ငါတို့ထဲက သစ္စာဖောက်တစ်ယောက်
Vol. 23 Ch. 332
ထွင်ထျန်းဟာက ဝမ်လင်း၏ နောက်သို့လိုက်သွားရန် လူသတ်ဆရာကို ညွှန်ကြားခဲ့သည်။
ဝမ်မိသားစု အိမ်ငယ်လေးသို့ ပထမဆုံးအကြိမ် လာရောက်သူတိုင်းတွင် တူညီသော အတွေးအမြင်များ ရှိကြ၏။
လူသတ်ဆရာသည်လည်း ချွင်းချက်မဟုတ်ပေ။
ယင်းမှာ ဤအိမ်ကြီးရှိ အဖိုးအိုကို သက်ရှိရုပ်ကြွင်းအဆင့်ရှိ သူရဲကောင်းတစ်ဦးဟု ယူဆထားခြင်းပင်။
မည်သူမဆို ထိုအချက်ကို ထည့်သွင်း စဉ်းစားမိသည့်အခါတိုင်းတွင် အဖိုးအိုကို နှလုံးသားထဲကနေ ခိုင်မြဲသော လေးစားမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
ဝမ်လင်းက အိမ်ရှေ့တံခါးကို ဖွင့်လိုက်၏။
ယင်းအချိန်တွင် ထွင်ထျန်းဟာက လူသတ်ဆရာအား စိတ်ဝင်စားစရာကောင်းသည့် မေးခွန်းတစ်ခု မေးနေသည်ကို သူက ရုတ်တရက် ကြားလိုက်ရသည်။
ထွင်ထျန်းဟာက လူသတ်ဆရာကို ကြည့်လိုက်သည်။
"ဒီနေရာကို ဘယ်လိုရှာတွေ့တာလဲ"
ဝမ်လင်းကိုယ်တိုင်လည်း ထူးဆန်းသည်ဟု ခံစားမိသည်။
သူ၏ မဟာအကာအကွယ် တာအိုအစွမ်းကြောင့် အပြင်လူများက ဝမ်မိသားစုအိမ်ငယ်လေး၏ အချက်အလက်များအား ရှာတွေ့မည်ကို ဘယ်တုန်းကမှ မစိုးရိမ်ခဲ့ပေ။
ဆိုရလျှင် ဒဏ္ဍာရီလာ "လင်းကျန်းရန်"က ဤနေရာတွင် အမှန်တကယ် နေထိုင်ကြောင်း လူအများ မသိရှိကြချေ။
လူသတ်ဆရာ ကဲ့သို့ ဒဏ္ဍာရီလာ လူသတ်သမားပင် သူ၏ ကြောက်မက်ဖွယ် ထောက်လှမ်းရေး ကွန်ယက်ဖြင့် သိနိုင်မည်မဟုတ်ပေ။
ထို့ကြောင့် ယင်းဖြစ်နိုင်ချေကို ဖယ်ထုတ်လိုက်လျှင် ဝမ်လင်းက မိတ်ဆွေတစ်ဦးဦး၏ သစ္စာဖောက်ခြင်းကို ခံခဲ့ရခြင်းဖြစ်နိုင်၏။
လူသတ်ဆရာက ဆက်ပြောခဲ့သည်။
"ဒီအချက်အလက်ကို ကျင့်ကြံခြင်းဖိုရမ်ကနေ ဝယ်ခဲ့တာပါ.. ဒီအတွက် ရွှေချောင်း ရှစ်ထောင်လောက် ကုန်ကျခဲ့တယ်"
ထွင်ထျန်းဟာ၏ မျက်လုံးထောင့်များက လှုပ်ခတ်သွားသည်။
"ရွှေချောင်းလား"
လူသတ်ဆရာက ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်.. အင်မော်တယ် ရွှေစစ်စစ်နဲ့ လုပ်ထားတဲ့ ရွှေချောင်းစစ်စစ် ရှစ်ထောင်ပါ"
"ချီးပဲ.. တကယ်ကြီး အင်မော်တယ်ရွှေလားဟ"
အင်မော်တယ်ရွှေက အလွန်စျေးကြီးသောကြောင့် ထွင်ထျန်းဟာ အံကြိတ်လိုက်မိသည်။
၎င်းက အင်တာနက်တွင် လက်ရှိငွေကြေးစနစ်အား လေ့လာခဲ့ပြီး HNYသည် ဟွာရှို့နိုင်ငံ၌ အသုံးပြုသည့် စံငွေကြေးအသုံးနှုန်းမျိုး ဖြစ်ကြောင်း သိရှိခဲ့သည်။
အမျိုးသား ကျင့်ကြံခြင်းခေတ်တွင် သာမန် မိသားစုများနှင့် ကျင့်ကြံသူများက HNYဖြင့် အရောင်းအဝယ် လုပ်ကြသည်။
သို့သော်လည်း ကျင့်ကြံသူ အချင်းအချင်း ဆိုလျှင်မူ နည်းလမ်းဟောင်းကိုသာ ပိုမိုအသုံးပြုခဲ့ကြ၏။
အင်မော်တယ်ရွှေသည် ကျင့်ကြံသူများကြားတွင် အများဆုံး အသုံးပြုသည့် ငွေကြေးစံနှုန်း တစ်ခု ဖြစ်သည်။
ကောင်းကင်နှင့်မြေကြီး၏ အနှစ်သာရမှ ဖန်တီးထားသော အင်မော်တယ် ရွှေချောင်းတစ်ချောင်းသည် ကျင့်ဟွာမြို့ရှိ ပဉ္စမအဆင့် အိမ်သာတစ်လုံး၏ စျေးနှုန်းနှင့် ညီပေသည်။
အင်မော်တယ် ရွှေချောင်း ရှစ်ထောင်ဖြင့်ဆိုလျှင်မူ ပဉ္စမအဆင့် အိမ်လေးလုံး၊ စတုတ္ထအဆင့် အိမ်သုံးလုံး၊ တတိယအဆင့် အိမ်နှစ်လုံး၊ ဒုတိယအဆင့် အိမ်အိမ်တစ်လုံးကို ဝယ်နိုင်သည်ဟု ထွင်ထျန်းဟာ ခန့်မှန်းခဲ့သည်။
ထွင်ထျန်းဟာ "ဒီသတင်းကို ဘယ်သူက ပေးတာလဲ"
လူသတ်ဆရာ "သူက ဒီနယ်ပယ်မှာ ကြီးကျယ်ခမ်းနားတဲ့ သူတစ်ယောက်လို့ ထင်ပါတယ်.. သူက ကျွန်တော့်ကိုအချက်အလက်တွေ ပေးခဲ့တယ်.. ဒါပေမယ့် အဲဒီတုန်းက ကျွန်တော့်ကို အချက်အလက်အပြင် ကားတစ်စီး အပြည့် ပြည်တွင်းဖြစ် ခြံထွက် ဟင်းသီးဟင်းရွက်တွေပါ ပေးခဲ့တယ်"
ထွင်ထျန်းဟာ "ဟင်းသီးဟင်းရွက်လား"
လူသတ်ဆရာက လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်သည်။
ထိုခဏတွင် သူ့လက်က ဝိညာဉ်အလင်းရောင်ဖြင့် တောက်ပလာသည်။
ခဏအကြာတွင် ဘရိုကိုလီ အထုပ်ကြီး တစ်ခု သူ့လက်ဖဝါးတွင် ပေါ်လာသည်။
ထွင်ထျန်းဟာ "..........."
ဝမ်လင်း "............"
[မေငိုး အမြတ်ကြီးစား]
..................
ဖိုးဖိုးဝမ် ညစာပြင်ဆင်နေချိန်တွင် ဝမ်လင်းက လူသတ်ဆရာကို အပေါ်ထပ်သို့ ခေါ်သွားခဲ့သည်။
သူက ညစာစားဖို့ ဖိတ်ခေါ်ရန် ရည်ရွယ်ချက်မရှိပေ။
အဆုံးသတ်တွင် သူက ဤဒဏ္ဍာရီလာ လူသတ်သမားနှင့် အလွန် ရင်းနှီးသူ မဟုတ်ပေ။
ချက်ဂရုအဖွဲ့မှ ဓမ္မရာဂျာနှင့် ဗုံးပစ်စီနီယာ အင်မော်တယ်ကိုသာ ညစာစားရန် ဖိတ်ခေါ်ခဲ့ဖူး၏။
ဝမ်လင်း၏ အခန်းကိုရောက်လျှင် လူသတ်ဆရာက ကြမ်းပြင်ပေါ်၌ လွတ်လွတ်လပ်လပ် ထိုင်ချလိုက်သည်။
သူ့မျက်နှာပေါ်တွင် လေးနက်သော အမူအရာ တစ်ခုရှိနေသည်။
ဝမ်လင်းက ထိုင်ခုံမှာထိုင်လိုက်ပြီး ထွင်ထျန်းဟာကို ပေါင်ပေါ်တင်ကာ သူပြောချင်သည့် စကားကို ထွင်ထျန်းဟာမှ တဆင့် ပြောခိုင်းလိုက်သည်။
ထွင်ထျန်းဟာက လူသတ်ဆရာကို စိုက်ကြည့်နေသည်။
"ငါတို့ဆီ လာရတဲ့အကြောင်းရင်းကို ပြောပြပါ"
"လင်းကျန်းရန်အနေနဲ့ မကြာသေးမီက ထွက်ပေါ်လာတဲ့ ရွှေကုံးဂိုဏ်းကို ကြားဖူးလိမ့်မယ်လို့ ယုံကြည်ပါတယ်"
"တကယ်တော့ ရွှေကုံးဂိုဏ်းရဲ့ နောက်ကွယ်ကလူက ငါ့ဆရာဦးလေး တောက်တိပဲ"
ထိုစကားကို ကြားလျှင် ဝမ်လင်းက သမိုင်းသီအိုရီအတန်းတွင် ဆရာဝမ် ပြောပြခဲ့သော တာအိုဆရာတောက်တိ နှင့် လေလွင့်ကိုယ်လူချောတို့ အကြောင်းကို သတိရသွားသဖြင့် မျက်ခုံးပင့်လိုက်မိသည်။
ထွင်ထျန်းဟာ "ဒါဆို မင်းရဲ့ဆရာက လေလွင့်ကိုယ်လူချောပေါ့"
"ဟုတ်ပါတယ်"
လူသတ်ဆရာက သက်ပြင်းတစ်ချက် ချလိုက်သည်။
"ဒါတွေအားလုံးက သူတို့ကြားက ရန်ငြိုးဖွဲ့မှုကနေ အရင်းတည်တယ်.. အသေးစိတ်ကိုတော့ ကျွန်တော် စုံစမ်းစစ်ဆေးနေတုန်းပဲ.. ဒါပေမယ့် လက်ရှိ ဦးဆောင်သူတွေအပေါ် အခြေခံပြီး သုံးသပ်ရသလောက်တော့ ရွှေကုံးဂိုဏ်းကို တည်ထောင်ရတဲ့ အကြောင်းရင်းက ကလဲ့စားချေဖို့ပဲ"
"အဲဒီတုန်းက ငါ့ဆရာက ငါ့ဆရာဦးလေးရဲ့ မွေးစားသား ဘလက်ဂါ့ဇ်ကို မတော်တဆ သတ်ပစ်လိုက်မိတယ်"
"သူကရော လူသတ်သမားပဲလား"
လူသတ်ဆရာ ခေါင်းခါယမ်းလိုက်သည်။
"မဟုတ်ဘူး.. သူက လူသတ်သမား မဟုတ်ဘူး.. လူသတ်သမားစာရင်းမှာ သူ့နာမည်ကို တစ်ခါမှ မတွေ့ဖူးဘူး.. မကြာသေးမီက ဆရာဦးလေးနဲ့ တိုက်ခိုက်ခဲ့သေးတယ်.. အဲဒီအခါမှ ဒီကိစ္စကို သိခဲ့ရတာပါ.. ဒါက လုပ်ကြံရေးနယ်ပယ်ကနေ ဆရာ နုတ်ထွက်သွားရတဲ့ အကြောင်းရင်းလည်း ဖြစ်နိုင်ချေများတယ်"
ထွင်ထျန်းဟာ "ဒါဆို သူက ဘာလို့ ရွှေကုံးဂိုဏ်းကို တည်ထောင်တာလဲ"
လူသတ်ဆရာက မျက်ခုံးတွန့်လိုက်သည်။
"ရွှေကုံးဂိုဏ်းက အခြေခံ တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေရဲ့ အလားအလာကို အချိန်တိုအတွင်း ပျိုးထောင်ပေးနိုင်တဲ့ သစ်သီးတစ်မျိုးကို သုတေသနပြုနေတယ်.. ကျွန်တော် ရရှိထားတဲ့ အချက်အလက်အရဆိုရင် အဲဒီ အသီးကို စားပြီးနောက်မှာ အချိန်ကာလတစ်ခု ရောက်ရင် အသီးထဲမှာရှိတဲ့ စွမ်းအင်တွေက ထွက်လာနိုင်တယ်.."
"ဒါပေမယ့် အခြေခံတည်ဆောက်ခြင်း အဆင့် ခန္ဓာကိုယ်နဲ့တော့ ဒီစွမ်းအင်ကို ထိန်းသိမ်းထားဖို့က အရမ်းခက်ခဲတယ်.. ဒါကြောင့် နောက်ဆုံးမှာ စိတ်ဝိညာဉ်ပေါက်ကွဲခြင်းမျိုး ဖြစ်လာနိုင်တယ်"
"စိတ်ဝိညာဉ်ပေါက်ကွဲခြင်းလား"
ထွင်ထျန်းဟာက တုန်လှုပ်သွားသည်။
ဝမ်လင်းပင် မျက်မှောင်ကြုတ်သွားရ၏။
အကယ်၍သာ ထိုသို့ဖြစ်ခဲ့လျှင် ရွှေကုံးဂိုဏ်းက ပျောက်ဆုံးနေသော ကျောင်းသား ၁၂ ဦးကို ပြန်လည် ပေးအပ်ရသည့် အကြောင်းရင်းက ရှင်းသွားပြီ ဖြစ်သည်။
ယင်းက စာသင်ကျောင်းများတွင် လူသားဗုံး ၁၂ လုံး ထောင်ထားခြင်းနှင့် အတူတူပင်။
စိတ်ဝိညာဉ်ပေါက်ကွဲမှုတစ်ခုက အသေးစားနျူကလီးယားထိပ်ဖူးတပ်ဒုံးနှင့် စွမ်းအားပမာဏ တူညီသည်။
ယေဘုယျအားဖြင့် ပြောရလျှင် ကျင့်ကြံသူ၏ နယ်ပယ်အဆင့် မြင့်မားလေ ခန္ဓာကိုယ်အတွင်း၌ များပြားလှသော ဝိညာဉ်စွမ်းအင်များကို ပိုမို စုဆောင်းထားနိုင်လေ ဖြစ်သောကြောင့် စိတ်ဝိညာဉ် ပေါက်ကွဲခြင်း အားကောင်းလေ ဖြစ်သည်။
သို့ဆိုလျှင် ကျောင်းသား၁၂ဦးက အသီးမှ ရလာမည့် စွမ်းအားကို ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့သွားသည့်နေ့တွင် ပေါက်ကွဲသွားမည်သာ။
လူသတ်ဆရာက သက်ပြင်းချလိုက်သည်။
"အစကတော့ ဒီကိစ္စကို ဖျန်ဖြေဖို့ စီစဉ်ခဲ့ပေမယ့် အဆုံးသတ်မှာတော့ ငါက အားနည်းလွန်းတဲ့ အတွက် ငါ့ရဲ့ဆရာဦးလေးကို မဖျောင်းဖြနိုင်ခဲ့ဘူး"
ထွင်ထျန်းဟာ "မင်းတောင် မအောင်မြင်ဖူးလား.. မင်းက ဒဏ္ဍာရီလာ လူသတ်သမား မဟုတ်ဘူးလား"
လူသတ်ဆရာ၏ နှုတ်ခမ်းများ တလှုပ်လှုပ်ဖြစ်သွားသည်။
"လုပ်ကြံရေးနယ်ပယ်မှာ အဆင့်အနိမ့်ဆုံး လူသတ်သမားတွေကို တတိယကနေ ပထမအထိ အတန်းအစား သုံးမျိုး ခွဲခြားထားပြီး အလယ်အလတ်တန်းစား လူသတ်သမားတွေကိုတော့ အဆင့်မြင့်နှင့် ထိပ်သီး အဆင့် အဖြစ် ခွဲခြားထားတယ် ထိပ်တန်း လူသတ်သမားတွေကိုတော့ ဒဏ္ဍာရီနှင့် မော်ကွန်းဝင်အဆင့် အဖြစ် ခွဲခြားထားတယ်.. ငါလို ဒဏ္ဍာရီအဆင့် လူသတ်သမားက မော်ကွန်းဝင်အဆင့် လူသတ်သမားကို အနိုင်မရနိုင်ဘူး"
ထွင်ထျန်းဟာ "ငါမေးပါရစေ.. ဒဏ္ဍာရီအဆင့် နဲ့ မော်ကွန်းဝင်အဆင့်က ဘယ်လောက်တောင် ကွာခြားသွားလို့လဲ
လူသတ်ဆရာ "ရွာဦးကျောင်းက ကိုရင် လက်ကမြင်းပြီး လုပ်ထားတဲ့ သစ်သားခုံတန်းရှည် နဲ့ ထိပ်တန်းပန်းပဲဆရာ လုပ်ထားတဲ့ နဂါးသတ်ဓားနဲ့ ကွာခြားသလိုပဲ"
ထွင်ထျန်းဟာ ".............."
"ဒါ့အပြင် လုပ်ကြံရေးနယ်ပယ်မှာ ကမ္ဘာက အသိအမှတ်ပြုခံထားရတဲ့ မော်ကွန်းဝင်အဆင့် လူသတ်သမား နှစ်ဦးသာ ရှိတယ်.. တစ်ယောက်က ငါ့ဆရာ လေလွင့်ကိုယ်လူချော ဖြစ်ပြီး နောက်တစ်ယောက်က ဆရာဦးလေးတောက်တိပဲ"
ထိုစကားကိုပြောပြီးနောက် လူသတ်ဆရာက ခေတ္တရပ်နားလိုက်သည်။
"ဟုတ်သားပဲ.. နောက်တစ်ယောက် ထပ်ရှိသေးတယ်.. သူကငါ့ဆရာ နဲ့ ဆရာဦးလေးတို့ရဲ့ ဆရာ.. မှော်လက်များပိုင်ရှင် နတ်ဘုရား မယ်တော်ပဲ.. လုပ်ကြံရေးနယ်ပယ်ရဲ့ ဘိုးဘေးကြီးပေါ့"
ဝမ်လင်းနှင့် ထွင်ထျန်းဟာတို့ နှစ်ယောက်လုံးက ဤနာမည်ကြောင့် ထိတ်လန့်သွားသည်။
"လုပ်ကြံရေးနယ်ပယ်ရဲ့ ဘိုးဘေးကြီးလား"
ထို့ကြောင့် ဝမ်လင်းက ထွင်ထျန်းဟာ၏ တင်ပါးကို ညှစ်၍ မေးခွန်းများ ဆက်မေးရန် အချက်ပေးလိုက်သည်။
"................"
ထွင်ထျန်းဟာ "ဒီလူက အရမ်းသန်မာလား"
"သူမနဲ့ တစ်ခါမှ မတိုက်ဘူးတော့ ငါလည်း မသိဘူး"
လူသတ်ဆရာက ခေါင်းခါယမ်း၍ ပြောလိုက်သည်။
"ဒါပေမယ့် သူမက ငါတို့ လုပ်ကြံရေး နယ်ပယ်ထဲက ကိုယ်ခံပညာအားလုံးရဲ့ ပဒေသာပေါင်းချုပ်ကျမ်းကို ရေးသားခဲ့သူပါ.. အနှစ်တစ်ထောင်သေဆုံးခြင်းကို မင်းသိလား.. သူမက အဲဒါကို တီထွင်ခဲ့တဲ့သူပဲ"
ထွင်ထျန်းဟာ "..........."
ဝမ်လင်း "............"