စိတ်ကူးယဥ်လွန်းပြီး လျှို့ဝှက်စွမ်းအားများ ရှိသည်ဟု ကိုယ့်ကိုယ်ကိုယ် ထင်တတ်ခြင်း
Vol. 23 Ch. 345
ရှန်းယွင်လမ်း၊ စုန့်ဟိုင်မြို့။
ရှောင်မျိုးနွယ်စုမှ ငွေကြေးထောက်ပံ့ထားသည့် နက်မျက်စိအထက်တန်းကျောင်းသည် ဤလမ်းပေါ်တွင် တည်ရှိသည်။
ကျိုးရီ ကားပေါ်တက်ပြီးနောက်တွင် ကျိုက်ယန်က သူတို့ကို ရှန်းယွင်လမ်း၏ လမ်းဆုံ မောင်းပို့ခဲ့ပြီး ကားကို ဘေးချ၍ ရပ်တန့်လိုက်သည်။
လမ်းနှစ်ဘက်စလုံးတွင် ပိတ်ဆို့တားဆီးမှုများ ပြုလုပ်ထားပြီ ဖြစ်ကာ လမ်းဆုံတွင် ရဲအများအပြား စောင့်ကြပ်လျက်ရှိသည်။
"ဒီနေရာလား"
ဝမ်မင်က ကောင်းကင်သတ္တုဓားကို ကိုင်ထားပြီး ကားထဲမှ ထွက်လာခဲ့သည်။
အဆောက်အဦးများနှင့် အားကစားကွင်း အပေါ်တွင် လွှင့်ထားသည့် နတ်မျက်စိ အထက်တန်းကျောင်း၏ ကျောင်းအလံကို အဝေးက လှမ်းမြင်နေရ၏။
ရှန်းယွင် လမ်းမပေါ်ရှိ နေထိုင်သူများနှင့် လမ်းသွားလမ်းလာများ အားလုံးကို ရဲတပ်ဖွဲ့က ကျိုးရီ မရောက်မီ ရွှေ့ပြောင်းထားပြီ ဖြစ်သည်။
၎င်းက အရေးပေါ် အခြေအနေ ဖြစ်သောကြောင့် နတ်မျက်စိ အထက်တန်းကျောင်းမှ ကျောင်းသားများအား အလံမချမီ နေအိမ်သို့ အမြန် ပို့ဆောင်ခဲ့ကြသည်။
ကျောင်းသားများ အတွက် အရေးကြီးဆုံးမှာ ဤနေ့အတွက် အိမ်စာ မရှိခြင်းပင်။
ကျိုးရီ၏ အဆိုအရ အမည်မသိ အသီးများကို စားခဲ့သော ကျောင်းသားများ အားလုံးသည် လက်ရှိတွင် ကျောင်းပေါင်း 100 အထွေထွေအုပ်ချုပ်ရေး၏ တိုက်ရိုက် ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။
၎င်းတို့အားလုံးကို ကျင့်ကြံခြင်း ဆေးရုံ၏ သီးသန့်ဆောင်တွင် သီးခြားခွဲထုတ်၍ ကုသရေး လုပ်ဆောင်ခဲ့ရာ အခြေအနေကို အတိုင်းအတာ တစ်ခုအထိ ထိန်းထားနိုင်ခဲ့သည်ဟု ဆိုနိုင်သည်။
သို့သော် အာဏာပိုင်များက ဤအသီး၏ ဖွဲ့စည်းပုံကို မသိရှိသောကြောင့် ကလေးများ၏ ခန္ဓာကိုယ်အတွင်း၌ ဝိညာဉ်စွမ်းအားများ ဖြစ်ပေါ်လာခြင်းကို လုံးလုံးလျားလျား ဟန့်တားရန် နည်းလမ်းမရှိပေ။
၎င်းကိုကုသရန် ပိုမိုအဆင့်မြင့်သော ဓာတုဗေဒနည်းလမ်းဖြင့်သာ အားကိုးနိုင်မည် ဖြစ်သည်။
ကျောင်းသို့ သွားရာလမ်းတွင် ကျိုးရီက ဝမ်မင်အား ဆေးရုံဒါရိုက်တာလီထံ ဖုန်းခေါ်ဆိုခဲ့ကြောင်း ပြောပြခဲ့၏။
လက်ရှိတွင် ကျွမ်းကျင်သူများနှင့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်း အားလုံးက ဤကိစ္စတွင် ပါဝင်ရန် ၎င်းတို့၏ ကိုယ်ပိုင် အနားယူချိန်များကို စွန့်လွှတ်ခဲ့ကြသည်။
ရှောင်မျိုးနွယ်စုက အင်မော်တယ်ထုန်ရာ အပါအဝင် အဂ္ဂိရတ်ပညာရှင်အဖွဲ့နှင့်လည်း အရေးပေါ်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
အကြောင်းရင်းမှာ ဤအခြေအနေက ကြာကြာအချိန်ဆွဲ၍ မရတော့သောကြောင့်ပင်။
ဆေးရုံအနေဖြင့် ကျောင်းသားများ စိတ်ဝိညာဥ် မပေါက်ကွဲအောင် သဘက်ခါ နံနက်ခြောက်နာရီ အထိသာ ထိန်းထားနိုင်မည် ဖြစ်သည်။
ထိုအချိန်တွင် ကျောင်းသားများ၏ ခန္ဓာကိုယ် အတွင်းရှိ ဝိညာဉ်စွမ်းအားမှာ စိတိဝိညာဉ်ပေါက်ကွဲခြင်း မဖြစ်ပေါ်မီ ပြည့်ဝအမှတ်သို့ ရောက်ရှိသွားမည် ဖြစ်သည်။
သို့သော် ထုံးစံအတိုင်း ခြွင်းချက်တစ်ခုတော့ ရှိခဲ့သည်။
ယင်းမှာနတ်မျက်စိ အထက်တန်းကျောင်း၏ ရှောင်ယွင်ချမ်းဖြစ်သည်။
"ရှောင်ယွင်ချမ်းက ဒီလမ်းပေါ် ရောက်နေတယ်ဆိုတာ ကျွန်တော်တို့ အတည်ပြုထားပါတယ်.. သူက ကျတော်တို့ အထူးရဲ အဖွဲ့ဝင်တွေကိုတောင် တိုက်ခိုက်သွားသေးတယ်"
ကျိုးရီက သူ့ချွေးများကို သုတ်ရင်း ပြောလိုက်သည်။
"အထူးရဲတွေကိုတောင် တစ်ယောက်ထဲ ဖိုက်ခဲ့တာလား.. ကြမ်းလှချည်လားဟ"
ဝမ်မင် ထိတ်လန့်သွားသည်။
"အမှန်ပဲ.. သူတို့က ရွှေအမြူတေအဆင့် အထူးရဲတွေပါ.. ဒါပေမယ့် စာခြောက်ရုပ်တွေလိုပဲ လွယ်လွယ်ကူကူ ဖယ်ရှားခံခဲ့ရတယ်.. ပြန်တောင် မတိုက်နိုင်ခဲ့ဘူး"
ကျိုးရီ သက်ပြင်းချလိုက်သည်။
"ဆေးရုံက သတင်းတွေအရဆို သဘက်ခါ မနက်အထိ ဆေးရုံကို ဝင်ခွင့်ရတဲ့ ကလေးတွေကိုပဲ သူတို့ တတ်နိုင်တော့မယ်.. ဒါကြောင့် ရှောင်ယွင်ချမ်းကို ဖမ်းမိဖို့ အရေးကြီးနေပြီ.. မဟုတ်ရင် ရှောင်ယွင်ချမ်းက စိတ်ဝိညာဥ် ပေါက်ကွဲသွားလိမ့်မယ်"
ဝမ်မင်က ထိုစကားကို ကြားပြီးနောက် ခေါင်းညိတ်လိုက်သည်။
ရှောင်ယွင်ချမ်း၏ လက်ရှိ အခြေအနေအရ အထူးရဲများကို တိုက်ခိုက်နိုင်သည်မှာ အံ့သြစရာမရှိပေ။
"ငါ့အမြင်တော့ ရဲတွေချထားတဲ့ အစီအရင် အတားအဆီးတွေက နည်းနည်း အားနည်းတယ်.. စိတ်ဝိညာဉ်ပေါက်ကွဲမှုကို လုံးဝ ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး.. ဒါပေမယ့် အနည်းဆုံးတော့ ရှောင်ယွင်ချမ်း ထွက်မပြေးအောင် တားဆီးနိုင်ပါသေးတယ်"
ကျိုးရီက အစီအရင် အတားအဆီးကို တစ်ချက်ကြည့်လိုက်သည်။
"စိတ်ဝိညာဉ် ပေါက်ကွဲမှုဖြစ်ခဲ့ရင် ရှန်းယွင်လမ်း တစ်ခုလုံးနဲ့ ကီလိုမီတာ သုံးဆယ် အကွာအဝေးမှာရှိတဲ့ အရာအားလုံးကို ထိခိုက်စေလိမ့်မယ်"
အထက်အရာရှိများထံမှ ညွှန်ကြားချက်မှာ ပျက်စီးဆုံးရှုံးမှုကို လျှော့ချရန်နှင့် ရှောင်ယွင်ချမ်း လုံခြုံစေရန် ဖြစ်သည်။
"ဘာမှ မတတ်နိုင်တဲ့အချိန်ကို ရောက်လာရင်တော့ သူ့ကို သ-တ်ရတော့မှာပဲ.. မဟုတ်ရင် စိတ်ဝိညာဥ် ပေါက်ကွဲမှုကြောင့် ဆုံးရှုံးမှု ကြီးသွားလိမ့်မယ်"
အနီရောင်သစ်သီးကို စားပြီးလျှင် ဘာဆက်ဖြစ်မည်မှန်း မည်သူမှမသိပေ။
"ရှောင်မျိုးနွယ်စုက ဒီသဘောတူညီချက်မှာ လက်မှတ် ရေးထိုးပေးခဲ့ပြီးပြီ"
ဝမ်မင်က ဤမျှ အခြေအနေ ဆိုးရွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။
အစောပိုင်းတွင် ကျိုးရီက သစ်သီး၏ ဘေးထွက်ဆိုးကျိုးများ အကြောင်း ပြောပြခဲ့သည်။
အဆုံးသတ်တွင် ၎င်းက စိတ်ဝိညာဥ်ကို ဝါးမျိုသွားနိုင်ပြီး စိတ်ဝိညာဉ် ပေါက်ကွဲသွားနိုင်၏။
ထို့အပြင် ဤဘေးထွက်ဆိုးကျိုးသည် လူတစ်ဦး၏ ကိုယ်လုံးကိုယ်ပေါက်ပေါ်တွင် မူတည်သည်။
ရှင်းလင်းစွာ ပြောရလျှင် စိတ်ကူးယဥ်လွန်းပြီး လျှို့ဝှက်စွမ်းအားများ ရှိသည်ဟု ကိုယ့်ကိုယ်ကိုယ် ထင်လေ သက်ရောက်မှု ကြီးမားလေ ဖြစ်သည်။
ဝမ်လင်း အပါအဝင် အခြေခံ တည်ဆောက်ခြင်း အဆင့် ကျောင်းသားအများစုမှာ အသက်ဆယ့်ခြောက်နှစ်သာ ရှိသေးသည်။
ထိုအရွယ်က စိတ်ကူးယဥ်လွန်းပြီး လျှို့ဝှက်စွမ်းအားများ ရှိသည်ဟု ကိုယ့်ကိုယ်ကိုယ် ထင်တတ်သော အရွယ်များ ဖြစ်ကြသည်။
ယနေ့ခေတ်တွင် ခေတ်မီ ကျင့်ကြံခြင်း နည်းစနစ်များ တိုးတက်လာသောကြောင့် ချီသန့်စင်ခြင်း အဆင့်မှ အခြေခံ တည်ဆောက်ခြင်း အဆင့်အထိ တိုးတက်ရန်မှာ အချိန်အနည်းငယ်သာ လိုအပ်၏။
လွန်ခဲ့သော နှစ်ထောင်ပေါင်း များစွာက ဆိုလျှင် ကျင့်ကြံသူအများစုသည် အခြေခံ တည်ထောင်ခြင်း အဆင့်သို့ ရောက်ရန် နှစ်ပေါင်း ရာချီ၍ ကြိုးစားအားထုတ်မှု များစွာ ပြုလုပ်ခဲ့ကြရသည်။
ထို့ကြောင့် လက်ရှိ အမျိုးသား ကျင့်ကြံခြင်း ခေတ်တွင် ငယ်ရွယ်သော အခြေခံ တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူများနှင့် ပတ်သက်၍ အကြီးမားဆုံး ပြဿနာမှာ စိတ်ကူးယဥ်လွန်းပြီး လျှို့ဝှက်စွမ်းအားများ ရှိသည်ဟု ကိုယ့်ကိုယ်ကိုယ် ထင်တတ်ခြင်း ဖြစ်သည်။
ရှောင်ယွင်ချမ်းက ဆယ့်ခြောက်နှစ်သား ကလေးမျှသာဖြစ်သည်။
သူ၏ ခွန်အားများ ရုတ်ခြည်း တဟုန်ထိုး တိုးတက်လာသောကြောင့် ကမ္ဘာကြီးကို ကယ်တင်ရန် နှင့် ကောင်းကင်ဘုံ၏ ရွေးချယ်ခံရသူ ဟုတ်မဟုတ် တွေးတောနေမည်မှာ သေချာသည်။
ထိုသို့ စိတ်ကူးယဥ်လွန်းပြီး လျှို့ဝှက်စွမ်းအားများ ရှိသည်ဟု ကိုယ့်ကိုယ်ကိုယ် ထင်နေသောကြောင့် သူ၏ စိတ်ဝိညာဥ်သာ ပေါက်ကွဲလျှင် သက်ရောက်မှု ကြီးမားမည် ဖြစ်၏။
ဝမ်မင် တစ်စုံတစ်ရာ တွေးတောနေပုံရသည်ကို မြင်လိုက်ရသဖြင့် ကျိုးရီ မနေနိုင်တော့ဘဲ မေးလိုက်သည်။
"ဆရာဝမ် ဘာတွေတွေးနေတာလဲ"
"ငယ်ငယ်ကအကြောင်းကို ရုတ်တရက် တွေးမိလို့ပါ"
ထိုအရွယ်က သူသည်လည်း စိတ်ကူးယဥ်လွန်းပြီး လျှို့ဝှက်စွမ်းအားများ ရှိသည်ဟု ကိုယ့်ကိုယ်ကိုယ် ထင်တတ်သည့်ရောဂါ ကူးစက်ခံရဖူးသည်ကို ပြန်သတိရမိသည်။
သူက ရှောင်ယွင်ချမ်းထက် နှစ်အနည်းငယ်သာ အသက်ကြီး၏။
သို့သော် အသက် ဆယ့်ခြောက်နှစ်အရွယ်တွင် သူ မရင့်ကျက်ခဲ့ပေ။
ကျိုးရီ "..........."
ဝမ်မင် "အဲဒီတုန်းက ဝတ္ထုတွေ ဖတ်ရတာ အရမ်းကြိုက်တယ်.. ပြီးတော့ လမ်းသွားရင် ရှေးဟောင်း မှော်ရတနာ တစ်ခုခုများ ကောက်ရမလားလို့ တွေးမိတယ်.. အဲဒီရတနာထဲမှာ သိုင်းဘိုးအေကြီး ရှိနေရင် ကောင်းမယ်လို့ တွေးခဲ့တယ်"
ကျိုးရီ "............."
ဝမ်မင် "ငါက ခရီးတွေ ထွက်ရတာကို အထူးနှစ်သက်တယ်.. ခရီးထွက်ရင်း လျှို့ဝှက်ဂူထဲကို ရောက်သွားမလားလို့ မျှော်လင့်မိတယ်.. အဲဒီလို ဂူတွေထဲမှာ ယေဘုယျအားဖြင့် ပျောက်ဆုံးသွားတဲ့ ကိုယ်ခံပညာအချို့ ရှိတတ်တယ်လေ"
ကျိုးရီ "............."
ကျိုက်ယန်၏ နှုတ်ခမ်းများ ကူကယ်ရာမဲ့ကာ တုန်ယင်နေသည်။
ထိုစကားကို ကြားလိုက်ရလျှင် အနီးနားမှ ရဲအရာရှိများနှင့် အထူးရဲများက တိတ်ဆိတ်သွားသည်။
ကျိုးရီပင် အေးခဲသွားသလို ခံစားလိုက်ရသည်။
ခဏအကြာတွင် အစီအရင် အတားအဆီး၏ တာဝန်ခံ ရဲမှူးက တိတ်ဆိတ်မှုကို ဖြိုခွင်း၍ ကျိုးရီအား ပြောလိုက်သည်။
"ဒါရိုက်တာကျိုး.. ငါတို့ အစီအရင် အတားအဆီးထဲ ဝင်လို့ရအောင် ဝင်ပေါက်တစ်ခု ပြင်ဆင်ပြီးပြီ.. ဒါပေမယ့် ပြဿနာတစ်ခု ရှိနေတယ်"
ကျိုးရီ "ဘာပြဿနာလဲ"
"ဝင်ပေါက်မှာ ကတ်စနစ်ကို အသုံးပြုထားတယ်.. သက်ဆိုင်ရာ ကတ်ပြားကို ကိုင်ဆောင်ထားသူတွေကပဲ ဝင်နိုင်တယ်...ဒါပေမယ့် အစီအရင် အတားအဆီးကို တပ်ဆင်တဲ့သူက ကတ်ပြားနှစ်ခုပဲ လုပ်ရသေးတယ်.."
ထိုသို့ပြောသောအခါ ရဲမှူးက ကျိုက်ယန် သူ့ကို စိုက်ကြည့်နေသည်အား ခံစားမိနေပြီ ဖြစ်သည်။
ရဲမှူးက ကျိုက်ယန်ကို မသိမသာ အကဲခတ်လိုက်သောအခါ သူမ၏ ပုခုံးပေါ်ရှိ သင်္ကေတကိုမြင်ပြီး ခမ်းနားသော အင်မော်တယ် အထူးတပ်ဖွဲ့၏ အဖွဲ့ဝင်တစ်ဦး ဖြစ်သည်ကို သိလိုက်ရလျှင် ချက်ချင်းပင် ချွေးစေးများ ထွက်ကာ အသံပင် တိုးသွားခဲ့သည်။
ဝမ်မင် ခေါင်းညိတ်လိုက်သည်။
"ဒါဆို ငါနဲ့ ဒါရိုက်တာကျိုး သွားလိုက်မယ်.. သူက ဒီတစ်ခါ စစ်ဆင်ရေးရဲ့ ခေါင်းဆောင်ပဲ"
ထိုစကားကြောင့် ကျိုက်ယန်၏ မျက်နှာက မည်းမှောင်သွားခဲ့သည်။
ဤမြင်ကွင်းကို ကြည့်ရင်း ဝမ်မင် နှင့် ကျိုက်ယန် တို့၏ ဆက်ဆံရေးက အနည်းငယ် "ရှုပ်ထွေးပုံပေါက်နေသည်" ကို ကျိုးရီ နောက်ဆုံးတွင် သဘောပေါက်သွားခဲ့သည်။
သူက အနည်းငယ် အဆင်မပြေသလို ခံစားလိုက်ရသည်။
"ဒါဆို.. ဖြစ်ပါ့မလား"
"ဘာလို့မဖြစ်ရမလဲ.. အမျိုးသမီးတွေက အမျိုးသားတွေရဲ့ အလုပ်မှာ အစထဲက မစွက်ဖက်သင့်ဘူးလေ"
ဝမ်မင်က ပြောလိုက်သည်။
သူ့နှလုံးသားထဲတွင် ပျော်ရွှင်သော ခံစားချက်ကို ခံစားခဲ့ရ၏။
နောက်ဆုံးတွင် သူက ဤနတ်ဆိုးမ ထံမှ လွတ်မြောက်နိုင်ခဲ့သည် မဟုတ်လော။
ဝမ်မင်၏ စကားကိုကြားလျှင် ဘေးနားတွင် ရှိနေသည့် ရဲမှူးက ကျိုက်ယန်ကို ဂရုတစိုက် ငုံ့ကြည့်ရင်း ရုတ်တရက် မျက်လုံးများ ပြူးကျယ်သွားကာ လိင်ကွဲပြားမှုနှင့် ပတ်သက်၍ မေးခွန်းထုတ်လိုက်သည်။
"မင်းက ယောကျာ်းလား မိန်းမလား"
ကျိုက်ယန်က လက်သီးဆုပ်ကာ ရဲမှူးကို စိုက်ကြည့်လိုက်သည်။
ရုတ်တရက် သူ့ခေါင်းက အေးစိမ့်သွားသလို ရဲမှူး ခံစားလိုက်ရသည်။
ထို့နောက် အက်ကွဲသံနှင့်အတူ သူ့ခမောက်က မြေပြင်ပေါ်သို့ ပြုတ်ကျ၍ အပိုင်းပေါင်းများစွာ ကွဲထွက်သွားသည်။
".............."
သူ၏ ခမောက် အပိုင်းအစများကို စိုက်ကြည့်ရင်း ရဲမှူးက အလွန်ထိတ်လန့်သွားသည်။
[ဒီမိန်းကလေးနဲ့ ဆက်ဆံရေး ထူထောင်ဖို့က ဒီလောက်ထိတောင် ကြောက်ဖို့ကောင်းတာလား]