မိဘများနှင့် ဆရာများ
Vol. 24 Ch. 356
ဆေးရုံ၏ နားနေခန်းတွင် အမှတ် ၆၀ အထက်တန်းကျောင်းမှ ဆရာအချို့က ကော်ဖီထိုင်သောက်ကြသည်။
သူတို့အားလုံး ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ပင်ပန်းနွမ်းနယ်နေခဲ့သည်။
ရွှေအမြူတေအဆင့် ကျင့်ကြံသူများ အနေဖြင့် ရက်ပေါင်းများစွာ မအိပ်ဘဲနေနိုင်သော်လည်း စိတ်ပင်ပန်းမှုကိုမူ နေ့စဥ် ရက်ဆက် မခံစားနိုင်ကြပေ။
ဤကဲ့သို့ အခြေအနေမျိုး ရောက်လာလိမ့်မည်ဟု မည်သူကမှ မမျှော်လင့်ထားကြပေ။
အလုပ်ဆင်းပြီးနောက်တွင် ဆရာ၊ ဆရာမများမှာ ကျောင်းသားများကို ပြုစုစောင့်ရှောက်ရန် အပြင် တုန်လှုပ်နေသော မိဘများကို နှစ်သိမ့်ပေးရန် အတွက် ဆေးရုံသို့ အမြန်သွားခဲ့ကြသည်။
မိဘအများစုက အမှန်တကယ် ကျိုးကြောင်းဆီလျော်သူများ ဖြစ်ကြသော်လည်း ထိုအထဲတွင် စုန်းပြူး မိဘအချို့မှာ မလွဲမသွေ ရှိတတ်ကြသည်။
ထိုမိဘမျိုးက ၎င်းတို့၏ ရင်သွေး ကျောင်းတွင် တစ်ခုခု ဖြစ်ခဲ့လျှင် မျှတစွာမကြည့်တတ်ဘဲ ကျောင်းနှင့် ဆရာမများကို အရင်ဆုံး အပြစ်တင်တတ်ကြ၏။
တကယ်တမ်းတွင် ချန်းချောင်၊ ကော်ဟောက်နှင့် မြေပဲလေးတို့လို ရွှေကုံးဂိုဏ်း၏ အသီးကို မှားယွင်း စားသောက်မိသည့် လူများအပြင် ပို၍ သန်မာရန်အတွက် အသီးကို စားသုံးသော ကျောင်းသားများမှာ ၎င်းတို့နှင့် ဆက်စပ်နေသည်။
ထိုကျောင်းသားများတွင် ယေဘုယျအားဖြင့် သူတို့အပေါ် အလွန် မျှော်လင့်ချက်ကြီးသည့် မိဘများ ရှိကြ၏။
ထိုကဲ့သို့ မိဘမျိုးက စာမေးပွဲများတွင် သူတို့ လိုချင်သော အမှတ်များ မရရှိလျှင် သားသမီးများကို ချက်ချင်းပင် ကဲ့ရဲ့ခြင်း သို့မဟုတ် ရိုက်နှက် ကြိမ်းမောင်းခြင်းများ ပြုလုပ်တတ်ကြသည်။
ထို့ကြောင့် အားလုံးကို ခြုံ၍ကြည့်လိုက်လျှင် သားသမီးများ အပေါ် အရမ်းကာရော ဖိအား ပေးတတ်သည့် မိဘများ၏ အပြစ်ဟုပင် ဆိုရမည်။
မိဘအများစုက သားသမီးများကို ကောလိပ်ဝင်ခွင့် စာမေးပွဲတွင် ကောင်းမွန်စွာ ဖြေဆိုစေချင်သည့် အပြင် အထက်တန်းကျောင်း မပြီးခင် ရွှေအမြူတေ အဆင့်ကို ရောက်စေချင်ကြသည်။
ထိုနည်းအားဖြင့် ၎င်းတို့က အစိုးရ၏ စူပါဝိညာဥ် ဆေးလုံး အထောက်အပံ့ကို ရယူနိုင်ပြီး အနာဂတ် အလားအလာများ တောက်ပ ကြွယ်ဝလာမည် ဖြစ်သည်။
သို့သော် ရွှေအမြူတေ အဆင့်ကို ရောက်ရန်မှာ မည်ကဲ့သို့ လွယ်ကူနိုင်ပါမည်နည်း။
ယခုခေတ်တွင် ဆေးဝါးများ၏ အထောက်အပံ့ကို ရလျှင်ပင် အထက်တန်းကျောင်း မပြီးခင်အတွင်း အခြေခံတည်ဆောက်ခြင်း အဆင့်မှ ရွှေအမြူတေ အဆင့်သို့ ရောက်ရန်မှာ မလွယ်ကူပေ။
မိဘများစွာက အလွန် အရေးကြီးသော ပြဿနာကို လျစ်လျူရှုထားခဲ့ကြသည်။
ယင်းမှာ ပင်ကိုပါရမီ ဖြစ်သည်။
တူညီသော အခြေအနေတွင် အချို့သောလူများသည် အချိန်တိုအတွင်း ရွှေအမြူတေ အဆင့်သို့ ရောက်ရှိနိုင်သော်လည်း ပင်ကိုပါရမီ နည်းပါးသော အချို့ကမူ ဆယ်စုနှစ်များ သို့မဟုတ် ရာစုနှစ်များထိ အချိန်ယူကြရ၏။
ပင်ကိုပါရမီ ဆိုသည်မှာ ဂိမ်းကစား သကဲ့သို့ ဆေးလုံး စားသုံးခြင်းဖြင့် မြှင့်တင်နိုင်သည့် အရာမဟုတ်ပေ။
တကယ့် လက်တွေ့ကမ္ဘာတွင် ထိုကဲ့သို့ အရာမျိုး မရှိချေ။
သို့သော် မိဘများက အဆုံးသတ်တွင် မိဘများပင် ဖြစ်သည်။
၎င်းတို့က ကိုယ့်သားသမီးများကို ဉာဏ်ကောင်းသည်ဟု အမြဲ ယုံကြည်ထားလေ့ ရှိပြီး အချိန်တိုအတွင်း ရွှေအမြူတေ အဆင့်သို့ ရောက်ရှိနိုင်မည်ဟု အပိုင် တွက်ထားကြသည်။
ဤကဲ့သို့ မိဘမျိုးမှာ ဆရာသမားများကို ခေါင်းကိုက်အောင် လုပ်တတ်သည့် မိဘများပင်။
ယနေ့ခေတ် လူ့အဖွဲ့အစည်းတွင် အမှန်တရားကို ပြောလျှင် လူမုန်းခံရလိမ့်မည်။
အမှတ် 60 အထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများသည် နားနေခန်းထဲတွင် စကားစမြည် ပြောနေကြသည်။
ထိုအချိန်တွင် ဆရာယီက စိတ်ပျက်လက်ပျက် အမူအရာဖြင့်အခန်းထဲသို့ ဝင်ရောက်လာသည်။
သူ၏ မျက်နှာက အလောင်းကောင်ကဲ့သို့ ဖြူဖျော့နေ၏။
"ဘာဖြစ်လို့လဲ ဆရာယီ"
ဆရာမဖန်က ထိုင်ခုံတွင် ထိုင်ရန် ညွှန်ပြပြီး မေးခွန်းထုတ်လိုက်သည်။
ဆရာယီ၏ အခြေအနေကို ကြည့်ပြီး ဆရာမဖန်က ရေတစ်ခွက်ကို ကမန်းကတန်း ကမ်းပေးလိုက်သည်။
"ကျောင်းသားမိဘက သောင်းကျန်းနေလို့ပါ"
ထိုစကားကို ပြောနေသည့် ဆရာယီ၏ မျက်လုံးထဲတွင်စိတ်ပျက်သော အမူအရာများ အတိုင်းသား ပေါ်လွင်နေ၏။
ခဏအကြာတွင် ရှေးဟောင်းစာအုပ်ကြီးကလည်း အခန်းထဲ သို့ ဝင်လာသည်။
ဆရာမဖန်က ခဏမျှ စဥ်းစားဟန်ပြုပြီးမှ မေးခွန်းထုတ်လိုက်သည်။
"မင်းရဲ့အမူအရာအရ ဆိုရင် အဲဒီ မိဘတွေက ကုစားရေး အတန်းထဲက ဟူစုရဲ့ မိဘများ ဖြစ်နေမလား"
အနီးနားရှိ ဆရာမက အံ့သြသွားသည်။
"ဆရာမဖန်.. ဘယ်လိုသိတာလဲ"
"အင်း သူတို့က ငါတို့ကျောင်းမှာ ဆက်ဆံရအခက်ဆုံး မိဘတွေပဲ"
ဆရာမဖန်က ငယ်ရွယ်သော ဆရာမကို ကြည့်လိုက်သည်။
"နင်လည်း အမှတ် 60 အထက်တန်းကျောင်းမှာ စာသင်သက် ကြာလာရင် သူတို့အကြောင်းကို အနှေးနဲ့အမြန် ဆိုသလို သိလာပါလိမ့်မယ်"
ဆရာမဖန်က ခါးသီးစွာ ပြုံးလိုက်သည်။
"ဒီဟူစုက ငါတို့ အမှတ် ၆၀ အထက်တန်းကျောင်းမှာ ထပ်ခါထပ်ခါ စာမေးပွဲကျနေတဲ့ ကျောင်းသားပဲ.. သူက အခုထိ ကုစားရေး အတန်းထဲမှာပဲ ရှိသေးတယ်"
ငယ်ရွယ်သော ဆရာမ "ကျမတို့ အမှတ် 60 အထက်တန်းကျောင်းမှာ ကုစားတဲ့ အတန်းတစ်ခုပဲ ရှိတယ် ဆိုပေမယ့် အကောင်းဆုံး ဆရာတွေ ရှိနေတာပဲ.. သူက ဘာလို့ကျနေရတာလဲ"
ဆရာမဖန်က ခေါင်းခါလိုက်သည်။
"ဒါက အသုံးမဝင်ပါဘူး.. အမှန်တကယ် စာမကျက်တဲ့ ကျောင်းသားတွေ အတွက်တော့ မိုးနတ်ဘုရား ဆင်းသင်ရင်တောင် အကျိုးရှိမှာ မဟုတ်ဘူး"
ငယ်ရွယ်သောဆရာမ".........."
ရှေးဟောင်းစာအုပ်ကြီးက နံရံကို မှီ၍ သက်ပြင်းချလိုက်သည်။
"ဟူစုရဲ့ အမေက အတော်များနေပြီ.. ငါ့ကို ကြိမ်းမောင်းတာကတော့ ထားပါတော့.. ဆရာယီရဲ့ မျက်နှာကိုပါ လက်ညိုးငေါက်ငေါက်ထိုးပြီး အမှိုက်လို့ ခေါ်လိုက်သေးတယ်.. ဒါ့အပြင် သူ့သားက အသီး စားသုံးရတဲ့ အထိ ဘာကြောင့် ညံ့ရတာလဲလို့ မေးသေးတယ်.. ဒါက ဆရာယီနဲ့မှ မဆိုင်တာ.. ဆရာယီက ကာယဆရာ တစ်ယောက်ပဲလေ"
ငယ်ရွယ်သောဆရာမ "..........."
"အခုတော့ ကျောင်းစောင့်ကြီးလီက သူမကို ဖျောင်းဖြနေတယ်.. သူ့ကို စိတ်တည်ငြိမ်အောင် လုပ်ဖို့ စိတ်ရောဂါကုဆရာဝန်ကိုလည်း ရှာတွေ့ခဲ့ပြီ.. ကျောင်းအုပ်ကြီးချမ်းကလည်း သူမကို ကိုယ်တိုင် သွားတွေ့ခဲ့တယ်"
ရှေးဟောင်းစာအုပ်ကြီးက သူ့မျက်နှာကို ကူကယ်ရာမဲ့စွာ လက်ဖြင့် ပွတ်သပ်လိုက်သည်။
"အစပ်ချောင်းကို စားချင်စိတ်တောင် မရှိတော့တာ ဒါပထမဆုံးအကြိမ်ပဲ...ငါတို့ ဘာလို့ ဒီလို မိဘမျိုးနဲ့ ဆုံရတာလဲ"
"အဲဒီအတွက်တော့ ငါတို့ဘာမှ မတတ်နိုင်ဘူး"
ဆရာမဖန်က သူမ ဘေးနားမှ စိတ်ပျက်နေသည့် ဆရာယီကို စိုက်ကြည့်ရင်း စိတ်သက်သာရာ ရစေမည့် စကားတစ်ခုခု ပြောရန် ဦးနှောက်ကို အလုပ်ပေးလိုက်သည်။
ကာယ သင်ကြားသည့် ဆရာတိုင်းကို ၎င်းတို့၏ သင်ကြားမှုစွမ်းရည်နှင့် ပတ်သက်၍ မေးခွန်းထုတ်လျှင် ၎င်းတို့၏ သိက္ခာကို ထိခိုက်စေမည် ဖြစ်သည်။
ဆရာက သင့်အား တံခါးဆီသို့ ပို့ဆောင်နိုင်သည်ဟု ဆိုထားသော်လည်း ကျန်အရာများမှာ သင့်တာဝန်သာ ဖြစ်သည်။
ဟင်းများကို ချက်ပေးထားလျှင် အနည်းဆုံးတော့ ကိုယ်တိုင် စားတတ်ဖို့တော့ သင်ယူရပေမည်။
ယနေ့ခေတ် ဆရာများမှာ ကျောင်းသားများကို ကိုယ်တိုင်ကိုယ်ကျ ကျွေးမွေးဖို့ စိတ်အားထက်သန်သော်လည်း ကံမကောင်းစွာဖြင့် ပျင်းရိလွန်းသည့် ကျောင်းသားတချို့လည်း အတန်းထဲတွင် ရှိတတ်၏။
ထိုကဲ့သို့ ကျောင်းသားများမှာ အမှန်တကယ် ဘာမှလုပ်မရတော့ပေ။
"ဆရာယီ...အရမ်းကြီး စိတ်မကောင်းမဖြစ်ပါနဲ့.."
ဆရာမဖန်က ပြတင်းပေါက်ကို ညွှန်ပြလိုက်သည်။
"ကြည့်စမ်း.. ကြယ်တွေပြည့်နှက်နေတဲ့ ကောင်းကင်ကြီး"
".........."
ခေါင်းကို ငုံ့ထားသည့် ဆရာယီ၏ မျက်နှာက နီရဲနေသည်။
ဆရာယီ၏ စိတ်ဓာတ်ကျသော အမူအရာကြောင့် နားနေခန်းက ခေတ္တတိတ်ဆိတ်သွားသည်။
ဆရာတိုင်းက အတန်းချိန်တွင် ၎င်းတို့၏ အရည်အချင်းများကို မေးခွန်းထုတ်ခံရတတ်သည်။
ဆရာယီ၏ သနားစရာ ကောင်းသော အခြေအနေကို မြင်လိုက်ရသော ဆရာ၊ ဆရာမ ပေါက်စများသည် နှလုံးသားထဲတွင် ထိတ်လန့်တကြား ဖြစ်သွားခဲ့သည်။
ဝါ့ရင်ဆရာများအတွက်မူ ဤသည်မှာ ဖြစ်ရိုးဖြစ်စဉ် ဖြစ်နေပြီ ဖြစ်၏။
သို့သော် အမှတ် ၆၀ အထက်တန်းကျောင်း၏ ရှေ့ဆောင်ဆရာမ တစ်ဦး အနေဖြင့် ဆရာမဖန်သည် အမှန်တကယ်ပင် ဆရာမဖန်ပင် ဖြစ်သည်။
သူမက အခြေအနေကို ချက်ချင်း ခွဲခြမ်းစိတ်ဖြာခဲ့၏။
"ဆရာယီရဲ့ အခြေအနေတွေကို နက်နက်နဲနဲ နားလည်သဘောပေါက်ပါတယ်.. မိဘအနည်းစုက ငါတို့ရဲ့ သင်ကြားမှုစွမ်းရည်ကို မေးခွန်းထုတ်လေ့ ရှိတယ်"
"အမှတ် ၆၀ အထက်တန်းကျောင်းမှာ နှစ်ပေါင်းများစွာ ရှေ့တန်းက ရပ်တည်ခဲ့တဲ့ ဆရာတစ်ယောက် အနေနဲ့ ဆရာတွေအားလုံးကို အပြုသဘောဆောင်တဲ့ စိတ်ထားမျိုး မွေးမြူဖို့ သင်ယူသင့်တယ်လို့ အကြံပြုချင်ပါတယ်"
"ဒါဆို ကျမတို့ ဘာလုပ်ရမှာလဲ"
ငယ်ရွယ်သော ဆရာမလေးက မေးလိုက်သည်။
"ဒါက အရမ်းရိုးရှင်းပါတယ်"
ဆရာမဖန်က ပြန်ဖြေလိုက်သည်။
"ငါက လက်ရွေးစင် အတန်းကို သင်ပေးပေမဲ့ နှစ်စဥ်နှစ်တိုင်းမှာ ငါ့ရဲ့ ပထမဆုံး သင်ခန်းစာမှာတင် သူတို့ သင်ဖူးသမျှ အဆိုးဆုံးအတန်းလို့ ထင်အောင် စိတ်ကင်ဆာ ပေးလိုက်တယ်"
ဆရာမများ "..........."
ဤသည်မှာ ဆရာများ အသိုင်းအဝိုင်းတွင် ရေပန်းစားသော စကားစု ဖြစ်၏။
ယခု နောက်ဆုံးတွင် ၎င်းတို့က ထိုစကား၏ အရင်းအမြစ်ကို ရှာဖွေတွေ့ရှိခဲ့သည်။
ဆရာမဖန်က ဆရာယီကိုကြည့်ကာ ပြုံးလိုက်သည်။
"ဆရာယီ.. အရမ်းကြီး စိတ်မပျက်ပါနဲ့.. မိဘတစ်ယောက်က မင်းကို လှောင်ပြောင်နေလည်း ဂရုစိုက်မနေပါနဲ့.. အနည်းဆုံးတော့ မင်းမှာ ချစ်သူ မရှိသေးဘူး မဟုတ်လား.. နှစ်ဝက် ကျန်ပါသေးတယ်...ငါတို့ ရှေ့ဆက်လျှောက်ဖို့ ကြိုးစားရမယ်"
".............."
ထိုစကားကိုကြားလျှင် ဆရာယီက ပို၍ပင် ဝမ်းနည်းသွားပြီး သူ့ပါးပြင်ပေါ်သို့ မျက်ရည်များက ကူကယ်ရာမဲ့စွာ စီးကျလာသည်။