ကြမ်းတမ်းခက်ထန်ပြီးမှ နွေးထွေးတဲ့သူ ဖြစ်လာမယ်ဆိုရင် ဘဝပျက်နိုင်တယ်
Vol. 23 Ch. 344
ဝမ်မင်က အလွန်ဆိုးရွားသော ပြဿနာတစ်ရပ်ကို သဘောပေါက်ခဲ့သည်။
သူက ဥက္ကဌချီ၏ လုံးလုံးလျားလျား လှည့်စားခြင်းကို ခံခဲ့ရသည်။
ကျိုက်ယန်သာ သူ့ကို အမှန်အတိုင်း မပြောခဲ့လျှင် သူမက မိန်းကလေး ဖြစ်နေမည်ဟု သူဘယ်တုန်းကမှ တွေးမိမည်မဟုတ်ပေ။
ကမ္ဘာပေါ်တွင် လိင်သုံးမျိုး ရှိကြောင်း သိလိုက်ရသဖြင့် သူ အံ့ဩသွားမိသည်။
ကျား၊ မနှင့် ကျိုက်ယန်
ဤအချိန်တွင် သူ စိတ်ပျက်အားငယ်သွားသည်။
ယခု သူမက သူမ၏ ကိုယ်ပိုင်လက္ခဏာကို ထုတ်ဖော်ပြသလိုက်ပြီးနောက် သူ့အပေါ်တွင် လုံးဝ အာရုံစိုက်နေကြောင်း ဝမ်မင် ကောင်းကောင်းသိသည်။
ယခုကိစ္စကို သူမအား ဖုံးကွယ်ထားဖို့ မဖြစ်နိုင်သေးပေ။
သူထွက်သွားချင်လျှင် သူမကို ဖြတ်ကျော်ရမည် မဟုတ်လော။
ဝမ်မင် အံကြိတ်၍ တောင်းတောင်းပန်ပန် ပြောလိုက်သည်။
"အစ်မကြီး တောင်းပန်ပါတယ်.. ဒီနေ့တော့ အနားယူလိုက်ပါ.. ကျနော့်ကို သွားခွင့်ပြုပါနော်"
"မရဘူး"
သူမက ခေါင်းကို ခါယမ်းလိုက်သည်။
သူမ လေသံက အေးစက်စက် ဖြစ်နေ၏။
ဝမ်မင်က စေ့စပ်ညှိနှိုင်းမှု မအောင်မြင်သည်ကို မြင်လိုက်ရသဖြင့် ကူကယ်ရာမဲ့ကာ သက်ပြင်းချလိုက်ပြီး ဓာတ်ခွဲခန်း တံခါးကို မှီ၍ ပြောလိုက်သည်။
"ငါ့ညီလေးရဲ့ကျောင်းမှာ တစ်ခုခုဖြစ်နေလို့ပါ.. မင်းလည်း အဲဒီအကြောင်း သိတယ် မဟုတ်လား.. ငါသူ့ကို သွားကူညီရမယ်"
"ရွှေကုံးဂိုဏ်းအကြောင်း ပြောနေတာလား"
ကျိုက်ယန်၏ မျက်လုံးများက ကျဥ်းမြောင်းသွားသည်။
ဟုတ်ပါသည်။ဤကိစ္စကို သူမ သိ၏။
ဤကိစ္စက လွန်ခဲ့တဲ့ နှစ်နာရီခန့်တွင် မီဒီယာများကို ပွက်လောရိုက်စေခဲ့သည် မဟုတ်လော။
သူ့ဖုန်းကို လော့ခ်ဖွင့်သည်နှင့် ဖုန်းထဲမှ အသိပေးချက် အားလုံးနီးပါးက ဤဖြစ်ရပ်နှင့် ပတ်သက်နေသည်။
ဝမ်မင်က ကူညီလိုစိတ် မည်မျှပြင်းထန်သည်ကို သူမ မြင်လိုက်သော အခါတွင် မအော်ငေါက်ဘဲ မနေနိုင်တော့ပေ။
"ရှင်အနေနဲ့ ဘာလုပ်နိုင်မယ် ထင်လဲ.. ရှင်က ကျင့်ကြံသူလား.. ကမ္ဘာကြီးရဲ့ ကယ်တင်ရှင်လား.. ဒီကိစ္စကို ကိုင်တွယ်မယ့်သူ ရှိလာလိမ့်မယ်.. ကျမ အလုပ်က ရှင့်ရဲ့ ဦးနှောက်ကို ကာကွယ်ဖို့ပဲ"
ဝမ်မင်က မချိပြုံးပြုံးလိုက်သည်။
"ငါ့ကို အထင်မသေးနဲ့.. ဦးနှောက်ချင်း ယှဥ်ရင်တော့ ငါ့ IQ ရဲ့ နှစ်ထပ်ကိန်း အရင်းကတောင် မင်းထက် ပိုမြင့်နေလိမ့်မယ်"
ထိုသို့ပြောပြီးနောက် သူ့ပတ်ဝန်းကျင်တွင် သိသိသာသာ အပူချိန် ကျဆင်းသွားသလို ခံစားလိုက်ရသည်။
ကျိုက်ယန်က သူ့ကို အေးစက်စွာ ကြည့်နေသည်။
"ထပ်ပြောကြည့်ပါဦး"
"ငါပြောချင်တာက မင်းငါ့နောက်ကို လိုက်နိုင်ပေမယ့် ငါ့လမ်းကိုတော့ မပိတ်ပါနဲ့.. ငါ့ညီလေးက ငါ့ကို စာပို့ပြီး အကူအညီတောင်းခဲ့တယ်.. ငါဘယ်လိုငြင်းလို့ရမှာလဲ"
ထိုစကားကိုကြားလျှင် ကျိုက်ယန် အံကြိတ်လိုက်သည်။
"စိတ်မပူပါနဲ့.. ဥက္ကဌချီက ရှင့်ရဲ့ ဦးနှောက်ကို ကာကွယ်ဖို့ပဲ ကျမကို တာဝန်ပေးထားတယ်.. ရှင်သေရင် ကျမနဲ့ ဘာမှမဆိုင်ဘူး"
"ကောင်းပြီလေ.. အဲဒါလည်း ကောင်းသားပဲ.. ငါဘာပဲလုပ်လုပ် အနှောင့်အယှက်မပေးနဲ့"
ဝမ်မင်က ရွှင်မြူးစွာ ပြောပြီးနောက် သူ့ရင်ဘတ်ရှေ့တွင် လက်နှစ်ဖက်ကို ကြက်ခြေခတ်ပုံစံ လုပ်ပြလိုက်သည်။
"ငါ့ဦးနှောက် မရှိတော့ရင်တောင် မင်း ငါ့ခန္ဓာကိုယ်ကို ဘယ်တော့မှ မရစေရဘူး"
".............."
ကျိုက်ယန်က ဒေါသအရမ်းထွက်နေ၏။
သူမက လက်သီးကို ဒေါသတကြီး ဆုပ်ကာ အံတင်းတင်း ကြိတ်လိုက်သည်။
ခဏအကြာတွင် သူမက စူးရှစွာ အသက်ရှုသွင်းလိုက်သည်။
ထို့နောက်တွင် ဝမ်မင်ကို ဤကိစ္စအား လုပ်ဆောင်ခွင့် ပြုလိုက်တော့သည်။
စောင့်ကြည့်ရေးအခန်းတွင် ဥက္ကဌချီက ကော်ဖီသောက်ရင်း မော်နီတာစခရင်ကို စိုက်ကြည့်နေသည်။
သူ၏အမူအရာက အလွန် တည်ငြိမ်မှုရှိနေသည်။
စကားလုံးတစ်လုံး သို့မဟုတ် နှစ်လုံးမျှ ဖလှယ်ရုံဖြင့် ဤလူငယ်တွေကြားက အခြေအနေကို သူနားလည်ခဲ့၏။
ထိုနှစ်ယောက်ကြားတွင် ဖြစ်ပျက်ခဲ့သည်များကို သူမသိသော်လည်း အဆုံးသတ်တွင် စကားဖြင့်ပင် ဖော်ပြ၍ မရသည့်ထူးဆန်းသည့် အခြေအနေများ ရှိသည်။
တကယ်တမ်းတွင် ကျိုက်ယန်၏ လိင်အပြင် ဝမ်မင် မသိသေးသည့် နောက်တစ်ချက်မှာ သက်တော်စောင့် တာဝန်ပေးရန် ဥက္ကဌချီကို ကျိုက်ယန် ကိုယ်တိုင် လာလျောက်ခဲ့ခြင်း ဖြစ်၏။
ခမ်းနားသော အင်မော်တယ် အထူးတပ်ဖွဲ့ဝင်ကို မည်သည့် တစ်စုံတစ်ဦးမှ ဌားယမ်းနိုင်မည် မဟုတ်ကြောင်း ဥက္ကဌချီ သိသည်။
ဓါတ်ခွဲခန်းမှ မထွက်ခွာမီ နှစ်ယောက်သား စကားများ ရန်ဖြစ်နေသည်ကို သူမြင်ခဲ့ရသည်။
ဥက္ကဌချီက ကော်ဖီသောက်ရင်း သက်ပြင်းချလိုက်၏။
"အခုခေတ်မှာ ကြမ်းတမ်းခက်ထန်ပြီးမှ နွေးထွေးတဲ့သူ ဖြစ်လာမယ်ဆိုရင် ဘဝပျက်သွားနိုင်တယ်"
....................
ကျိုက်ယန်က တိုက်ခိုက်ရေးယာဉ်ကို မောင်းနှင်လာပြီး ဝမ်မင်၏ ညွှန်ကြားချက်အရ ကျောင်းပေါင်း100 အထွေထွေအုပ်ချုပ်ရေးဌာန၏ ရုံးရှေ့တွင် ရပ်လိုက်သည်။
ဝမ်လင်းက ဝမ်မင်ထံ စာပို့ပြီးနောက် ကျိုးရီထံ စာပေးပို့ခဲ့၏။
ကျိုးရီက ဝမ်မင် လာမည်ကို သိ၍ အောက်ထပ်တွင် ကြိုစောင့်နေခဲ့သည်။
လက်ထောက်ညွှန်ကြားရေးမှူး ကျုံးလန်ကမူ ယခုမှပင် အိမ်မှ အမြန်ပြေးလာခဲ့၏။
ကျိုက်ယန်က ကျိုးရီ၏ ဘေးတွင် ကားကို အသာအယာ ရပ်လိုက်သည်။
ဝမ်မင်က ပြတင်းပေါက်မှန်ကို ဖြည်းညှင်းစွာ ချလိုက်ပြီး ကျိုးရီကို မော့ကြည့်လိုက်သည်။
"မင်းက ကျိုးရီလား.. ကားထဲဝင်ခဲ့လေ"
ဝမ်မင်က ကျိုးရီ အကြောင်းကို မကြာသေးမီက ဖြစ်ပျက်ခဲ့သော သတင်းများကနေ ကြားသိခဲ့ရသည်။
ဤစံပြပုဂ္ဂိုလ်က တိုင်းပြည်ကို တုန်လှုပ်စေမည့် ကိစ္စအားလုံးနီးပါးတွင် အနည်းနှင့်အများ ဆက်စပ်နေသည်။
ဝမ်မင်က ဤကိစ္စများတွင် ကျိုးရီ ပါဝင်နေရခြင်း၏ အကြောင်းအရင်းမှာ ဝမ်လင်းကြောင့် ဖြစ်နိုင်ကြောင်း ကောင်းကောင်း သိသည်။
တစ်နည်းအားဖြင့် သူက ကျိုးရီအတွက် စိတ်မကောင်းဖြစ်မိသည် ။
[ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက်တောင် ခံနိုင်ရည်ရှိနေပြီလား]
ကားပေါ်တက်ပြီးနောက် ကျိုးရီက ဝမ်မင်ကို အကဲခတ်လိုက်သည်။
သူ့ဆရာတွင် ဝမ်းကွဲအကို တစ်ယောက်ရှိမှန်း သူသိသော်လည်း တစ်ခါမှ ကိုယ်တိုင် မမြင်ဖူးခဲ့ပေ။
ဤပထမဆုံး တွေ့ဆုံမှုတွင် ကျိုးရီက ဝမ်မင်၏ အဖြူရောင်သုတေသန ဝတ်စုံပေါ်မှ လိုဂိုတံဆိပ်ကို တွေ့ကာ အံ့သြသွားသည်။
ထို့ပြင် ဤလူက တံဆိပ်ကို ရင်ဘတ်တွင် ချိတ်ဆွဲထား၏။
ဤတံဆိပ်က နိုင်ငံတော်အဆင့် ပညာရှင်တွေသာ ၀တ်ဆင်သည့် ဆုတံဆိပ် ဖြစ်သည်။
ယင်းက ကြယ်ဆယ်ပွင့် ဆုတံဆိပ် ဖြစ်သည်။
တစ်နိုင်ငံလုံးတွင် ၀တ်ဆင်ရန် အရည်အချင်းပြည့်မီသူ သုံးဦးထက် ပိုမရှိပေ။
ဤတံဆိပ်ကို မြင်ပြီးနောက်တွင် ကျိုးရီကို ကျိုက်ယန်၏ ပခုံးပေါ်ရှိ သင်္ကေတကို တစ်ချက် ကြည့်လိုက်မိပြီး ချက်ချင်းပင် စိတ်ထဲကနေ အော်ဟစ်လိုက်သည်။
[ခမ်းနားသောအင်မော်တယ် အထူးတပ်ဖွဲ့ဟ]
ကျိုးရီ လုံးဝကို အံ့သြနေမိသည်။
ဝမ်မင်က ကျိုးရီ၏ အပြုအမူကို ကြည့်ရင်း ပြုံးလိုက်သည်။
"မင်းစိတ်မပူနဲ့.. ကားဒရိုင်ဘာက ငါ့ရဲ့ အမျိုးသမီးကိုယ်ရံတော်ပါ"
ထိုစကားကို ပြောရာတွင် သူက "အမျိုးသမီး"ဆိုသည့် စကားလုံးကို အထူးအလေးပေး ပြောကြားခဲ့ရာ ကျိုက်ယန်၏ ပါးစပ်ထောင့်က အနည်းငယ် တလှုပ်လှုပ် ဖြစ်သွားသည်။
ကျိုးရီက ထိတ်လန့်သွားပြန်သည်။
ဤလူက ခမ်းနားသော အင်မော်တယ် အထူးတပ်ဖွဲ့မှ လူတစ်ဦးကို ယာဉ်မောင်းအဖြစ် ဖိတ်ကြားခဲ့သည်။
ယင်းက အရမ်းလွန်ကဲလွန်း၏။
[ဆရာ့ရဲ့ ဝမ်းကွဲအစ်ကိုကြီးက မျှော်လင့်ထားတဲ့ အတိုင်းပဲ]
"ခမ်းနားသော အင်မော်တယ် အထူးတပ်ဖွဲ့က အမျိုးသမီးစစ်သည်နဲ့ တွေ့ဖူးတာ ဒါပထမဆုံးအကြိမ်ပဲ"
ကျိုးရီက ပြောလိုက်သည်။
"အဲဒါ အဓိက မဟုတ်ဘူး ညီနောင်"
ဝမ်မင်က ကျိုက်ယန်ကို ညွှန်ပြကာ ပြောလိုက်သည်။
"အဓိကကတော့ သူမက ဆံပင်ကို နည်းနည်းလောက် ပြင်လိုက်တာနဲ့ မိန်းမနဲ့ ဘယ်နေရာမှာမှ မတူတော့ဘူး"
ကျိုက်ယန်က စတီယာရင်ဘီးကို ကိုင်ရင်း အံတင်းတင်းကြိတ်လိုက်သည်။
ကျိုးရီက ခေါင်းခါယမ်းလိုက်သည်။
"ဆရာဝမ်.. မင်းအဲ့လောက်ထိတော့ မပြောသင့်ပါဘူး.. တကယ်တော့ လူတစ်ယောက်ကို သေသေချာချာကြည့်ပြီးမှ ငါတို့သုံးသပ်သင့်တယ်.."
"တကယ်တော့ အမျိုးသားနဲ့ အမျိုးသမီးတွေမှာ မတူညီတဲ့ စရိုက်လက္ခဏာတွေ၊တန်ဖိုးတွေ ရှိကြပါတယ်.. သုတေသနလုပ်တဲ့သူတွေက သိပ္ပံပညာကို တန်ဖိုးထားသလိုပေါ့"
ဝမ်မင်က ထိုစကားကို အချိန်အတော်ကြာ မချေပနိုင်ခဲ့ပေ။
ခဏအကြာတွင် သူက လက်ကို ဝှေ့ယမ်းလိုက်သည်။
သူ့မျက်နှာပေါ်တွင်လည်း ကြေကွဲဖွယ် အမူအရာတစ်ခု ပေါ်လာ၏။
"ငါက သူ့ကိုယောကျာ်းလေးဆန်တယ်လို့ ဆိုလိုချင်တာ မဟုတ်ပါဘူး.. ငါ့ရဲ့ အမျိုးသမီး သက်တော်စောင့် ဒရိုင်ဘာကို နူးညံ့သိမ်မွေ့ပြီး ချစ်စရာကောင်းတဲ့ မိန်းကလေး ဖြစ်စေချင်တာပါ"
ထိုစကားကို ကြားပြီးနောက် ကျိုးရီ ခေါင်းခါယမ်းလိုက်ပြန်သည်။
"ဆရာဝမ်.. မင်းပြောခဲ့တာတွေက ဒီမိန်းကလေးကို သက်သက်မဲ့ ဖောင်းထုနေသလိုပဲ"
ဝမ်မင် "..???.."
ကျိုးရီ "လူတစ်ယောက်ရဲ့ လိင်အကြောင်း ရှင်းရှင်းလင်းလင်းလုပ်ရတဲ့ အချိန်တွေရှိတယ်.. ဒါပေမယ့် တချို့လူတွေမှာကျတော့ ကြားနေလိင်တွေ ရှိတတ်လို့ ငါတို့တွေ မခွဲခြားသင့်ဘူး"
"အခုတလော အွန်လိုင်းမှာ ချစ်စရာကောင်းတဲ့ ညီမလေးတွေ အများကြီးရှိတယ်... ဒါပေမယ့် အားလုံးက မင်းထက် ပိုကြီးတဲ့ ဒစ်တွေ ရှိတယ်"
ကျိုက်ယန်".........."
ဝမ်မင် "..........."