← Chapters

ဖက်တီးကအဆီကျသွားနိုင်သည်

Vol. 23 Ch. 335

ဖက်တီးကအဆီကျသွားနိုင်သည်

Vol. 23 Ch. 335

ယင်းက ဖက်တီးလော၏ သတ္တုပစ္စည်း စတိုးနှင့် မီးဖိုချောင်သုံးဓားဂိုဏ်း၏ ပါတနာ ဆောင်ရွက်မှု ဖြစ်ကြောင်း ဝမ်လင်း သိရှိခဲ့သည်။

မီးဖိုချောင်သုံးဓားဂိုဏ်း၏ လုပ်ငန်းများသည် နိုင်ငံတစ်ခုလုံးကို လွှမ်းခြုံထားသည်။

စုန့်ဟိုင်မြို့ တစ်ခုတည်းမှာပင် စက်ရုံပေါင်း တစ်ရာကျော်ရှိ၏။

၎င်းတို့၏ စားပွဲတင်ဓား အားလုံးနီးပါးမှာ ဖက်တီးလော ထံမှ ဝယ်ယူခဲ့ခြင်းပင်။

ထို့နောက် အဖိုးအိုက သူ့မီးဖိုချောင်သုံးဓားကို ပြုပြင်ထိန်းသိမ်းရန် အတွက် ဖက်တီးလော၏ သတ္တုပစ္စည်းဆိုင်သို့ သွားရန် ဝမ်လင်းကို တာဝန်ပေးခဲ့သည်။

ဖက်တီးလော သုတေသနလုပ်ဖို့အတွက် ဝမ်လင်း ပေးခဲ့သည့်ကောင်းကင်သတ္တုဓားက ထိုနေရာတွင် ရှိနေဆဲ ဖြစ်၏။

ထို့ကြောင့် သူက ဖက်တီးလောဆီ သွားရင်း တစ်ချိန်တည်းမှာပင် ကောင်းကင်သတ္တုဓားကို ပြန်ယူလာနိုင်ပေသည်။

ဤဓားကို ပြုလုပ်ခြင်း လုပ်ငန်းစဉ်တွင် အင်မော်တယ်စံအိမ်သခင်က ဝမ်လင်း၏ ခွန်အားကို ကန့်သတ်နိုင်သည့် ဒြပ်စင် ပစ္စည်းကို ပေါင်းစပ်မိခဲ့သည်။

ထို့ကြောင့် ဝမ်မင်က ဝမ်လင်းကို တတ်နိုင်သမျှ အမြန်ဆုံးပြန်ယူကာ သူ့ထံအပ်နှံရန် အကြံပြုခဲ့သည်။

ဝမ်လင်းက အိမ်မှ ထွက်ခွာလာသောအခါ အခမဲ့ပြုပြင်ထိန်းသိမ်းမှု ဘောက်ချာကို အိတ်ကပ်ထဲတွင် ထည့်လာရန် မမေ့ခဲ့ပေ။

ဖက်တီးလောက သူ့အား ငွေကြေးတောင်းဆိုမည် မဟုတ်သော်လည်း ဆက်ဆံရေးဆိုသည်မှာ လွယ်ကူစွာ ပြောင်းလဲသွားနိုင်သည် မဟုတ်လော။

ဝမ်လင်းက ဘာမဟုတ်သည့် ကိစ္စဖြင့် ကျေးဇူးကြွေး တင်ခံလိုခြင်းမရှိချေ။

ထို့အပြင် ဤဖက်တီးက လိမ္မာပါးနပ်သော စီးပွားရေးသမားဖြစ်၏။

သူလိုလူတစ်ယောက်ထံ၌ ကျေးဇူးကြွေး တင်ခဲ့လျှင် အဆုံးသတ်တွင် ဒေဝါလီခံရတတ်ပေသည်။

ယခင်က ဖက်တီးလော၏ စတိုးဆိုင်ကို တစ်ခေါက် ရောက်ဖူးပြီးကတည်းက ဝမ်လင်းက ဆိုင်တည်နေရာကို အကြမ်းဖျင်းသိထားပြီး ဖြစ်၍ တိုက်ရိုက် တည်နေရာ ရွှေ့ပြောင်းလိုက်၏။

စတိုးဆိုင်တွင် သူပေါ်လာသော အခိုက်တွင် 'ဖက်တီးလော'က မှန်ဘီလူးကို တပ်ဆင်၍ ရှေးကျသော ကျောက်စိမ်းတုံးကို ဂရုတစိုက် စစ်ဆေးနေသည်။

သူ့မျက်နှာ အမူအရာကိုကြည့်၍ ကျောက်စိမ်းတုံးထဲ၌ အာရုံဝင်စားနေကြောင်း သိနိုင်၏။

ထိုအချိန်မှသာ 'ဖက်တီးလော'က ပန်းထိမ်ဆရာဖြစ်သည့်အပြင် ရှေးဟောင်းပစ္စည်း စုဆောင်းသူလည်း ဖြစ်ကြောင်း ဝမ်လင်း သတိရလာသည်။

ဖက်တီးလော၏ အာရုံစူးစိုက်သည့် အမူအရာကို ကြည့်ရင်း ဖြစ်နိုင်ခြေ အရှိဆုံးမှာ ဤဖက်တီးက အဖိုးတန်ရတနာ အချို့ကို တူးဆွမိခဲ့ပုံရသည်။

ဝမ်လင်းက သူ့ကို အနှောင့်အယှက် မပေးဘဲ တစ်ဖက်တွင် စောင့်နေခဲ့သည်။

သူ အသံမထွက်ဘဲ တည်နေရာ ရွှေ့ပြောင်းခဲ့၍ 'ဖက်တီးလော'က သူရှိနေသည်ကို နည်းနည်းမှ သတိမထားမိပေ။

ဆယ်မိနစ်ခန့်အကြာတွင် 'ဖက်တီးလော'က ကျောက်စိမ်းတုံးကို ကောက်ကိုင်လိုက်ပြီး အားပါးတရ ချီးမွမ်းခန်း ဖွင့်လိုက်သည်။

"ဟားဟား.. ငါ ဒီတစ်ခါ ဂျက်ပေါ့ကို တကယ်ထိခဲ့တာပဲ.. လင်းကျန်းရန်သာ ဒီမှာရှိနေရင် သူလည်း သေချာပေါက် စိတ်ဝင်စားမှာပဲ"

ဝမ်လင်း "............"

နောက်ထပ် စက္ကန့်သုံးဆယ်အကြာတွင် ဖက်တီးလောက ဝတ်ဆင်ထားသော မှန်ဘီလူးကို ချွတ်လိုက်သည်။

ထိုအခါ သူ့ရှေ့၌ရပ်နေသည့် မီးဖိုချောင်သုံး ဓားတစ်ချောင်းကို ကိုင်ထားသော ဝမ်လင်းကို တွေ့လိုက်ရသည်။

ဖက်တီးလော "............"

သူက အလွန် ထိတ်လန့်သွားပြီး ကြက်သီးများပင် ထသွားသည်။

လင်းကျန်းရန်က မည်သို့ ရောက်လာပါသနည်း။

သူက လုံးဝ သတိမထားမိလိုက်ပေ။

"လင်း.. လင်းကျန်းရန်.. ဘာအကြောင်းကိစ္စ ရှိလို့ ဒီကိုရောက်လာတာလဲ"

'ဖက်တီးလော'က မေးခွန်းထုတ်ရင်း သူ၏ အေးစက်စက် ချွေးများကို သုတ်လိုက်သည်။

သူက အစောပိုင်းတွင် အာရုံကြောများကို ပြင်းပြင်းထန်ထန် အလုပ်ပေးထား၍ တွေးတောဖို့ စိတ်မ၀င်စားပေ။

ဝမ်လင်းက ရွှေဘောက်ချာနှင့် မီးဖိုချောင်သုံးဓားကို ပေးလိုက်သည်။

'ဖက်တီးလော'က ချက်ချင်းသဘောပေါက်ပြီး မီးဖိုချောင်သုံးဓားကို လက်ခံလိုက်သည်။

"စိတ်မပူပါနဲ့ လင်းကျန်းရန်.. ဒီဓားကို ငါ့ဆီ ထားခဲ့လိုက်ပါ.. မင်းကို VIP ဝန်ဆောင်မှုနဲ့ လုပ်ပေးမယ်.. ငါ ဒီတစ်ညလုံး အလုပ်လုပ်ပြီး မနက်ဖြန် မနက် ပို့ပေးလိုက်ပါ့မယ်"

"အင်း"

ဝမ်လင်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

ဖက်တီးလောက ဓားကို မှော်လက်နက်အိတ်ထဲတွင် အသေအချာ ထည့်လိုက်သည်။

ဤမှော်လက်နက်အိတ်က သိုလှောင် ရတနာအမျိုးအစား တစ်ခုလည်း ဖြစ်သည်။

သို့သော် အခြားအရာများနှင့် မတူဘဲ အတွင်းတွင် သေးငယ်သော အကန့်များစွာ ပါရှိသည်။

'ဖက်တီးလော'က မှော်လက်နက်အိတ်ကို အထူးသဖြင့် အရာဝတ္ထုများ ပြုပြင်ခြင်း သို့မဟုတ် ထိန်းသိမ်းခြင်း အတွက် အသုံးပြုလေ့ရှိ၏။

မည်သည့်ပစ္စည်းဖြစ်စေ၊ ပစ္စည်းကို ပြုပြင်ထိန်းသိမ်းရာတွင် ဦးစွာ ဆေးကြောသန့်စင်ရန် လိုအပ်သည်။

ဤမှော်လက်နက်အိတ်တွင်မူ ထိုလုပ်ဆောင်ချက် ပါရှိ၏။

ဖက်တီးလောက ဖိုးဖိုးဝမ်၏ ဓားကို မှော်လက်နက်အိတ်ထဲမှ နေရာလွတ် အကန့်တစ်ခုတွင် ထည့်လိုက်ပြီး ရွှေမှုန့်တစ်ဆုပ် လောင်းထည့်လိုက်သည်ကို ဝမ်လင်း တွေ့လိုက်ရသည်။

ချက်ချင်းဆိုသလိုပင် မှော်လက်နက်အိတ်ထဲမှ အဝတ်လျှော်စက်၏ အသံမျိုး ထွက်လာ၏။

ဖက်တီးလော "အဝတ်လျှော်စက်ကို အခြေခံပြီး ဒီမှော်ရတနာလက်နက်အိတ်ကို ဒီဇိုင်းထုတ်လိုက်တာလေ.. အရမ်းအသုံးဝင်ပေမဲ့ တစ်ခုတည်းသော ပြဿနာကတော့ ဒီဇိုင်းထုတ်စဥ်က ဆူညံသံ လျှော့ချရေး လုပ်ဆောင်ချက်ကို ထည့်သွင်းဖို့ မေ့သွားခဲ့တယ်"

ဝမ်လင်း ".............."

မီးဖိုချောင်သုံးဓားကို ဆေးကြောပြီးနောက် ဖက်တီးလောက ကောင်းကင်သတ္တုဓားကို ရုတ်တရက် သတိရသွားသဖြင့် သူ့ခေါင်းကို သူပြန်ပုတ်လိုက်သည်။

"အခုမှသတိရတယ်.. ငါ့ဆီမှာ ထားခဲ့တဲ့ ဓားရဲ့ ဖွဲ့စည်းပုံကို ခွဲခြမ်းစိတ်ဖြာပြီးပြီ.. မင်းဆီ ငါပြန်ပေးမယ်"

ထိုသို့ပြောပြီးနောက် လက်ယာဘက်ရှိ ဗီရိုကို ဖွင့်ကာ ဓားကို ထုတ်လိုက်၏။

'ဖက်တီးလော'က ကောင်းကင်သတ္တုဓားကို မံမီကဲ့သို့ ထုပ်ပိုးထားခဲ့သည်။

ဝမ်လင်းက ဤဓားထဲမှ ဒြပ်စင်၏ ဆိုးကျိုးသက်ရောက်မည်ကို စိုးရိမ်ပြီး ဖက်တီးလောဆီ အစောထဲက အသိပေးခဲ့သောကြောင့် ယင်းသို့ ထုပ်ပိုးပေးထားခြင်းပင်။

"မင်း သုတေသန လုပ်ပြီးပြီလား"

ဝမ်လင်းက ဓားကိုယူလိုက်ပြီး စိတ်ချင်းဆက်သွယ်၍ မေးလိုက်သည်။

ဖက်တီးလောက သူ၏ ပန်ကာအသေးလေးဖြင့် လေညင်းခံရင်း သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

"သခင်ကျင့်ခယ်ကို မြင်ဖူးတဲ့အချိန်ကစပြီး ငါ မြင်ဖူးသမျှ ဝိညာဉ်ဓားတွေ အားလုံးက ထာဝရ ရွက်ကြမ်းရေကျိုအဆင့်ပဲ"

"ဒီကောင်းကင်သတ္တုဓားမှာ သုံးထားတဲ့ ပစ္စည်းတွေက တကယ့်ကို အဖိုးတန်ပြီး အရင်က တစ်ခါမှ မကြားဖူးတဲ့ အရာတွေတောင် ပါဝင်တယ်"

"ဒါပေမယ့် ဒီဓားမှာ ဓားဝိညာဉ်တော့ မရှိဘူး.. ဓားဝိညာဥ်မပါတဲ့ ဓားတစ်လက်ကို လေ့လာရတာက တကယ်တော့ အဓိပ္ပါယ်မရှိဘူး"

ဝမ်လင်းက ဖက်တီးလော၏ အမြင်ကို ခေါင်းညိတ်၍ သဘောတူလိုက်သည်။

ကျင့်ခယ် အကြောင်းကို ပြောသည်နှင့် ဖက်တီးလောက အရူးတစ်ယောက်လို ဖြစ်သွားတတ်သည်။

"ဒီဓားကို အဆုံးစွန် အစွမ်းထက်တဲ့ ရတနာလို့ မှတ်ယူဖို့က အနည်းဆုံးတော့ ဓားဝိညာဉ်ကို မွေးထုတ်နိုင်ရမယ်.. အဲဒီ ဓားဝိညာဥ်ကလည်း သခင်ကျင့်ခယ်ထက် အားကောင်းရမယ်..

မဟုတ်ရင် ငါ့အာရုံကို ဘယ်တော့မှ ဖမ်းစားနိုင်မှာ မဟုတ်ဘူး"

ထိုစကားကိုကြားလျှင် ဝမ်လင်းက သူ့နှလုံးသားထဲကနေ သက်ပြင်းချလိုက်သည်။

ထိုသို့သော ယုံကြည်မှုမျိုးသာ ရှိလျှင် ဖက်တီးလောမှာ အဆီပင် ကျသွားနိုင်၏။

ဝမ်လင်းသည် ကောင်းကင်သတ္တုဓားကို သူ၏ရူပါရုံ နယ်ပယ်တွင် သိမ်းဆည်းလိုက်သည်။

ထိုမြင်ကွင်းကိုကြည့်ကာ ဖက်တီးလောက ဝမ်လင်း၏ ကောင်းကင်မျက်လုံးဖြင့် အင်မော်တယ်စံအိမ်၏ အာကာပြင်နံရံကို ဖြိုဖျက်ခဲ့သည့် မြင်ကွင်းအား ပြန်လည် အမှတ်ရလာသည်။

[လင်းကျန်းရန်ရဲ့ ကောင်းကင်မျက်လုံးက အလွန် အဆင့်မြင့်တဲ့ အဆင့်မှာ ရှိရမယ်]

ဝမ်လင်း၏ ကောင်းကင်မျက်လုံးက မည်သည့်အဆင့်တွင် ရှိနေသည်ကို သူအတိအကျ မသိပေ။

တကယ်တမ်းတွင် ရှေးခေတ်ကတည်းက ကောင်းကင်မျက်လုံးနှင့် ပတ်သက်ပြီး အဆင့် သတ်မှတ်ထားခြင်းမျိုး မရှိခဲ့ချေ။

စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်တွင် ကောင်းကင်မျက်လုံးကို ဖွင့်လှစ်ပြီးနောက် ၎င်းကို တဖြည်းဖြည်း ပျိုးထောင်ခြင်းသည် ကိစ္စနှစ်ရပ်ပေါ်တွင်သာ မူတည်တော့သည်။

တစ်ခုက ပါရမီ ဖြစ်ပြီး နောက်တစ်ခုက ကံကောင်းခြင်း ဖြစ်သည်။

လင်းကျန်းရန်သာ ထိုကျောက်စိမ်းကို ကောင်းကင်မျက်လုံးဖြင့် ကြည့်ပါက ၎င်းနှင့် ပတ်သက်သည့် ထူးခြားမှုကို သိရှိနိုင်လောက်သည်။

ထိုသို့တွေးမိပြီး ဖက်တီးလောထံမှ အကြံအစည်တစ်ခု ရုတ်ခြည်း ထွက်ပေါ်လာသည်။

သူက ဝမ်လင်းဆီသို့ အစောပိုင်းက ကျောက်စိမ်းတုံးကို ပေးလိုက်သည်။

"လင်းကျန်းရန်.. မင်းရဲ့ ကောင်းကင်မျက်လုံးနဲ့ ငါ့ရှေးဟောင်း ကျောက်စိမ်းကို ကြည့်ပေးလို့ရမလား"

"ဒါက ဘာလဲ"

ဝမ်လင်းက ရှေးဟောင်း ကျောက်စိမ်းကို လက်ခံခဲ့ပြီး သူ့မျက်ဝန်းဖြင့် အကဲခတ်လိုက်သည်။

ဖက်တီးလော "တစ်ပတ်ရစ် ကျင့်ကြံရေး ရှေးဟောင်းပစ္စည်းဆိုင်ကနေ အင်မော်တယ် ရွှေချောင်း ၃ ချောင်းနဲ့ ဒါကိုဝယ်ခဲ့တာပါ"

ထိုကဲ့သို့ ဆိုင်များတွင် ကြားပွဲစား မရှိပေ။

ထို့ကြောင့် ရောင်းသူများက အမြတ်အစွန်း အားလုံးကို သပိတ်ဝင်အိတ်ဝင် ရနိုင်သလို ဖောက်သည်များကလည်း ငွေကြေးအချို့ကို ချွေတာနိုင်ပေသည်။

ဝမ်လင်း ".........."

'ဖက်တီးလော'က အမှန်အတိုင်းပြောပြခဲ့သည်။

"ရောင်းချတဲ့ အဖိုးအိုက ဘာမှမသိပေမယ့် ဒီရှေးဟောင်းကျောက်စိမ်းက ဆန်းကြယ်တယ်လို့ ငါခံစားမိခဲ့တယ်.. အခုပဲ ငါမှန်ဘီလူးနဲ့ စစ်ဆေးပြီးပြီ.. အထဲမှာ ကောင်းကင်အက်ကွဲကြောင်းနဲ့ တူတဲ့ အက်ကြောင်းတစ်ခုကို တွေ့ခဲ့တယ်.. လင်းကျန်းရန်က အနီးကပ် သေချာစစ်ဆေးပေးဖို့ ကူညီပေးမယ်လို့ မျှော်လင့်ပါတယ်

"ကောင်းကင်အက်ကွဲကြောင်းလား"

ဝမ်လင်းက ကျောက်စိမ်းတုံးကို ကောက်ယူလိုက်သောအခါ ချက်ချင်းပင် ထိတ်လန့်သွားသည်။

All Chapters