တစ်ခုတည်းသော အမှန်တရား
Vol. 22 Ch. 325
ထိုအချိန်တွင် ထိုလူနှစ်ဦးစလုံးက တင်ပျဥ်ခွေ၍ ထိုင်နေကြ၏။
နှစ်ဦးစလုံးက ဝိညာဉ်အချုပ်အနှောင်များဖြင့် စွမ်းအားများကို ထိန်းချုပ်ခံထားရသည်။
ဝိညာဥ်အချုပ်အနှောင်မှာ ပကတိ အင်မော်တယ်များကိုပင် ထိန်းချုပ်နိုင်သော မှော်ရတနာကြီး ဖြစ်သည်။
၎င်းကို တပ်ဆင်ပြီးသည်နှင့် ခန္ဓာကိုယ်၏ ဝိညာဉ်စွမ်းအင်က ချက်ချင်း ပိတ်ဆို့ခံရမည် ဖြစ်ပြီး အကျဉ်းသားက သာမန်လူတစ်ဦးနှင့် မခြား စွမ်းအားများကို လုံးဝ အသုံးပြု၍ မရတော့ပေ။
ဟုတ်ပါသည်။ သာမန်ကျင့်ကြံသူသာ ဆိုလျှင် သူက ကြောက်လန့်နေမည် မဟုတ်ပေ။
ယခုမူ ထိုပုဂ္ဂိုလ်နှစ်ဦးအနက်မှ တစ်ဦးမှာ အင်မော်တယ်စံအိမ်၏ သခင်ဖြစ်ပြီး ကျန်တစ်ဦးမှာ တစ်ချိန်က ကမ္ဘာကြီးကို လှုပ်ခတ်သွားစေခဲ့သော မိစ္ဆာအင်ပါယာကွာဖီ ဖြစ်နေသည်။
သူတို့၏ ဝိညာဉ်စွမ်းအင်က တံဆိပ်ခတ် ခံထားရသော်လည်းသူတို့ထံတွင် မွေးရာပါ ကိုယ်ရည်ကိုယ်သွေးများ ရှိနေသေး၏။
၎င်းတို့က သူ့ကို ရုပ်ပိုင်းဆိုင်ရာဖြင့်ပင် ချက်ချင်း သတ်ပစ်နိုင်ပေသည်။
ယခုတော့ ထောင်အရာရှိနှစ်ယောက်၏ မျက်လုံးထဲမှ လှောင်ပြောင်တဲ့အကြည့်ကို သူက နားလည်သွားပြီ ဖြစ်သည်။
ထိုအကြည့်က ကဲ့ရဲ့ခြင်းအဓိပ္ပါယ် ဖြစ်ကြောင်း ထင်ရှားနေ၏။
ဗုဒ္ဓကဲ့သို့ တည်ရှိမှုနှစ်ခုနှင့် ရင်ဆိုင်ရသောအခါ၌ ထိုလူက စိတ်နှလုံးထဲကနေ ထိတ်လန့်နေသည်။
သူက ၎င်းတို့ကို မကြည့်ဝံ့ဘဲ ခေါင်းကိုငုံ့ထားရုံသာ တတ်နိုင်ခဲ့သည်။
ဤအချိန်တွင် တီဗီစီးရီးမှ လေ့ကျင့်ခန်းကို လုပ်နေသင့်သလားဟုပင် သူ အဆက်မပြတ် တွေးနေမိသည်။
ရုတ်တရက် သူတို့ထဲမှ တစ်ယောက်က အမြန်ခုန်အုပ်လိုက်ပြီး ခေါင်းကို တံတောင်ဖြင့် ထောင်းကာ အော်ဟစ်လိုက်သည်။
"မေငိုး.. ဒီထဲမှာ ငါ့ကို စိတ်အနှောင့်အယှက် မပေးရဘူးဆိုတာ နားမလည်ဘူးလား"
သူလုံးဝ အတင့်မရဲဝံ့တော့ပေ။
ဆယ်မိနစ်ခန့် တိတ်ဆိတ် ငြိမ်သက်သွားပြီးနောက် သူ့ပတ်ဝန်းကျင်က အေးခဲသွားသလို ခံစားလိုက်ရ၏။
သူက ထိုင်ပင် မထိုင်ရဲတော့ဘဲ စိတ်ဆင်းရဲနေရပြီ ဖြစ်သည်။
ခဏအကြာတွင် ကွာဖီက မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်ကာ ထိုလူကို ကြည့်လိုက်သည်။
"လူသစ်.. မင်းဘာပြစ်မှုကျူးလွန်ခဲ့တာလဲ"
"............"
ထိုလူက ပြောသင့်မပြောသင့် စိတ်ထဲတွင် ရုန်းကန်နေရသည်။
ကွာဖီက မျက်လုံးထောင့်ကနေ သူ့ကို စူးစိုက်ကြည့်လိုက်ရာ ချက်ချင်းပင် ထိုလူက ချွေးသီးချွေးပေါက်များ ထွက်ကျလာသည်။
"ဟေ့ကောင်.. မင်းမှာ ရွေးချယ်စရာ နှစ်ခုပဲ ရှိတယ်...ရိုးရိုးသားသား ဖြေမလား.. သေမလား"
ကွာဖီက မိစ္ဆာအင်ပါယာ ဟူသည့် အမည်နှင့် အမှန်တကယ်ထိုက်တန်သည်ဟုသာ ဆိုနိုင်သည်။
သူ၏ အရှိန်အဝါ တချို့ကို ဝိညာဉ်အချုပ်အနှောင်ကပင် ပိတ်ဆို့ထား၍ မရပေ။
သူက တစ်ချက်ကြည့်လိုက်ရုံနဲ့ ထိုလူက အရမ်းကြောက်ရွံ့နေပြီဖြစ်သည်။
ထိုလူက ခေါင်းကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ ခန္ဓာကိုယ်က တဆတ်ဆတ် တုန်ယင်နေခဲ့၏။
သူက လုံးဝ ကြောက်လန့်နေပုံရသည်။
"ငါတစ်စုံတစ်ယောက်ကို ခိုးမိလို့ပါ.."
အင်မော်တယ်စံအိမ်သခင်ချန်ယွီ "...???..."
မိစ္ဆာအင်ပါယာ ကွာဖီ "...???..."
ကွာဖီက အံ့သြသွားသည်။
အကြောင်းမှာ ဤလူကို ဤနေရာသို့ မပို့မီတွင် ကျိုးရီက ၎င်းတို့အား အခြေအနေကို အသိပေးခဲ့ပြီး ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုခဲ့သည်။
သို့သော် ယောက်ျားတစ်ယောက် အနေဖြင့် ချစ်သူ မိန်းကလေး တစ်ယောက်အား ခိုးယူသည်ကို အပြစ်ရှိသည်ဟု သတ်မှတ်သင့်ပါသလော။
"ဒါက ဘယ်လိုတောင် ဆိုးဝါးတဲ့ လုပ်ရပ်မျိုးလဲ.. မင်းက ကိုယ်ချစ်တဲ့သူကို တရားဝင် မတင်တောင်းနိုင်အောင် မွဲနေလို့လား"
ထိုစကားကို ကြားလျှင် သူပြောသော စကားက အနည်းငယ် မရှင်းမလင်း ဖြစ်နေသည်ကို ထိုလူက သဘောပေါက်သဖြင့် ချက်ချင်း ပြန်ပြင်ပြောလိုက်သည်။
"ကျနော်က ကောင်မလေးကို သူ့ဆန္ဒမပါဘဲ အတင်းအဓမ္မပြန်ပေးဆွဲတာပါ"
"အင်း ငါနားလည်ပြီ"
ကွာဖီက ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ထိုလူ၏ပါးကို ရိုက်ချလိုက်သည်။
ဤကဲ့သို့ မရေရာသည့် စကားမျိုးကို သူ အမုန်းဆုံးဖြစ်၏။
ကျိုးရီနှင့် ထောင်အုပ်လျန့် တို့က အချုပ်ခန်းအပြင်ဘက်ရှိ မော်နီတာခန်းကနေ စောင့်ကြည့်နေကြသည်။
ကွာဖီ၏ ပါးရိုက်မှုကြောင့် ထိုလူက လေထဲတွင် သုံးပတ်လည်သွားပြီး ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်ကို တွေ့လိုက်ရသည်။
ဤမြင်ကွင်းကိုကြည့်ကာ ထောင်အုပ်လျန့်က ချွေးများ ထွက်လာသည်။
"..............."
အဆုံးသတ်တွင် မိစ္ဆာအင်ပါယာ ကွာဖီမှာ ၎င်းတို့၏ အန္တရာယ်အရှိဆုံး အကျဉ်းသား ဖြစ်သည်။
သူက ဝိညာဉ်အချုပ်အနှောင်များ ဝတ်ဆင်ထားရသော်လည်း တစ်ဖက်သားကို သေစေနိုင်သော အစွမ်းရှိနေဆဲပင်။
မည်သို့ပင်ဖြစ်စေ ကျိုးရီ၏ ဤလှည့်ကွက်က တကယ့်ကို အဆင့်မြင့်သည်ဟု ပြောရမည်။
"ဒါရိုက်တာကျိုးက ဘယ်လိုတောင် စိတ်ကူးကောင်းလိုက်လဲ"
ထောင်အုပ်လျန့်က လေးစားမှုအပြည့်ဖြင့်ပြောလိုက်သည်။
"ဒီလူက သိပ်မကြာခင်မှာ ဝန်ခံလာမယ်လို့ ကျနော် ထင်တယ်"
"ဒါပေမယ့် ဝန်ခံဖို့ လွယ်ပါ့မလား"
ကျိုးရီက မော်နီတာကို စိုက်ကြည့်ရင်း အတွေးနက်သွားသည်။
အကြောင်းတစ်ခုခုကြောင့် ဤအဖြစ်အပျက်တစ်ခုလုံးမှာ ထိုမျှလောက် မရိုးရှင်းဟု သူခံစားမိသည်။
ဤရွှေကုံးဂိုဏ်းက ကျောင်းသား ၁၂ ဦးကို တစ်ယောက်ပြီးတစ်ယောက် ဖမ်းဆီးနိုင်ခဲ့သည်။
ယင်းကိုကြည့်၍ နောက်ကွယ်တွင် အစွမ်းထက်ကျင့်ကြံသူ ရှိရမည်ဟု မည်သူမဆို အတပ် ပြောနိုင်ပေသည်။
ကျိုးရီ နှင့် ထောင်အုပ်လျန့်က ရွှေကုံးဂိုဏ်းဝင်ဟု သံသယရှိသူအား စစ်ဆေးမေးမြန်းရန် နည်းလမ်းအမျိုးမျိုးကို တွေးနေခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး နောက်ဆုံးရ သတင်းများကို နယ်မြေခံ ကျင့်ကြံရေး ရဲတပ်ဖွဲ့မှ ကျိုးရီဆီ အကြောင်းကြားခဲ့သည်။
ပျောက်ဆုံးသွားသော ကျောင်းသား ၁၂ ဦးစလုံးက ဒဏ်ရာအနာတရမရှိဘဲ ပြန်လည် ရောက်ရှိလာခဲ့ကြောင်း သိလိုက်ရသည်။
.........................
ပျောက်ဆုံးနေသော ကျောင်းသား ၁၂ ဦး ပြန်ရောက်လာသောဖြစ်စဥ်က သတင်း မီဒီယာများကို လှုံ့ဆော်ခဲ့ပြီး သောကြာနေ့ည၏ အရေးအကြီးဆုံး အကြောင်းအရာ ဖြစ်လာခဲ့သည်။
ထိုနေ့၏ ကျောင်းတက်ခါနီးတွင် ၎င်းတို့အား ကျောင်းတံခါးဝတွင် မေ့မြောနေသည်ကို တွေ့ရှိခဲ့၏။
ပျောက်ဆုံးနေသော ကျောင်းသားများကို ပို့ဆောင်ရာတွင် အသုံးပြုသည့် မီနီဘတ်စ်ကို လမ်းတွင် တပ်ဆပ်ထားသည့် ထောက်လှမ်းရေး ကင်မရာက ရိုက်ကူးမိခဲ့သည်။
ရဲတပ်ဖွဲ့က ထိုမီနီဘတ်စ်ကို စစ်ဆေးလိုက်ရာ လိုင်စင်နံပါတ်ပြားက အတုဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။
နောက်ဆက်တွဲ ရှာဖွေမှုအပြီးတွင် မီနီဘတ်စ်သည် ပင်လယ်ကမ်းစပ်သို့ မောင်းနှင်လာပြီးနောက် လုံးဝ ပျက်စီးသွားကြောင်း တွေ့ရှိခဲ့သည်။
ကား၏ ဖရိန် တစ်ခုလုံးက ပြာများအဖြစ် လောင်ကျွမ်းနေပြီး အနည်းငယ် ထိလိုက်သည်နှင့် ပြာများက ကြွေကျသွားမည်ဖြစ်သည်။
ကျောင်းသားများ ပြန်လည် ရောက်ရှိလာခြင်းသည် ရွှေကုံးဂိုဏ်းကိစ္စတွင် အရေးပါသော တိုးတက်မှုကို ဖြစ်ပေါ်စေမည်ဟု လူတိုင်းက ထင်ခဲ့ကြသော်လည်း ကံမကောင်းစွာဖြင့် ကျောင်းသား တစ်ယောက်ကမှ ဖမ်းဆီးခံရပြီးနောက် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို မမှတ်မိခဲ့ကြပေ။
ညနေပိုင်းတွင် ဝမ်လင်းက ဖေဖေဝမ် နှင့်အတူ ဆိုဖာပေါ်တွင် ထိုင်ကာ သတင်းကို ကြည့်ရှုနေသည်။
ဤသည်က တီဗွီသတင်းတွင် တင်ဆက်ခဲ့သောအကြောင်းအရာ ဖြစ်သည်။
ခေါ်ဆောင်သွားသော ကျောင်းသား ၁၂ ဦး ပြန်လာခြင်းသည် ကောင်းမွန်သောကိစ္စ ဖြစ်သည်။
သို့သော် ရွှေကုံးဂိုဏ်းကဲ့သို့ တင်းတင်းကျပ်ကျပ် ဖွဲ့စည်းထားသော အတွေ့အကြုံရှိ ရာဇဝတ်ဂိုဏ်းကို လျော့မတွက်သင့်ပေ။
အထူးသဖြင့် မည်သည့် ရာဇ၀တ်ဂိုဏ်းမဆို ၎င်းတို့ လုပ်သမျှအတွက် အကြောင်းပြချက် ရှိနေမည်မှာ သေချာ၏။
ယခုအခါတွင် လူတိုင်း၏ အဓိက အာရုံစိုက်မှုသည် ကျောင်းသား ၁၂ ဦး အပေါ်တွင် ဖြစ်သည်။
ဝမ်လင်းက ချက်ဂရုကို ဖွင့်လိုက်သောအခါ အဖွဲ့ဝင်များက တက်ကြွစွာ ဆွေးနွေးထားသည်ကို တွေ့လိုက်ရသည်။
ဗုံးပစ်စီနီယာ အင်မော်တယ်
"ရဲတွေက ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး ဘာဆက်လုပ်ရမှန်း မသိပေမယ့် ငါ့မှာ သီအိုရီအချို့တော့ ရှိပါတယ်"
ချိုက်လျန် "ငါတို့ကို ပြောပြပါစီနီယာအင်မော်တယ်"
"ရွှေကုံးဂိုဏ်းက ကျောင်းသား ၁၂ ယောက်ကို ဖမ်းပြီးတဲ့အခါမှာ ရဲတွေမသိအောင် အားလုံးကို ပြန်ပို့နိုင်ခဲ့တယ်.. ဒါကို ကြည့်ခြင်းအားဖြင့် နောက်ကွယ်မှာ ရှိတဲ့လူက မယုံနိုင်လောက်အောင် ကျယ်ပြန့်တဲ့ ထောက်လှမ်းရေးကွန်ရက် ရှိရမယ်.. ဒါက စုန့်ဟိုင်မြို့ရဲ့ မြေပုံနဲ့ အလွန်ရင်းနှီးကြောင်း သက်သေပြနေတယ်"
"ဒီလိုမျိုး ထောက်လှမ်းရေး ကွန်ရက်ကို ပိုင်ဆိုင်ထားတဲ့ အစွမ်းထက် ကျင့်ကြံသူတွေနဲ့ ပတ်သက်ပြီး အကြမ်းဖျင်း ကောက်ချက်နှစ်ခုကို ငါခန့်မှန်းထားတယ်"
"ပထမကောက်ချက်အရ အဲဲဒီလူက မြို့တော်အစိုးရရဲ့ ထောက်လှမ်းရေးဌာနမှာ အချိန်အတော်ကြာ လုပ်ကိုင်ခဲ့တဲ့ ဌာနဆိုင်ရာ အငြိမ်းစား စီနီယာ ဒါရိုက်တာထဲက ဖြစ်နိုင်တယ်.. ဒါပေမယ့် ဒီလို ဖြစ်နိုင်ခြေက အရမ်းနည်းပါးတယ်"
ဓမ္မရာဂျာ "ဘာဖြစ်လို့လဲ"
ဗုံးပစ်စီနီယာအင်မော်တယ်
"အစိုးရရဲ့ လက်ရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုကြောင့် ခေါင်းဆောင် တော်တော်များများက ပွဲတွေမှာ မျက်နှာတောင် မပြဝံ့ကြတော့ဘူး.. အများစုကတော့ အိမ်တွင်းအောင်းပြီး ပဲပြားအရသာ အစာရှောင်ဆေးတွေ စားကြလိမ့်မယ်.. သူတို့က ဘယ်အချိန် ဂိုဏ်းသွားထောင်မှာလဲ.. ဘယ်လိုလုပ် အမှောင်အင်အားစု အသစ်ကို တည်ထောင်ဖို့ ပိုက်ဆံရှိမှာလဲ.. ကျောင်းခရိုင်ထဲမှာ အိမ်တစ်အိမ် ဝယ်နိုင်ရင်ကို သူတို့အတွက် တော်တော် ကံကောင်းလွန်းနေပြီ"
လူတိုင်း "............."
ဝမ်လင်း "............"
ချိုက်လျန် "ဒါဆို ဒုတိယ ကောက်ချက်ကရော ဘယ်လိုလဲ"
ဗုံးပစ်စီနီယာအင်မော်တယ်
"ဒုတိယ ကောက်ချက်အရတော့ နောက်ကွယ်ကလူက လူသတ်သမား ဖြစ်နိုင်သလို ထိပ်တန်း စစ်ပြန်တစ်ယောက်လည်း ဖြစ်နိုင်တယ်.. ဝါရင့် လူသတ်သမားတွေသာ ဒီလိုမျိုး ကြီးမားတဲ့ ထောက်လှမ်းရေး ကွန်ရက်ကို တိတိကျကျ လည်ပတ်နိုင်ပြီး အမှောင်အင်အားစု အသစ်ကို တည်ထောင်ဖို့ လုံလောက်တဲ့ငွေကြေး ရှိကြတယ်"
"ဒီအဖွဲ့ရဲ့ သဲလွန်စ မကျန်ရစ်တဲ့ ကျွမ်းကျင်မှုနဲ့ ပေါင်းစပ်လိုက်ရင် ရွှေကုံးဂိုဏ်းက လူသတ်သမား အဖွဲ့အစည်း ဖြစ်နိုင်ချေရှိတယ်.. ဒါက တစ်ခုတည်းသော အမှန်တရားပဲ"