← Chapters

ထွင်ထျန်းဟာ၏ ပျင်းစရာကောင်းသော ခွေးဘဝ

Vol. 22 Ch. 328

ထွင်ထျန်းဟာ၏ ပျင်းစရာကောင်းသော ခွေးဘဝ

Vol. 22 Ch. 328

ရိုးရှင်းသော တိုက်ခိုက်မှုတစ်ခုမျှသာ ဖြစ်သော်လည်း တောက်တိ၏ ကျင့်ကြံမှုက ယခင်ထက် အဆများစွာ ကျော်လွန်နေပြီ ဖြစ်သည်ကို လူသတ်ဆရာက ထင်ထင်ရှားရှား သိသွားခဲ့သည်။

သူသာ မညှာတာခဲ့လျှင် လူသတ်ဆရာ နှင့် ဓားပြမိစ္ဆာတို့မှာ နေရာမှာပင် ကိစ္စချောသွားနိုင်ပေသည်။

ယခု သူတို့ထံတွင် ပဟေဠိမေးခွန်းများ ကျန်ရစ်ခဲ့၏။

"ဘလက်ဂါ့ဇ်က ဘယ်သူလဲ"

"ဆရာ့ရဲ့ လျှို့ဝှက်လက်နက်က ဘာလဲ"

ဤမေးခွန်းနှစ်ခုကြောင့် လူသတ်ဆရာ နှင့် ဓားပြမိစ္ဆာတို့မှာ ပဟေဠိ ဖြစ်ခဲ့ကြသည်။

"သေချာတာတစ်ခုကတော့ ဒီဘလက်ဂါ့ဇ် ဆိုတဲ့လူက လူသတ်သမား အသိုင်းအဝန်း ထဲမှာ သေချာပေါက်မရှိဘူး.. ဆရာနဲ့ တာအိုဆရာ တောက်တိတို့ လမ်းခွဲပြီး လုပ်ကြံ သတ်ဖြတ်မှု အသိုင်းအဝိုင်းထဲကနေ တစ်ယောက်ပြီးတစ်ယောက် နုတ်ထွက်သွားပြီးတဲ့နောက်မှာ နာမည်စာရင်းကို ငါဆက်ခံရရှိခဲ့တယ်.. နိုင်ငံတကာအဆင့် လူသတ်သမားစာရင်း စတင် သတ်မှတ်ချိန်က စပြီး ဘလက်ဂါ့ဇ် ဆိုတဲ့နာမည်နဲ့ ဘယ်သူမှ မရှိခဲ့ကြောင်း မှတ်တမ်းမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်"

လူသတ်ဆရာက အသက်ခပ်ပြင်းပြင်း ရှူလိုက်သည်။

"စီနီယာတောက်တိက ဆရာ့မှာ လျှို့ဝှက်လက်နက် ရှိတယ်လို့ပြောတယ်.. ငါတို့ ဆရာနောက်ကို လိုက်နေတာ ကြာပြီ.. ဆရာပြောတာ မင်းရော ကြားဖူးလား"

ဓားပြမိစ္ဆာက ခေါင်းခါယမ်းလိုက်သည်။

"သူပြောတာက ဆရာ့ရဲ့ မြေဖြူခဲတွေ ထည့်ထဲ မြေဖြူဘူးကိုပြောတာများလား"

လူသတ်ဆရာ "............."

......................

ဤနေ့က ထူးခြားသော စနေနေ့ ဖြစ်သည်။

ဝမ်လင်းက နံနက်ခင်းကို ချက်ဂရုတွင် ကုန်ဆုံးပြီး ရွှေကုံးဂိုဏ်း၏ အဖြစ်အပျက်ကို ဆွေးနွေးသည့် အွန်လိုင်းပို့စ်များကို ရှာဖွေပြီးနောက် မျက်လုံး အနည်းငယ် ညောင်းသွားသလို ခံစားလိုက်ရသည်။

ဤနှစ်ရက်တွင် ရွှေကုံးဂိုဏ်းနှင့် ပတ်သက်သည့် အဖြစ်အပျက်များကိုသာ လုံးလုံးလျားလျား နီးပါး စိတ်ရောက်နေခဲ့ပြီး အင်မော်တယ်စံအိမ်၏ ကိစ္စကိုပင် ဘေးဖယ်ထားခဲ့မိသည်။

ယခုမှ ဝမ်လင်းက သေသေချာချာ တွေးမိသည်။

အင်မော်တယ် စံအိမ်သခင် ချန်ယွီက ကံအလွန် မကောင်းကြောင်း သူ ရုတ်တရက် ခံစားလိုက်ရသည်။

၎င်းက ဤမျှကြီးမားသော အမှောင်အင်အားစုကို တည်ဆောက်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းမှ ဝိညာဉ်ဓားများကို စုဆောင်းခဲ့သည်။

သူ၏ အဆုံးစွန်သော ရည်မှန်းချက်မှာ အစွမ်းထက်ဆုံး ဝိညာဉ်ဓားကို ဖန်တီးရန် ဖြစ်သော်လည်း မပြီးစီးမီမှာပင် အင်မော်တယ်စံအိမ်က ပြိုကွဲသွားခဲ့ရ၏။

ဤအခြေအနေထိ ရောက်ပြီးမှ ရပ်တန့်သွားရသည်မှာ တကယ်တမ်းတွင် မကောင်းပေ။

အင်မော်တယ်စံအိမ်သည် ဟွာရှို့နိုင်ငံ၏ သမိုင်းတွင် အင်အား အကြီးဆုံး အမှောင်အင်အားစု အဖြစ် ပြည်တွင်းပြည်ပ၏ အသိအမှတ်ပြုခြင်းကို ခံထားရသော အဖွဲ့အစည်း ဖြစ်သည်။

သို့သော် ဤအကြီးမားဆုံး အမှောင်အင်အားစု၏ ခေါင်းစီးပိုင်း သတင်းများကို မည်သည့်နေရာမှ ပေါ်ထွက်လာမှန်းပင် မသိရသည့် ရွှေကုံးဂိုဏ်း၏ သတင်းများက ရက်အနည်းငယ် အတွင်း အစားထိုးသွားခဲ့၏။

ဝမ်လင်းက ရွှေကုံးဂိုဏ်းနှင့် ပတ်သက်သည့် အွန်လိုင်းပေါ်မှ ထင်မြင်ယူဆချက်များကို ဖတ်ရှုရန် ငြီးငွေ့နေပြီ ဖြစ်သည်။

လူအချို့က ဤအမှောင်အင်အားစု၏ ဇစ်မြစ်ကို ထင်ကြေးပေးကြပြီး အချို့က အမှောင်အင်အားစုများကို သပိတ်မှောက်ရန် ဤအခွင့်အရေးကို သိမ်းပိုက်ခဲ့ကြသည်။

တချို့ကမူ တရားဝင် Weibo ဆိုဒ်များတွင် အလင်း အင်အားစုများအား ရပ်တည်ချက် ထုတ်ပြန်ပေးရန် အလေးအနက် တောင်းဆိုခဲ့ကြ၏။

၎င်းက သဘာဝ ဘေးအန္တရာယ်တစ်ခု ဖြစ်ပွားသည်နှင့် ဆင်တူသည်။

အင်တာနက်သုံးစွဲသူတစ်စုက ဆယ်ကျော်သက်များကို ကယ်ဆယ်ရေးနှင့် ပတ်သက်ပြီး ကူညီပေးရန် အလင်းဂိုဏ်းများကို ထက်ထက်သန်သန် တောင်းဆိုခဲ့ကြပါတယ်...

ဤအချိန်တွင် ရွှေကုံးဂိုဏ်းနှင့် မည်သူမျှ မပတ်သက်လိုပေ။

အလင်းဂိုဏ်းများတွင်လည်း ၎င်းတို့၏ကိုယ်ပိုင် စဉ်းစားမှုများ ရှိခဲ့သည်။

အင်အားစုများ အကြား အကျိုးစီးပွား အပြန်အလှန် ချိတ်ဆက်မှုသည် အင်တာနက် သုံးစွဲသူများ စိတ်ကူးထားသည်ထက် များစွာ ရှုပ်ထွေးသည်။

ယခုအချိန်က အာဏာပိုကြီးလေ တာဝန်ပိုကြီးလေ ဖြစ်၏။

ဝမ်လင်းကမူ လူသားများ၏ ကိစ္စရပ်များကို ဖြေရှင်းပေးသင့်သည်ဟု ခံစားခဲ့ရသည်။

...........................

ထွင်ထျန်းဟာပင် ရွှေကုံးဂိုဏ်း၏ ဖြစ်ရပ်ကြောင့် အနည်းငယ် စိတ်ဓာတ်ကျနေသည်။

အဘယ်ကြောင့်ဆိုသော် ဖေဖေဝမ်က ဝမ်လင်းကို နေ့စဥ် သွားကြိုရသောကြောင့် ထွင်ထျန်းဟာ၏ လမ်းလျှောက်ချိန်က နှစ်နာရီခန့် တိုက်ရိုက် လျော့နည်းသွားသောကြောင့်ပင်။

မူလကဆိုလျှင် ညစာစားပြီးသည်နှင့် ဖေဖေဝမ်က သူနှင့် အပျင်းပြေ လမ်းလျှောက်ထွက်တတ်သည်။

အခါအားလျော်စွာ သူ၏ လမ်းလျှောက်ချိန်သို့ ရောက်လျှင် မေမေဝမ်က ကျောင်းပေးခဲ့သည်။

ဝမ်မိသားစု အိမ်ငယ်လေးတွင် ဖေဖေဝမ် နှင့် မေမေဝမ်က ထွင်ထျန်းဟာ အပေါ် အတော်လေး ကောင်းခဲ့ကြ၏။

ထွင်ထျန်းဟာ၏ ယခင် အထောက်အထားက မရိုးရှင်းကြောင်း ဇနီးမောင်နှံနှစ်ဦး သိရှိခဲ့ကြသည်။

၎င်းက အတိတ်၌ နတ်ဆိုးဘုရင်တစ်ပါး ဖြစ်ခဲ့ဖူး၏။

ထိုအရာက မမေ့ပစ်လိုက်သင့်သည့် အကြောင်းရင်းတစ်ခုပင်။

ထို့ကြောင့် ဖေဖေဝမ် နှင့် မေမေဝမ်က ထွင်ထျန်းဟာနှင့် လမ်းလျှောက်ထွက်တိုင်းတွင် ထွင်ထျန်းဟာကို သာမန်ခွေး တစ်ကောင်အဖြစ် မှတ်ယူကာ ကြိုးချည်ထားလေ့ ရှိသည်။

လက်ရှိတွင် အပြင်ထွက်ခွင့်မရသည့် ထွင်ထျန်းဟာမှာ ဝမ်မိသားစု၏ ဥယျာဉ်တွင် လှဲအိပ်နေရင်း ကောင်းကင်ကို မော့ကြည့်လိုက်သည်။

တကယ်တော့ သူ၏ ခွေးနေ့ရက်များမှာ ယခင် နတ်ဆိုးဘုရင်ဘဝကနှင့် မတူပေ။

နတ်ဆိုးဘုရင်ဘဝတွင် အနှောင့်အယှက်ဖြစ်စရာ ကိစ္စများကို နေ့စဉ်နှင့်အမျှ ကိုင်တွယ်ခဲ့ရသည်။

ခွေးဘဝကမူ ငြီးငွေ့စရာဟု ထင်ရသော်လည်း ထွင်ထျန်းဟာအတွက်မှာ တော်တော်လေး အဆင်ပြေနေသည်။

သူက ဖိုးဖိုးဝမ်နှင့် သတင်းအတူ ကြည့်ရင်း ယနေ့ခေတ် တက္ကသိုလ် ကျောင်းသားများ၏ အင်တာဗျူးကို သတိရသွား၏။

ကင်မရာရှေ့တွင် အဆိုပါ ရွှေအမြူတေအဆင့် ကျောင်းသားများသည် တက္ကသိုလ်ဆရာများကို စည်းကမ်း တင်းကြပ်လွန်းသည့်အတွက် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်။

တီဗီထဲတွင် တက္ကသိုလ် ကျောင်သားများက ဆရာများကို ပေါက်ကွဲရင်း သူ့ကိုပါ အသားလွတ် ဆဲဆိုနေကြသည်။

"နေ့စဥ် လေ့ကျင့်ရတာတွေက ကောလိပ်ဝင်ခွင့် စာမေးပွဲထက်တောင် ပိုဆိုးတယ်.. ဒီဆရာတွေက ငါတို့ကို ခွေးတွေလို သဘောထားပြီး တအား မောင်းနေကြတယ်"

သို့သော် ရိုးရိုးသားသား ဝန်ခံရလျှင် ထွင်ထျန်းဟာက ခွေးဖြစ်ရသည်ကို ညီးငွေ့ဖို့ကောင်းမည်ဟု မထင်ခဲ့ပေ။

ဖိုးဖိုးဝမ်က သုံးဘီးဆိုင်ကယ်ဖြင့် အပြင်ထွက်သွားပြီး မေမေဝမ်က စျေးသို့သွားနေသည်။

ဖေဖေဝမ်က အခန်းထဲတွင် စာရေးနေဆဲ ဖြစ်သလို ဆရာလေးလင်းကလည်း အိမ်စာတွေ လုပ်နေဆဲပင်။

ထို့ကြောင့် သူ့ကို လမ်းလျှောက်ထွက်ပေးဖို့ မည်သူမှ မရှိပေ။

သူ့အနေဖြင့် ဥယျာဉ်ထဲမှာပဲ ခွေခွေလေး လှဲနေရုံသာ ရှိတော့သည်။

ထွင်ထျန်းဟာက ဝမ်မိသားစု အိမ်ငယ်လေး အပြင်ဘက်ရှိ လမ်းမပေါ်တွင် ပေါ်လာသည့် ရုပ်ပုံတစ်ခုကို ရုတ်တရက် သတိထားမိလိုက်ပြီး မော့ကြည့်လိုက်သည်။

ချက်ချင်းပင် သူ၏ အမွေးများ အားလုံးက အဆုံးထိထောင်ထသွားခဲ့၏။

ထွင်ထျန်းဟာတွင် အလွန်စူးရှသော အာရုံခံစားမှုများ ရှိ၏။

လမ်း၏ တစ်ဖက်ခြမ်းသည် လွန်ခဲ့သည့် စက္ကန့်အနည်းငယ်ကပင် မည်သူမှရှိမနေသည်မှာ ထင်ရှားနေသည်။

[ဒီလူက ရုတ်တရက် ဘယ်လိုပေါ်လာတာလဲ]

သူက လှဲနေရာမှထကာ ခြေသည်းများဖြင့် မြေပြင်ကို ကုတ်ထားလိုက်သည်။

သူ၏ အကြည့်များက တိုက်ပွဲဝင်တော့မည့် အသွင်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

သို့သော် ထိုလူက လူသတ်ငွေ့များ မထုတ်ဖော်ခဲ့သောကြောင့်သူက လှုပ်ရှားခဲ့ခြင်း မရှိပေ။

ထိုလူက ဝမ်မိသားစု အိမ်ငယ်လေးဆီသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာသည်။

နီးကပ်လာသည်နှင့်အမျှ ထိုလူက လူလတ်ပိုင်းအရွယ် ထိပ်ပြောင်နေသော အမျိုးသားတစ်ဦး ဖြစ်ကြောင်း ထွင်ထျန်းဟာ သိလိုက်ရသည်။

ထိုလူက ပေါ့ပေါ့ပါးပါး အဖြူရောင် ကုတ်အင်္ကျီ၊ ပန်းပွင်းပုံအောက်ခံ ဘောင်းဘီနှင့် ညှပ်ဖိနပ်များကို ၀တ်ဆင်ထား၏။

ဤပုံစံက ထူးခြားနေသောကြောင့် ထွင်ထျန်းဟာက အလွန် သတိရှိနေခဲ့သည်။

ထိုလူ၏ လှုပ်ရှားမှုများက တကယ်ကို ကြောက်စရာကောင်းပြီး လေပေါ်တွင် လမ်းလျှောက်နေသလိုပင်။

ထိုလူက အိမ်တံခါးဝတွင် ရပ်ကာ ထွင်ထျန်းဟာကို စိုက်ကြည့်ပြီး ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

"စိတ်အေးအေးထားပါ.. ငါဒီကိုလာတာ ဒုက္ခပေးဖို့ မဟုတ်ပါဘူး.. မိတ်ဆွေ တစ်ယောက်က ငါ့ကို ညွှန်ပြလိုက်လို့ပါ.. ငါ့မှာ လင်းကျန်းရန်နဲ့ တိုင်ပင်ချင်တာ တစ်ခု ရှိနေပါတယ်"

[သူက ဘယ်သူလဲ]

ထွင်ထျန်းဟာက သူ့မျက်လုံးများဖြင့် ထိုလူကို စိုက်ကြည့်ကာ အကဲခတ်လိုက်သည်။

ထိုလူက လူသတ်ငွေ့ကို ထုတ်မပြခဲ့သော်လည်း မည်မျှ အန္တရာယ်ရှိသည်ကို ထွင်ထျန်းဟာ အာရုံခံစားမိသည်။

ထိုလူ၏ ထူးထူးခြားခြား လှုပ်ရှားမှုကနေ လူသတ်သမား သို့မဟုတ် မှောင်ခိုကုန်ကူးသူ ဖြစ်ဖွယ်ရှိသည်ကို ဆုံးဖြတ်ရန်မှာ ထွင်ထျန်းဟာ အတွက် မခက်ခဲပေ။

လူလတ်ပိုင်းအရွယ် ထိပ်ပြောင်အမျိုးသားက ထွင်ထျန်းဟာကို အန္တရာယ်ကင်းသော အပြုံးဖြင့် စိုက်ကြည့်ခဲ့သည်။

"ဒီလူက ဗျောက်အိုးလား"

(ဗျောက်အိုး=အရူးဟုဆိုလို)

".............."

ထွင်ထျန်းဟာက ရုတ်တရက် အနည်းငယ် ပင်ပန်းလာသလိုခံစားခဲ့ရ၏။

အိမ်ငယ်လေးဆီ အလည်လာသူတိုင်းက အဘယ်ကြောင့် ရူးသွပ်နေကြပါသနည်း။

All Chapters