← Chapters

ညီနောင်.. ငါ့ကိုမီးခြစ်ဌားပေးပါ

Vol. 22 Ch. 321

ညီနောင်.. ငါ့ကိုမီးခြစ်ဌားပေးပါ

Vol. 22 Ch. 321

ဖေဖေဝမ်က အမှတ် 60 အထက်တန်းကျောင်း၏ ဂိတ်တံခါးဝသို့ ရောက်ရှိလာသောအခါ မြင်လိုက်ရသော မြင်ကွင်းကြောင့် ထိတ်လန့်သွားခဲ့သည်။

ရိုးရိုးသားသား ပြောရလျှင် ယင်းက သူ့ကို အတိတ်မှ ဖြစ်ရပ်တချို့အား သတိရစေ၏။

ဝမ်လင်း သူငယ်တန်းကျောင်း တက်စဥ်က ကျောင်းဆင်းချိန်တွင် သူငယ်တန်းကျောင်း၏ ဂိတ်တံခါးရှေ့တွင် မိဘများက အုပ်လိုက်ကြီး ရပ်နေခဲ့သည်။

ထိုအချိန်မှစ၍ ဖေဖေဝမ်က ဝမ်လင်းကို သူငယ်တန်းတွင် လာမကြိုတော့ပေ။

ထိုစဥ်ကတည်းကပင် ဝမ်လင်းက သူ၏ ချစ်စဖွယ် ရုပ်ရည်ကြောင့် ကလေး လူကုန်ကူးသမားများ၏ ပစ်မှတ်ထားခြင်းကို အမြဲခံခဲ့ရသည်။

အဆုံးသတ်တွင် သူပြန်ပေးဆွဲခံရသည့်နေ့သည် လူမှောင်ခိုဂိုဏ်းတစ်ခုလုံးကို သုတ်သင်ရှင်းလင်းသည့်နေ့ ဖြစ်သွားခဲ့၏။

ဆိုရလျှင် ဝမ်လင်းက သူငယ်တန်းမှ မူလတန်းကျောင်းပြီးချိန်အထိ လူကုန်ကူးသည့် အဖွဲ့ ထောင်ပေါင်းများစွာကို သုတ်သင်ရှင်းလင်းခဲ့သည်။

ဤကိစ္စနှင့် ပတ်သက်ပြီး ဝမ်သားအဖ နှစ်ယောက်စလုံးကနှုတ်လုံစွာဖြင့် ဖုံးကွယ်ထားခဲ့ကြ၏။

ဝမ်လင်းအပေါ် လူထု၏အာရုံ ရောက်လာမည်စိုး၍ ယင်းသို့ ဖုံးကွယ်ထားခဲ့ရခြင်းပင်။

ထိုအကြောင်းကို မည်သူ့ကိုမှ မပြောခဲ့ပေ။

ထို့ကြောင့် ဤတစ်ကြိမ် ဝမ်လင်းကို ကိုယ်တိုင်ကိုယ်ကျ လာရောက် ကြိုဆိုသော အခိုက်တွင် ဖေဖေဝမ်က လွမ်းဆွတ်သော ခံစားချက်ကို ရရှိခဲ့ခြင်း ဖြစ်သည်။

ကနဦးတွင် သူက လာဖို့ အစီအစဉ် မရှိသော်လည်း ဆရာမဖန်က သူ့ကို ကိုယ်တိုင်ကိုယ်ကျ ဖုန်းဆက်၍ တောင်းဆိုခဲ့၏။

ဤအံ့ဩစရာ မြင်ကွင်းက အမှတ် ၆၀ အထက်တန်း ကျောင်း၏ ဂိတ်တံခါးရှေ့တွင် အမှန်တကယ် ဖြစ်ပျက်နေခဲ့သည်။

အခြားမိဘများက လာပြီး သူက ရောက်မလာလျှင် အနည်းငယ် ထူးဆန်းနေမည် မဟုတ်လော။

ဖေဖေဝမ်က သူ၏ အနက်ရောင် မျက်မှန်ကို ပင့်တင်လိုက်ရင်း အိတ်ကပ်ထဲသို့ လက်ထည့်ကာ လူအုပ်ထဲသို့ ဟန်ပါပါလျှောက်လာခဲ့သည်။

မြင်ကွင်းက ယခုလို ရုတ်ရုတ်သဲသဲ ဖြစ်နေသည်မှာ မိဘများ တန်းစီနေခြင်းကြောင့် ဖြစ်မှန်း သူသိလိုက်ရသည်။

အကြောင်းရင်းမှာ မိဘအချို့က ကြွားလုံးထုတ်ရန် ၎င်းတို့၏ ဂိုဏ်းနောက်လိုက် သို့မဟုတ် တပည့်များကို ခေါ်ဆောင်လာသောကြောင့်ပင်။

မိဘများ တန်းစီနေချိန်၌ တပည့်များက ပတ်ပတ်လည်တွင် တရုံးရုံး ဖြစ်နေသောကြောင့် အရာအားလုံးက ကမောက်ကမ ဖြစ်နေ၏။

ဖေဖေဝမ်က သူ့ရှေ့မှ လူတန်းရှည်ကြီးကို ကြည့်ရင်း လေးလေးနက်နက် သက်ပြင်းချလိုက်သည်။

နှစ်ပတ်လည် ရုပ်ပြ အစည်းအဝေးကြီးတွင် တန်းစီရချိန်ကလွဲ၍ ယခုလို အခြေအနေမျိုး သူတစ်ခါမှ မကြုံဖူးပေ။

ကျောင်းဂိတ်ရှိ ဆရာများက နံပါတ်များ မခေါ်ဆိုမီ မိဘများ၏ အထောက်အထားများကို တစ်ဦးချင်းစီ အသေးစိတ် စစ်ဆေးရသည့် အတွက် လုပ်ငန်းစဉ်မှာ သိသိသာသာ နှေးကွေးနေသည်။

အချို့သောမိဘများကမူ မျက်မှောင်ကြုတ်ကာ စိတ်မရှည်စွာ စောင့်ဆိုင်းနေကြသည်။

သို့သော် မည်သူကမှ ဆရာများကို ဒေါသတကြီး ဆဲဆိုခြင်း သို့မဟုတ် မြန်မြန်ဆန်ဆန် လုပ်ဖို့ တိုက်တွန်းခြင်းများ မပြုလုပ်ခဲ့ပေ။

လူတစ်ဦး၏ သဘောသဘာဝကို ထင်ဟပ်စေသည်မှာ ဤကဲ့သို့သော အချိန်များပင်။

ကျောင်းသားများ ဘေးကင်းလုံခြုံစွာ အိမ်ပြန်နိုင်ရေး အတွက် ဆရာများ ကိုယ်တိုင် အလုပ်ချိန် နောက်ကျခံပြီး အချိန်ပိုဆင်းကာ ကျောင်းမှာပဲ နေခဲ့ရ၏။

ဤကဲ့သို့ အများကြီး လုပ်ပေးခဲ့ရာ မည်သူက အပြစ် ပြောနိုင်မည်နည်း။ မည်သူတွေကရော တိုင်ကြားနိုင်မည်နည်း။

ဖေဖေဝမ်က တန်းစီနေသည့် လူအုပ်ကြီး၏ အဆုံးတွင် ငြိမ်သက်စွာ ရပ်နေသော်လည်း မငြီးငွေ့ခဲ့ပေ။

စာရေးခြင်းသည် ဘဝအတွေ့အကြုံ ကုန်ကြမ်းများ လိုအပ်၏။

တစ်ခါတစ်ရံတွင် ဇာတ်ကောင်များအတွက် ကုန်ကြမ်း အရင်းအမြစ်များကို စုဆောင်းခြင်းသည် ကောင်းမွန်သောလုပ်ရပ် ဖြစ်သည်။

၎င်းကို လုပ်ငန်းခွင်ရောဂါဟုလည်း ယူဆနိုင်သည်။

သူ့က မြင့်မားသောနယ်ပယ် အဆင့် မရှိသည့်အပြင် ချီသန့်စင်ခြင်း အဆင့်တွင်သာ ရှိသေးသည်။

သို့သော် သူ့အဆင့်က မမြင့်မားလျှင်ပင် အတွေ့အကြုံပေါ် အခြေခံ၍ အားကောင်းသော အော်ရာနှင့် အားနည်းသောအော်ရာများကို ခွဲခြားနိုင်ပါသေးသည်။

ဥပမာအားဖြင့် ယခုအချိန်တွင် သူ့ရှေ့၌ ရပ်နေသော လူလတ်ပိုင်းသည် မရိုးရှင်းဟု သူထင်သည်။

ထိုလူက အလွန်ကြမ်းတမ်းပုံ ပေါက်ပြီး လှပသော မုတ်ဆိတ်မွေးရှိကာ ရိုးရာဝတ်စုံကိုလည်း ဝတ်ဆင်ထားသည်။

ထိုလူက ဟိတ်ဟန် အလွန်ကောင်းပြီး ခါးတွင်လည်း မီးဖိုချောင်သုံး ဓားများစွာကို ချိတ်ထားသည်။

လူတစ်ယောက်က ထိုလူအား ဂိုဏ်းခေါင်းဆောင်ဟု ခေါ်သည်ကို သူကြားလိုက်မိသည်။

ဖေဖေဝမ်က ရှေ့သို့ တက်လာပြီး ထိုလူ၏ ပခုံးကို ဖက်ကာ စကားစလိုက်သည်။

"ညီနောင်.. မင်းရဲ့သားလေးကို ကြိုဖို့ဒီရောက်နေတာလား"

စကားပြောနေရင်း ဖေဖေဝမ်က သူ့ရှေ့မှ လူနှင့် ပုံစံတူ ၀တ်ဆင်ထားသော လူငယ်အများအပြားကို သတိပြုမိလိုက်သည်။

ထိုလူငယ်များက သူ့ကို ရှုတည်တည်ဖြင့် ကြည့်နေကြသည်။

သူ့စိတ်ထဲတွင် တစ်စုံတစ်ရာကို တဖန် အတည်ပြုနိုင်ခဲ့၏။

ဤလူငယ်များက ထိုလူ၏တပည့်များ ဖြစ်နိုင်သည်ကို ဖေဖေဝမ် ကောင်းစွာသိသည်။

လူလတ်ပိုင်းအရွယ် အမျိုးသား အနေဖြင့် တစ်စုံတစ်ယောက်က သူ့ကို ရင်းရင်းနှီးနှီး စကားလာပြောလိမ့်မည်ဟု မမျှော်လင့်ထားပေ။

ရုတ်တရက်မို့ သူက အံ့အားသင့်သွားခဲ့သည်။

ဖေဖေဝမ်က အရပ်မရှည်၍ ထိုယောက်ျား၏ ပုခုံးကိုပင် မမီနိုင်ခဲ့ပေ။

သူက ထိုလူနှင့် စကားပြောရန် ခေါင်းအနည်းငယ် မော့ထားရ၏။

သူတို့နှစ်ယောက်၏ ကိုယ်လုံးကိုယ်ထည် ကွာခြားမှုက သိသိသာသာကြီးပင်။

ဖေဖေဝမ် "မင်းရဲ့သားက ပုံမှန်အခန်းကလား ဒါမှမဟုတ် လက်ရွေးစင် အခန်းကလား"

လူလတ်ပိုင်း၏ မျက်နှာက ချက်ချင်းပင် မည်းမှောင်သွားသည်။

"............"

သူအကြောက်ဆုံးမှာ ဤမေးခွန်းကို တစ်ယောက်ယောက်က မေးလာမည်ကိုပင်။

သူက မီးဖိုချောင်သုံးဓားဂိုဏ်း၏ ခေါင်းဆောင် ဖြစ်သော်လည်း သူ့သားက ပုံမှန်အခန်းထဲသာ ဝင်နိုင်ခဲ့သည်။

ယင်းက သူ့အတွက် အရှက်ရစရာလည်း ဖြစ်၏။

ထို့ကြောင့် မီးဖိုချောင်သုံးဓားဂိုဏ်း၏ ခေါင်းဆောင်က ဤအချိန်တွင် နှုတ်ဆိတ်နေရန်သာ ရွေးချယ်ခဲ့သည်။

သူပြန်မဖြေသရွေ့ ဤလူက နောက်ထပ်မေးခွန်းများ မေးခြင်းကို ရပ်သင့်သွားမည်ဟု သူထင်ခဲ့သည်။

ကံမကောင်းစွာပဲ သူရင်ဆိုင်နေရသည့်လူက ဖေဖေဝမ် ဖြစ်နေသည်။

ဖေဖေဝမ်က အဆုံးသတ်တွင် ဖေဖေဝမ် ဖြစ်သည်ဟုသာ ပြောနိုင်သည်။

ဝါရင့်ဝဘ်ဝတ္ထု စာရေးဆရာ တစ်ဦး အနေဖြင့် သူက ကုန်ကြမ်းနှင့် ပတ်သက်ပြီး စုဆောင်းနေစဉ် ပြဿနာတစ်ခု ကြုံတွေ့ရတိုင်း သူ၏ မခံချင်စိတ်ကို အပြည့်အ၀ ဖော်ပြတတ်၏။

ဖေဖေဝမ် "ညီနောင် မင်းဘာလို့ စကားမပြောတာလဲ"

မီးဖိုချောင်သုံးဓားဂိုဏ်း၏ ခေါင်းဆောင် ".........."

ဖေဖေဝမ်က ထိုလူ၏ ပုခုံးကို ပုတ်လိုက်သည်။

"မဖြေချင်လည်း ရပါတယ်ကွာ.. ငါတို့အားလုံးက မိဘတွေပဲ. ငါတို့ အခု တန်းစီနေရမှတော့ ငါတို့ကလေးတွေ အကြောင်း ဘာလို့ မပြောရမှာလဲ.. ငါ့ကလေးက ဒီနှစ်စက ကျောင်းရဲ့ ဝင်ခွင့်စာမေးပွဲကို အောင်ပေမဲ့ အမှားအယွင်း ဖြစ်သွားခဲ့တယ်"

"အမှားအယွင်းဖြစ်သွားတာလား"

မီးဖိုချောင်သုံးဓားဂိုဏ်း၏ ခေါင်းဆောင်က ချက်ချင်းပင် ဝမ်းသာသွားခဲ့သည်။

"ဒါဆို မင်းရဲ့ သားက အမှားလုပ်မိတဲ့ အတွက် ပုံမှန်အခန်းထဲကို ရောက်သွားတာပေါ့"

ဖေဖေဝမ်က ခေါင်းခါယမ်းလိုက်သည်။

"မဟုတ်ဘူး.. သူက လက်ရွေးစင်အခန်းထဲကို ရောက်သွားတာပါ"

မီးဖိုချောင်သုံးဓားဂိုဏ်းရဲ့ ခေါင်းဆောင်က ဖေဖေဝမ်ကို ငေါက်ချင်စိတ်ပင် ပေါက်လာသည်။

"............."

"ဒါဆို မင်းက ဘာလို့ ညည်းနေရတာလဲ"

ဖေဖေဝမ် "ငါ့သားက တော်တော်လေး တစ်သီးတစ်သန့် နေတတ်တယ်.. သူသာ လက်ရွေးစင် အတန်းထဲ ရောက်သွားရင် လူကုံထံ သားသမီးတွေ ကြားမှာ သိမ်ငယ်စိတ်တွေ ဝင်လာလိမ့်မယ်လို့ ငါတွေးမိတယ်လေ.. ဒါကြောင့် သူ့ကို ပုံမှန်အခန်းကိုပဲ ကျစေချင်တယ်"

စကားပြောရင်း ဖေဖေဝမ်က သက်ပြင်းချလိုက်သည်။

"ဘယ်သူသိနိုင်မှာလဲ.. ဒီကောင်က ဘာမှအဖြစ်မရှိပေမဲ့ လက်ရွေးစင် အခန်းက ကျောင်းသား ဖြစ်သွားခဲ့တယ်လေ.. ငါက သူ့ကို ညံ့ဖျင်းတဲ့ကျောင်းသားပဲ ဖြစ်စေချင်ခဲ့တယ်"

မီးဖိုချောင်သုံးဓားဂိုဏ်း၏ ခေါင်းဆောင် "...???..."

[ချီး ဒါကအမှားအယွင်းတဲ့လား]

ယင်းက မူမမှန်မှုသော ဖြစ်ရပ်တစ်ခုပင်။

ယနေ့ခေတ် မိဘများသည် သားသမီးများကို နဂါး နှင့် ဖီးနစ်များ ဖြစ်လာသည်ထက် ညံ့ဖျင်းသော ကျောင်းသားအဖြစ်ကိုသာ လိုလား တောင့်တနေကြပါသလော။

ထိုအချိန်တွင် မီးဖိုချောင် ဓားဂိုဏ်း၏ ခေါင်းဆောင်က အလွန်ထူးဆန်းသော မိဘတစ်ဦးနှင့် ကြုံတွေ့နေရပြီဖြစ်ကြောင်း လေးလေးနက်နက် ခံစားလိုက်ရပြီး ချက်ချင်းပင် စကားပြောချင်စိတ် ပျောက်သွားသည်။

ဤလူနဲ့ စကားဆက်ပြောနေလျှင် စိတ်မချမ်းမသာ ဖြစ်ရမည် မဟုတ်လော။

ထိုအချိန်တွင် လူလတ်ပိုင်းအရွယ် အမျိုးသားက ဖေဖေဝမ်တစ်ယောက် မှတ်စုစာအုပ်နှင့် ဘောပင်တစ်ချောင်း ထုတ်ယူလိုက်ပြီး တစ်စုံတစ်ခုကို မှတ်တမ်းတင်နေပုံ ပေါ်သည်ကို သူ့မျက်လုံးထောင့်ကနေ မြင်လိုက်ရသည်။

သူ့လို မီးဖိုချောင်ဓားဂိုဏ်း၏ ခေါင်းဆောင်အနေဖြင့် စူးရှထက်မြက်သည့် မျက်လုံးများ မရှိသည်မှာ မဖြစ်နိုင်ပေ။

သူ၏ စူးရှသော မျက်လုံးအစုံဖြင့် မှတ်စုစာအုပ်တွင် ဖေဖေဝမ် ရေးထားသည့် စကားလုံးများကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

"ကုန်ကြမ်း အရင်းအမြစ်- ကြံ့ခိုင်သန်စွမ်းသော ခန္ဓာကိုယ်တည်ဆောက်မှုရှိသည့် မီးဖိုချောင်သုံးဓားဂိုဏ်း၏ ခေါင်းဆောင်၊ မီးဖိုချောင်သုံး ဓားပေါင်းများစွာကို သူ့ခါးမှာ ၀တ်ထားတယ်၊ သူ့သားက ပုံမှန် အတန်းထဲမှာ ရှိနေလို့ မကြာခဏ စိတ်ပူပန်နေရတယ်၊ ကိုယ်ရည်ကိုယ်သွေးကို ကနဦး အကဲဖြတ်ချက်အရတော့ ဒီလူက စိတ်မြန်လက်မြန်ရှိတဲ့သူ ဖြစ်ကောင်းဖြစ်နိုင်တယ်.."

ထိုစာကိုမြင်လျှင် လူလတ်ပိုင်း၏ ပါးစပ်ထောင့်က ပြင်းပြင်းထန်ထန် တုန်လှုပ်သွားပြီး ဒေါသ အနည်းငယ် ထွက်လာသည်။

"မင်း.. ဘယ်သူလဲ..."

ဖေဖေဝမ်က အနက်ရောင် အနားကွပ်မျက်မှန်ကို ဟန်ပါပါ ပင့်တင်လိုက်သည်။

"တောင်းပန်ပါတယ် ညီနောင်.. ကျွန်တော်က စာရေးဖို့အတွက်ကုန်ကြမ်းတွေ စုဆောင်းနေတာပါ.. ကျွန်တော်က ဝဘ်ဝတ္ထု စာရေးဆရာ တစ်ယောက်ပါ"

မီးဖိုချောင်သုံးဓားဂိုဏ်း၏ ခေါင်းဆောင် "............"

ထိုအချိန်မှာပင် ဖေဖေဝမ်က အိတ်ကပ်ထဲမှ အနက်ရောင်ဆေးပြင်းလိပ် တစ်လိပ်ကို ထုတ်ကာ ပါးစပ်ထဲ ထည့်လိုက်သည်။

ထို့နောက် သူက တည်ငြိမ်သော အမူအရာဖြင့် လူလတ်ပိုင်းကို ကြည့်ကာ ပြောလိုက်သည်။

"ညီနောင်.. မင်းမှာ မီးခြစ်ရှိရင် ငါ့ကို ခဏငှားပါလား"

လူလတ်ပိုင်းအရွယ် အမျိုးသားက ဒေါသစိတ်ဖြင့် တုန်လှုပ်သွားသော်လည်း ဆေးပြင်းလိပ်ကို မြင်လိုက်သည်နှင့် ချက်ချင်းပင် ငြိမ်ကျသွားခဲ့သည်။

[ဒီဆေးပြင်းလိပ်က နိုင်ငံတော် အဆင့်ရတနာ မဟုတ်လား]

[လူတစ်ယောက်ထဲမှာပဲ ဒီဆေးလိပ်က ရှိနေရမှာလေ]

ဖေဖေဝမ်ကို အထိတ်တလန့်ကြည့်ရင်း သူ့မျက်နှာက ဖြူဖျော့

သွားသည်။

[ဒီလူက ဘယ်သူလဲ]

All Chapters