← Chapters

ငါက သာမန်လူတစ်ယောက်ပါ

Vol. 24 Ch. 349

ငါက သာမန်လူတစ်ယောက်ပါ

Vol. 24 Ch. 349

ကျိုးရီက လူလတ်ပိုင်းအရွယ် အမျိုးသား သူ၏ လွှသွားဓားရှည်ကို လေထဲတွင် အဆက်မပြတ် ဝှေ့ယမ်းနေသည်ကို ကြည့်ရှုနေသည်။

"ညီနောင်.. ညီနောင်အာ ဘာတွေဖြစ်နေတာလဲ"

ဝမ်မင် ပြုံးလိုက်သည်။

"တကယ်တော့ ဦးနှောက်တွက်ဆခြင်း နည်းစနစ်ရဲ့ အနှစ်သာရ အစစ်အမှန်က စိတ်ပိုင်းဆိုင်ရာ ဖြစ်နိုင်ခြေတွေကို တွက်ချက်ရုံတင် မဟုတ်ဘူး.. အစွမ်းထက်ဆုံး အခြေအနေမှာ တစ်စုံတစ်ဦးကို စိတ်အာရုံထဲ ဆွဲသွင်းပြီး ကြိုက်သလို လုပ်လို့ရတယ်"

"တကယ်တော့ သူသတ်ခဲ့တဲ့လူက ငါ့စိတ်အာရုံထဲမှာ ရှိတဲ့ ကော်ပီတွေထဲက တစ်ခုပါပဲ"

ထိုစကားကိုကြားလျှင် ကျိုးရီ အံ့သြသွားသည်။

ဤနည်းစနစ်ကို ဤအတိုင်းအတာ အထိ အမှန်တကယ် အသုံးချနိုင်သူ ရှိနေမည်ဟု သူ မထင်ခဲ့ပေ။

ယင်းက ဝမ်မင်၏ ဦးနှောက် မည်မျှအထိ ကြောက်စရာကောင်းမှန်း သက်သေပြနေသည်။

ညီနောင်အာက ငယ်ငယ်ရွယ်ရွယ်နှင့် ဤအင်္ကျီအဖြူကို အဘယ်ကြောင့် ၀တ်ဆင်ခွင့် ရရှိခဲ့ကြောင်းကို နောက်ဆုံးတွင် ကျိုးရီ သိလိုက်ရသည်။

"အခု သူ့ကို ဘယ်လိုကိုင်တွယ်မလဲ"

ကျိုးရီက အရူးတစ်ယောက်လို လေကို ပိုင်းဖြတ်နေသည့် သက်လတ်ပိုင်းအရွယ် ရုပ်ဆိုးဆိုးလူအား စိုက်ကြည့်ရင်း ဝမ်မင်ကို မေးလိုက်သည်။

ထိုလူက စိတ်ဝိညာဉ် အခြေတည် အဆင့်တွင် ရှိနေသည်။

ဝမ်မင်၏ ဦးနှောက်တွက်ဆခြင်း နည်းစနစ်ဖြင့် ထိုလူကို ပိတ်ထားခဲ့သော်လည်း မည်သို့ ဆက်လုပ်ရမည်ကို ကျိုးရီ မသိခဲ့ပေ။

ဤအခြေအနေတွင် သူက နောက်ကျောကနေ အလစ်ဝင်ရောက် တိုက်ခိုက်နိုင်သော်လည်း ရွှေအမြူတေအဆင့် ကျင့်ကြံသူအနေဖြင့် စိတ်ဝိညာဥ်အခြေတည်အဆင့် ကျင်ကြံသူ၏ ခန္ဓာကိုယ်ကို ထိခိုက်အောင်လုပ်ရန် သူ့အတွက် အကန့်အသတ် ရှိနေသည်။

ထို့အပြင် သူတို့က ဦးနှောက်တွက်ဆခြင်း နည်းစနစ်ကို အချိန်အကြာကြီး အသုံးပြု၍မရချေ။

ဤအချက်ကို ဝမ်မင် သူ့စိတ်ထဲတွင် ကောင်းကောင်းသိသည်။

ထို့အပြင် ဦးထုပ် မဆောင်းထား၍ ကော်ပီ ငါးဆယ်သာ ပွားနိုင်သေးသည်။

ရုပ်ဆိုးဆိုးလူက ထိုကော်ပီစိတ်အာရုံ အားလုံးကို ခုတ်ပိုင်းလိုက်သည်နှင့် ဝမ်မင်၏ ထိန်းချုပ်မှုက ပုံမှန် ပြန်ဖြစ်သွားမည်သာ။

ယင်းအပြင် ဦးနှောက်တွက်ဆခြင်း နည်းစနစ်၌ ပုံမှန် ပြန်ဖြစ်နိုင်သည့် အခြေအနေတစ်ခု ရှိ၏။

၎င်းမှာ အချိန်တိုအတွင်း လူတစ်ဦးတည်း အပေါ်တွင် ထပ်မံအသုံးမပြုနိုင်ခြင်း ဖြစ်သည်။

သို့သော် ဝမ်မင်ထံ၌ အကြံတစ်ခု ရှိပြီးသားပင်။

သူ့လက်ပေါ်ရှိ သိုလှောင်လက်စွပ်က ဝိညာဉ်အလင်းရောင်များ လင်းလက်သွားပြီး နောက်တွင် သူက လက်စွပ်ထဲမှ အနီရောင်အသားကပ် တစ်စုံ အသစ်တစ်စုံကို ထုတ်လိုက်သည်။

ထိုဝတ်စုံနှင့်အတူ သာမန် လျှော်ကြိုးတစ်ချောင်းကိုပါ ယူထုတ်လိုက်၏။

".............."

ကျိုးရီက အလွန်အံ့သြသွားသည်။

ဝမ်မင် ဘာလုပ်မည်ကို သူရိပ်မိခဲ့သည်။

ရန်သူကို ထိခိုက်အောင် မစွမ်းဆောင်နိုင်သည့် အခြေအနေတစ်ခုတွင် သေချာသောနည်းလမ်းမှာ အသားကပ်ဝတ်စုံဖြင့် ထိုလူကို ခေါင်းကနေ ခြေဖျားအထိ စွပ်ပြီး အပြင်ကနေ ရိုးရိုး ချည်ကြိုးနှင့် ချည်နှောင်ရန် ဖြစ်၏။

ယင်းက ဝိညာဥ် အချုပ်အနှောင်ထက်ပင် ပိုအသုံးဝင်သည်။

"ညီနောင်အာ.. ဒါက အရမ်း အန္တရာယ်များတယ်... ငါလုပ်ပါရစေ"

"အဆင်ပြေပါတယ်"

ရုပ်ဆိုးဆိုးလူ၏ နောက်တွင် မီတာအနည်းငယ် အကွာ၌ ရှိနေသော ဝမ်မင်က ပြောလိုက်သည်။

"ဒီကောင့်ကို ပိတ်မိအောင် ငါလုပ်ခဲ့တာဆိုတော့.. ငါ့ကိုယ်ငါ သက်သေပြဖို့ အခွင့်အရေးပေးပါ... မင်းစိတ်မပူပါနဲ့.. ငါဒါနဲ့ပတ်သက်ပြီး အတွေ့အကြုံရှိပါတယ်"

ကျိုးရီ ".............."

"လူသား နဲ့ အရိုင်းအစိုင်း ကွာခြားတာကို တွေ့ဖူးလား"

ဝမ်မင်က မေးလိုက်သည်။

ကျိုးရီ "....???...."

ဝမ်မင် "မင်းခေါင်းကို ဖြုတ်လိုက်ရင် ကျန်တဲ့ အရာအားလုံးက တန်ဖိုးရှိတယ်"

ထိုစကားကို ကြားလျှင် ကျိုးရီက သူ့ကိုယ်သူ ခေတ်နောက်ကျနေပြီဟု ပထမဆုံးအကြိမ် ခံစားလိုက်ရသည်။

တစ်နည်းအားဖြင့် ပြောရလျှင် သူက ဝမ်မင်ထက် အသက်ကြီးသော်လည်း ဗဟုသုတမရှိခဲ့ပေ။

ကျိုးရီက ငိုချင်သလို ခံစားရသော်လည်း မျက်ရည်မကျခဲ့ပေ။

သေချာသည်၊ ယင်းက ဤနှစ်နှစ်အတွင်း မတူညီသည့် မျိုးဆက် ကွာဟချက်တစ်ခုပင်။

ယခုအချိန်တွင် အသက်နှစ်ဆယ်ကျော် အရွယ် လူငယ်လေးများ အသုံးပြုနေသည့် ဗန်းစကားများကပင် လူလတ်ပိုင်းအရွယ်များကို အကျပ်အတည်းများ ကြုံတွေ့စေခဲ့သည်။

တကယ်တမ်းတွင် ဤသည်က ယုတ္တိမကျပေ။

"မင်း တစ်ခါမှ မကြည့်ဖူးရင် အခုကြည့်ရမယ်.. ငါ မင်းအတွက် သရုပ်ပြပေးမယ်

ဝမ်မင်က ကျိုးရီကို ခပ်ယဲ့ယဲ့ပြုံးပြကာ နှုတ်ခမ်းကို လက်ညိုးဖြင့် ထိကပ်၍ တိတ်တိတ်နေရန် အမူအရာမျိုး လုပ်ပြလိုက်သည်။

ထို့နောက် အသားကပ်ဝတ်စုံ၏ ဇစ်ကို ဖွင့်ပြီး ရုပ်ဆိုးဆိုးလူ၏နောက်သို့ တိတ်တဆိတ် ချဥ်းကပ်သွား၏။

"သေချာကြည့်နေ.. အခြေတည်အဆင့် ကျင့်ကြံသူ ဖြစ်လည်းလင်းလင်းရဲ့ အသားကပ်ဝတ်စုံနဲ့ သာမန်ကြိုးတစ်ချောင်းရှိရုံနဲ့တင် သူ့ကိုဖမ်းဖို့ ဖြစ်နိုင်တယ်.. ဒီလူက ငါတို့အတွက် အများကြီး တန်ဖိုးရှိလာနိုင်တယ်"

ကျိုးရီ "............"

"ဒါပေမဲ့ အခြေတည်အဆင့် ဖြစ်နေတော့ ဖြည်းဖြည်းချင်း ချဥ်းကပ်မှဖြစ်မယ်.. သူက ငါ့ရဲ့ စိတ်အာရုံထဲမှာ ပိတ်မိနေတယ် ဆိုပေမဲ့လည်း ငါတို့ သတိထားဖို့လိုတယ်"

ကျိုးရီက ပြန်လည် မတုံ့ပြန်နိုင်ခဲ့ပေ။

ထိုခဏတွင် ရုပ်ဆိုးဆိုးလူ မောဟိုက်နေသည်ကို အခွင့်ကောင်းယူ၍ ဝမ်မင်က အသားကပ်ဝတ်စုံကို ထိုလူအပေါ် စွတ်ချနိုင်ခဲ့သည်။

သူက တကယ်ကို အံသြစရာကောင်းလောက်အောင် အောင်မြင်ခဲ့သည်။

"ဘာငေးနေတာလဲ ငါ့ကို ကူညီဦးလေ"

ဝမ်မင် အော်ဟစ်လိုက်သည်။

ခဏကြာ မှင်တက်ပြီးနောက်တွင် ကျိုးရီက လျင်မြန်စွာ ခြေလှမ်းပြင်လိုက်ပြီး ဝမ်မင် နှင့်အတူ ထိုလူကို ကြိုးဖြင့် ချက်ခြင်း ချည်နှောင်လိုက်သည်။

ထိုအချိန်က "ဦးနှောက် တွက်ဆခြင်း နည်းစနစ်"မှ ရုပ်ဆိုးဆိုးလူ လွတ်မြောက်လာသည့် အချိန်ပင်။

"ဟ.. ငါက ဘယ်လိုဖြစ်သွားတာလဲ

အသားကပ်ဝတ်စုံထဲတွင် ကောက်ညှင်းထုပ်လို ချည်နှောင်ခံထားရသောကြောင့် သူအံ့သြသွားသည်။

သူ့တစ်ကိုယ်လုံးကို လျော်ကြိုးဖြင့်လည်း တင်းကျပ်စွာ ချည်နှောင်ထားသည်။

သူက ပြင်းပြင်းထန်ထန် ရုန်းကန်လိုက်ရာ သူ့လည်ပင်းမှ အပြာရောင် သွေးကြောများပင် ထောင်ထလာသည်။

သူ့တစ်ကိုယ်လုံး၌ ဝိညာဉ်အလင်းရောင်များ တောက်ပနေ၏။

တစ်ချိန်တည်းမှာပင် အသားကပ်ဝတ်စုံကလည်း ရွှေရောင်အလင်းတန်းများ လင်းလက်လာခဲ့သည်။

ယင်းနောက်တွင် သူ၏ ရုန်းကန်မှုက ရွှံ့နွံထဲ ကျသွားသည့် နွားတစ်ကောင်လို ဖြစ်သွားရသည်။

သူ၏ရုန်းကန်မှုက လုံးဝ အသုံးမဝင်ခဲ့ပေ။

"ဒါက ဘယ်လိုဖြစ်ရတာလဲ"

သာမန်လူတစ်ယောက် ယူလာသည့် မှော်ရတနာက တကယ်ပဲ သူ့ကို ချည်နှောင်နိုင်ခဲ့ပါသလော။

ထိုထက်မက ၎င်းမှာ စျေးကွက်၏ နေရာတိုင်းတွင် မြင်နိုင်သည့် သာမန် အသားကပ် ဝတ်စုံမျှသာ ဖြစ်သည်။

"ဒီမှော်လက်နက်က ဘာလဲ"

မယုံနိုင်သော အမူအရာက သူ၏ ရုပ်ပျက်ဆင်းပျက် အသွင်အပြင်နှင့် ပေါင်းစပ်လိုက်သောအခါ အလွန် ကြောက်စရာကောင်းသော အသွင်အပြင်တစ်ခု ဖြစ်လာခဲ့သည်။

ဝမ်လင်းက ထိုလူရှေ့တွင် ဆောင့်ကြောင့် ထိုင်လိုက်ကာ ပြောလိုက့သည်။

"ရုန်းကန်မနေပါနဲ့.. ဒီအသားကပ်ဝတ်စုံက နည်းနည်း ခပ်ညံ့ညံ့ပုံပေါက်နေပေမဲ့ ခြေသလုံးအိမ်တိုင် အင်မော်တယ်တောင်မှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး"

ထိုစကားကိုကြားလျှင် ရုပ်ဆိုးဆိုးလူက စိတ်လျော့လိုက်တော့သည်။

ကျိုးရီ၏ နာမည်ကို ကြားကတည်းက သူအထူး သတိထားခဲ့သည်။

သို့သော်မှ နောက်ဆုံးတွင် သူ့ကို ဖမ်းမိသွားသေးသည်။

ဝိညာဉ်စွမ်းအင် အနည်းငယ်မျှ မရှိသော ဤလူသည်လည်း သာမန်မဟုတ်ပေ။

သူက ဝမ်မင်၏ ဦးနှောက်တွက်ဆခြင်း နည်းစနစ်၌ ပိတ်မိနေပုံကို ပြန်ပြောင်း သတိရမိပြီး ဝမ်မင်ကို စူးစိုက်ကြည့်လိုက်သည်။

"မင်းငါ့ကို အစကတည်းက သတိထားမိခဲ့တာလား"

"အတိအကျ ပြောရမယ်ဆိုရင် အတားအဆီးထဲကို ဝင်လိုက်ကတည်းကပဲ.. အဲဒီအချိန်ထဲက ငါ့ရဲ့ စိတ်အာရုံကို ကော်ပီငါးဆယ်ကူးပြီး လှုပ်ရှားနေခဲ့ပြီ"

"တကယ်တော့ ရှောင်ယွင်ချမ်းရဲ့ တည်နေရာကို အစကတည်းက သိခဲ့ပြီးပြီ.. မင်းရောက်နေတာကိုလည်း ငါသိခဲ့တယ်"

ဝမ်မင်က ပခုံးတွန့်ပြလိုက်သည်။

"မင်းကို တမင်မျှားဖို့ ငါလုပ်နေတာပဲ"

ဤအချိန်တွင် ဝမ်မင်၏ မျက်နှာက ဝမ်လင်း၏ အေးစက်စက်မျက်နှာနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေပြီး ပြုံးရိပ်သန်းနေသည်။

သို့သော် အလွန် ကြောက်စရာကောင်းနေခဲ့၏။

ဝမ်မင်က ရုပ်ဆိုးဆိုးလူကို ဟိတ်ဟန်ထုတ်ကာ လှုံ့ဆော်မှုပေးနေခြင်း ဖြစ်သည်။

ထိုလူက တဖြည်းဖြည်း ထိတ်လန့်လာ၏။

ဝမ်မင်က အရာအားလုံးကို ဤမျှ အတိုင်းအတာ အထိ အသေးစိတ် တွက်ချက်ထားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

ထိုအချိန်မှာပင် ရုပ်ဆိုးဆိုးလူက ဝမ်မင်ကို သေသေချာချာကြည့်လိုက်သည်။

ဝမ်မင် ဝတ်ထားသည့် အဖြူရောင် ကုတ်အင်္ကျီကို အပေါ်အောက် ငုံ့ကြည့်လိုက်၏။

နောက်ဆုံးတွင် သူ့မျက်လုံးများက အင်္ကျီတွင် ချိတ်ထားသည့် ဆုတံဆိပ် ဆီသို့ ရောက်သွားသည်။

ထို့နောက်တွင် ထိုလူက ထိတ်လန့်သွားပြီး မျက်လုံးများ ပြူးကျယ်သွားသည်။

သို့သော် ထိုလူက စကားမပြောမီ ဝမ်မင်က ကောင်းကင်သတ္တုဓားကို ထိုလူ၏ လည်ပင်းနားတွင် တေ့ကာ ပြောလိုက်သည်။

"မင်းတို့ ရွှေကုံးဂိုဏ်းရဲ့ တကယ့် ရည်ရွယ်ချက်က ဘာလဲဆိုတာ ပြောပြပါ.. ငါ့အချက်အလက်တွေ အရတော့ မင်းတို့ လုပ်သမျှ အရာတွေက ကလဲ့စားချေဖို့ အတွက်ပဲ မဟုတ်လောက်ဘူး"

ထိုလူ၏ မျက်လုံးများက ကျဥ်းမြောင်းသွားပြီး ဝမ်မင်ကို ကြည့်လိုက်သည်။

"ဘာကြည့်နေတာလဲ.. မြန်မြန်ပြောလေ.."

ဝမ်မင်က မျက်မှောင်ကြုတ်၍ ညည်းညူလိုက်သည်။

"ငါက သာမန်လူဆိုတော့ ဒီဓားကို ကိုင်ထားရတာက အလေးတုံးကို ကိုင်ထားရသလိုပဲ.. အရမ်းပင်ပန်းတယ်"

ရုပ်ဆိုးဆိုးလူ "..........."

ကျိုးရီ "............."

[လခွမ်း.. ဘယ်လို သာမန်လူက တစ်ချိန်တည်းမှာ ကော်ပီ ငါးဆယ်ကို ဖန်တီးနိုင်မှာလဲ]

All Chapters