← Chapters

ကမ္ဘာကြီးကအရမ်းကျဥ်းတာပဲ

Vol. 23 Ch. 334

ကမ္ဘာကြီးကအရမ်းကျဥ်းတာပဲ

Vol. 23 Ch. 334

ရိုးသားစွာပြောရလျှင် လေလွင့်ကိုယ်လူချောက ဆရာဝမ် ဖြစ်နေသည်ကို လူသတ်ဆရာ၏ ဓာတ်ပုံမပါဘဲ ဝမ်လင်း ဘယ်တော့မှ ခန့်မှန်း၍ ရမည်မဟုတ်ပေ။

ရှေးဟောင်းစာအုပ်ကြီး၏ ဝိသေသလက္ခဏာက မရိုးရှင်းကြောင်း အစကတည်းက သိခဲ့သော်လည်း ဒဏ္ဍာရီလာ လေလွင့်ကိုယ်လူချောနှင့် ပတ်သက်သည့် သဲလွန်စမရှိချေ။

သို့သော် အခုအချိန်တွင်မူ အကြောင်းအရာ တော်တော်များများက အဓိပ္ပါယ်ရှိလာပြီ ဖြစ်သည်။

ပထမဆုံးအနေဖြင့် ဆရာဝမ်၏ မြေဖြူခဲလက်နက်ပုန်း စွမ်းရည်ဖြစ်၏။

ထိုအချိန်က စွန်းရုံကို ကာကွယ်ရန်အတွက် ကျောင်းရုံးခန်းထဲ၌ အရိပ်အဖွဲ့မှ လူသတ်သမားတစ်ဦးကို မြေဖြူခဲဖြင့် ပစ်သတ်ခဲ့သည်။

ယင်းက အပေါ်ယံကြည့်လျှင် လွယ်ကူသည်ဟု ထင်ရသော်လည်း အရေးကြီးဆုံးအချက်မှာ မြေဖြူခဲ ဖြစ်သည်။

သာမန် မြေဖြူခဲ အပိုင်းအစ တစ်ခုကို မှော်အစီအရင်ဖြင့် အမြင့်ဆုံးအထိ မွမ်းမံထားခြင်း မရှိလျှင် ရွှေအမြူတေအဆင့်ကျင့်ကြံသူ၏ ခန္ဓာကိုယ်ကို ဘယ်သောအခါမှ ထိုးဖောက်နိုင်မည် မဟုတ်ပေ။

ဒုတိယအနေဖြင့် စာသင်နှစ်အစတွင် ဝမ်လင်းက ရှေးဟောင်းစာအုပ်ကြီး၏ စိတ်ထဲတွင် ပိတ်လှောင်ခံထားရတဲ့ မှတ်ဉာဏ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။

သို့သော် မှတ်ဉာဏ်ကို အတင်းအကျပ် ဖတ်လိုက်လျှင် ဦးနှောက်ထိခိုက်မည် စိုးသောကြောင့် ကြိုးပမ်းခဲ့ခြင်းမရှိပေ။

ဤအလုံပိတ်ထားသော မှတ်ဉာဏ်တွင် တာအိုဆရာ တောက်တိ၏ မွေးစားသား ဘလက်ဂါ့ဇ် နှင့် ပတ်သက်မှု တစ်ခုခုရှိနေသည်မှာ ထင်ရှားသည်။

နောက်ဆုံးအချက်မှာ မကြာသေးမီက သမိုင်းသီအိုရီ အတန်း အပြီးတွင် ကော်ဟောက်က အိမ်သာသွားရင်း ရှေးဟောင်းစာအုပ်ကြီးက မှန်ကြည့်နေသည်ကို တွေ့ရှိခဲ့သော ဖြစ်ရပ်ပင်။

ယင်းက မှန်ထဲတွင် သူ့ကိုယ်သူ ပြန်ကြည့်ရင်း သူ့အတိတ်က အသွင်အပြင်ကို ပြန်သတိရနေမှန်း ထင်ရှားနေသည်။

ယခုအခါတွင်ဝမ်လင်းက ဆရာဝမ်၏ ဇစ်မြစ်အမှန်ကို သိရှိသွားခဲ့သည်။

သူ၏ ချောမောသော ရုပ်ရည်ကြောင့် ကျင့်ကြံခြင်း သမိုင်းတွင် ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုခံထားရသော ဤလူက အငြိမ်စားယူလောက်သည်အထိ မည်သည့်အရာများ ကြုံတွေ့ခဲ့သည်ကို သိချင်စိတ်များ ပြင်းပြလာ၏။

.........................

ဇူလိုင် ၂ ရက်နေ့သည် စာသင်နှစ် ဒသမမြောက်အပတ် တနင်္ဂနွေနေ့ ဖြစ်သည်။

ဖေဖေဝမ်က မီးဖိုချောင်သုံးဓားဂိုဏ်း၏ ခေါင်းဆောင် ကျန်းဟိုင်ဖူနှင့် အတော်လေး ရင်းနှီးလာပြီဟု ဆိုနိုင်သည်။

ကျန်းဟိုင်ဖူက ဖေဖေဝမ်၏ "နို့ထိန်းမိခင်ဆီသွားကြစို့" ဝတ္ထုကို နှစ်ရက်အတွင်း ပြီးအောင် ဖတ်ရှုပြီးနောက် ဖေဖေဝမ်အပေါ်တွင် လေးစားမှုအပြည့် ရှိလာခဲ့သည်။

ယင်းမှာ ကျန်းဟိုင်ဖူ၏ အကန့်အသတ်ရှိသည့် ပညာရေးနှင့် အများကြီး သက်ဆိုင်၏။

ယခုအခါတွင် မီးဖိုချောင်သုံးဓားဂိုဏ်းက ကောင်းမွန်စွာလည်ပတ်နေသော်လည်း ဂိုဏ်းခေါင်းဆောင်တစ်ဦး အနေဖြင့်ကျန်းဟိုင်ဖူက ပညာရေးကို အမြဲတောင့်တခဲ့ပြီး ပညာတတ်များကို အလွန်လေးစားသူ ဖြစ်သည်။

ဖေဖေဝမ်က အခြေခံတည်ဆောက်ခြင်း အလယ်တန်းကျောင်းမှသာ ဘွဲ့ရခဲ့သော်လည်း ဤနှစ်များ တစ်လျှောက်လုံးတွင် အရာခပ်သိမ်းနှင့် ပတ်သက်သည့် ဗဟုသုတများကို လေ့လာခဲ့သည်။

သူက အရာအားလုံးကို မသိခဲ့လျှင်ပင် ဘာသာရပ်အမျိုးမျိုးနှင့် ပတ်သက်သည့် ဗဟုသုတအချို့ကိုတော့ အနည်းဆုံး သိနိုင်၏။

ပရော်ဖက်ရှင်နယ် ဝဘ်ဝတ္ထု စာရေးဆရာ တစ်ယောက် အနေဖြင့် သူ့အလုပ်နှင့် ပတ်သက်သည့် အရေးကြီးဆုံးအရာမှာ သူ့စာဖတ်ပရိသတ်များကို အထင်ကြီးအောင် ဖြီးဖြန်းနိုင်ခြင်း ဖြစ်သည်။

ဖေဖေဝမ်က ဤကိစ္စနှင့် ပတ်သက်၍ သူ့ကိုယ်သူ အလွန်ယုံကြည်မှုရှိပြီး ကျန်းဟိုင်ဖူ လိုလူကိုပင် သြဇာလွှမ်းမိုးနိုင်ခဲ့သည်။

လွန်ခဲ့သည့် နှစ်ရက်တွင် ဖေဖေဝမ်က သူ့စကားကို တည်သည့်အနေဖြင့် ကျန်းဟိုင်ဖူဆီ ဆေးပြင်းလိသူ့ပေးပို့ခဲ့သည်။

၎င်းကို

သူက နှစ်လိပ်သာ ပေးခဲ့သော်လည်း လက်ခံသည့်အချိန်တွင် တစ်ဖက်လူက မည်မျှ တုန၎လှုပ်နေမည်ကို ဖေဖေဝမ် တွေးကြည့်နိုင်သည်။

တကယ်တမ်းတွင် လူတိုင်းက ဤဆေးပြင်းလိပ်ကို မရရှိနိုင်ကြပေ။

အပြန်အလှန်အားဖြင့် ကျန်းဟိုင်ဖူက အရည်အသွေး ပြည့်မီသော ကျောက်စိမ်းမီးဖိုချောင်သုံးဓား ၁၀ ချောင်းကို ပြန်လည်ပေးပို့ခဲ့သည်။

ဤဓားများကို စားသောက်ဆိုင်များရှိ မာစတာ စားဖိုမှူးများ အတွက် ပထမတန်းစား ပစ္စည်းများကို အသုံးပြု၍ အကောင်းမွန်ဆုံး လက်ရာဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။

ထိုဓားများက အလွန်ထက်မြက်သဖြင့် အရိုးများကို ရွှံ့ကဲ့သို့ လှီးဖြတ်နိုင်သည်။

ထိုဓားများကို မီးဖိုချောင်တွင် အသုံးမပြုရက်ဘဲ အဖိုးတန်ရတနာတစ်ပါး အဖြစ် စုဆောင်းသူများလည်း ရှိသည်။

မီးဖိုချောင်သုံး ဓားဆယ်ချောင်းက ယနေ့မနက်မှာပဲ ရောက်လာ၏။

ဝမ်လင်းက မနက်စာစားဖို့ အောက်ထပ်ကို ဆင်းလာချိန်တွင်ဖိုးဖိုးဝမ်က ထိုဓားကို လက်ထဲတွင် ကိုင်ထားရင်း တခုတ်တရ ချီးမွမ်းနေသည်ကို တွေ့လိုက်ရသည်။

ဖိုးဖိုးဝမ်က မီးဖိုချောင်တွင် နှစ်အတော်ကြာ အလုပ်လုပ်ခဲ့၍ အတိုင်းအတာ တစ်ခုအထိ ဤဓား၏ အရည်အသွေးကို ကောင်းစွာ နားလည်၏။

"ဓားက ကောင်းတယ်.. အရမ်းကို ကောင်းလွန်းတယ်"

ဖိုးဖိုးဝမ်က ကျောက်စိမ်းဓားကို ပွတ်သပ်ရင်း ရေရွတ်လိုက်သည်။

ဖေဖေဝမ်က ကော်ဖီခွက်ကို လက်နှစ်ဖက်ဖြင့် ကိုင်သောက်ရင်း ပြုံးလိုက်သည်။

"အဖေက ဒီဓားတွေကို သဘောကျလို့လား"

"အင်း"

ဖိုးဖိုးဝမ်က ခေါင်းညိတ်လိုက်သည်။

"ငါ့ရဲ့အသက်မွေးဝမ်းကြောင်း တစ်လျောက်လုံးမှာ မီးဖိုချောင်သုံး ဓားအမျိုးအစား အားလုံး နီးပါးကို မြင်ခဲ့ရတယ်.. ဒီဓားတွေကတော့ တစ်သက်မှာ တစ်ကြိမ်သာ တွေ့နိုင်တဲ့ အရည်အသွေးမြင့် ကုန်ပစ္စည်းပဲ"

"ဒါနဲ့ ဒီဓားတွေကို လင်းလင်း အတန်းဖော်ရဲ့ ဖခင်ဆီကနေ လက်ဆောင်ရတာလို့ မင်းပြောခဲ့တယ်နော်

ဖေဖေဝမ်က ကော်ဖီသောက်ရင်း ခေါင်းညိတ်သည်။

"ဟုတ်ပါတယ် ဒါပေမယ့် သူတို့က တစ်ခန်းတည်းတော့ မဟုတ်ပါဘူး"

ဖိုးဖိုးဝမ်က ရယ်လိုက်သည်။

"ဒါဆို သူတို့တွေ ဆက်ဆံရေး ပိုကောင်းအောင် အဲဒီကလေးနဲ့ သူ့အဖေကို နောက်တစ်ကြိမ်ကျရင် အိမ်ခေါ်လာခဲ့လေ.. ငါ့ရဲ့ ချက်ပြုတ်မှုစွမ်းရည်ကို သူ့အဖေနဲ့ ယှဉ်ကြည့်ချင်တယ်"

ဖေဖေဝမ်က မပြုံးနိုင်တော့ပေ။

"ထားလိုက်ပါ အဖေရာ... သူက မီးဖိုချောင်သုံးဓားဂိုဏ်းရဲ့ ခေါင်းဆောင်ပါ.. သူ့မှာ အနည်းဆုံး ရာစုနှစ်နဲ့ချီတဲ့ အတွေ့အကြုံကောင်းတွေ ရှိလောက်မှာပါ"

ဖေဖေဝမ်၏ စကားထဲတွင် လျှို့ဝှက်အဓိပ္ပါယ်တချို့ ပါနေ၏။

ဝမ်လင်းပင်လျှင် ဤကိစ္စက ယှဥ်စရာမလိုဟု ခံစားမိသည်။

ကျန်းဟိုင်ဖူ၏ မီးဖိုချောင်သုံးဓားဂိုဏ်းက နှစ်တစ်ရာကျော်မျှသာ တည်ရှိခဲ့သော်လည်း ၎င်း၏ ကြီးထွားမှု အတိုင်းအတာကိုကြည့်လျှင် ၎င်းသည် အစားအသောက်နှင့် အဖျော်ယမကာလုပ်ငန်းတွင် ထိပ်တန်းနေရာသို့ ရောက်နေပြီ ဖြစ်သည်။

အရေးအကြီးဆုံးအချက်မှာ ဖိုးဖိုးဝမ် အလုပ်လုပ်ခဲ့သော Kikkaro စားသောက်ဆိုင်က မီးဖိုချောင်သုံးဓားဂိုဏ်း၏ လက်အောက်တွင် ရှိနေသည်။

အငြိမ်းစား ဖိုးဖိုးဝမ်က သူ့သူဌေးနှင့် အချက်အပြုတ် ပြိုင်ရန် စိတ်အားထက်သန်နေသည်ကို မြင်လျှင် ဖေဖေဝမ်က စိတ်ထဲတွင် ရယ်ချင်လာမိသည်။

"မင်းပြောတာ မဟုတ်သေးဘူးကွ"

ဖိုးဖိုးက သူ့မျက်လုံးများကို ကျဥ်းမြောင်းလိုက်ပြီး လက်ကို ဝှေ့ယမ်းကာ ပြုံးလိုက်သည်။

"ငါတို့က အရည်အချင်းကို ယှဥ်ကြည့်ရုံလေးပါ.. အဲဒါကလည်း အပျော်သဘော သက်သက်ပါ.. ငါကတော့ ငါ့ကိုယ်ငါ တော်တော်လေး ယုံကြည်မှုရှိတယ်.. သူက နိုင်ငံတွင်းမှာ အကောင်းဆုံး စားဖိုမှူး မဟုတ်ရင် ငါ အနိုင်ယူနိုင်ပါသေးတယ်"

ဖေဖေဝမ် "အဖေ.. တစ်ခါတလေ အဖေက နည်းနည်းလောက်ကိုယ့်ကိုယ်ကိုယ် နှိမ့်ချနေဖို့ လိုတယ်.. ကျနော်အဖေကို နောက်နေတာ မဟုတ်ဘူး.. အဖေ အဲဒီလူနဲ့ တကယ်ပြိုင်မယ် ဆိုရင် သူအဖေ့ကို လွယ်လွယ်နဲ့ အနိုင်ရသွားလိမ့်မယ်"

ဖိုးဖိုးဝမ် "အဲ့ကောင်ကို အခု သွားခေါ်လိုက်.. သူမလာဘဲ ပွဲဖျက်ခဲ့ရင် လင်းလင်းရဲ့ အဖွားနဲ့ ညဘက်မှာ သရဲခြောက်ခိုင်းမယ်"

ဖေဖေဝမ်နှင့် ဝမ်လင်း "............."

ဖိုးဖိုးဝမ်က သူ၏ အချက်အပြုတ် ကျွမ်းကျင်မှုကို အမြဲယုံကြည်မှုရှိခဲ့သည်။

ငယ်ငယ်တုန်းက စားဖိုမှူးလုပ်ခဲ့တဲ့ ဤအဖိုးအို၏ အတွေ့အကြုံများကို ဖေဖေဝမ်က အလုံးစုံ မသိပေ။

ယနေ့ထမင်းစားရင်း စကားစမြည် ပြောကြရာမှ ထိုအချိန်က Kikkaro စားသောက်ဆိုင်တွင် သူ့အဖေက အချိန်အတော်ကြာအောင် စိုးစံခဲ့ကြောင်း သူသိခဲ့ရသည်။

အငြိမ်းစား လုပ်ဖော်ကိုင်ဖက်များကပင် ဖိုးဖိုးဝမ်ကို ဒဏ္ဍာရီလာ မီးဖိုချောင်နတ်ဘုရား အဖြစ် ရှုမြင်ထားကြ၏။

"ကောင်းပြီလေ.. ကျတော် နောက်ကျရင် သူ့ကို အကြောင်းကြားပြီး အဖေနဲ့ ချိန်းတွေ့ပေးမယ်"

အဆုံးသတ်တွင် အဖေဝမ်က ဖိုးဖိုးဝမ် အငြိမ်းစားယူချိန်၌ ပျော်ရွှင်စရာ ဖန်တီးပေးသည်ဟု သဘောထားကာ သဘောတူခဲ့သည်။

"ကောင်းပြီလေ.. သူဘယ်အချိန်လာမလဲ ဆိုတာ ငါမသိပေမဲ့ ပါဝင်ပစ္စည်းတွေကို သွားဝယ်ထားလိုက်မယ်.. ငါ့လက်သုံးဓားကိုလည်း ဆားဗစ် ပို့ထားရမယ်"

ဖိုးဖိုးဝမ်က ချက်ချင်းပင် ကျေနပ်သွားပြီး ကျန်းပိုင်၏ ဖခင်ပေးလိုက်သော ဓားသေတ္တာထဲမှ စာရွက်တစ်ရွက်ကို ထုတ်ယူလိုက်သည်။

ထိုအခါမှသာလျှင် ဖေဖေဝမ် နှင့် ဝမ်လင်းက မီးဖိုချောင်သုံးဓား ပြုပြင်ထိန်းသိမ်းခြင်း ဝန်ဆောင်မှုအတွက် အခမဲ့ ဝန်ဆောင်မှုပေးသည့် ရွှေရောင် ဘောက်ချာတစ်စောင် ပါရှိသည်ကို သိရှိနားလည်ခဲ့သည်။

ဝမ်လင်းက သူ့မျက်လုံးထောင့်ကနေ လှမ်းကြည့်လိုက်ရာ ရွှေရောင်ဘောက်ချာ၏ ထိပ်တွင် "ဖက်တီးလော သတ္တုပစ္စည်းဆိုင်"ဟူသည့် စာသား ရေးထားသည်ကို တွေ့လိုက်ရ၏။

သူ့နှလုံးသားထဲကနေ ချက်ချင်းပဲ အော်ဟစ်လိုက်မိသည်။

"ကမ္ဘာကြီးက အရမ်းကျဉ်းတာပဲ"

All Chapters