ရွှေကုံးဂိုဏ်း
Vol. 22 Ch. 318
ဇွန်လ ၂၉ ရက်သည် စာသင်နှစ်၏ ဒသမမြောက် အပတ် ကြာသပတေးနေ့ ဖြစ်သည်။
ယနေ့နံနက် ၃ နာရီတွင် စုန့်ဟိုင်မြို့၏ ညဈေး ရှိရာ လမ်းထဲတွင် ကြီးကြီးမားမား ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။
မျက်မြင်သက်သေများ၏ အဆိုအရ ယူနီဖောင်းဝတ် ကျောင်းသား တစ်ဦးမှာ ခန္ဓာကိုယ်တွင် မီးများ စတင် လောင်ကျွမ်းပြီးနောက် ဖုတ်ကောင်ကဲ့သို့ လမ်းပေါ်လျှောက်သွားကာ မီးတောက်များဖြင့် ရူးသွပ်စွာ ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ထိုမီးတောက်က လမ်းတစ်ခုလုံးကို လွှမ်းခြုံသွားပြီး အရာအားလုံးကို ပြာများအဖြစ်သို့ လောင်ကျွမ်းစေခဲ့သည်။
မြေကြီးပေါ်မှ လူကူးမြင်းကျားပင် မီးတောက်ကြောင့် ပျက်ပြယ်သွားခဲ့သည်။
အရာအားလုံး အပေါ်တွင် မီးခိုးလုံးကြီး တဟုန်းဟုန်းဖြစ်နေသည်မှာ ရုပ်ရှင်ထဲမှ မြင်ကွင်းတစ်ခုလိုပင်။
မီးမပြန့်ပွားစေရန် မီးသတ်ဦးစီးဌာနမှ အတားအဆီးများ ချက်ချင်း ပြုလုပ်ခဲ့သေးသော်လည်း အချိန်နှောင်းသွားခဲ့ပြီ ဖြစ်သည်။
မီးက အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းပေသည်။
သို့သော် ကံကောင်းစွာဖြင့် မနက် ၃ နာရီ၌ ဆိုင်အားလုံး နီးပါး ပိတ်ထားခဲ့ပြီ ဖြစ်၍ အသေအပျောက် မရှိခဲ့ပေ။
ဤဖြစ်ရပ်အတွင်း မီးလောင်ဒဏ်ရာ အနည်းငယ်နှင့် မီးခိုးငွေ့ ရှူရှိုက်မိသူ လေးဦးသာ ရှိခဲ့သည်။
၎င်းတို့လေးဦးက ညလယ်တွင် အဆာပြေဝယ်စားရန် ထွက်လာခဲ့ကြသောကြောင့် မီးတောက်နှင့် ပက်ပင်း ကြုံတွေ့ခဲ့ရခြင်း ဖြစ်ကြောင်း သတင်းများက ဆို၏။
ထို့ကြောင့် သန်းခေါင်ယံ မတိုင်မီ အိပ်ရာဝင်သင့်ပြီး အိပ်ယာထ နောက်ကျသည်နှင့် ညသန်းခေါင်ယံတွင် အဆာပြေ အစာစားခြင်းက ကျန်းမာရေးအတွက် အကျိုးမရှိစေကြောင်း သင်ခန်းစာ အဖြစ် သိခဲ့ရသည်။
ဤဖြစ်ရပ်၏ ရလဒ်ကို လူများစွာက ခန့်မှန်းနိုင်ခဲ့သည်။
ခရိုင်မှူးက အလုပ်ထုတ်ခံရခြင်းမှ ရှောင်လွှဲနိုင်မည် မဟုတ်ပေ။
စုန့်ဟိုင်မြို့ အစိုးရက နစ်နာသူ လေးဦး၏ ဆေးဖိုးဝါးခ နှင့် အနီးနားရှိ ဆိုင်များ ပျက်စီးဆုံးရှုံးမှု အတွက် ကုန်ကျစရိတ်များကို ကျခံခဲ့ကြရသည်။
တစ်နည်းအားဖြင့်ဆိုသော် ဤအဖြစ်အပျက်သည် အကြမ်းဖက် တိုက်ခိုက်မှုထက် မလျော့ပေ။
ဤအကြမ်းဖက် တိုက်ခိုက်မှုကို လှုံ့ဆော်သူ ဖြစ်သည့် ကျောင်းသားကမူ အဆုံးသတ်တွင် ပျောက်ကွယ်သွားခဲ့သည်။
ညသန်းခေါင် အဆာပြေဝယ်ဖို့ ထွက်လာသည့် မျက်မြင်သက်သေ လေးဦး၏ မှတ်တမ်းများအရ ထိုကျောင်းသားကို အနက်ရောင် လူရိပ်တစ်ခုက ဆွဲထုတ်သွားခဲ့သည်ဟု သိရသည်။
ထို့ကြောင့် ယနေ့နံနက်တွင် ဤအဖြစ်အပျက်က နံနက်ခင်းပိုင်း ကိုယ်တိုင် လေ့လာချိန် အတွင်း ဆွေးနွေးမှုခေါင်းစဥ် အသစ် ဖြစ်လာခဲ့သည်။
ချန်းချောင်က မျက်မှောင်ကြုတ်ကာ လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
"ဒီအဖြစ်အပျက်က အမှောင်အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ ရွှေကုံး ဂိုဏ်းကြောင့် ဖြစ်ရတာလို့ ငါကြားခဲ့တယ်"
"သူတို့က ကျောင်းဆင်းလို့ အိမ်ပြန်လာတဲ့ ကျောင်းသားတွေကို ပစ်မှတ်ထားနေတယ်.. ဒီကျောင်းသားတွေကို ပြန်ပေးဆွဲပြီးရင် သူတို့ရဲ့ ထုတ်ကုန်တွေကို အတင်းစားခိုင်းလေ့ ရှိတယ်"
ယင်းအချိန်တွင် တစ်စုံတစ်ယောက်က ဖန့်ရှင်းကို ရုတ်တရက် သတိရသွားသည်။
"အခန်း၂က ကျောင်းသားဖန့်ရှင်းကို မတွေ့ရတာကြာပြီ.. ရွှေကုံးဂိုဏ်းနဲ့များ တစ်ခုခု ပတ်သက်နေမလား မသိဘူး"
"ဖန့်ရှင်းနဲ့ ပတ်သက်ပြီး သူ့အုပ်ထိန်းသူက ကျောင်းကိုအကြောင်းကြားထားတယ်လို့ သိရတယ်.. ဒါကြောင့် သူကျောင်းမလာတာ ရွှေကုံးဂိုဏ်းနဲ့တော့ မပတ်သက်လောက်ပါဘူး"
ဝမ်လင်းက စိတ်ထဲကနေ ရယ်မောလိုက်သည်။
ဖန့်ရှင်း၏ အရည်အချင်းကြောင့် ဤရွှေကုံးဂိုဏ်းသာ သူ့ကို ပစ်မှတ်ထားခဲ့လျှင် အလွန် ဆိုးရွားသည့် အဆုံးသတ်ကို သေချာပေါက် ရင်ဆိုင်ရပေလိမ့်မည်။
ယခုအခါတွင် ဖန့်ရှင်းက အင်မော်တယ်ထုန်ရာ၏ ဂန္ဓမာကျွန်းတွင် ပြန်လည်ကုသနေဆဲ ဖြစ်သည်။
ဝမ်မင်က ဖန့်ရှင်းအတွက် အလွန်အမင်း စိတ်ပူနေရန် မလိုအပ်ကြောင်း ဝမ်လင်းအား ပြောပြခဲ့သည်။
ရက်အနည်းငယ်အကြာတွင် ဖန့်ရှင်း၏ ခန္ဓာကိုယ်ထဲမှ ထူးခြားသော ဒြပ်စင်က ဓာတ်ပြယ်သွားပြီး ဖန့်ရှင်းက သတိပြန်ရလာမည်သာ။
ပွင့်လင်းစွာဝန်ခံရလျှင် ဝမ်လင်းသည် ယခင်က ဖန့်ရှင်းကို အဆက်မပြတ် စောင့်ကြည့်နေခဲ့သည်။
ဝမ်လင်းအတွက် ယခုတစ်ကြိမ် အင်မော်တယ်စံအိမ် နှင့်ပတ်သက်သည့် အကြီးမားဆုံးသော အမြတ်မှာ ဖန့်ရှင်းနှင့်ပတ်သက်သည့် အရာအားလုံးကို သိရှိ နားလည်သွားခဲ့ခြင်းဖြစ်၏။
ယင်းက သူ့အတွက် အလွန် စိတ်သက်သာရာ ရစေသည်။
ဝမ်လင်း အတွေးနက်နေချိန်တွင် ကော်ဟောက်က အဓိက အကြောင်းအရာကို ရုတ်တရက် ပြောလိုက်သည်။
"ဒီမနက်က ပြန့်နေတဲ့ ဗီဒီယိုတစ်ခုကို ကြည့်ပြီးပြီလား"
"ဘာဗီဒီယိုလဲ"
"ဒီဗီဒီယိုကို ရိုက်ဖို့ ငါ့ သူငယ်ချင်းတစ်ယောက်က အတော်လေး စွန့်စားခဲ့ရတယ်.. ကျောင်းဝတ်စုံ ဝတ်ထားတဲ့ ကျောင်းသားတစ်ယောက်က အသက်ရှင်လျက်နဲ့ ရုတ်တရက်ခန္ဓာကိုယ်မှာ မီးတွေ ထတောက်လာတယ်.. ပြီးတော့ သူက နေရာတိုင်းကို မီးတောက်တွေနဲ့ ပစ်ခတ်ခဲ့တယ်"
ကော်ဟောက်က သူတို့ကို ပြောပြခဲ့သည်။
"ဒီကျောင်းသားက ဘာကျင့်စဥ်ကို ကျင့်ခဲ့လည်း မသိဘူး.. အဲဒါက ကျောင်းသား မဟုတ်ဘဲ လူဆိုးတချို့က ကျောင်းသားတစ်ယောက် အနေနဲ့ တမင်တကာ ရုပ်ဖျက်ထားတာရော မဖြစ်နိုင်ဘူးလား"
"မဖြစ်နိုင်ဘူး"
ကော်ဟောက်က ခေါင်းခါယမ်းလိုက်သည်။
"ငါကြည့်တဲ့ ဗီဒီယိုထဲမှာတော့ ဒီကျောင်းသားက အရူးတစ်ယောက်လို ဖြစ်သွားပြီး မီးတောက်တွေကို ပစ်လွှတ်နေတယ်"
"ဒါ့အပြင် အခင်းဖြစ်ပွားရာ နေရာကို စုံစမ်းစစ်ဆေးမှုတွေ အရ အရ အဲဒီ မီးတောက်ရဲ့ အပူချိန်က တစ်သောင်းဒီဂရီ အထိ ရှိတယ်လို့ ငါ့ဦးလေးက ပြောပြခဲ့တယ်"
ဝမ်လင်း မျက်မှောင်ကြုတ်လိုက်သည်။
ပုံမှန်အားဖြင့် စိတ်ဝိညာဥ်ဖွဲ့စည်းခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူကသာ တစ်သောင်းဒီဂရီ အထိ ပူပြင်းသည့် မီးတောက်များကို ထုတ်လွှတ်နိုင်မည် ဖြစ်သည်။
သို့သော် ဤလူက ကျောင်းသားတစ်ယောက်သာ ဖြစ်ရာ ဤအပူချိန်က ချဲ့ကားမှုတစ်ခုလို ဖြစ်နေသည် မဟုတ်လော။
ယင်းက မော့အင်မော်တယ်ရဲတိုက်၏ မော့အင်မော်တယ်ရေ အဖြစ်အပျက်အား ဝမ်လင်းကို အမှတ်ရစေသည်။
သို့သော် ထိုရေက စမ်းသပ်ဆဲ အဆင့်တွင် ရှိနေစဉ်မှာပင် အခြေအနေ တစ်ခုလုံးကို သူတို့က တိုက်ရိုက် ထိန်းချုပ်နိုင်ခဲ့သည်။
ရွှေကုံးဂိုဏ်းမှာ ထိုအချိန်က မော့အင်မော်တယ်ရဲတိုက်မှ ထုတ်လုပ်ခဲ့သော ဗီဇပြောင်းဆေးကဲ့သို့ တူညီသောရလဒ်အတွက် မတူညီသည့် နည်းလမ်းကို အသုံးပြုခဲ့ပုံရသည်။
တစ်ခုတည်းသော ခြားနားချက်မှာ မော့အင်မော်တယ်ရဲတိုက်၏ ပဋိသန္ဓေဆေးက မစခင်မှာပင် ကျရှုံးသွားခဲ့ပြီး ရွှေကုံးဂိုဏ်းကမူ အောင်မြင်စွာ တီထွင်နိုင်ခဲ့ပုံရ၏။
ရွှေကုံးဂိုဏ်းက အခြေခံ တည်ဆောက်ခြင်းအဆင့် ကျောင်းသားတစ်ဦး၏ အဖျက်စွမ်းအားကို စိတ်ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့်အထိ မြှင့်တင်ပေးနိုင်သည့် အရာတစ်ခုကို တီထွင်နိုင်ခဲ့သည်။
ဤအစီအစဉ်က အချိန်အတော်ကြာကတည်းက လုပ်ဆောင်ခဲ့မှန်း သေချာ၏။
ဤသည်မှာ ကြိုတင်ပြင်ဆင်ထားသော ကြံစည်မှု ဖြစ်သည်။
..............................
"အခြေအနေဘယ်လိုနေလဲ.. တိုးတက်လာပြီလား"
"သတင်းပို့ပါတယ် ဒါရိုက်တာ.. ပျောက်ဆုံးနေတဲ့ ကျောင်းသား ၁၂ ယောက်ရဲ့ အချက်အလက်တွေကို လေ့လာလိုက်တော့ သူတို့မှာ ဘုံတူညီတဲ့ အရာတွေကို တစ်ခုမှ မတွေ့ရဘူး"
ကျိုးရီက မျက်မှောင်ကြုတ်သွားသည်။
"ဒါဆို သူတို့က ကြုံရာလူကို ပြန်ပေးဆွဲသွားတာပေါ့"
လက်ထောက်ညွှန်ကြားရေးမှူး "အဲဒါလည်း မဖြစ်နိုင်ပါဘူး.. ဒီကျောင်းသားတွေ အကုန်လုံးက အရမ်း ချောမောကြတယ်လေ"
ကျိုးရီ ".............."
"ဒါက အမှန်ဆိုရင် ကျန်တဲ့ ကျောင်းသားတွေက ရုပ်ဆိုးလို့ သူတို့လက်ထဲကို မရောက်ခဲ့ပုံပဲ"