကျရောက်နေတာပဲ… ”

ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။

အချိန်အတော်ကြာပြီးနောက် နူးညံ့သော သက်ပြင်းချသံသည် ခေါင်းတလားထဲမှ ထွက်ပေါ်လာသည်။ ထိုအပြာရောင်မျက်လုံးတစ်စုံသည် ရွှီချင်းကို နောက်တစ်ကြိမ် စိုက်ကြည့်လိုက်သည်။

“ ကောင်လေး မင်းရဲ့ဒဏ်ရာတွေက အရမ်းပြင်းထန်တာပဲ ”

ရွှီချင်းသည် ခေါင်းညိတ်လိုက်သည်။ ခရမ်းသလင်းကျောက်သည် သူ၏ ခန္ဓာကိုယ်ကို အလွန်မြန်ဆန်စွာ ကုသပေးနေသော်လည်း သူ့ဝိညာဉ်၏ ပြန်လည်ကောင်းမွန်လာသော အမြန်နှုန်းသည် အတော်လေး နှေးသည်။ ထို့ပြင် သူသည် ခေါင်းတလားထဲမှ အမည်မသိတည်ရှိမှုကြောင့် သတိမလစ်ဟင်းဝံ့ပေ။ ထို့ကြောင့် သူက ပြန်လည်ကုသခြင်းလုပ်ငန်းစဉ်ပေါ်မှာ လုံးလုံးစိတ်မနှစ်မြုပ်ထားနိုင်ခြင်း ဖြစ်သည်။

“ မင်းက ငါ့ကို အစားကောင်းကျွေးခဲ့တာရယ် ငါတို့လူသားမျိုးနွယ်အကြောင်း ပြောပြတာရယ်ကို ထောက်ထားပြီး မင်းကို ငါကူညီပေးမယ်… ဒီနားလာခဲ့ပါ ”

ရှေးဟောင်းအသံသည် ခေါင်းတလားထဲမှ ပျံ့လွင့်ထွက်လာသည်။

ရွှီချင်းသည် ခေါင်းခါလိုက်သည်။

“ စီနီယာရဲ့ ကြင်နာမှုကို ကျေးဇူးတင်ပါတယ်… ငါက လုပ်သင့်လုပ်ထိုက်တာကို လုပ်ခဲ့ရုံလေးပါ ”

အပြာရောင်မျက်လုံးတစ်စုံက ရွှီချင်းကို စိုက်ကြည့်လိုက်သည်နှင့် ခေါင်းတလားသည် တိတ်ဆိတ်သွားသည်။ အသက်ဆယ်ခါရှူချိန်ကြာပြီးနောက် အဖြူရောင်မြူခိုးသည် ချောက်နက်ထဲမှ တလိပ်လိပ် မြှောက်တတ်လာသည်။ ထိုမြူခိုးထဲမှာ အလွန်သိပ်သည်းသော ကောင်းကင်အာဏာစက်များ ပါရှိသည်။

“ မင်းငါ့အပေါ် အရမ်းသတိထားဖို့ မလိုပါဘူး… အဲ့ဒါတွေက နီလာနတ်သမီးရဲ့ အစေခံဆီကနေ ရလာတာပါ… ငါမင်းကို အဲ့ဒါတွေ ပေးမယ် ”

ယင်းကို အာရုံခံပြီးနောက် ရွှီချင်းသည် မပြောင်းလဲသော လေသံဖြင့် တည်ငြိမ်စွာ ပြောသည်။

“ စီနီယာ… ဒီဂျူနီယာက တဲ့တိုးပြောမိသွားရင် ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့… ငါ့အသားက တကယ်ပဲ အရသာမရှိပါဘူး ”

သူ၏ စကားဆုံးသည်နှင့် တားမြစ်အဆိပ်သည် ရွှီချင်း၏ ခန္ဓာကိုယ်အနှံ့ ထပ်မံပျံ့နှံ့သွားသည်။ သူက အဆိပ်ကို အကျယ်အဝန်းတစ်ခုထိ ထိန်းချုပ်ပြီးနောက် အပြာရောင်မျက်လုံးတစ်စုံကို ကြည့်လိုက်သည်။

“ စီနီယာ… ငါက မင်းအပေါ် နားလည်မှုလွဲတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်… ဒါပေမဲ့ ငါမင်းကို တစ်ခုပြောချင်တာက အနီရောင်လက ငါတို့နှစ်ယောက်စလုံးရဲ့ ဘုံရန်သူပါ… ငါ့ဝိညာဉ်က ဒဏ်ရာရထားရင်တောင် ဒီနေရာက အချုပ်အနှောင်စည်းတွေကို ငါထိန်းချုပ်နိုင်ပါသေးတယ် ”

ရွှီချင်းသည် ရိုသေလေးစားစွာ ပြောသည်။ သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်လေရာ ဘေးပတ်ဝန်းကျင်မှ အနီရောင်ကွန်ချာသည် ရုတ်ချည်း ထွက်ပေါ်လာပြီး ချော်ရည်ထဲမှာ တလက်လက် တောက်ပနေသည်။

“ ဒီတော့ ငါ့ကို ထွက်သွားခွင့်ပေးပါ ”

“ ငါမင်းကို မချုပ်နှောင်ထားပါဘူး… မင်းက ခေါင်းတလားရဲ့ အပြင်ဘက်မှာပါ… ဒီတော့ မင်းကြိုက်တဲ့အချိန် ထွက်သွားနိုင်ပါတယ် ”

အသံသည် တည်ငြိမ်သည်။

“ စီနီယာ ”

ရွှီချင်းသည် တည်ကြည်လေးနက်သော အမူအရာဖြင့် စကားတစ်လုံးချင်း ပြောသည်။

“ ငါက ခေါင်းတလားရဲ့ အပြင်မှာမဟုတ်ပါဘူး… ငါက ခေါင်းတလားရဲ့ အတွင်းထဲမှာပါ… တကယ်လို့ ငါသာ ခြေတစ်လှမ်း ရှေ့တိုးလိုက်မယ်ဆိုရင် မင်းရဲ့ ပါးစပ်ထဲကို ဝင်ရောက်သွားပါလိမ့်မယ်… မင်းက ငါ့ရဲ့ အသိအမြင်ကို လှည့်စားထားတယ်ဆိုတာ ငါသိပါတယ် ”

“ ဒါပေမဲ့ စီနီယာ… ငါ့အသားက တကယ်ပဲ အရသာမရှိပါဘူး ”

တစ်ချိန်တည်းမှာ ကောင်းကင်ဘုံမီးတောက်ပင်လယ်၏ အပြင်ဘက်၌ မျိုးနွယ်စုနှစ်စုမဟာမိတ်၏ ပိုင်နက်ထဲမှ မြင့်မြတ်ကုန်းမြေဖြစ်သော မြို့ကြီးတစ်မြို့သည် ကောင်းကင်မီးလျှံကဒ်ဘေးကို တွေ့ကြုံပြီးနောက် ငှက်သိုက်သဖွယ် ဖြစ်လာသည်။

၎င်းသည် ဘဲဥပုံသဏ္ဍာန်ရှိပြီး ကီလိုမီတာ(၅၀)ကျယ်ဝန်းသည်။

ယခုအချိန်တွင် ဧရာမနှလုံးတစ်ခုသည် မြင့်မြတ်ကုန်းမြေပေါ်တွင် မျောလွင့်နေသည်။ ယင်းပေါ်မှ အနီရောင်လဗိမာန်သည် အနီရောင်မိစ္ဆာအလင်းတန်းကို ထုတ်လွှတ်နေသည်။

ဒါဇင်ခန့်ရှိသော ခရမ်းနီရောင်ဥက္ကာပျံများသည် ဧရာမနှလုံး၏ ဘေးပတ်ပတ်လည်တွင် လှည့်ပတ်နေကြပြီး သိပ်သည်းသော ဖိအားတစ်ခုကို ထုတ်လွှတ်နေသည်။

သူတို့၏ အောက်တွင် မျိုးနွယ်စုနှစ်စုမှ ရာထူးမြင့်အကြီးအကဲများအားလုံး စုဝေးရောက်ရှိနေကြသည်။ မျိုးနွယ်စောင့်ရှောက်သူဖြစ်စေ ဘုရင်များဖြစ်စေ သူတို့အားလုံးသည် ရိုသေလေးစားစွာ ဒူးထောက်နေကြသည်။

သူတို့ချည်းသာ ဒူးထောက်နေရခြင်း မဟုတ်ပေ။ မြို့ထဲရှိ မျိုးနွယ်စုနှစ်စုမှ မျိုးနွယ်ဝင်အားလုံးသည်လည်း ဒူးထောက်နေကြရသည်။

အချိန်အတော်ကြာပြီးနောက် နက်ရှိုင်းသော အသံသည် ဘုရားကျောင်းထဲမှ ပျံ့လွင့်ထွက်လာသည်။

“ မင်းတို့က နောက်(၄၉)ရက်ကြာပြီးရင် ဆက်ကြေးပေးအပ်ရမယ်… ဒီတစ်ကြိမ်မှာ ကောင်းကင်မီးသလင်းကျောက်တွေအပြင် သက်ရှိအစာငါးသိန်းကိုလည်း ပေးအပ်ရမယ် ”

ဘုရားကျောင်းထဲမှ အသံသည် ဘေးပတ်ဝန်းကျင်သို့ ပဲ့တင်ထပ်သွားပြီးနောက် ဧရာမနှလုံးသည် ဖြည်းညင်းစွာ ရွေ့လျားသွားပြီး မြင့်မြတ်ကုန်းမြေမှ ထွက်ခွာသွားသည်။

သူတို့သည် လဝတ်ပြုဒေသကြီး၏ အရှေ့အလယ်ပိုင်းဆီသို့ ဆက်လက်ပျံသန်းသွားပြီး အရှေ့ပိုင်းဒေသထဲမှ မျိုးနွယ်အသီးသီး၏ ဆက်ကြေးပေးပို့လာမည့်နေ့ကို စောင့်ဆိုင်းနေလိမ့်မည်။ ဆက်ကြေးပေးပို့ရမည့် ပမာဏသည် မျိုးနွယ်တစ်ခုနှင့်တစ်ခု မတူညီကြပေ။

မျိုးနွယ်စုနှစ်စုမှ ဘိုးဘေးများနှင့် မျိုးနွယ်စောင့်ရှောက်သူများသည် ဒူးထောက်လျက် သူတို့ကို ရိုသေစွာ လိုက်လံပို့ဆောင်ကြသည်။ အနီရောင်လဗိမာန်က မိုးကုပ်စက်ဝိုင်းထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည့်အခါမှ မျိုးနွယ်စုနှစ်စု၏ ဘုရင်များသည် မတ်တတ်ရပ်ဝံ့ကြပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

“ သက်ရှိအစာရဲ့ အရေအတွက်က အရင်တစ်ခေါက်ထက် ငါးဆယ်ရာခိုင်နှုန်းတောင် ပိုတိုးသွားတယ်… ”

“ ငါတို့ အဲ့ဒါကို ပြီးမြောက်အောင် မလုပ်နိုင်ရင် အရေအတွက်ဖြည့်ဖို့ ငါတို့ရဲ့ မျိုးနွယ်ဝင်တွေကို အတင်းအကျပ် စေလွှတ်ရလိမ့်မယ် ”

မျိုးနွယ်စုနှစ်စု၏ ဘုရင်နှစ်ပါးသည် တိတ်ဆိတ်သွားကြသည်။ အချိန်အတော်ကြာပြီးနောက် အေးစက်စက် အလင်းတန်းသည် ကောင်းကင်မျက်နှာဖုံးမျိုးနွယ်ဘုရင်၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ ဒီနှစ်တွေမှာ ငါတို့မသိကျိုးကျွန်ပြုထားတဲ့ အဲ့ဒီလူသားဂူထဲမှာ အစားအစာ တော်တော်များများ စုဆောင်းမိထားလောက်ပြီ ”

“ နှစ်တွေဒီလောက်အကြာပြီး စိုက်ပျိုးထားပြီးမှတော့ အခု ရိတ်သိမ်းဖို့ အချိန်ကျပြီ ”

All Chapters