လဲမုန့်မုန့်၏ စိတ်ရောဂါကုထုံး
Vol. 24 Ch. 354
တစ်ချိန်တည်းမှာပင် လဲ့မုန့်မုန့်က သူ၏ စိတ်ရောဂါကုထုံးကို စနစ်တကျပုံစံဖြင့် လုပ်ဆောင်နေသည်။
ယင်းကို ဆောင်ရွက်ရန်အတွက် ညွှန်ကြားထားသူမှာ ကျောင်းပေါင်းတစ်သောင်း မဟာမိတ်အဖွဲ့မှ အတွင်းရေးမှူး တာခန်း ဖြစ်သည်။
ရွှေကုံးဂိုဏ်း၏ အသီးကို စားသုံးမိသော ကျောင်းသားများမှာ အဆုံးသတ်တွင် စိတ်ဝိညာဉ် ပေါက်ကွဲနိုင်သည် ဟူသောအချက်ကြောင့် အလွန် စိတ်ထိခိုက်နေ၏။
ထို့ကြောင့် စိတ်ရောဂါကုထုံးသည် ကျောင်းသားများနှင့်သဟဇာတဖြစ်မည်မှာ သံသယ ဖြစ်စရာမလိုပေ။
လဲ့မုန့်မုန့်က ကျင့်ကြံခြင်းတွင် ဖြတ်လမ်းမရှိဟု ၎င်းတို့အား ပြောရုံသာမက အသီးစားခြင်း၏ အမှားကို ဆင်ခြင်သုံးသပ်နိုင်စေရန်အတွက် သတိပေးခဲ့သည်။
အဆောင် ၁၂ နှင့် ၁၃ တွင် ကျောင်းသား ခြောက်ဦးကို ခွဲ၍ ထားထားသည်။
လဲ့မုန့်မုန့်က အဆောင်တစ်ခုထဲသို့ ဝင်၍ နာမည်ခေါ်လိုက်သည်။
"ကော်ဟောက်၊ ချန်းချောင်၊ စုရှောင် အဆင်သင့်ဖြစ်ပြီလား.. စိတ်ပိုင်းဆိုင်ရာ အကြံဉာဏ်ပေးခြင်းကို စတင်ပါတော့မယ်.. ဒါက လူတိုင်းအတွက် မသင်မနေရမို့ ကျေးဇူးပြုပြီး ပူးပေါင်းဆောင်ရွက်ပေးပါ"
အဆောင်ထဲတွင် သူ့စကားများကို တုံ့ပြန်ခြင်းမရှိပေ။
လေထုသည် တင်းမာနေသည်ဟုပင် ဆိုနိုင်သည်။
"................"
လဲ့မုန့်မုန့်၏ နှုတ်ခမ်းများ တလှုပ်လှုပ်ဖြစ်သွား၏။
သူက မျက်နှာပေါ်မှ အပြုံးကို ထိန်းသိမ်းရန် မနည်း ရုန်းကန်နေရသည်။
အဆောင်ထဲတွင် သူက ဂိမ်းစက်တစ်ခုစီကို ကိုင်ထားသည့်ကော်ဟောက် နှင့် ချန်းချောင်ကို တွေ့လိုက်ရ၏။
သူတို့နှစ်ဦးစလုံးက အွန်လိုင်းဆက်စီဂိမ်းအချို့ကို ဆော့ကစားနေကြခြင်း ဖြစ်သည်။
လဲ့မုန့်မုန့်က ကုတင်ဘေးကနေ စူးစမ်းလိုက်ရာ ၎င်းတို့နှစ်ဦးစလုံး၏ မျက်နှာက အလွန်အမင်း နီရဲသွားကြသည်။
လဲ့မုန့်မုန့်က ခါးထောက်၍ လက်ညိုးထိုးကာ ပြောလိုက်သည်။
"မင်းတို့တွေ နည်းနည်းလောက်တော့ လေးလေးနက်နက် ရှိကြပါ.. မင်းတို့ရဲ့ ဂိမ်းစက်တွေကို ခဏ ဖယ်ထားလိုက်ပါဦး"
"ကျနော်တို့က အသီးကို နည်းနည်းပဲ စားမိတာပါ.. ဆရာတွေကတော့ ဘာပြဿနာမှ မရှိဘူးလို့ ပြောပါတယ်"
ကော်ဟောက်က ဂိမ်းစက်ကို တုံ့ဆိုင်းစွာ ဖယ်လိုက်သည်။
ထို့နောက် မော့ကြည့်လိုက်ရာ လဲ့မုန့်မုန့်ကို မြင်လျှင် သူ လုံးဝ အံ့သြသွားခဲ့၏။
"ဒေါက်တာစုန့်ပါလား"
လဲ့မုန့်မုန့်ကလည်း ယခုမှပင် ထိုကျောင်းသား၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
".............."
"ချီးပဲ.. ဘယ်လိုလုပ် ဒီကောင်ဖြစ်နေတာလဲ"
အမှတ် ၆၀ အထက်တန်းကျောင်း၏ စစ်ရေးလေ့ကျင့်မှုဖြစ်သည့် စအိုစာမေးပွဲတွင် ကော်ဟောက်၏ ပညာပြသခြင်းအား ခံခဲ့ရသည်ကို လဲ့မုန့်မုန့်က ယနေ့တိုင် မေ့မရသေးပေ။
သူအိပ်စက်နေသည့် အချိန်မှာပင် သူ့ဖင်ကို စမ်းသပ်နေသည့် အိပ်မက်ကို မက်လေ့ရှိခဲ့သည်။
ထိုကျောင်းသား ပေးခဲ့သည့် စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာက အလွန်နက်နဲ၏။
"ဟားဟား.. ကျနော် ဒီနေ့ ဒေါက်တာစုန့်နဲ့ ထပ်တွေ့ရမယ်လို့ မမျှော်လင့်ထားမိဘူး"
ကော်ဟောက်က ခေါင်းကုတ်ပြီး အရူးတစ်ယောက်လို ရယ်မောလိုက်သည်။
"ဒေါက်တာစုန့်က ကျနော်တို့ကို စိတ်ပိုင်းဆိုင်ရာ အကြံဉာဏ်ပေးမှာလား"
လဲ့မုန့်မုန့်က သက်ပြင်းကို ခါးသီးစွာ ချလိုက်သည်။
"ဟုတ်တယ် "
ကော်ဟောက် "ဒါဆို ဒေါက်တာစုန့်က အချိန်ပိုင်းအလုပ် ထပ်လုပ်ပြန်ပြီပေါ့.. ပိုက်ဆံပြတ်သွားလို့လား"
"..............."
"ငါက အမှန်တကယ် အရည်အချင်း ရှိပါတယ်ဟ"
လဲ့မုန့်မုန့်က တက္ကသိုလ်မှ ဘွဲ့ရခဲ့သည်မှာ နှစ်အတော်ကြာခဲ့ပြီဖြစ်သော်လည်း နာမည်ကျော် ပါမောက္ခ တစ်ဦး၏ လက်အောက်တွင် သင်ကြားခဲ့ရသူ ဖြစ်သောကြောင့် ထိုစဉ်က တက္ကသိုလ်တွင် ရရှိခဲ့သော စိတ်ပညာဆိုင်ရာ ဗဟုသုတများကို မည်သည့်အခါမျှ သူမမေ့နိုင်ခဲ့ပေ။
အရေးကြီးဆုံးအချက်မှာ သူက ဤနှစ်များ တစ်လျှောက်လုံးတွင် သူ၏ စိတ်ပညာ လေ့လာမှုများကို လျစ်လျူမရှုခဲ့ဘဲ အရည်အချင်း ပြည့်မီသော စိတ်ရောဂါပညာရှင် တစ်ဦး အဖြစ် အသိအမှတ်ပြု လက်မှတ်ကိုပါ ရရှိထားခဲ့သည်။
မဟုတ်လျှင် မြို့တော်ဌာနက သူ့ကို ဤတာဝန် ပေးမည် မဟုတ်ချေ။
အထူးသဖြင့် လွန်ခဲ့သည့် နှစ်အနည်းငယ် အတွင်း လူထုက အသိအမှတ်ပြု လက်မှတ်ကို စွဲလန်းလာခဲ့သည်။
အဆိုးရွားဆုံး အခြေအနေမှာ သင့်အမေက သင့်အမေဖြစ်ကြောင်း သက်သေပြဖို့ပင် အသိအမှတ်ပြု လက်မှတ်လိုအပ်ခြင်းပင်။
......................
"ငါ့အရည်အချင်းတွေကို သက်သေပြခွင့်ပေးပါ"
လဲ့မုန့်မုန့် ရယ်မော၍ ပြောလိုက်သည်။
"ဒေါက်တာစုန့် ဒါက တကယ်ကို ဖရိုဖရဲဖြစ်ခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကနဲ့ မတူတော့ဘူးနော်.. ဥပမာပြောရရင် လူတချို့က အရည်အချင်း အစစ်အမှန် မရှိဘဲ သူငယ်တန်းဆရာ ဖြစ်လာသလိုပဲ.. သူတို့က အမိမြေရဲ့ ပန်းပွင့်လေးတွေကို ဖျက်ဆီးတဲ့ တရားခံလို့တောင် ပြောလို့ရတယ်"
လဲ့မုန့်မုန့်က အားတင်း၍ ပြုံးပြကာ မေးခွန်းထုတ်လိုက်သည်။
"ဖက်တီးလေး မင်းအနေနဲ့ ဘာလို့ ဒီအကြောင်းတွေကို သိနေရတာလဲ.."
"ကျနော့်ရဲ့ ဦးလေး ပြောပြလို့ပါ..."
ကော်ဟောက်က သက်ပြင်းချ၍ ဖြေလိုက်၏။
ထို့နောက် သူ့မျက်နှာကို ခါးသီးစွာ ညွှန်ပြလိုက်သည်။
"ကျတော်ငယ်ငယ်က ရုပ်ဆိုးတာ ဒီလို ဆရာတွေကြောင့်လား လို့တောင် တွေးမိတယ်"
လဲ့မုန့်မုန့် "............"
[မင်းဘာသာရုပ်ဆိုးတာလေ.. ဆရာတွေနဲ့ ဘာဆိုင်လို့လဲ]
ချန်းချောင်က ခေါင်းခါယမ်းကာ ကောက်ဟောက်၏ ပခုံးကို ပုတ်လိုက်သည်။
"ကော်ဟောက် စိတ်မပျက်ပါနဲ့.. တကယ်တော့ မင်းက ဒီလောက်ကြီး ရုပ်ဆိုးတာလည်း မဟုတ်ပါဘူး... မင်းမှာ တော်တော် ကြည့်ကောင်းတဲ့ ရုပ်ရည်မျိုး ရှိပါတယ်"
မြေပဲလေးကလည်း ခေါင်းညိတ်ပြလိုက်သည်။
"မင်းက မိန်းမ မရနိုင်တော့တာလည်း မဟုတ်ဘူး.. ငွေကြေးလည်းရှိတာပဲ.. အဆင်ပြေမှာပါ"
"မင်းရဲ့ကြက်တူရွေး ဒိုပီရော ရှိသေးရဲ့လား.. သူ့ကို မတွေ့ရတာ နည်းနည်းကြာပြီနော်"
ကော်ဟောက် သူ့နဖူးကိုသူ ပြန်ရိုက်လိုက်သည်။
"........."
"သူလည်း အသီးစားမိတယ်လေ...အခု တိရစ္ဆာန်ဆေးကုခန်းမှာ စစ်ဆေးနေတယ်"
ချန်းချောင် "............"
မြေပဲလေး ".............."
လဲ့မုန့်မုန့် "............."
.................
အကြမ်းဖျင်း ငါးမိနစ်ခန့် အကြာတွင် လဲ့မုန့်မုန့်က စိတ်ပိုင်းဆိုင်ရာ အကြံဉာဏ်ပေးခြင်းကို တရားဝင် စတင်ခဲ့သည်။
သူတို့သုံးယောက်ကို ခေါ်ပြီးနောက် ကနဦး မေးခွန်းထုတ်လိုက်သည်။
လဲ့မုန့်မုန့်က လက်တစ်ဖက်က ဘောပင်ကို ချာချာလည်အောင် မွှေ့ရင်း ခေါင်းကို ငုံ့ထားကာ ဆေးမှတ်တမ်းကို ကြည့်၍ မေးလိုက်သည်။
"ဘာလို့ အသီးကို စားတာလဲ"
ယင်းက တကယ်ကို အရေးကြီးသည့် မေးခွန်းတစ်ခုပင်။
စောစောက ဆေးရုံကို သွားသည့်လမ်းတွင် တာဝန်ခံ ဆရာတိုင်းက အလားတူ မေးခွန်းမျိုးကို မေးမြန်းခဲ့၏။
အဆုံးသတ်တွင် ကျောင်းသားအချို့က သန်မာရန် အတွက် ကျင့်ကြံခြင်း ဖြတ်လမ်းတစ်ခု အနေဖြင့် ဤအသီးကို အမှန်တကယ် မစားခဲ့ကြကြောင်း တွေ့ရှိခဲ့ကြသည်။
ဆိုရလျှင် ကျောင်းသားအများစုမှာ ဘုမသိဘမသိဖြင့် မတော်တဆ စားမိခဲ့ကြခြင်းသာ။
ထို့ကြောင့် တရားဝင် စိတ်ရောဂါ ကုသမှု မခံယူမီတွင် ဤအခြေအနေနှင့် ပတ်သက်ပြီး ရှင်းလင်းရန် လိုအပ်သည်ဟု လဲ့မုန့်မုန့် ခံစားခဲ့ရသည်။
အထူးသဖြင့် စိတ်ရောဂါကုထုံးသည် သန်မာရန် အတွက် အသီးကို တမင်တကာ စားခဲ့သော ကျောင်းသားများ အတွက် ရည်ရွယ်သည်။
လဲ့မုန့်မုန့်က ချန်းချောင်ကို လက်ညိုးညွှန်လိုက်၏။
"မင်းအရင်ပြောပါ"
ချန်းချောင် ခေါင်းညိတ်လိုက်သည်။
"ကျတော့်မှာ သူငယ်ချင်း တစ်ယောက်ရှိတယ်... အဲဒီနေ့က ကျောင်းပြီးလို့ အိမ်ပြန်ရောက်တော့ အချိန်တိုအတွင်း မြန်မြန် သန်မာအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာ မေးဖို့ သူ့ကို စာပို့လိုက်တယ်.. သူက အချိန်တိုအတွင်း လုပ်ဆောင်ဖို့က ခက်ခဲမယ်လို့ ပြောခဲ့တယ်.. အဲဒီနောက်မှာ အဆုံးမဲ့စွမ်းအားတွေကို ရချင်ရင် အသီးတွေကို စားဖို့ပဲလိုတယ်လို့ ပြောပြီး လတ်ဆတ်တဲ့ အသီးအစစ်တွေနဲ့ သရုပ်ပြ ဟင်းချက်ပြခဲ့တယ်.. အဲဒီနောက်မှာ ရွှေကုံးဂိုဏ်းရဲ့ အသီးကို စားဖို့ မလိုအပ်ဘူး ဆိုတာ ကျနော် အလိုလို သိလာတယ်.. ပိုသန်မာချင်တယ်ဆိုရင် တွေ့ကရာ အသီးကို စားမဲ့အစား အသီးအစစ်အမှန်တွေကိုပဲ စားတော့မှာပေါ့"
လဲ့မုန့်မုန့်၏ နှုတ်ခမ်းများ တလှုပ်လှုပ် ဖြစ်သွားသည်။
"ပြီးတော့ရော"
ချန်းချောင် သက်ပြင်းတစ်ချက် ချလိုက်သည်။
"ဒါပေမယ့် အမေက ဆွေမျိုးတစ်ယောက်ယောက်ကနေ ဒီအသီးကို ပေးလိုက်တယ်လို့ ထင်နေတာလေ.. ဒါကြောင့် အမေက အသီးကို ဟင်းချက်ပြီး စားပွဲပေါ် တင်ထားလိုက်တော့ ယူစားမိလိုက်တယ်"
လဲ့မုန့်မုန့် "............."
သူက အသက် ခပ်ပြင်းပြင်းရှူလိုက်ပြီး ကော်ဟောက်ကို ကြည့်လိုက်သည်။
"ဒါဆို မင်းကရော.."
ကော်ဟောက် "ကျနော့် ကိစ္စကလည်း ချန်းချောင်နဲ့ တော်တော်တူတယ်.. နေ့တိုင်း ကျတော်က ကြက်တူရွေးလေးဒိုပီ စားဖို့ သစ်သီးတွေ ပေးလေ့ရှိတယ်.. ဒိုပီက အိမ်ကိုရောက်လာတဲ့ အသီးကို ဘုမသိဘမသိနဲ့ အခွံခွာပြီး စားလိုက်တယ်.. လက်ကျန်ကိုတော့ ကျနော်ကပဲ ငတ်ကြီးကျပြီး စားလိုက်မိတယ်.. ဒီလိုနဲ့ပဲ ကျနော်တို့ နှစ်ယောက်စလုံး ရွှေကုံးဂိုဏ်း ရဲ့ ထောင်ချောက်ထဲကို ကျရောက်သွားခဲ့တယ်"
"ဒါဆို မင်းက အသီးကို မှားပြီး စားမိတယ်လို့ ပြောချင်တာပေါ့"
လဲ့မုန့်မုန့်က အံ့အားသင့်သွားပြီး နောက်ဆုံးလူဖြစ်သည့် မြေပဲလေးကို ကြည့်လိုက်သည်။
"ဒါနဲ့ မင်းကရော ဘာလို့ အသီးကို စားတာလဲ"
မြေပဲငယ်က ရှက်ရွံ့စွာ ပြုံးပြီး ခေါင်းကုတ်လိုက်သည်။
"ကျနော် ဗိုက်ဆာနေလို့ပါ"
လဲ့မုန့်မုန့် ".............."