← Chapters

ချပ်ဝတ်တန်ဆာအပြည့်ဖြင့် မှန်ကန်သောကိုယ်ဟန်

Vol. 24 Ch. 346

ချပ်ဝတ်တန်ဆာအပြည့်ဖြင့် မှန်ကန်သောကိုယ်ဟန်

Vol. 24 Ch. 346

အဆုံးသတ်တွင် ကျိုက်ယန်၏ မကျေမနပ် အကြည့်အောက်မှာပင် ဝမ်မင် နှင့် ကျိုးရီတို့က အစီအရင် အတားအဆီးထဲသို့ ဝင်သွားခဲ့သည်။

ခမောက်ကွဲသွားသော ရဲမှူးက အသည်းကွဲသော မျက်နှာဖြင့် မြေပြင်ပေါ်တွင် ဒူးထောက်ကျသွားသည်။

သူက ငိုချင်သော်လည်း မျက်ရည်မကျနိုင်ခဲ့ပေ။

ပျက်စီးသွားသော သံခမောက်မှာ ပြည်သူပိုင်ပစ္စည်း ဖြစ်၍ သူ့လစာထဲမှ စိုက်လျော်ရမည် ဖြစ်သည်။

ထိုထက် အရေးကြီးဆုံးအချက်မှာ ဤ ရက်စက်သောတိုက်ခိုက်မှာက အလွန်ကြောက်စရာ ကောင်းနေခြင်းပင်။

ဝမ်မင် နှင့် ကျိုးရီတို့က အတားအဆီးကို ဖြတ်သွားသည်အားကျိုက်ယန်က အံကြိတ်၍ ကြည့်နေခဲ့သည်။

ပတ်ဝန်းကျင်ရှိ လေထုက အေးခဲသွားသည်။

ရဲအရာရှိများက စကားမပြောရဲတော့ဘဲ ငြိမ်ကုန်သွားကြ၏။

ဝမ်မင် ပြောခဲ့သည့်အတိုင်းပင်။

ဤတစ်ကြိမ် စစ်ဆင်ရေး၏ ခေါင်းဆောင်မှာကျိုးရီဖြစ်သည်။

ခမ်းနားသော အင်မော်တယ် အထူးတပ်ဖွဲ့ဝင်လည်းဖြစ်၊စစ်မှုထမ်းကောင်း တံဆိပ်များစွာ ရရှိထားသူလည်း ဖြစ်သည့် ကျိုက်ယန်က အထက်လူကြီး၏ အမိန့်ကို ဘယ်သောအခါမှ ချေပနိုင်မည် မဟုတ်ပေ။

ယင်းက သူမအတွက် လုပ်ရကိုင်ရ အခက်ဆုံး အချက်ပင်။

ဝမ်မင်က အတားအဆီးထဲသို့ ဝင်သွားသည်ကို သူမ ဘာမှမတတ်နိုင်တော့ဘဲ ငေးကြည့်နေခဲ့ရသည်။

သူမက ပခုံးပေါ်ရှိ ခမ်းနားသော အင်မော်တယ် အထူးတပ်ဖွဲ့၏ သင်္ကေတကို လုံးလုံးလျားလျား ဆုတ်ဖြဲရန်ပင် စိတ်ထဲ၌ တွေးနေမိသည်။

သို့သော်လည်း သူမက ဝမ်မင်၏ ကိုယ်ရံတော်အဖြစ် လိုလိုချင်ချင် လျှောက်ထားခဲ့သူ ဖြစ်သည်။

ဤအတွကိ သူမ၏ တပ်ဖွဲ့ခေါင်းဆောင်က သူမကို သုံးနှစ်ခွင့်ပေးခဲ့၏။

အချိန်တန်လျှင် သူမက တပ်ဖွဲ့ဆီသို့ ပြန်သွားရပေဦးမည်။

ထို့ကြောင့် သူမက ခမ်းနားသော အင်မော်တယ်အထူးတပ်ဖွဲ့ဝင် တစ်ဦးဖြစ်နေဆဲ ဖြစ်သည်။

သူမက သူမ၏တပ်ဖွဲ့ကို အရှက်မကွဲစေလိုပေ။

ဤအတွက် ဘာမဆို လုပ်ကိုင်နိုင်၏။

သူမက အသက်ခပ်ပြင်းပြင်း ရှူပြီးနောက် စိတ်တည်ငြိမ်အောင် အတတ်နိုင်ဆုံး ကြိုးစားခဲ့ပြီး သူမ ဘေးနားရှိ ရဲမှုးကို မျက်လုံးထောင့်မှ လှမ်းကြည့်လိုက်သည်။

"ဒီအတားအဆီးကို ဖန်တီးသူ ဘယ်မှာလဲ"

ရဲမှူး "....???...."

ကျိုက်ယန် "ဆယ်မိနစ်အတွင်း ဒီအတားအဆီးထဲ ဝင်ဖို့ ကတ်ပြားလုပ်ပေးပါ"

ရဲမှူး ချက်ချင်းပင် မျက်နှာပျက်သွားသည်။

"အချိန်က မနည်းလွန်းဘူးလား.."

ကျိုက်ယန်က ရဲမှူးကို စိုက်ကြည့်ရင်း လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

"ဆယ်မိနစ်ဆိုတာ ငါ့ခံနိုင်ရည်ရဲ့ ကန့်သတ်ချက်ပဲ.. အင်္ကျီအဖြူဝတ်ထားတဲ့လူသာ တစ်ခုခု ဖြစ်သွားရင် မင်းရဲ့ ရဲတွေလောက်ကို မပြောနဲ့.. မင်းရဲ့ဌာန တစ်ခုလုံး ဒုက္ခရောက်လိမ့်မယ်"

ထိုစကားများကို ပြောပြီးနောက် သူမက ထပ်မပြောတော့ပေ။

ဝမ်မင်၏ အသန်မာဆုံး ဦးနှောက်သည် ကျိုးရီပင် မသိသည့် နိုင်ငံတော် လျှို့ဝှက်ချက် ဖြစ်သည်။

ဤစစ်ဆင်ရေးတွင် အရပ်ဘက် ရဲအရာရှိများနှင့် အထူးရဲများ ပါ၀င်နေသောကြောင့် ကျိုက်ယန်က ၎င်းတို့နှင့် အလွန်အကျွံ ငြင်းခုံခြင်းမှာ အဓိပ္ပါယ်မရှိဟု ခံစားခဲ့ရသည်။

နောက်ထပ် ရှုထောင့်တစ်ခု အနေဖြင့် ဝမ်မင်က သူမကို ငြင်းဆိုလိုက်သည်က သူမ၏ မျှော်လင့်ချက်နှင့် အနည်းငယ် ဆန့်ကျင်ဘက် ဖြစ်နေခြင်းပင်။

သို့သော် သူမ စိတ်မပူခဲ့ပေ။

သူမတွင် အချိန် သုံးနှစ်ရှိပါသေးသည်။

ယင်းက ဝမ်မင်အပေါ် တစ်စုံတစ်ရာ သက်ရောက်မှုပေးရန် လုံလောက်သည့်အချိန်ဟု သူမ ခံစားမိခဲ့သည်။

...........................

ဝမ်မင်က စည်းတံဆိပ်ခတ် အလွှာများစွာဖြင့် ထုပ်ပိုးထားသည့် ကောင်းကင်သတ္တုဓားကို ကိုင်ဆောင်ကာ လမ်းမကြီးအတိုင်း ကျိုးရီနှင့်အတူ လမ်းလျှောက်လာသည်။

အထူးရဲများကိုပင် တိုက်ခိုက်နိုင်သည့် ရှောင်ယွင်ချမ်း၏ ရန်ကြောင့် သူတို့က အော်ရာဖုံးကွယ်နိုင်သည့် ပစ္စည်းများကို ၀တ်ဆင်ထားကြသည်။

လမ်းတစ်လျှောက်ရှိ ဈေးဆိုင်အချို့တွင် မီးများ ပွင့်နေသေးသည်။

အချို့သော စတိုးဆိုင်များမှာ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရန် သတိပေးချက်ကို လက်ခံရရှိချိန်တွင် အချိန်မရသဖြင့် ဆိုင်ကိုဤအတိုင်းသာ ပိတ်ထားခဲ့ရ၏။

လမ်းလျှောက်လာရင်း ကျိုးရီက ဝမ်မင်၏ နောက်ကျောတွင် လွယ်ထားသည့် ဝိညာဉ်ဓားကို အနီးကပ်ကြည့်ကာ မေးလိုက်သည်။

"ဆရာဝမ်.. ဒါက အင်မော်တယ်စံအိမ်သခင် ဆီက သိမ်းယူထားတဲ့ ကောင်းကင်သတ္တုဓားလား"

ဝမ်မင်က ခေါင်းညိတ်ပြီး ရယ်လိုက်သည်။

"စောစောက ပြောချင်နေတာ.. ငါ့ကို ဆရာဝမ်လို့ မခေါ်ပါနဲ့..အဲဒါကို ကြားရတာက တစ်မျိုးကြီးပဲ.. ကိုယ့်ကိုယ်ကိုယ်ကျောင်းဆရာလို့ ခံစားနေရတယ်"

ကျိုးရီ ".........."

ဝမ်မင် "ငါ့မှာ ဝမ်ရှောင်အာဆိုတဲ့ တခြားနာမည် ရှိတယ်.. မင်းငါ့ကို ညီနောင်အာလို့ ခေါ်နိုင်ပါတယ်"

ကျိုးရီ "ဒါဆို ညီနောင်အာ.. အခုဘာဆက်လုပ်ကြမလဲ"

ထိုစကားကို ကြားလျှင် ဝမ်မင်က ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။

"ငါတို့တွေ မြင့်မားတဲ့ အားသာချက်ကို ယူဖို့ အမြင့်ဆုံး အဆောက်အဦး တစ်ခုကို အရင်ဆုံး ရှာဖွေရမယ်"

ရှောင်ယွင်ချမ်းကို ဖမ်းဆီးရန် အထူးရဲများကို အသုတ်လိုက်ခွဲ၍ စေလွှတ်ခဲ့သော်လည်း မအောင်မြင်သည်မှာ တစ်နာရီခွဲရှိနေပြီ ဖြစ်သည်။

အထူးရဲများက ရှုံးနိမ့်ခဲ့သော်လည်း အ-သ-က် သေဆုံးမှုတော့မရှိခဲ့ချေ။

ယင်းက ကံကောင်းသည့် တိုက်ဆိုင်မှုတစ်ခု ဖြစ်နိုင်သော်လည်း ရှောင်ယွင်ချမ်းက စိတ်ဝိညာဉ် လုံးလုံးလျားလျား ဝါးမျို မခံရသေးကြောင်း ဝမ်မင် သိလိုက်ရသည်။

သို့သော် အချိန်များစွာ ကုန်လွန်သွားပြီဖြစ်၍ ဤကာလ အတောအတွင်း သူ၏ စိတ်အခြေအနေက ယိုယွင်းလာမည်မှာ သေချာသည်။

ရိုးရိုးသားသား ပြောရလျှင် ဤမစ်ရှင် အောင်မြင်မည်ဟု ဝမ်မင်က လုံး၀ အာမ မခံနိုင်ပေ။

ရှောင်ယွင်ချမ်းကို ကယ်တင်နိုင်သည်ဖြစ်စေ မကယ်တင်နိုင်သည်ဖြစ်စေ ၎င်း၏ ကံကြမ္မာပေါ်တွင်သာ မူတည်သည်။

ရှန်းယွင်လမ်းပေါ်ရှိ အဆောက်အဦး အများစုမှာ ရှေးယခင်ကတည်းက တည်ဆောက်ခဲ့ကြခြင်း ဖြစ်၏။

ဤလမ်းတွင် မြင့်မားသည့် အဆောက်အဦး အနည်းငယ်သာ ရှိသည်။

ဝမ်မင်နှင့် ကျိုးရီတို့က ရှန်းယွင်လမ်းရှိ အခွန်ဌာနသို့ လျှောက်လာပြီး အပေါ်ထပ်သို့ ဓာတ်လှေကားဖြင့် တိုက်ရိုက် တက်လာခဲ့သည်။

သူတို့က နှစ်ဆယ့်ငါးထပ်သို့ ရောက်ပြီးနောက် စင်္ကြံတစ်ခုကနေ ခေါင်မိုးပေါ်သို့ တက်လာကြသည်။

ကောင်းကင်သတ္တုဓားကို လွယ်ထားသည့် ဝမ်မင်ကအနည်းငယ် ပင်ပန်းနေပုံရသည်ဟု ကျိုးရီ ခံစားမိသည်။

ကျိုးရီက သူ့လက်ထဲတွင် ဤဓားကို ချိန်ဆခဲ့ဖူးသည်။

အင်မော်တယ် စံအိမ်သခင်က ဓားကို ထုလုပ်ရာတွင် ပေါ့ပါးသော ပစ္စည်းများကိုသာ ရွေးချယ်ရန် အထူးဂရုစိုက်ခဲ့သည်။

အခြေခံ တည်ထောင်ခြင်း အဆင့်ရှိ တစ်စုံတစ်ယောက်သည်ပင် အားအင်စိုက်ထုတ်မှု မရှိဘဲ ၎င်းကို ကိုင်ဆွဲနိုင်မည် ဖြစ်သည်။

ဝမ်မင် ဤမျှ ကြိုးစားအားထုတ်နေရသည်ကို မြင်သောအခါ ကျိုးရီက အနည်းငယ် ထူးဆန်းသည်ဟု ခံစားမိသည်။

"ညီနောင်အာ မင်းအဆင်ပြေရဲ့လား"

ဝမ်မင်က ခေါင်မိုးထပ်တွင် ရပ်ကာ လေကို တစ်ဝကြီးရှုလိုက်သည်။

"အဆင်ပြေပါတယ်.. ငါ လေ့ကျင့်ခန်း မလုပ်တာ ကြာပြီ ဆိုတော့ နည်းနည်း မောနေလို့ပါ.. အများအားဖြင့် ငါက ဓါတ်ခွဲခန်းထဲမှာပဲ လျှောက်လည်လေ့ ရှိတယ်လေ.."

ကျိုးရီ "ငါမေးလို့ရမလား.. ညီနောင်အာရဲ့ နယ်ပယ်က ဘာလဲ..."

ဝမ်မင် "လင်းလင်း မင်းကို မပြောထားဘူးလား.. ငါက သာမန်လူ တစ်ယောက်ပါပဲ.. ငါက သူ့အစ်ကိုဝမ်းကွဲ ဆိုတော့ သူ့ထက် ပိုသန်မာတယ်လို့ မင်းထင်နေတာလား"

".............."

ထိုစကားကို ကြားလျှင် ကျိုးရီက အံ့အားသင့်သွားသည်။

သို့သော် ဤလူက သာမန်လူတစ်ယောက် ဆိုလျှင်ပင် ကျင့်ကြံခြင်း သိပ္ပံအကယ်ဒမီ၏ အဖြူရောင် ကုတ်အင်္ကျီနှင့် ရင်ဘတ်ပေါ်မှ ဆုတံဆိပ်က အတုမဟုတ်သည့် အတွက် တခြားသော နယ်ပယ်များတွင် ပါရဂူမြောက် နှံ့စပ်လိမ့်မည်ဟု ကျိုးရီ ခံစားခဲ့ရ၏။

သို့သော် ပြဿနာမှာ လက်ရှိ ကိုင်တွယ်ရမည်က ရွှေအမြူတေအဆင့် အထူးရဲများ အရှုံးပေးခဲ့ရသည့် ရှောင်ယွင်ချမ်း ဖြစ်နေသည်။

ကျိုးရီက သူ၏ ဦးနှောက် အနည်းငယ် ထိခိုက်သွားသလိုပင် ခံစားလိုက်ရသည်။

"ငါ ကောင်းကင်သတ္တုဓားကို လေ့လာပြီးပြီ.. ဒီဓားမှာ အထူးဒြပ်စင်တွေ ပါရှိတယ်.. ဓားက ကိုင်ဆောင်ထားသူနဲ့ လိုက်လျောညီထွေ ဖြစ်အောင် ထိန်းညှိပေးနိုင်တယ်.. ဒီဓားက ငါနဲ့ အတော်လေး လိုက်ဖက်တယ် ဆိုပေမယ့် နည်းနည်းတော့ လေးနေသေးတယ်.. ဒါပေမယ့် ရှောင်ယွင်ချမ်း နဲ့ ရင်ဆိုင်ဖို့အတွက်တော့ လုံလောက်ပါတယ်"

ဝမ်မင်က ပြောကြားခဲ့သည်။

"သူ့ကို ဓားနဲ့ အနည်းငယ် ထိုးနိုင်သရွေ့ မစ်ရှင် အောင်မြင်တယ်လို့ ယူဆနိုင်ပါတယ်"

ဤစကားကို ပြောပြီးသည်နှင့် ဝမ်မင်က ရုတ်တရက် ကျိုးရီ၏အင်္ကျီကို တိုက်ရိုက်ဆွဲဖြဲကာ အတွင်းဘက်ကို ကြည့်လိုက်သည်။

ကျိုးရီက လုံးဝကို ထိတ်လန့်သွားသည်။

"ညီ.. ညီနောင်အာ.. ငါက ယောကျာ်းအစစ်ပါ"

ဝမ်မင် "ပေါက်ကရမပြောနဲ့.. ငါလည်းတူတူပဲ"

ကျိုးရှ "ဒါဆို ဘာလို့ဒီလိုလုပ်တာလဲ"

ဝမ်မင် "လင်းလင်းရဲ့ အသားကပ်ဝတ်စုံ ဝတ်ထားလားလို့ စစ်ဆေးကြည့်တာပါ"

"အဲလိုလား"

ကျိုးရီ ချက်ချင်း နားလည်သွားသည်။

"မင်းဝတ်ထားတာလည်း ကောင်းပါတယ်.. တကယ်တော့ ဒီမစ်ရှင်က အန္တရာယ်မရှိပါဘူး"

ထို့နောက် ဝမ်မင်က သူ့ဝတ်စုံအတွင်းမှ အသားကပ်ဝတ်စုံကို ပြလိုက်သည်။

"တွေ့လား. အတူတူပဲ"

ကျိုးရီ "..........."

"ရှောင်ယွင်ချမ်းကို ငါတို့ဟန့်တားရင်း စိတ်ဝိညာဉ်ပေါက်ကွဲခြင်းနဲ့ ကြုံလာရင် ဘယ်လိုလုပ်ရမလဲ မင်းသိလား "

ကျိုးရီ "...???..."

ဝမ်မင် "မင်းလုပ်ရမှာက အမြန်ဆုံးထိုင်ချဖို့ပဲ.. ပြီးရင်အင်္ကျီအောက်စကို ဆွဲဆန့်ပြီး ခြေထောက်ကိုဖုံးလိုက်.. အဲဒီအနေအထားမှာ မင်းခြေထောက်တွေကို ပူးထားရမယ်.. အဲဒါမှ လုံလုံခြံခြုံဖုံးနိုင်မယိ.. ဒါပြီးရင်တော့ ခေါင်းကိုငုံ့ပြီး အင်္ကျီအတွင်းထဲ ထည့်လိုက်"

"ဒီလိုလုပ်လိုက်တာနဲ့ ပေါက်ကွဲမှုကနေ လွတ်မြောက်သွားလိမ့်မယ်...ဒါက အသားကပ်ဝတ်စုံရဲ့ တစ်ကိုယ်လုံးကို ဖုံးအုပ်နိုင်တဲ့ မှန်ကန်တဲ့ ဟန်ပန်ပဲ"

ကျိုးရီ "..........."

All Chapters