← Chapters

ဘောက်စ်ကိုဖွင့်သည့်အခိုက်အတန့်

Vol. 24 Ch. 357

ဘောက်စ်ကိုဖွင့်သည့်အခိုက်အတန့်

Vol. 24 Ch. 357

ဆရာယီ၏ ကြေကွဲဖွယ် အတွေ့အကြုံက အချက်တစ်ချက်ကို အတည်ပြုခဲ့သည်။

ယင်းမှာ မိဘနှင့် ဆရာများကြား ဆက်ဆံရေးသည် ထင်သလောက် မရိုးရှင်းဟူသော အချက်ပင်။

ကလေးများကို တိုးတက်စေချင်သည့် စိတ်က မိဘနှင့်ဆရာတွင် အတူတူ ရှိကြသော်လည်း ကလေးများနှင့် ပတ်သက်၍ အကြောင်းပြချက်မဲ့ ပြဿနာ လာရှာသည့်အခါတွင် ဆရာဆရာမများပင် မိဘများကို ဒေါသဖြစ်ရသည့် အချိန်များ ရှိခဲ့သည်။

ဟူစု၏မိခင်က အမှတ် 60 အထက်တန်းကျောင်းတွင် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သည်။

သူ့သားက ကုစားရေး အခန်းတွင် လေးနှစ်ကြာ အပြင်းအထန် ကြိုးစားခဲ့သော်လည်း အထပ်ထပ်အခါခါ ကျဆုံးခြင်းဖြင့်သာကြုံခဲ့ရသည်။

ကျောင်းရှိ လူတိုင်းနီးပါးက သူမ အကြောင်းကို ကြားဖူးကြသော်လည်း ဆရာမ ပေါက်စ အချို့မှာမူ သူမ အကြောင်း မသိကြသေးချေ။

နှစ်တွေကြာလာသည် နှင့်အမျှ ကျောင်းအုပ်ကြီးချမ်းက ဟူစုကို သူ့အမေနှင့် ပြဿနာကြောင့် ကျောင်းထုတ်ရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားခဲ့သည်။

ဟူစုက အမှတ် 60 အထက်တန်းကျောင်းတွင် တရားဝင် စာရင်းသွင်းခဲ့သည့် ကျောင်းသား ဖြစ်၏။

နှစ်စဉ်နှစ်တိုင်း ကျင်းပသည့် စာမေးပွဲများတွင် တစ်ကျောင်းလုံး၏ စုစုပေါင်းရမှတ်များကို ထည့်သွင်း တွက်ချက်လေ့ရှိရာ ဟူစု၏ ရမှတ်များသည် ကျောင်း၏ အောင်ချက်ကို ဆွဲချလေ့ ရှိခဲ့သည်။

အမှတ် 60 အထက်တန်းကျောင်းကို အဓိကမြို့ပြအထက်တန်းကျောင်း အဖြစ် အဆင့်တိုးပေးမည့် စောင့်ကြည့်ကာလတွင် ကျောင်းအုပ်ကြီးချမ်းက မည်သည့်အရာကိုမျှ အမှားအယွင်း မရှိစေချင်ပေ။

သို့သော် နတ်ကို ဖိတ်ခေါ်ရန် လွယ်ကူသော်လည်း ပြန်ပို့ရန် ခဲယဉ်းသည်ဟု စကားလည်း ရှိပေသည်။

အမှတ် ၆၀ အထက်တန်းကျောင်းတွင် ဤကျောင်းသားဟူစုက ကိုယ်ပိုင်ဆန္ဒဖြင့် စာရင်းသွင်းခဲ့သည်။

သူ့မိဘများက ပြဿနာရှာလေ့ ရှိသော်လည်း သူ၏ နေပုံထိုင်ပုံနှင့် အားထုတ်မှုကတော့ မဆိုးပေ။

သူကတော့ နာခံမှုရှိပြီး ချင့်ချင့်ချိန်ချိန် တွေးတောတက်ကာ ဆရာများနှင့် အတန်းဖော်များကို မကြာခဏ အကူအညီ ပေးလေ့ရှိ၏။

မည်သို့ပင်ဖြစ်စေ သူ၏ ရမှတ်တွေကမူ မတိုးတက်လာခဲ့ပေ။

တကယ်တမ်းတွင် ကျောင်းသားတစ်ဦး၏ ညံ့ဖျင်းသောရမှတ်များ ပေါ်တွင် အခြေခံ၍ တရားဝင် ကျောင်းသား တစ်ဦးအား ကျောင်းမှ နှုတ်ထွက်ရန် ဖိအားပေး တိုက်တွန်းခြင်းသည် မည်သို့မှ ကျိုးကြောင်း ဆီလျော်မှုမရှိချေ။

ထို့အပြင် ဤသတင်းသာ ထွက်သွားပါက ကျောင်း၏ သင်ကြားရေးပိုင်းကို အထင်အမြင် လွဲသွားနိုင်ပေသည်။

ထို့ကြောင့် ကျောင်းအုပ်ကြီးချမ်း၏ စိတ်ထဲတွင် တွေးတောနေသော အကြံအစည် အမျိုးမျိုးမှာ အငွေ့ပျံသွားခဲ့၏။

ကိစ္စတစ်ခုလုံးကို အသေအချာ စဉ်းစားကြည့်လျှင် ဟူစု အမေ၏ စကားများက တကယ်ကို ကျိုးကြောင်းဆီလျော်မှုရှိနေသည်။

သူမ ကလေးက ကုစားရေး အခန်းတွင် တက်နေသည့် တရားဝင် ကျောင်းသား ဖြစ်သည်။

သူ၏ နေပုံထိုင်ပုံ၊ စာကျက်မှု အလေ့အထနှင့် သူ၏ စရိုက်လက္ခဏာများက အလွန်ကောင်းမွန်သော်လည်း ရမှတ်များက လုံးဝ တိုးတက်မလာခဲ့ပေ။

လေးနှစ်ပြည့်သွားခဲ့ပြီ ဖြစ်သော်လညိး မည်သည့် တိုးတက်မှုမှ မရှိသေးချေ။

ယင်းက ကျောင်း၏ အမှားမဟုတ်လျှင် မည်သူ့အပြစ် ဖြစ်ရမည်နည်း။

ဤအရာက ကျောင်းအုပ်ကြီးချမ်းကို ဖော်မပြနိုင်လောက်အောင် စိတ်ဆင်းရဲစေသည်။

နားနေခန်းထဲတွင် ဆရာမဖန် နှင့် တခြား ဝါရင့်ဆရာများက ဤအခွင့်အရေးကို ယူပြီး ဆရာသစ်များကို ဟူစုနှင့် သူ့အမေအကြောင်း ပြောပြခဲ့ကြသည်။

ယခင်က ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပြုရန် မျှော် လင့်ထားခဲ့သော လူငယ် ဆရာများသည် ၎င်းတို့၏ အလုပ်အကိုင်နှင့် ပတ်သက်၍ လေးလေးနက်နက် တွေးတောမှုများပင် ရှိလာသည်။

၎င်းတို့က ယနေ့ခေတ်တွင် လူအများကို မကယ်တင်နိုင်တော့သည်မှာ ဆရာဝန်တွေချည်းပဲ မဟုတ်တော့ဘူး ဆိုတာ သိလာသည်။

သူတို့ စကားစမြည် ပြောနေကြစဉ် ဆရာမဖန်က ရှေးဟောင်း စာအုပ်ကြီး ပျောက်ကွယ်သွားကြောင်း ရုတ်တရက် သတိထားမိလိုက်သည်။

"အယ်.. ဆရာဝမ် ဘယ်ရောက်သွားတာလဲ"

ဆရာတစ်ယောက်က ပြန်ဖြေလိုက်၏။

"ကျောင်းအုပ်ကြီးက ဆရာဝမ်ကို ရှာနေပုံရတယ်"

"အော် ငါသိပြီ.. ဆရာဝမ်က ကုစားရေး အခန်းရဲ့ သမိုင်းဆရာလေ.. သူက ဟူစုအမေကို နှစ်သိမ့်ပေးနေကျလူလို့ ငါကြားဖူးတယ်"

လုပ်ငန်းခွင်ထဲ ဝင်လာသူတိုင်းက အလုပ်လုပ်ရတာ မလွယ်မှန်း ခံစားမိလိမ့်မည်။

ယင်းက ဘယ်အလုပ်အတွက်မဆို မှန်၏။

သင့်အနေဖြင့် အခြေချပြီး ဘဝကို ဆက်လျှောက်နေရုံအပြင် မရှိပေ။

သင်က ဆက်ဆံရေးပိုင်းကို အတွေ့အကြုံကနေ သင်ယူပြီး ကိုယ့်အတွက် အခက်အခဲ ဖြစ်စေမည့် သူများကို သတိထားရပေမည်။

ဤလောက၌ သင်သည် သူ့ဘက်ကိုယ့်ဘက် မျှတွေးတတ်ရန် သင်ယူရမည် ဖြစ်သည်။

လက်ရှိ အမျိုးသား ကျင့်ကြံမှုခေတ်တွင် ကျင့်ကြံသူ အများအပြားသည် အင်မော်တယ်ထုန်ရာ၏ အဂ္ဂိရတ်လုပ်ငန်း နှင့် ဖက်တီးလော ကဲ့သို့ လုပ်ငန်းမျိုးကို လုပ်ကိုင်ရန် ရွေးချယ်လာကြသည်။

ထိုအလုပ်က အလွန်ရှုပ်ထွေးသော်လည်း အလွန် အကျိုးများသည်။

အရေးကြီးဆုံးမှာ ထိုအလုပ်မျိုးက တခြားသူများ၏ မျက်နှာကို ကြည့်နေစရာ မလိုအပ်ခြင်းပင်။

ဟူစု၏ အမေကို ဖျောင်းဖြ နှစ်သိမ့်ပေးပြီးနောက်တွင် ရှေးဟောင်းစာအုပ်ကြီးက သူ၏ ဆူဖြိုးသော ခန္ဓာကိုယ်ကို နံရံနှင့် မှီပြီး အချိန်အတော်ကြာ စဉ်းစားခဲ့သည်။

တကယ်တော့ ဆရာဖြစ်ရန် ဆုံးဖြတ်ရခြင်း၏ အကြောင်းရင်းများမှာ အလွန် ရှုပ်ထွေးလှသည်။

ဆိုရလျှင် အလွန် ဂုဏ်ယူစရာ ကောင်းသော အလုပ်အကိုင် တစ်ခုဟု သူထင်သောကြောင့် ဖြစ်သည်။

ဆေးရုံအိမ်သာထဲတွင် အစပ်ချောင်းကို ဝါးစားပြီးသောအခါဆရာဝမ်က အတော်လေး တည်ငြိမ်သွားခဲ့သည်။

ထို့နောက် သူက အချိန်ကိုကြည့်ကာ အနည်းငယ် မျက်မှောင်ကြုတ်သွား၏။

သူက အစောပိုင်းတွင် အွန်လိုင်းမှ ဝယ်ယူမှုတစ်ခု ပြုလုပ်ခဲ့ပြီး မိနစ်နှစ်ဆယ်အတွင်း ရောက်ရှိလာမည် ဖြစ်ကြောင်း အီလက်ထရွန်းနစ် ပြေစာက ဖော်ပြခဲ့သည်။

အချိန်နီးကပ်နေပြီမို့ ဆေးရုံ၏ ပင်မဝင်ပေါက်ကို သွားသင့်ပြီလားဟု တွေးပြီး အပြင်ကိုထွက်ဖို့ ခြေလှမ်း လှမ်းလိုက်စဥ်မှာပင် သူ့ဘေးမှ အိမ်သာခန်းထဲကနေ အသံတစ်ခု ထွက်ပေါ်လာသည်။

"ခွင့်လွှတ်ပါ.. သင်က မစ္စတာဝမ်လား"

"............"

ရှေးဟောင်းစာအုပ်ကြီးက အံ့ဩသွားသည်။

"ဟုတ်တယ် ဆရာဝမ်က ငါပါ"

ထိုသို့ပြောပြီးနောက် ဆရာဝမ်က အိမ်သာတံခါးကို ဖွင့်လိုက်ရာ ရေငုပ်ကိရိယာ ဝတ်ဆင်ထားသော အမျိုးသား တစ်ဦးက ဘိုထိုင်အိမ်သာထဲမှ ထွက်လာသည်ကို တွေ့လိုက်ရသည်။

ရွှဲရွှဲစိုနေသော ထိုလူက ရှေးဟောင်းစာအုပ်ကြီးကို ရိုသေစွာ ဦးညွှတ်လိုက်၏။

"ရွှင်ဖုန်းနတ် အမြန်ချောပို့ကပါ.. မစ်ရှင် ပြီးမြောက်ကြောင်း အာမခံ လက်မှတ်ထိုးပေးပါ"

ဆရာဝမ်က တုန်လှုပ်ချောက်ခြားစရာ အခြေအနေတွင် ရှိနေသေးသည်။

"မင်းဘယ်လိုဝင်လာတာလဲ"

ဤ ရွှင်ဖုန်းနတ် အမြန်ချောပို့ ကုမ္ပဏီသည် လက်ရှိတွင် နိုင်ငံအတွင်း အထိရောက်ဆုံး အမြန်ပို့ဆောင်ရေး အဖွဲ့ဖြစ်ကြောင်း သူကြားသိခဲ့ရသည်မှာ ကြာပြီ ဖြစ်သည်။

အကယ်၍ သင့်၏ ကုန်ပစ္စည်းများကို အရေးပေါ် အလျင်အမြန် ပို့ဆောင်ရန် လိုအပ်ပါက ၎င်းတို့က ဖောက်သည် ထံသို့ မိနစ်နှစ်ဆယ် အတွင်း ရောက်ရှိစေမည် ဖြစ်သည်။

ဤသည်က ဆရာဝမ် ကိုယ်တိုင် ပထမဆုံးအကြိမ် တွေ့ကြုံခံစားခဲ့ရခြင်း ဖြစ်ပြီး အမှန်တကယ် အမြင်ကျယ်စေခဲ့၏။

အပြင်ဘက်တွင် အထူးရဲများ တင်းကြပ်နေသည့်ကြားမှ ဤပို့ဆောင်ရေးသမားက ဝင်လာနိုင်ခဲ့သည်။

ပို့ဆောင်ရေးသမားက မည်ကဲ့သို့ ဝင်လာပါသနည်း။

ယင်းမှာ ပဟေဠိဆန်သော မေးခွန်း ဖြစ်သည်။

ပို့ဆောင်ရေးသမားက အမောခဏဖြေပြီးမှ ပြောလိုက်သည်။

"အပြင်မှာ ရဲတွေ အရမ်းများနေတယ်...ဒီအထုပ်ကို ပို့ရတာ တကယ်မလွယ်ဘူးဆရာ.. ကျွန်တော် ဒီပေးပို့မှုကို လက်ခံပြီးတဲ့နောက်မှာ ဆရာ့ရဲ့ ကိုသြဒိနိတ်တွေကို တွက်ဆဖို့ ပုံကြမ်းတစ်ခုဆွဲပြီး ပန်းခြံထဲကနေ လိုဏ်ခေါင်းတစ်ခုကို တူးလိုက်တယ်.. ပြီးတော့ အရိုးချုံ့ နည်းစနစ်ကို အသုံးပြုပြီး မြို့ရဲ့ ရေဆိုးမြောင်း စနစ်ကနေ ဝင်ရောက်ခဲ့တယ်.. နောက်ဆုံးတော့ ဆရာ့ရဲ့ တည်နေရာကို စိစစ်ပြီးနောက်မှာ ဒီမှာ ဆရာနဲ့တွေ့ရတာပဲ"

"မစ္စတာဝမ်.. ပေးပို့မှုကို လက်ခံရရှိပြီးရင် ကျေးဇူးပြုပြီး ငါ့ကို ကြယ်ငါးပွင့် မှတ်ချက်ပေးလို့ရမလား"

ဆရာဝမ် ".............."

စကားပြောနေရင်း ပို့ဆောင်ရေးသမားက သူ၏သိုလှောင်အိတ်ထဲမှ စတုရန်းသဏ္ဍာန် ဘောက်စ်တစ်ခုကို ထုတ်ယူခဲ့သည်။

"ဒါသင်မှာထားတဲ့ပစ္စည်း"

ရှေးဟောင်း စာအုပ်ကြီး "အဲဒါက လမ်းခရီးမှာ မကွဲခဲ့ပါဘူးနော်"

ပို့ဆောင်ရေးသမား "သေတ္တာက ရေစိုတာကလွဲလို့ ပြဿနာမရှိလောက်ပါဘူး.. ဒါပေမယ့် အထဲမှာရှိတဲ့ ပစ္စည်းက နဂိုအတိုင်း ရှိ၊ မရှိ ဆိုတာတော့ ပြောဖို့ ခက်ပါတယ်"

ရှေးဟောင်း စာအုပ်ကြီး "ငါ အာမခံ ယူထားတာနော်..."

"အိုး ဟုတ်ပါတယ်.. ပစ္စည်းပျက်သွားရင် ကျနော်တို့က ဆရာ့ကို သေချာပေါက် ပြန်လျော်ပေးမှာပါ.. ဒါပေမယ့် သေတ္တာထဲမှာ ရှိတဲ့ ပစ္စည်းက ကွဲနေသလား ဆိုတာ မသေချာသေးပါဘူး.. ကောင်းနေတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်"

ပို့ဆောင်ရေးသမားက အခြေအနေကို လေးလေးနက်နက် ခွဲခြမ်းစိတ်ဖြာ ပြလိုက်သေးသည်။

"ကွမ်တမ် မက္ကင်းနစ် သီအိုရီအရတော့ တစ်ချိန်တည်းမှာ ပျက်စီးသွားနိုင်ပြီး တစ်ချိန်တည်းမှာ နဂိုအတိုင်း ဖြစ်နိုင်ချေရှိပါတယ်"

ရှေးဟောင်းစာအုပ်ကြီး "............."

ပို့ဆောင်ရေးသမား "ဘောက်စ်ကို ဖွင့်လိုက်တဲ့အချိန်က ဒီဖြစ်နိုင်ခြေနှစ်ခုကို တစ်ခုတည်းအဖြစ် ပေါင်းစည်းတဲ့အချိန်ပဲ.. ဒါက (Schrodinger's cat) လို့ခေါ်တဲ့ အလွန်ကျော်ကြားတဲ့ သီအိုရီပါ"

ထိုစကားကို ကြားလျှင် ရှေးဟောင်း စာအုပ်ကြီးက ဒူးထောက်လုနီးပါး ဖြစ်သွားသည်။

"တောင်းပန်ပါတယ် အစ်ကိုကြီး.. မင်းရဲ့ အချိန်တွေကို ဖြုန်းတီးမိသွားပြီ"

ပို့ဆောင်ရေးသမားက ခေါင်းညိတ်လိုက်ပြီး အဆင့်သတ်မှတ်သည့် ကိရိယာကို ထုတ်ယူလိုက်သည်။

"ဖောက်သည်တွေရဲ့ မေးခွန်းတွေကို ဖြေဖို့က ကျွန်တော်တို့ရဲ့အလုပ်ပါ"

"ကျေးဇူးပြုပြီး ကျနော်ရဲ့ ဝန်ဆောင်မှုကို အကဲဖြတ်ပေးမှာလား.. ပေးပို့မှုမှာ ပြဿနာ တစ်စုံတစ်ရာရှိခဲ့ရင် အက်ပ် ပေါ်မှာရှိတဲ့ အီလက်ထရွန်နစ် ပြေစာ အောက်ခြေက တုံ့ပြန်ချက် ခလုတ်ကို နှိပ်ပါ.. ဒါမှမဟုတ်ရင်တော့ ကြယ်အဆင့် မှတ်ချက်ပေးပါ"

ရှေးဟောင်းစာအုပ်ကြီး၏ ပါးစပ်ထောင့်များက တွန့်ကွေးသွားကာ လက်ဆွဲ နှုတ်ဆက်လိုက်သည်။

သူက "ကြယ်ငါးပွင့်" ခလုတ်ကို နှိပ်လိုက်သည်။

ယနေ့ခေတ် ပို့ဆောင်ရေးသမားများက ဤမျှပင် သာလွန်ကောင်းမွန်နေပါသလော။

All Chapters