← Chapters

လုံးဝမျှော်လင့်မထားသောဖြစ်ရပ်

Vol. 23 Ch. 343

လုံးဝမျှော်လင့်မထားသောဖြစ်ရပ်

Vol. 23 Ch. 343

ဗုံးပစ်စီနီယာ အင်မော်တယ် နှင့် ဖုန်းခေါ်ဆိုပြီးနောက် ဝမ်လင်းက ဝမ်မင်ဆီ ချက်ချင်းစာပို့ခဲ့သည်။

ဝမ်မင်က ကောင်းကင်သတ္တုဓားကို သူနှင့်အတူ ပြန်ယူသွားခဲ့သည်။

ယင်းက အရေးကြီးတဲ့ကိစ္စ ဖြစ်ရာ ဝမ်မင်ထံတွင် ချန်ထားခဲ့သင့်သည်ဟု ဝမ်လင်း ခံစားမိသည်။

ကောင်းကင်သတ္တုဓားတွင် ဓားဝိညာဉ် မရှိသောကြောင့် ဝမ်မင် ထိန်းချုပ်၍ မရမည်ကို စိတ်ပူနေစရာ မလိုပေ။

ထို့အပြင် သူ့တွင် ဝိညာဉ်စွမ်းအင် သိုလှောင် လက်စွပ်လည်း ရှိသေး၏။

သူက ဓားကို လည်ပတ်ရန် ဤဝိညာဉ်စွမ်းအင်ကို အားကိုးနေသရွေ့ ဓားကို အလွယ်တကူ ကိုင်စွဲနိုင်ပေသည်။

ဓာတ်ခွဲခန်းတွင် ဝမ်လင်း၏ မက်ဆေ့ချ်ကို လက်ခံရရှိပြီးနောက် ဝမ်မင်က အလွန်စိတ်လှုပ်ရှားနေ၏။

ကျင့်ကြံခြင်း လမ်းကြောင်းမှ လမ်းလွဲသွားသော ကျောင်းသားများကို ကယ်တင်ရမည်ဟု တွေးမိသောအခါတွင် အဆုံးမဲ့ လန်းဆန်းမှုကို ခံစားခဲ့ရသည်။

သူ၏ ကိုယ်လုံးကိုယ်ပေါက်ကြောင့် မကျင့်ကြံနိုင်သော်လည်း သူရဲကောင်းဆန်သော ခံစားချက်မှာမူ သာမန် ကျင့်ကြံသူ နှင့် နှိုင်းယှဉ်လျှင် ရဲရဲတောက် ဆူပွက်နေသည်ဟု ဆိုရမည်။

သူက ကောင်းကင်သတ္တုဓားကို သူ၏ သုတေသန ဓာတ်ခွဲခန်းတွင် သိမ်းထားခဲ့ပြီး ဘေးကင်းစေရန် အတွက် စည်းတံဆိပ်ပါ ခတ်ထားသေး၏။

ဝမ်မင်က သူ၏ ဝိညာဉ်စွမ်းအင် သိုလှောင်လက်စွပ်ကို ချွတ်လိုက်ပြီး ၎င်းအား ဝိညာဉ်စွမ်းအင် ပုံဆောင်ခဲတစ်ခုနှင့် ချိတ်ဆက်လိုက်ရာ လက်စွပ်တွင် အလင်းရောင်များ တောက်ပလာသည်။

ငါးမိနစ်ခန့် ကြာပြီးနောက်တွင် သူက အားသွင်းထားသောလက်စွပ်ကို ပြန်ယူကာ စားပွဲပေါ်မှ ကောင်းကင်သတ္တုဓားကို ကောက်ကိုင်လိုက်ပြီး ဓာတ်ခွဲခန်းထဲမှ ထွက်လာခဲ့သည်။

သို့သော် တံခါးနားသို့ ချဉ်းကပ်လာစဉ်တွင် အနောက်မှ အေးစက်သော အရိပ်အယောင် တစ်ခု တိုးဝင်လာသည်ကို ခံစားလိုက်ရ၏။

အေးစက်စက် လက်တစ်စုံဖြင့် သူ့ပုခုံးကို အကိုင်ခံလိုက်ရသောကြောင့် ဝမ်မင်၏ တစ်ကိုယ်လုံးက ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။

"အရမ်းနောက်ကျနေပြီ.. ဘယ်သွားမလို့လဲ"

ကျိုက်ယန်၏ အသံ ထွက်ပေါ်လာသည်။

ဝမ်မင်က စိတ်ထဲတွင် ကျိတ်၍ သက်ပြင်းတစ်ချက် ချလိုက်ပြီး ကျိုက်ယန်ကို ကြည့်ကာ ဗြောင်လိမ်လိုက်သည်။

"အိုး.. လမ်းလျှောက်ထွက်မလို့လေ"

ကျိုက်ယန်က လက်ပိုက်၍ သူ့ကိုကြည့်နေသည်။

"ငါ မင်းနဲ့လိုက်ခဲ့မယ်"

"............"

ကမ္ဘာကြီးကို ကယ်တင်ဖို့ အပြင်မထွက်ခင် ဤနေရာ၌ အညွန့်တုံး ခံရလိမ့်မည်ဟု ဝမ်မင် ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။

"ငါ မကြာခင် ပြန်လာမှာပါ.. ဒီနေ့ အားလပ်ရက် ပေးလိုက်မယ်.. မင်း ငါ့နောက်ကို လိုက်စရာ မလိုတော့ဘူး"

ကျိုက်ယန်လို ခေါင်းမာသောလူအား အတင်းအကျပ် လုပ်၍မရသည်ကို သူသိသည်။

ဤအချိန်တွင် သူ့ကို ကြမ်းကြမ်းတမ်းတမ်း ပြောဆို၍ ဘာအကျိုးမှ ရှိမည် မဟုတ်ချေ။

အခြေအနေပင် ပိုဆိုးသွားပေလိမ့်မည်။

"မြန်မြန်ပြန်လာမယ်ဆိုရင် မင်းလက်စွပ်ကို ဘာလို့ အားအပြည့်သွင်းထားတာလဲ"

ကျိုက်ယန်က သူ့ကို မယုံကြည်သော အကြည့်ဖြင့် ကြည့်လိုက်ရာ ဝမ်မင် တုန်လှုပ်သွားသည်။

ကျိုက်ယန်က ပိဋိကတ်တိုက်မှူး အဖြစ် တာဝန်မယူမီ ခမ်းနားသော အင်မော်တယ် အထူးတပ်ဖွဲ့၏ ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွင် အဓိက ပါဝင်ခဲ့သည်ဟု ဥက္ကဌချီက ယခင်က ပြောခဲ့ဖူးသည်။

ထို့အပြင် ကျိုက်ယန်က ရာဇ၀တ်မှုဆိုင်ရာ စိတ်ပညာကို ကျွမ်းကျင်သူဖြစ်ပြီး "စိတ်ပညာနှင့်ပတ်သက်၍" အမည်ရှိ ကျော်ကြားသော စာအုပ်ကို ရေးသားသူလည်း ဖြစ်၏။

ဝမ်မင်က ဥက္ကဌချီ စကားကို ယခင်က သံသယတစ်ဝက် ရှိခဲ့ဖူးသော်လည်း ယခုမူ အမှန်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပြီ ဖြစ်သည်။

သူအရမ်းတုန်လှုပ်နေပြီး သီချင်းတစ်ပုဒ်ထဲက ငါးတစ်ကောင်လို ခံစားနေရ၏။

[သူဘယ်လိုလွတ်မြောက်နိုင်မှာလဲ]

ထိုငါးက ခေါင်းမာသော်လည်း ရေထဲ၌ ကျိုက်ယန်နှင့်သာအဆုံးထိရှိနေလျှင် မည်သို့မျှ လွတ်မြောက်မည်မဟုတ်ပေ။

ဝမ်မင်က နှလုံးသားထဲတွင် အဆုံးမဲ့ ရုန်းကန်နေရ၍ ငိုချင်စိတ်ပင် ပေါက်လာသည်။

"မင်း ငါ့ကို လှည့်စားလို့ မရဘူး.. ဥက္ကဌချီရဲ့ ညွှန်ကြားချက်က မင်းကို အနီးကပ် စောင့်ရှောက်ဖို့ပဲ"

ကျိုက်ယန်က ဝမ်မင်ကို စူးစိုက်၍ ကြည့်နေသည်။

လိမ်လည်သူများက အမြဲတမ်း အပြစ်ရှိပုံပေါ်သည်။

ဝမ်မင်သည်လည်း သဘာဝအားဖြင့် ခြွင်းချက်မဟုတ်ပေ။

သူက ကျိုက်ယန်၏ အကြည့်ကြောင့် မလုံမလဲဖြစ်ကာ နီမြန်းနေသော မျက်နှာဖြင့် အဝေးကို လှမ်းကြည့်လိုက်သည်။

ကျိုက်ယန်၏ မျက်လုံးထဲတွင် သူ့ကိုဘယ်လိုမြင်နေလဲ သူမသိပေ။

ကျိုက်ယန်က အေးစက်နေပုံ ပေါက်သော်လည်း မျက်နှာပြင်အောက်တွင် စိတ်အားထက်သန်မှု တစ်ခုခု ရှိနေပုံရသည်။

"မဟုတ်သေးပါဘူး...တစ်ခုခုတော့ မှားနေပြီ.. ဟုတ်တယ်.. မှားနေပြီ"

သူက နှုတ်ခမ်းကို တွန့်ကွေးလိုက်သည်။

ကျိုက်ယန်က အမျိုးသားများထဲမှ အမျိုးသားတစ်ယောက်ဖြစ်သည်။

ထိုကဲ့သို့သော တစ်စုံတစ်ယောက်က သူ့ကို စိတ်အားထက်သန်သော အကြည့်ဖြင့် မည်သို့ ကြည့်နိုင်ပါမည်နည်း။

သို့သော် ဝမ်မင်က မေးစေ့ကိုပွတ်သပ်၍ သေချာစဥ်းစားလိုက်သည်။

ကျိုက်ယန်၏ တင်လေး ကော့နေသည်က သူ့အတွက် အဆင်သင့် အနေအထားကို စိတ်ကူးယဥ်နေသလားဟု တွေးမိလိုက်၏။

ယင်းက တကယ်ဖြစ်နိုင်သည်ဟု သူ ခံစားရသည်။

ဤအတွေးဖြင့် သူက ကျိုက်ယန်၏ ပုခုံးကို ပုတ်ပြီး သက်ပြင်းချလိုက်၏။

"ဒီအတွက်နဲ့တော့ ငါ့ကိုအပြစ်မပြောသင့်ပါဘူး.. မင်းလိုချင်ရင် ငါစဥ်းစားပေးပါ့မယ်"

ဝမ်မင်က ကျိုက်ယန် သူ့ကို အထာပေးနေသည်ဟု လွဲမှားစွာ ထင်မြင်နေ၏။

သို့သော် အမှန်က သူဘာသာ အရူးထနေခြင်းပင်။

ကျိုက်ယန်က ဧည့်ဂမုန်းပင် ထက်ပင် ပိုဖြောင့်နေသည်။

ကျိုက်ယန် "...???..."

ဝမ်မင် "ငါ့လို ထက်မြက် ချောမောတဲ့ အထက်တန်းစား တစ်ယောက်က ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဆိုတာ ငါသိပါတယ်.. တကယ်တော့ ငယ်ငယ်ကဆိုရင် ငါ့ကို လိုက်ဖမ်းတဲ့သူတွေ အမြဲရှိခဲ့တယ်"

ကျိုက်ယန် "............"

ဝမ်မင် "တကယ်တော့ မင်းငါ့ကို စိတ်ဝင်စားတာကို တကယ် ကျေနပ်မိပါတယ်.. ဒါက မင်းအရသာကောင်း ကြိုက်ကြောင်း ပြသလိုက်တာပါပဲ

ကျိုက်ယန် "..........."

ဝမ်မင် "ဒါပေမယ့်.. ငါတို့က မလိုက်ဖက်ဘူးလေ.. ငါတို့ ဘယ်လိုအတူနေနိုင်မှာလဲ.. ငါက ဒုတိယမျိုးဆက် အသန်မာဆုံး ဦးနှောက်ကို မွေးထုတ်ချင်သေးတယ်.. ဒါကြောင့် ဥက္ကဌချီကို အကြောင်းပြပြီး ငါ့နောက်ကို လိုက်ချင်နေတဲ့ အပြုအမူကို ရပ်တန့်လိုက်ပါ.. ဝေးဝေးနေပေးတာက ပိုချစ်လာစေတယ်ဆိုတဲ့ စကားကို နားလည်တယ်မလား"

ဝမ်မင်၏စကားကို နားထောင်ရင်း ကျိုက်ယန်၏ မျက်နှာက နီရဲနေပြီဖြစ်သည်။

သူက လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

"မင်း.. ခုနကစကားကို ထပ်ပြောပါဦး"

ဝမ်မင်က စိတ်ရှည်စွာဖြင့် ထပ်ပြောခဲ့သည်။

"ဝေးဝေးနေရင် နှလုံးသားချင်း ပိုမြတ်နိုးစေတယ်လို့ ငါပြောချင်တာပါ.. လက်ရှိမှာတော့ ငါတို့နှစ်ယောက် အတွက် မျှော်လင့်ချက်က ကင်းမဲ့နေတယ်"

ကျိုက်ယန် အသက်ခပ်ပြင်းပြင်းရှူလိုက်သည်။

အဆုံးသတ်တွင် သူ သည်းမခံနိုင်တော့ပေ။

"ငါကမိန်းမပဲ.. ကျပ်မပြည့်တဲ့ကောင်ရဲ့"

ဝမ်မင် "..........."

သူ၏ အမြင် သုံးပါးလုံးက ပြင်းထန်စွာ ထိုးနှက်ခံရသလို ခံစားလိုက်ရသည်။

"မင်း.. မင်းက မင်းပါးပါးရဲ့ နားမှာ အမှုထမ်းရအောင် ဟွာမူလန်မို့လို့လား.. နေပါဦး.. မင်း ဘယ်လိုလုပ်ပြီး မိန်းကလေး ဖြစ်နေရတာလဲ.. မင်းဗိုက်ကြွက်သားက ကျောက်တုံးလို မာကျောတာလေ"

ကျိုက်ယန် "ငယ်ငယ်ကတည်းက ခမ်းနားသော အင်မော်တယ်တပ်ဖွဲ့ နဲ့ နှစ်ပေါင်းရာချီ ကျင့်ကြံခဲ့တဲ့ ဘယ်သူမဆို ကျောက်သားလို ကြမ်းတမ်းတဲ့ ဗိုက်ကြွက်သားရှိမှာပဲ"

"ဒါ့အပြင် မိန်းကလေးတွေကို ဗိုက်ကြွက်သား ထားခွင့် မပြုဘူးလို့ စည်းမျဥ်းမှာလည်း မတားမြစ်ထားဘူး.. ဒါ့အပြင် လူတစ်ယောက်ရဲ့ လိင်ကို ဆုံးဖြတ်ဖို့ ကြွက်သားတွေကို အသုံးပြုနေတယ် ဆိုရင်တော့ ရှင်က အသန်မာဆုံး ဦးနှောက်ဆိုတဲ့ ဘွဲ့ကို ဘယ်လိုရခဲ့လည်းလို့ တွေးရတော့မှာပဲ"

"............"

ဝမ်မင်က ကျိုက်ယန်ကို သံသယဖြင့် ကြည့်လိုက်သည်။

သူမက အမျိုးသမီး ဖြစ်ကြောင်းကို ယခုမှ ဝန်ခံခဲ့သည်။

ဝမ်မင်က ကျိုက်ယန်၏ အေးစက်စက် မျက်နှာကို တစ်ဖန်ဂရုတစိုက် စစ်ဆေးကြည့်ရာ မိန်းကလေးနှင့် သက်ဆိုင်သည့် ဝိသေသ လက္ခဏာအချို့ကို အမှန်တကယ် သတိပြုမိခဲ့သည်။

ဥပမာအားဖြင့် သူမ၏မျက်ခုံးက အမှန်တကယ် ပါးလွှာသည်။

ထိုအချိန်တွင် ကျိုက်ယန်က ဝမ်မင် ရှေ့၌ သူမ၏ စစ်ဦးထုပ်ကို ပထမဆုံးအကြိမ် ချွတ်လိုက်သည်။

ကျိုက်ယန်က စစ်ဦးထုပ်အောက်တွင် တစ်စုံတစ်ရာကိုဝှက်ထားကြောင်း သူအမြဲတွေးထားသော်လည်း ဦးထုပ် ချွတ်လိုက်သော အခါတွင် ခါးထိရှည်သော ဆံပင်များက ဖြာခနဲ ကျလာသည်။

ထိုမြင်ကွင်းကြောင့် ဝမ်မင်၏ ပါးစပ်ထောင့်က တလှုပ်လှုပ်ဖြစ်သွားသည်။

[ဒီကောင်က တကယ်ကြီး မိန်းကလေးပဲ]

"ဒီဆံပင်က ငါ့ရဲ့ မှော်လက်နက်ပဲ.. ငါ့ဆံပင်ကို တခြားသူတွေကို တစ်ခါမှ မပြဖူးဘူး.. ရှင်က ပထမဆုံးပဲ"

ကျိုက်ယန်က သူ့ကိုကြည့်ရင်း ပြောလိုက်သည်။

သူမ၏ အထောက်အထားကို အတည်ပြုပြီးနောက်တွင် သူမက စစ်ဦးထုပ်ကို ဝတ်ဆင်ကာ ဆံပင်ကို ချက်ချင်း ပြန်ဝှက်ထားလိုက်သည်။

"ဒီမတိုင်မီက လှပတဲ့ အမျိုးသမီး သက်တော်စောင့် ပေးဖို့ နင် ဥက္ကဌချီကို သွားတွေ့ခဲ့တာ ငါသိတယ်"

ထိုစကားကို ပြောသောအခါတွင် သူမ နှုတ်ခမ်းက အနည်းငယ် တွန့်ကွေးသွားသည်။

"အခု ရှင့်ရဲ့တောင်းဆိုမှုကို သူဘာလို့ မတုံ့ပြန်တာလဲ ရှင်သိပြီလား"

ဝမ်မင်"............"

[ချီး.. ကိုယ့်ကိုယ်ကိုယ် လှတယ်လို့ထင်နေတာလား]

All Chapters