← Chapters

အသန်မာဆုံးဦးနှောက်

Vol. 24 Ch. 348

အသန်မာဆုံးဦးနှောက်

Vol. 24 Ch. 348

သူ့တို့က ဦးခေါင်းကို လှည့်ကြည့်လိုက်ရာ မီးခိုးရောင် ဝတ်ရုံရှည်ကို ၀တ်ထားသည့် လူတယောက်ကို တွေ့လိုက်ရသည်။

ထိုလူက အနည်းငယ် ရွံစရာကောင်းနေပြီး မျက်နှာက လုံးဝ ရုပ်ပျက်ဆင်းပျက် ဖြစ်နေ၏။

ထို့ကြောင့် မျက်နှာကို ကြည့်၍ အသက်ကို မခန့်မှန်းနိုင်ပေ။

ဝမ်မင်က ဒဏ်ရာကို ခွဲခြမ်းစိတ်ဖြာ ကြည့်လိုက်သောအခါ ပြင်းထန်သော ဝိညာဉ်စွမ်းအင်လုံးများ ထိမှန်ရာမှ မျက်နှာပြင်ရှိ သွေးကြောအချို့ လောင်ကျွမ်းသွားခြင်း ဖြစ်နိုင်သည်ဟု ယူဆခဲ့သည်။

ထို့အပြင် ဤစွမ်းအင်လုံးများက ကျိန်စာကြောင့် ဖြစ်နိုင်ချေများသောကြောင့် ဒဏ်ရာက မည်သည့်အခါမှ ပျောက်ကင်းသွားမည် မဟုတ်သလို ပုံပန်းသဏ္ဍာန် ပြောင်းလဲခြင်း သို့မဟုတ် ပလပ်စတစ်ဆာဂျရီ ခွဲစိတ်မှုကိုပင် ပြုလုပ်နိုင်မည် မဟုတ်ပေ။

"ညီနောင်အာ သတိထားပါ"

ကျိုးရီက ထိုလူကို စူးစူးရဲရဲကြီး စိုက်ကြည့်နေခဲ့သည်။

ရွှေကုံးဂိုဏ်းက ကောက်ကျစ်သော အပြုအမူမျိုး လုပ်လာနိုင်သည် မဟုတ်လော။

ရွှေကုံးဂိုဏ်း၏ ရည်ရွယ်ချက်မှာ ရှောင်ယွင်ချမ်း အောင်မြင်စွာ ပေါက်ကွဲသွားစေရန်သာ အဓိကဖြစ်သည်။

"ရှောင်ယွင်ချမ်း ဖြစ်ဖြစ်၊ ဆေးရုံကို ပို့လိုက်တဲ့ ကျောင်းသားတွေပဲဖြစ်ဖြစ်၊ သူတို့က အခုအချိန်အထိ ဘေးကင်းတယ်လို့ မင်းထင်ကောင်း ထင်နိုင်ပေမယ့် တကယ်တမ်းမှာ သူတို့အားလုံး သေရဖို့က သေချာသွားပြီ"

ရုပ်ဆိုးဆိုးလူက အော်ဂလီဆန်စွာ ပြုံးနေသော်လည်း ရုပ်ရည် ပျက်စီးသွားသောကြောင့် သူပြောသည့်စကားနှင့် အမူအရာမှာ လုံး၀ သဟဇာတ မဖြစ်ပေ။

ထိုလူက လက်တစ်ဖက်တွင် လွှသွားကဲ့သို့ အသွားပါသည့် ထူးခြားသော ဓားရှည်တစ်ချောင်းကို ကိုင်ထား၏။

သူ့မျက်နှာက ကြည့်ရက်စရာ မရှိသလို အသံကလည်း ကြမ်းတမ်းသည်။

"သခင်က ဒီလက်စားချေတဲ့ စစ်ဆင်ရေးကို အချိန်အတော်ကြာကတည်းက စီစဉ်ခဲ့တာပဲ.. ဒါကြောင့် ဘာတစ်ခုမှ အမှားအယွင်း ဖြစ်စရာ အကြောင်းမရှိဘူး"

ဝမ်မင်က မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေပြီး လုံးဝ လျစ်လျူရှုထားသည်။

သူက အနက်ရောင် နည်းပညာသုံး ဦးထုပ်ကို ချွတ်လိုက်ပြီး ရုပ်ဆိုးဆိုးလူကို ကြည့်လိုက်သည်။

"ဒါက မော်ကွန်းဝင်အဆင့် လူသတ်သမား နှစ်ယောက်ကြားက ရန်ပွဲတစ်ခုပဲ... ဒီကလေးတွေက အပြစ်ကင်းတယ်.. အပြစ်မဲ့သူတွေကို ထိခိုက်အောင်မလုပ်သင့်ဘူး"

ထိုလူက လှောင်ပြုံးပြုံးလိုက်သည်။

"ဒါက အစကတည်းက လက်စားချေတဲ့ကိစ္စပဲ.. စီနီယာ လေလွင့်ကိုယ်လူချောက သခင့်ရဲ့မွေးစားသား ဘလက်ဂါ့ဇ်ကို နည်းနည်းလေးတောင် တုံ့ဆိုင်းမှုမရှိဘဲ ရက်ရက်စက်စက် သတ်ပစ်ခဲ့တယ်.. ဟက်.. ဒါကို ဖြေရှင်းဖို့ နည်းလမ်းမရှိတာတော့ မဟုတ်ပါဘူး..

ထိုစကားကို ပြောပြီးနောက် ရုပ်ဆိုးဆိုးလူ၏ မျက်လုံးများက ကျဥ်းမြောင်းသွားသည်။

"သခင်က စီနီယာ လေလွင့်ကိုယ်လူချောနဲ့ ဂိုဏ်းတူတွေဆိုတော့ အတိတ်က ခင်မင်ရင်းနှီးမှုကို ထောက်ထားနေဆဲပါ.. စီနီယာ လေလွင့်ကိုယ်လူချောသာ သခင့်မွေးစားသား ဘလက်ဂါ့ဇ်ရဲ့ အုတ်ဂူရှေ့မှာ တောင်းပန်ပြီး သူ့ရဲ့ လျှို့ဝှက်လက်နက်ကို စွန့်လွှတ်ဖို့ ဆန္ဒရှိသ၍ သခင်က ကျောင်းသားတွေ ကိုယ်ထဲက အရာတွေကို ဖယ်ရှားပေးနိုင်ပါတယ်"

ဝမ်မင်နှင့်ကျိုးရီတို့က အဆိုပါ မော်ကွန်းဝင် လူသတ်သမား နှစ်ဦးကြားမှ ရန်ငြိုးအကြောင်းကို ဝမ်လင်းထံမှ ကြားခဲ့ဖူးသည်။

ဤကိစ္စနှင့် ပတ်သက်လျှင် အချက်နှစ်ချက်ကို ချန်ထား၍မဖြစ်ပေ။

ပထမအချက်မှာ တာအိုဆရာ တောက်တိ၏ မွေးစားသား ဘလက်ဂါ့ဇ် ဖြစ်သည်။

နောက်တစ်ချက်မှာ လေလွင့်ကိုယ်လူချော၏ လျှို့ဝှက်လက်နက် ဖြစ်၏။

ကျိုးရီ"ငါမေးစရာရှိတယ်.. စီနီယာ လေလွင့်ကိုယ်လူချောက ကြီးကျယ်ခမ်းနားတဲ့ လက်နက်ကို လျှို့ဝှက် သိမ်းထားတယ်လို့ မင်းဘယ်ကနေ ကြားလာတာလဲ"

"ဒါက လူတိုင်း ပြောနေကြတာပဲ မဟုတ်လား"

ရုပ်ဆိုးဆိုးလူက ပြန်ဖြေလိုက်သည်။

ဝမ်မင် နှင့် ကျိုးရီတို့ အံသြသွားသည်။

"ဒါက ကောလဟာလ တစ်ခု မဟုတ်ဘူးလား"

ကျိုးရီ "လေလွင့်ကိုယ်လူချောမှာ ဒီလက်နက်ရှိတာကို မင်းမျက်စိနဲ့ အရင်က မြင်ဖူးလို့လား"

"စီနီယာ လေလွင့်ကိုယ်လူချောရဲ့ ကြီးကျယ်ခမ်းနားတဲ့ လက်နက်ကို ဘယ်သူကမှ မြင်ဖူးမှာလဲ.. မြင်ဖူးတဲ့ သူတွေဆိုလည်း သေနေလောက်ပြီ.. သူတို့ဆီကနေ စီးကျလာတဲ့ သွေးတွေကို မြေကြီးနဲ့ ဖုံးထားလောက်ပြီ.. ဒီလောက်ဆိုရင် ဒီလက်နက်က ဘယ်လောက် ဆိုးရွားတယ် ဆိုတာကို သက်သေပြဖို့ လုံလောက်တယ် မဟုတ်လာယ"

ရုပ်ဆိုးဆိုးလူက သူ့ဘာသာသူ တစ်ဖက်သတ်ပြော၍ ရယ်မောကာ ခေါင်းခါယမ်းလိုက်သည်။

"မင်းတို့ထဲက တစ်ယောက်ကို အသက်ရှင်ခွင့်ပေးပြီး အပြင်မှာရှိတဲ့ ရဲတွေ အတွက် သင်ခန်းစာတချို့ကို ငါ ချန်ထားခဲ့မယ်"

ကျိုးရီ ရယ်လိုက်သည်။

"ငါက ဒီစစ်ဆင်ရေးရဲ့ ခေါင်းဆောင်ပဲ.. မင်းက ဘာသင်ခန်းစာပေးမလို့လဲ"

ထိုလူ၏ ပါးစပ်ထောင့်များ တလှုပ်လှုပ် ဖြစ်သွားသည်။

"မင်းက ရွှေအမြူတေအဆင့် ကျင့်ကြံသူပဲ ရှိသေးတာလေ.. တကယ်ပဲ ဒီစစ်ဆင်ရေးရဲ့ ခေါင်းဆောင်လား.. ဒါက တကယ်ကို အံ့သြစရာပဲ"

ဝမ်မင်က မရယ်ဘဲ မနေနိုင်တော့ချေ။

"ကျိုးရီကို သိလား"

ဤနာမည်ကိုကြားလျှင် ရုပ်ဆိုးဆိုးလူက အံ့ဩသွားသည်။

"မင်းက ကျိုးရီလား"

ဤနာမည်ကို သူ့အနေဖြင့် မသိစရာ အကြောင်းမရှိပေ။

ထိုအမည်က သူနှင့် တကယ်ကို ရင်းနှီးလွန်းနေသည်။

ကျိုးရီဆိုသည့်လူက မိစ္ဆာအင်ပါယာ ကွာဖီကို ဖမ်းဆီးသည့် စစ်ဆင်ရေးတွင် ပါဝင်ခဲ့သည့်အပြင် ဆောင်းဥတုမြို့ရှိ အင်မော်တယ်စံအိမ်၏ ဌာနချုပ်ကိုပင် ဖျက်ဆီးခဲ့သည် မဟုတ်လော။

ထိုသတင်းက နိုင်ငံတစ်ဝှမ်းလုံး ပျံ့နှံ့သွားပြီး သမိုင်းဝင်ဖြစ်ရပ်ပင် ဖြစ်လာသည်။

ထို့အပြင် ဤလူက အင်မော်တယ် စံအိမ်သခင်ကို အရှင်လတ်လတ် ဖမ်းမိခဲ့သေးသည်။

ဤသည်မှာ ခြေသလုံးအိမ်တိုင် အင်မော်တယ်အဆင့် ဖြစ်သည်။

ထိုလူက အသက်ခပ်ပြင်းပြင်း ရှူလိုက်သည်။

သူ့လက်ထဲမှ လွှသွားဓား၏ အရိပ်က သူ့မျက်နှာကို တောက်ပစေသည်။

"မင်းက ကျိုးရီ ဖြစ်နေလည်း ငါ့တာဝန်က မင်းတို့နှစ်ယောက်လုံးကို သ-တ်-ပစ်ဖို့ပဲ"

သူက စိတ်ဝိညာဥ် အခြေတည် အဆင့်တွင် ရှိသည်။

သူ့အမြင်တွင် သာမန်လူတစ်ယောက်နှင့် ရွှေအမြူတေအဆင့်ကျင့်ကြံသူက သူ့ကို လုံးဝ ယှဥ်နိုင်မည် မဟုတ်ပေ။

နယ်ပယ်များ ကြားရှိ ကွာဟချက်ကြောင့် အဆင့်ကျော်တိုက်ခိုက်ရန်မှာ မဖြစ်နိုင်ချေ။

သို့သော် ရုပ်ဆိုးဆိုး ကျင့်ကြံသူက မလှုပ်ရှားမီ အလွန်ဆိုးရွားသော ပြဿနာတစ်ခုကို သတိပြုမိခဲ့သည်။

ဤလူနှစ်ယောက်က သူနှင့် ရင်ဆိုင်နေရသော်လည်း နည်းနည်းလေးမှ တုန်လှုပ်ပုံမရဘဲ တကယ်ပဲ တည်ငြိမ်လွန်းနေ၏။

မိစ္ဆယအင်ပါယာ ကွာဖီ နှင့် အင်မော်တယ်စံအိမ်သခင် နှစ်ဦးစလုံးက ကျိုးရီ၏ လက်ထဲတွင် ကျရောက်ခဲ့သည်ကို တွေးတောရင်း ရုပ်ဆိုးဆိုးလူက ကျိုးရီ၏ နယ်ပယ်အဆင့်မှာ ထောင်ချောက်တစ်ခု ဖြစ်နိုင်ခြေ ရှိသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။

ထို့ပြင် သူတို့ထံ၌ တုံ့ပြန်မှုကို ကောင်းမွန်စွာ ခုခံကာကွယ်နိုင်သော မှော်ရတနာများ ရှိကောင်းရှိနေနိုင်သည်။

နယ်ပယ်ခြင်း မတူညီသည့် တိုက်ပွဲတစ်ခုတွင် မြင့်မားသောနယ်ပယ်ရှိသည့် ကျင့်ကြံသူက ရှုံးနိမ့်ခဲ့ရသည် ဆိုလျှင် ၎င်းတို့အနေဖြင့် ရန်သူကို လျှော့တွက်မိပြီး တစ်ချက်တည်းဖြင့် အနိုင်ယူနိုင်မည်ဟု ထင်မိသောကြောင့် ဖြစ်လေ့ရှိသည်။

ထို့ကြောင့် ရန်သူကို အထင်သေးလျှင် ထောင်ချောက်ထဲသို့ မကြာခဏ ကျရောက်လေ့ရှိသည့် အချိန်အခါများ ရှိခဲ့သည်။

တစ်ဖက်သားတွင် တုံ့ပြန်နိုင်စွမ်း ရှိသော ခံစစ်လက်နက် ရှိမရှိကို အတည်မပြုနိုင်သော အခြေအနေတွင် ခေါင်းကို တိုက်ရိုက် တိုက်ခိုက်ခြင်းကသာ အကောင်းမွန်ဆုံး ဆုံးဖြတ်ချက်ဖြစ်သည်။

အရိပ်တစ်ခုလိုပင်၊ ရုပ်ဆိုးဆိုးလူက ကျိုးရီကို သူ့ဓားဖြင့် မြန်မြန်ဆန်ဆန် ပြေးခုတ်လိုက်သည်။

ကျိုးရီအတွက် လုံးဝ တုံ့ပြန်ဖို့ အချိန်မရှိတော့ပေ။

ဤဓားကွက်က လှပသည့်ဓားကွက် မဟုတ်သော်လည်း ဓားလေတိုးသံကမူ ကျိုးရီ နှင့် နီးကပ်နေပြီ ဖြစ်သည်။

မီးခိုးရောင် ဝတ်စုံဝတ်ထားသော အမျိုးသားက ကျိုးရီ၏ ဦးခေါင်းကို ခုတ်ဖြတ်ရန် ကြံရွယ်ထားခဲ့သည်။

ကျိုးရီ၏ အမူအရာက အဆုံးသတ်တွင် ပြောင်းလဲသွားသည်။

ထိုလူ၏ သတ်ပစ်လိုသော ဆန္ဒကို ခံစားရပြီးနောက် သူ၏ ပထမဆုံး တုံ့ပြန်မှုမှာ ဝမ်မင် စောစောက ပြောခဲ့သည့်အတိုင်း သူ့ခေါင်းကို ဖုံးရန်အတွက် အသားကပ် ဝတ်စုံထဲ ခေါင်းကို တိုးဝင်ရန်ပင် ဖြစ်သည်။

သို့သော် အရမ်းနောက်ကျသွားချေပြီ။

ထိုလူက ခေါင်းကို ဖြတ်မိတော့မည် ဖြစ်၏။

"ရွှစ်.."

"မှတ်ပြီလား"

ထိုလူက စိတ်ထဲတွင် လှောင်ရယ်နေသော်လည်း နောက်ထပ် အခိုက်အတန့်တွင် သူ့အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။

ကျိုးရီ၏ ဦးခေါင်းကို ဖြတ်လိုက်သော်လည်း သွေးထွက်သည့် အရိပ်အယောင်ပင် မရှိခဲ့ပေ။

ခေါင်းဖြတ်ပြီးသား ဖြစ်သင့်သော ကျိုးရီက သဲအဖြစ်သို့ ပြောင်းလဲသွားပြီး လေထဲတွင် ပျောက်ကွယ်သွားသည်။

"ဘာလဲဟ.. ဒါက လှည့်စားမှုတစ်ခုလား"

ထိုလူက အလိုလို သံသယဖြစ်စ ပြုလာသည်။

သို့သော် ဤအရာက ပုံရိပ်ယောင် တစ်ခုဆိုလျှင်ပင် ရွှေအမြူတေအဆင့် ကျင့်ကြံသူ၏ ပုံရိပ်ယောင်စွမ်းရည်ကို သူ နားမလည်နိုင်တော့ပေ။

နောက်တစ်စက္ကန့်မှာပင် သူ့ရှေ့မှ မြင်ကွင်းက ပြောင်းလဲသွားသည်။

ကျိုးရီက လုံးဝ အထိအခိုက်မရှိဘဲ သူ့ရှေ့တွင် ပြန်လည် ပေါ်ထွက်လာသည်။

တစ်ဖက်တွင်လည်း ဝမ်မင်က လုံးဝ လျစ်လျူရှုထားသကဲ့သို့ မြေပြင်ပေါ်တွင် တင်ပျဉ်ခွေ၍ ထိုင်နေသည်။

သူက အနက်ရောင် နည်းပညာသုံး ဦးထုပ်ကို ချွတ်လိုက်ပြီး ရုပ်ဆိုးဆိုးလူကို ကြည့်လိုက်သည်။

"ဒါက မော်ကွန်းဝင်အဆင့် လူသတ်သမား နှစ်ယောက်ကြားက ရန်ပွဲတစ်ခုပဲ... ဒီကလေးတွေက အပြစ်ကင်းတယ်.. အပြစ်မဲ့သူတွေကို ထိခိုက်အောင် မလုပ်သင့်ဘူး"

ရုပ်ဆိုးဆိုးလူ "............"

[ခဏနေပါအုံး.. ဒီစာကြောင်းကို ငါအရင်က ကြားဖူးသလိုပဲ]

ထို့ပြင် အင်္ကျီအဖြူ ဝတ်ထားသည့် ချာတိတ်က ဤစကားကို ပြောနေချိန်တွင် ဦးထုပ်ကို ချွတ်၍ မြေကြီးပေါ်တွင် ချထားခဲ့သည်။

ရုပ်ဆိုးဆိုးလူက ဤအရာကို အလွန်ရှင်းလင်းစွာ မှတ်မိနေ၏။

"ဘာတွေဖြစ်နေတာလဲ"

"ချီးပဲကွာ"

တစ်စုံတစ်ရာ မူမမှန်ဟု ခံစားမိပြီးနောက် ရုပ်ဆိုးဆိုးလူက လွှသွားဓားဖြင့် ဝမ်မင်ကို ခုတ်ချလိုက်သည်။

သူသည်လည်း ကျိုးရီလိုပင် သွေးမထွက်ခဲ့ပေ။

ဝမ်မင်က ခုတ်ပိုင်းခံရပြီး နောက်တွင် သဲအဖြစ်သို့ ပြောင်းလဲကာ လေထဲသို့ လျင်မြန်စွာ လွင့်စင်သွားသည်။

ထိုလူက မျက်လုံးများကို ပွတ်သပ်လိုက်မိသည်။

နောက်ထပ် အခိုက်အတန့်တွင် ဝမ်မင် ပြန်ပေါ်လာသည်ကို သူမြင်လိုက်ရသည်။

၎င်းက သူ့ရှေ့တွင် တင်ပျဉ်ခွေထိုင်ကာ ခမောက်ကို မြေပြင်ပေါ်တွင် ချထားပြီးနောက် သူ့ကို ကြည့်လိုက်သည်။

"ဒါက မော်ကွန်းဝင်အဆင့် လူသတ်သမား နှစ်ယောက်ကြားက ရန်ပွဲတစ်ခုပဲ... ဒီကလေးတွေက အပြစ်ကင်းတယ်.. အပြစ်မဲ့သူတွေကို ထိခိုက်အောင် မလုပ်သင့်ဘူး"

"............"

ထိုလူ၏ နှုတ်ခမ်းများက ချက်ချင်းပင် လှုပ်ယမ်းသွားသည်။

[ချီးပဲ ငါက ရုပ်ရှင်အစကို ပြန်ရစ်မိနေတာလား"

All Chapters