အနီရောင် သစ်သီး
Vol. 23 Ch. 341
ထိုညတွင် ဝမ်လင်းက အချိန်ဆေးတောင့် အတွင်းရှိ ဝတ္ထုမူကြမ်းအားလုံးကို ဖတ်ခဲ့သည်။
ယခင်က လူသတ်ဆရာ ပြောခဲ့ဖူးတဲ့ အနှစ်တစ်ထောင် သေဆုံးခြင်း နည်းစနစ်ကို ရေးခဲ့သူမှာ မေမေဝမ် ဖြစ်နေသည်။
ထိုနည်းစနစ်က သူမ၏ မထုတ်ဝေရသေးသော ဝတ္ထုတွင် အဓိကနေရာမှ ပါဝင်၏။
ယင်းမှာ လူသတ်သမားမျိုးနွယ်များတွင် သင်ကြားလေ့ရှိသော အသေးစား နည်းစနစ်များထဲမှ တစ်ခုသာ ဖြစ်သည်။
မေမေဝမ်၏ အထောက်အထားကို အတည်ပြုပြီးနောက် ထိုညတွင် ဝမ်လင်း၏ အတွေးက နက်သွားခဲ့သည်။
သူ့အမေအရင်းက သာမန်အိမ်ရှင်မ တစ်ယောက် ဘဝကနေ လူသတ်သမားများ၏ ဘိုးဘေးကြီးတစ်ဦး အဖြစ် တစ်ညတည်းနှင့် အမှန်တကယ် ပြောင်းလဲသွားခဲ့သည်။
ဝမ်လင်းက ဤအကြောင်းကို ဝမ်မင်အား မပြောပြခဲ့ပေ။
ဝမ်လင်းက ဤအံ့အားသင့်စရာကောင်းသည့် အမှန်တရားကို လက်ခံနိုင်ရန် အချိန်အတော်ယူလိုက်ရသည်။
ထိုထက် အနာကျင်ရဆုံးအရာမှာ ဝတ္ထုထဲမှ အကြောင်းအရာအရ မေမေဝမ်က လူသတ်သမားများ အနေဖြင့် ကမ္ဘာကြီးအပေါ် ယနေ့ခေတ်တွင် နက်နဲစွာ သြဇာလွှမ်းမိုးမှု ရှိနေခြင်းကို ရှင်းရှင်းလင်းလင်း မသိသေးသောကိစ္စ ဖြစ်သည်။
.....................
ဇူလိုင်လ ၃ ရက်နေ့သည် စာသင်နှစ်၏ ၁၁ပတ်မြောက် တနင်္လာနေ့ ဖြစ်သည်။
မနေ့ညက ကြောက်မက်ဖွယ် ကောင်းသော အရာတစ်ခု ဖြစ်ပျက်သွားသောကြောင့် ယနေ့ နေ့လည်ခင်း စာသင်ခန်းထဲတွင် ဝမ်လင်းက သင်ကြားသမျှကို အာရုံစိုက်၍ မရခဲ့ပေ။
ယနေ့အတွက် သတင်းမှာ အမှတ် ၆၀ အထက်တန်းကျောင်းအနီးရှိ နတ်မျက်စိ အထက်တန်းကျောင်းမှ ဖြစ်ရပ် ဖြစ်သည်။
ထိုကျောင်းကို ရှောင်မျိုးနွယ်စု ရှယ်ယာရှင်များထံမှ ရင်းနှီးမြုပ်နှံမှုများဖြင့် တည်ထောင်ခဲ့ပြီး ရှောင်မျိုးနွယ်စု၏ အပြင်စည်းဂိုဏ်းဝင် တပည့်အများအပြားက နတ်မျက်စိ အထက်တန်းကျောင်းကို တက်ရောက်ခဲ့ကြသည်။
ထိုအချိန်က ကျောင်းခြောက်ကျောင်း ပူးပေါင်းစစ်ရေးလေ့ကျင့်မှုတွင် ဝမ်လင်းက ရှောင်မျိုးနွယ်စု၏ အပြင်စည်းဂိုဏ်း နံပါတ်တစ်တပည့် ရှောင်ယွင်ချမ်းကို ပြိုင်ပွဲမှ ထုတ်ပယ်ခံရအောင် လုပ်ခဲ့သည်။
ကော်ဟောက်၏ အဆိုအရ မွန်းတည့်ချိန်တွင် နတ်မျက်စိအထက်တန်း ကျောင်းရှိ ကာယချိန်၌ ရှောင်ယွင်ချန်းက ကာယဆရာ နှင့် ခိုက်ရန် ဖြစ်ပွားခဲ့သည်။
ရှောင်ယွင်ချမ်း ခံရမည်ဟု လူတိုင်းက ထင်ခဲ့ကြသော်လည်း ရလဒ်က သူတို့ မျှော်လင့်ထားသည်ထက် ကျော်လွန်သွားခဲ့သည်။
ရွှေအမြူတေအဆင့် ရှိသည့် ကာယဆရာကို ရှောင်ယွင်ချမ်းက လေထဲသို့ ပျံသန်းစေခဲ့သည်။
ရှောင်ယွင်ချမ်းက ခွန်အား အများအပြား အသုံးမချခဲ့သော်လည်း ရလဒ်က ပြင်းထန်လွန်း၏။
ရိုးရှင်းသည့် တုံ့ပြန်မှုလေးတစ်ခုကပင် ကာယဆရာကို မီတာ ဒါဇင်ပေါင်း များစွာ ပျံသန်းစေခဲ့သည်။
ထိုထက် အရေးကြီးဆုံးမှာ ကာယဆရာက အတွင်းဒဏ်ရာပါ ရသွားခဲ့ခြင်းပင်။
ထိုဖြစ်ရပ်ကို ကြားလိုက်ရသည့် အတန်းထဲမှ လူတိုင်း၏ မျက်နှာပေါ်တွင် တုန်လှုပ်ချောက်ခြားသော အမူအရာများ ရှိနေသည်။
လူအများစု၏စိတ်တွင် အခြေခံ တည်ဆောက်ခြင်းအဆင့် ကျောင်းသားတစ်ဦးသည် မည်မျှပင် ထူးချွန်ပါစေ၊ ရွှေအမြူတေအဆင့် ဆရာတစ်ဦးကို ထိခိုက်နစ်နာအောင် လုပ်နိုင်မည့် နည်းလမ်း မရှိပေ။
ထို့အပြင် နတ်မျက်စိ အထက်တန်းကျောင်းက အလွန်တင်းကျပ်ပြီး သူတို့၏ ဆရာများကို ထိပ်တန်းအဆင့်ဆရာများကိုသာ ခန့်ထားကြသည်။
ကာယဆရာ/ဆရာမများ ပင်လျှင် အလွန်ဂရုတစိုက် ရွေးချယ်ထားသော ထိပ်သီး ကျင့်ကြံသူများ ဖြစ်ကြ၏။
ကျောင်းသားတစ်ယောက်က ရွှေအမြူတေအဆင့် ဆရာကို မည်ကဲ့သို့ အနိုင်ယူနိုင်ပါမည်နည်း။
အစောပိုင်းတွင် ဤသတင်းကိုကြားသူ အများအပြားက ကောလာဟလ တစ်ခုဟုသာ ထင်ခဲ့ကြသော်လည်း အလွန်လျင်မြန်စွာပင် ဗီဒီယိုတစ်ခုက Tieba၊ QQ နှင့် WeChat တို့တွင် ပျံ့နှံ့သွားခဲ့သည်။
ယင်းဗီဒီယိုက နတ်မျက်စိ အထက်တန်းကျောင်း၏ အားကစားကွင်းရှိ စောင့်ကြည့်ကင်မရာမှ ဖြစ်ပြီး ဖြစ်ပျက်ခဲ့သမျှအားလုံးကို ရှင်းလင်းစွာ မှတ်တမ်းတင်ထားသည်။
ဗီဒီယို ပျံ့နှံ့သွားရခြင်းမှာ သူငယ်ချင်းများ သို့မဟုတ် ဆွေမျိုးများထံ မျှဝေခဲ့သည့် ကျောင်း၏ ဆရာအချို့ကြောင့် ဖြစ်ကောင်းဖြစ်နိုင်၏။
နောက်ပိုင်းတွင် မူရင်းဗီဒီယိုကို ဖျက်လိုက်ကြောင်း လူအများအပြား တွေ့ရှိခဲ့ကြသော်လည်း ပါရမီရှင် ကော်ဟောက်ကမူ လျင်မြန်စွာပင် ကော်ပီကူးလိုက်နိုင်သည်။
"ဒီကမ္ဘာမြေကြီးမှာ ဘာတွေဖြစ်ပျက်နေတာလဲ"
မြေပဲလေးက ဗီဒီယိုကို ကြည့်ပြီးနောက် အနည်းငယ် သံသယရှိနေဆဲ ဖြစ်သည်။
အခြေခံ တည်ထောင်ခြင်း အဆင့်နှင့် ရွှေအမြူတေ အဆင့်အကြား ပိုင်းခြားမှုသည် သေးငယ်သော ကွာဟချက်ဟု ထင်ရသော်လည်း လူအများအတွက်မူ အဆင့်ကျော်၍ တိုက်ခိုက်ရန်မဖြစ်နိုင်သော အတားအဆီးတစ်ခု ဖြစ်သည်။
ထို့ကြောင့် လူအများအပြားက ဤအကြောင်းကို တွေးမိသောအခါ မတုန်လှုပ်ဘဲ မနေနိုင်ခဲ့ချေ။
"ဒါက တကယ် မဖြစ်နိုင်ဘူး မဟုတ်လား.. ဥပမာပြောရရင် ငါတို့ရဲ့ ကာယဆရာယဲ့ကလည်း ကာယဆရာတွေကြားမှာ အစွမ်းထက်ဆုံး မဟုတ်ပေမယ့် ရွှေအမြူတေအဆင့် ကျင့်ကြံသူပဲလေ.. ငါတို့ကျောင်းက ကျောင်းသားတစ်ယောက်မှ သူ့ကိုရိုက်ဖို့ တတ်နိုင်မယ်မထင်ဘူး"
ထိုစကားကို ကြားလျှင် ဝမ်လင်း၏ ပါးစပ်ထောင့်က တလှုပ်လှုပ် ဖြစ်သွားသည်။
"................"
[ဆရာ့နောက်ကွယ်မှာ ဒီလိုမျိုး မကောင်းပြောပြီး မင်းတို့တွေ စော်ကားနေတာလား]
သို့သော် ဆရာယဲ့က အမှန်ပင် မသန်မာခဲ့ပေ။
မွန်းတည့်ချိန်တွင် ဤအကြောင်းအရာက အတန်းထဲတွင် ထပ်ပြီး ရေပန်းစားသွားသည်။
အခြေခံ တည်ဆောက်ခြင်းအဆင့် ကျောင်းသားတစ်ဦးက ရွှေအမြုတေအဆင့် ဆရာတစ်ဦးကို လေထဲ ပျံသန်းအောင် မည်သို့ လုပ်ခဲ့ပါသနည်း။
ဤသည်မှာ မှော်ဆန်သောမေးခွန်း ဖြစ်သည်။
"သူက ရွှေကုံးဂိုဏ်းရဲ့ အသီးတွေကို စားမိလို့လား"
လိမ္မာပါးနပ်သူအချို့က ယခင်ရွှေကုံးဂိုဏ်း၏ အဖြစ်အပျက်ကို မှတ်မိခဲ့ကြသည်။
ကော်ဟောက်က ပျောက်ဆုံးနေသော ကျောင်းသား ၁၂ ဦးအား ရွှေကုံးဂိုဏ်းက သစ်သီးတစ်မျိုးမျိုး စားခိုင်းကြောင်း ပြောကြားခဲ့ဖူးသည်။
ရှောင်ယွင်ချမ်းက ပျောက်ဆုံးနေသော ကျောင်းသား ၁၂ ဦးတွင် ပါဝင်ခဲ့သည်။
လူသတ်ဆရာထံမှ ရရှိသော အချက်အလက်များနှင့် ပေါင်းစပ်လိုက်သောအခါ ရှောင်ယွင်ချမ်း၏ ရုတ်တရက်တိုးတက်လာသော အင်အားမှာ ထိုအသီးကြောင့် ဖြစ်ကြောင်း သေချာပေါက် အတည်ပြုနိုင်ခဲ့သည်။
အနေအထားအရ အခြေအနေက စိတ်မချရပေ။
တစ်ချက်လေး ရိုက်ချက်ကပင် ရွှေအမြူတေ အဆင့် ကျင့်ကြံသူကို လေထဲပျံဝဲစေပြီး အတွင်းဒဏ်ရာ ရရှိစေသည်။
ထိုက်ကျိလက်ဝါး၏ တွန်းအားပင် ယခုလောက် အံ့သြစရာ မကောင်းပေ။
အနည်းဆုံးတော့ ရှောင်ယွင်ချမ်း နှင့် တခြားကျောင်းသားတွေက အသီးကို စားသုံးပြီးနောက် စွမ်းအင် အမြောက်အမြား ထွက်ရှိနေပြီ ဆိုသည်ကို ပြသနေသည်။
စွမ်းအင် အထွတ်အထိပ်ကို ရောက်သည်နှင့် ဤကျောင်းသားများက မိမိကိုယ်ကို မထိန်းချုပ်နိုင်တော့ဘဲ ခန္ဓာကိုယ်များ ပေါက်ကွဲသွားမည် ဖြစ်သည်။
ဤသည်မှာ လူသတ်ဆရာ အထူးဖော်ပြခဲ့သော "စိတိဝိညာဉ်ပေါက်ကွဲခြင်း" ဖြစ်နိုင်၏။
ဝမ်လင်းက ခေါင်းငုံ့ရင်း တွေးတောလိုက်သည်။
ဤကျောင်းသားတွေ အတွက် အချိန် သိပ်မကျန်တော့မှန်း ထင်ရှားနေသည်။
...........................
ရလဒ်အနေဖြင့် ရွှေကုံးဂိုဏ်းနှင့် ပျောက်ဆုံးနေသော ကျောင်းသား ၁၂ ဦးတို့၏ ကိစ္စသည် နေ့ခင်းဘက်တွင် တစ်ဖန် ကျယ်လောင်လာပြန်သည်။
ထို့အပြင် ရှောင်ယွင်ချမ်းကိစ္စ ဖြစ်ပျက်ပြီးနောက် ယခင် ရွှေကုံးဂိုဏ်းမှ ဖမ်းဆီးခေါ်ဆောင်သွားသော ကျန်ကျောင်းသားများ အားလုံးကို တစ်ဦးပြီးတစ်ဦး စစ်ဆေးခဲ့ရာ ၎င်းတို့အားလုံးက ရွှေအမြူတေ အဆင့်သို့ ရောက်ရှိသွားသည်ကို တွေ့ရှိခဲ့ကြသည်။
ထို့အပြင် ထိုကျောင်းသားများ၏ ခွန်အားက တည်ငြိမ်သော နှုန်းဖြင့် တိုးတက်နေ၏။
ဤသတင်းထွက်လာချိန်တွင် ကျောင်းထဲ၌ မနာလို ငြူစူသည့် မကျေမနပ် အသံ အများအပြားကို ဝမ်လင်း ကြားခဲ့ရသည်။
"အခုခေတ်မှာ ကျင့်ကြံရတာ မလွယ်ဘူးလို့ ဘယ်သူပြောရဲလဲ.. အသီးစားတာနဲ့ ခွန်အားက တိုးတက်လာမယ်ဆိုရင် ငါ့လည်း လာဖမ်းစမ်းပါ.. ငါလည်း သစ်သီးကို အသုံးပြုချင်တယ်"
တစ်နေ့တာအတွက် ကျောင်းမဆင်းမီ ဝမ်လင်းက Tieba၌ မနာလိုစိတ်ဖြင့် လှောင်ပြောင်နေကြသည့် ကျောင်းသား တော်တော်များများကို တွေ့ခဲ့ရသည်။
၎င်းတို့က အသီးကိုစားပြီး သူတို့၏ ခန္ဓာကိုယ်ကို အသွင်ပြောင်းပေးဖို့ ရွှေကုံးဂိုဏ်းကို လှောင်ပြောင်ခဲ့ကြသည်။
ပုံမှန်အားဖြင့် သူတို့လောက်ပင် မတော်သည့် ကျောင်းသားများ မပြောနှင့်၊ ကျောင်းမှာရှိသည့် ထိပ်တန်း ကျောင်းသားများပင် ထိုစိတ်ခံစားချက် လွှမ်းမိုးခံရခြင်းကို မရှောင်နိုင်ကြပေ။
အဆုံးစွန်အားဖြင့် မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ကောလာဟလများကို ကြားပြီးနောက် ကျင့်ကြံရေး ဖြတ်လမ်းကို ခံယူလိုနေကြသည်။
သို့သော် ကျင့်ကြံခြင်းတွင် ဖြတ်လမ်းတစ်ခု အမှန်တကယ် ရှိပါသလော။
.......................
ထိုညနေ ဝမ်လင်း အိမ်ပြန်ရောက်သောအခါတွင် အမြန်ချောပို့မှ ပို့လိုက်သည့် ပါဆယ်ထုပ် တစ်ထုပ်က အိမ်ကိုရောက်လာသည်။
၎င်းမှာ အမည်မသိ ပေးပို့သူထံမှ ဖြစ်သည်။
ဖွင့်ကြည့်လိုက်ရာ အနီရောင် တောက်ပနေသည့် အသီးများ ပါနေသည်ကို တွေ့လိုက်ရသည်။
သူက အတန်းတွင်း ဂရုချက်ကို အမြန်ဖွင့်လိုက်သည်။
သူမျှော်လင့်ထားသလိုပဲ၊ အတန်းထဲမှ တခြားကျောင်းသားများကလည်း အသီးရတယ်ဟု ပြောပြီး ဓာတ်ပုံမျ ပို့ပေးခဲ့ကြသည်။
တူညီသော အကြောင်းအရာကို စာတိုပေးပို့လာကြသည်။
ဤအခြေအနေအပေါ် အခြေခံ၍ အမှတ် 60 အထက်တန်းကျောင်းရှိ ကျောင်းသားတိုင်းက သစ်သီး ရရှိခဲ့ကြောင်း ဝမ်လင်း ခန့်မှန်းမိခဲ့သည်။
ရွှေကုံးဂိုဏ်းက အမှတ် 60 အထက်တန်းကျောင်းကို ဆန့်ကျင်ခြင်း မပြုရသည့် အကြောင်းရင်းကို ယခုမှ သူသိသည်။
အဆုံးသတ်တွင် ၎င်းတို့က အမှတ် ၆၀ အထက်တန်းကျောင်း၏ ကျောင်းသားများ သစ်သီး တပျော်တပါး စားပြီး အစုအပြုံလိုက် ပေါက်ကွဲမည့် အခွင့်အရေးကို စောင့်ဆိုင်းနေကြပုံပင်။