← Chapters

မော်ကွန်းဝင် လူသတ်သမားနှစ်ဦးကြားမှအသေအကျေတိုက်ပွဲ

Vol. 24 Ch. 358

မော်ကွန်းဝင် လူသတ်သမားနှစ်ဦးကြားမှအသေအကျေတိုက်ပွဲ

Vol. 24 Ch. 358

ရှေးဟောင်းစာအုပ်ကြီးက ကြယ်ငါးပွင့် ခလုတ်ကို နှိပ်လိုက်သည်နှင့် ပို့ဆောင်ရေးသမားက ကျေနပ်စွာ ခေါင်းညိတ်သည်။

ယနေ့ခေတ်တွင် ပို့ဆောင်ရေးသမား ဖြစ်ရသည်က တကယ်မလွယ်ပေ။

သူရရှိသည့် ပို့ဆောင်မှု အရေအတွက်အပေါ် မူတည်၍ ရရှိသည့်ငွေမှလွဲ၍ လစဉ်နှင့် နှစ်ကုန် ဘောနပ်စ်များကို ၎င်း၏ ကြယ်အဆင့် သတ်မှတ်ချက်များဖြင့်သာ ဆုံးဖြတ်ထားသောကြောင့် ရမှတ်ပြည့်ဖြစ်သည့် ကြယ်ငါးပွင့် အဆင့် သတ်မှတ်ချက်မှာ အလွန်အရေးကြီးသည်။

အမြန်ချောပို့ ပို့ဆောင်ရေးသမား ဖြစ်ဖြစ်၊ အစားအသောက်ပို့ဆောင်ရေးသမားဖြစ်ဖြစ် နှစ်ယောက်စလုံးတွင် တူညီသော အရာတစ်ခုရှိသည်။

ယင်းမှာ အနည်းငယ် နောက်ကျသည်နှင့် သူတို့၏ ဖောက်သည်များက သူတို့ကို ဆိုးရွားသည့်အဆင့် သတ်မှတ်ပေးခြင်းပင်။

ဤပို့ဆောင်ရေး သမားများက အဆင့်သတ်မှတ်ချက် ကောင်းမည်ဆိုလျှင် ဘာမဆိုလုပ်မည်ဟု ရှေးဟောင်း စာအုပ်ကြီးက ရုတ်တရက် ခံစားလိုက်ရသည်။

ယနေ့ခေတ် လူ့အဖွဲ့အစည်းတွင် လူတိုင်းသည် တစ်ဦးနှင့်တစ်ဦး နားလည်မှု ရှိသင့်သည်။

လူမှုရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်သည့် အွန်လိုင်းသတင်းအချို့တွင် စာပို့သမားများ သို့မဟုတ် အစားအသောက် ပို့ဆောင်ရေးသမားများသည် အနည်းငယ်နောက်ကျသည်နှင့် ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ခံရသည့် အစီရင်ခံစာများ ရှိသည်။

ယင်းမှာ အလွန်ညံ့ဖျင်းသော အပြုအမူ ဖြစ်သည်။

လူတစ်ဦးစီတိုင်းတွင် ၎င်းတို့ကို ဂရုစိုက်သော မိဘများ ရှိကြသည်။

မိမိ၏ သားသမီးများ ရိုက်နှက် ဆူပူကြိမ်းမောင်းခြင်းအား ခံနေရသည်ကိုမြင်လျှင် အဘယ်မိဘ၏ နှလုံးသားသည် မနာကျင်ဘဲ နေပါမည်နည်း။

ဆရာဝမ်က ပစ္စည်းကို လက်ခံပြီးနောက်တွင် ပို့ဆောင်ရေးသမားက ရေငုပ်ကိရိယာအား ပြန်တပ်လိုက်သည်ကို တွေ့လိုက်ရသည်။

"ဘယ်လို ထွက်သွားမှာလဲ"

ပို့ဆောင်ရေးသမားက ပြုံးလိုက်သည်။

"ကျွန်တော်ဝင်ခဲ့တဲ့ ပုံစံအတိုင်းပဲပေါ့.. အပြင်မှာ အစောင့်အကြပ် အရမ်းများတဲ့ အတွက် ဒါက တစ်ခုတည်းသော နည်းလမ်းပဲ.. ကံကောင်းစွာပဲ ငယ်ငယ်တုန်းက မန်ယိုဖျင် လို့ခေါ်တဲ့ စီနီယာတစ်ယောက် ဆီကနေ အရိုးချုံ့နည်းကို သင်ယူခဲ့ရတယ်.. မဟုတ်ရင် ဒီပစ္စည်းကို အချိန်မီ ပို့နိုင်မယ်လို့ ကျွန်တော် သေချာပေါက် မပြောနိုင်ဘူး"

"............."

ပို့ဆောင်သူ၏ ခန္ဓာကိုယ် တစ်ဝက်ခန့်က ဘိုထိုင်အိမ်သာအတွင်းသို့ ရောက်နေသည်။

"ဒါဆို မစ္စတာဝမ်ကို ဒုက္ခပေးရဦးမယ်.. ကျေးဇူးပြုပြီး ငါ့အတွက် အိမ်သာရေကို ဆွဲချပေးလို့ရမလား "

ရှေးဟောင်းစာအုပ်ကြီး "............."

ထို့နောက် ရေစီးသံနှင့် အတူ ပရော်ဖက်ရှင်နယ် ရေငုပ်ကိရိယာ တပ်ဆင်ထားသည့် အဆိုပါ ပို့ဆောင်ရေးသမားသည် ဘိုထိုင်အိမ်သာမှ ပျောက်ကွယ်သွားခဲ့သည်။

ပစ္စည်းဘောက်စ်ကို မဖွင့်မီ ဆရာဝမ်က ပို့ဆောင်ရေးသမား ထွက်သွားသည်ကို အရင် စောင့်ဆိုင်းခဲ့သည်။

ထိုပစ္စည်းက အလွန် အရေးကြီးပုံ ရသော်လည်း တကယ်တမ်းတွင် အလွန်သေးငယ်သော ဖန်ပုလင်း တစ်လုံးသာ ပါရှိသည်။

ပစ္စည်းဘောက်စ်၏ အလယ်တွင် ဖန်ပုလင်းကို မကွဲစေရန် အမြှုပ်အလွှာ တစ်ခုဖြင့် ထုပ်ပိုးထားသည်။

ဆရာဝမ်က အမြှုပ်အလွှာကို ဘေးဖယ်လိုက်ပြီးနောက် ဖန်ပုလင်းကို ဖောက်ကာ အထပ်ထပ် စစ်ကြည့်လိုက်၏။

လမ်းခရီးတွင် ဘာမဆို ဖြစ်လာနိုင်သည် မဟုတ်လော။

အကူးအပြောင်းတွင် ပုလင်း ပျက်စီးသွားပါက အသေးငယ်ဆုံး အက်ကွဲကြောင်းမှပင် ဆေးအာနိသင်များ ထွက်သွားနိုင်ပြီး ဆေး၏ ထိရောက်မှုကို ပြင်းထန်စွာ လျော့ကျစေမည်ဖြစ်သည်။

ရှေးဟောင်းစာအုပ်ကြီးက ထိုဆေးလုံးကို အွန်လိုင်းမှ ဝယ်ယူခဲ့သည်။

ယင်းက လာမည့်တိုက်ပွဲတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာမည် ဖြစ်သည်။

.......................

တစ်ဖက်တွင်လည်း ဝမ်လင်းက ဆေးရုံ ခေါင်မိုးထပ်တွင် တစ်ယောက်တည်း ရပ်နေပြီး ပတ်ဝန်းကျင်ကို အေးဆေးစွာ စိုက်ကြည့်နေသည်။

".............."

ဒါရိုက်တာလီနှင့်ဖန့်ရှင်းက ဝမ်လင်းကို ထား၍ ထွက်သွားခဲ့ပြီဖြစ်သည်။

ဒါရိုက်တာလီ၏ တာဝန်က ဝမ်လင်းကို ခေါင်မိုးထပ်သို့ ခေါ်လာရန် ဖြစ်ပြီး ဖန့်ရှင်း၏တာဝန်က အစီအရင်ကို ကူညီဖြေရှင်းပေးရန် ဖြစ်သည်။

တကယ်တမ်းတွင် သူတို့က ထိုထက်ပို၍ ကူညီမှု အများအပြား လုပ်နိုင်စွမ်းမရှိပေ။

အဆုံးသတ်တွင် ၎င်းတို့က ကမ္ဘာ့လုပ်ကြံသတ်ဖြတ်ရေးနယ်ပယ်တွင် အလွန်ရှားပါးသည့် မော်ကွန်းဝင်အဆင့် လူသတ်သမားများနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

ဒါရိုက်တာလီက ရွှေအမြူတေ အဆင့်တွင်သာ ရှိသည်။

သူ့တွင် အသက်ဆယ်သက် ရှိလျှင်ပင် မလုံလောက်ပေ။

ဖန့်ရှင်းကမူ ဒဏ်ရာမှ သက်သာကာစသာ ရှိသေး၏။

ယခုအခါတွင် ဝမ်လင်းက ခေါင်းမိုးထပ်၌ တစ်ကိုယ်တည်း ရှိနေပြီး တိုက်ပွဲ၏ ဖြစ်နိုင်ခြေအတွက် ပြင်ဆင်နေခဲ့သည်။

လူသတ်ဆရာ၏ ခန့်မှန်းမှုအရ တာအိုဆရာ တောက်တိ၏ လက်ရှိနယ်ပယ်က ခြေသလုံးအိမ်တိုင် အထွတ်အထိပ်အဆင့် သို့မဟုတ် ပကတိအင်မော်တယ် အဆင့် ဖြစ်၏။

ဆရာဝမ်က ကျင့်ကြံခြင်းတွင် ဤနှစ်များ တစ်လျှောက်လုံး တိုးတက်မှုရှိမရှိ ဝမ်လင်း မသိပေ။

သို့သော် သီအိုရီအရ ဆရာဝမ်မှာလည်း ခြေသလုံးအိမ်တိုင် အင်မော်တယ်အဆင့် ဖြစ်နိုင်သည်။

ဆိုလိုချင်သည်မှာ ဤမော်ကွန်းဝင် လူသတ်သမားနှစ်ယောက်၏ ထိပ်တိုက်ရင်ဆိုင်မှုက ခြေသလုံးအိမ်တိုင် အင်မော်တယ်နှစ်ဦး၏ အသေအကျေ တိုက်ပွဲ ဖြစ်လာလိမ့်မည်။

သင့်လျော်သော ကြိုတင်ပြင်ဆင်မှု မရှိလျှင် ထိုနှစ်ယောက်၏ တိုက်ပွဲက စုန့်ဟိုင်မြို့ကို တိုက်ရိုက် ဖျက်ဆီးပစ်နိုင်ပေသည်။

အကယ်၍သာ ခြေသလုံးအိမ်တိုင် အင်မော်တယ် အဆင့်မဟုတ်ဘဲ ပကတိအင်မော်တယ် အဆင့် ကျင့်ကြံသူ နှစ်ဦးကြား တိုက်ပွဲဖြစ်မည်ဆိုလျှင်၊ ပျက်စီးမှုက အနည်းဆုံးတော့ နိုင်ငံတော်အဆင့် ပျက်စီးမှု ဖြစ်လိမ့်မည်။

ဝမ်လင်းက ခေါင်မိုးထပ်၏ ထောင့်တိုင်းတွင် အစီအရင် ခင်းကျင်းထားခဲ့သည်။

သူက လေးဘက်လေးတန် ခင်းကျင်း၍ အစီအရင်များကို ချိတ်ဆက်ထားသည်။

တစ်စုံတစ်ယောက်က ဤနေရာတွင် ခြေချနေသမျှ ကာလပတ်လုံး ဝင်ခွင့်ပြုသော်လည်း ထွက်ခွာခွင့် မပေးသည့် အလိုအလျောက် နယ်နိမိတ်အဖြစ် ပေါ်ထွက်လာမည် ဖြစ်သည်။

ဝမ်လင်းက တာအိုဆရာတောက်တိ ခင်းကျင်းထားသော အစီအရင်များကို အစောပိုင်းကပင် ဖျက်ဆီးခဲ့ပြီ ဖြစ်သည်။

တာအိုဆရာ တောက်တိက အစီအရင် ခင်းကျင်းသူ အနေဖြင့် အစီအရင် ကောင်းမွန် မှန်ကန်စွာ အလုပ်လုပ်ခြင်း ရှိ၊ မရှိ စစ်ဆေးရန် ဤနေရာသို့ ရောက်လာမည်မှာ သေချာ၏။

ထိုအချိန်ရောက်သော် ငါးက ငါးစာကို လာဟပ်ပေလိမ့်မည်။

ထောင့်လေးထောင့်ကို ချိတ်ဆက်၍ ဖွဲ့စည်းထားသော ဤအစီအရင်သည် ဆေးရုံခေါင်မိုးထပ်တွင် လုံးဝ လွတ်လပ်သည့် နေရာလွတ်တစ်ခုကို ဖန်တီးနိုင်မည် ဖြစ်သည်။

ဤပုဂ္ဂိုလ်နှစ်ဦးက မည်မျှပင် ပြင်းထန်စွာ တိုက်ခိုက်ပါစေ၊ အစီအရင်၏ နယ်နိမိတ်ကို တည်ငြိမ်အောင် ထိန်းထားနိုင်သမျှ ကာလပတ်လုံး ထိုပုဂ္ဂိုလ်နှစ်ဦး ဖန်တီးထားသော စွမ်းအားများမှာ အစီအရင်၏ နယ်နမိတ် အပြင်ဘက်သို့ ရောက်ရှိနိုင်မည် မဟုတ်ပေ။

ဤနည်းအားဖြင့် အနည်းဆုံးတော့ အပြစ်မဲ့ ပြည်သူများကို ထိခိုက်စေမည် မဟုတ်ချေ။

အခု သူလုပ်ရမည်မှာ အဓိက ဇာတ်ဆောင် ပေါ်လာသည့်အချိန်ကို စောင့်ဆိုင်းရန်ပင်။

တကယ်တော့ ဝမ်လင်းက ဖျန်ဖြေခြင်းကို ကောင်းကောင်း မလုပ်တတ်ပေ။

တကယ်တမ်း သူမွေးလာသည့် အချိန်ကစ၍ သူ အသက်တစ်နှစ် အရွယ်၌ အဖိုးတန်ဓားကို ဖျက်ဆီးခဲ့သည် အထိ သူ၏ အကောင်းဆုံး စွမ်းရည်မှာ" ဖြိုဖျက်ခြင်း" ဖြစ်သည်။

ဝမ်လင်းက သူ့နှလုံးသားထဲကနေ သက်ပြင်းချလိုက်ပြီး အော်ရာ ဖုံးကွယ်သည့် မန္တန်ကိုရွတ်လိုက်သည်။

သူ့ခန္ဓာကိုယ် တစ်ခုလုံးက ပြောင်းလဲသွားပြီး ပုတ်သင်ညိုတစ်ကောင်လိုမျိုး ပတ်ဝန်းကျင်နှင့် တစ်သားတည်း ဖြစ်သွားခဲ့သည်။

...........................

အကြမ်းဖျင်း ဆယ်မိနစ်ခန့် အကြာတွင် ဝမ်လင်း မျှော်လင့်ထားသကဲ့သို့ ဆရာဝမ်က သူ့ဖက်တီး ခန္ဓာကိုယ်ဖြင့် အပေါ်ထပ် တံခါးကို တွန်းဖွင့်လိုက်သည်။

တစ်ချိန်တည်းမှာပင် မျက်နှာဖုံးစွပ်ထားသော လူတစ်ယောက်ကလည်း ကောင်းကင်မှ ဆင်းသက်လာသည်။

နှစ်ပေါင်း ရာနှင့်ချီ မတွေ့ဖြစ်ခဲ့သည့် ဂိုဏ်းတူ ညီအစ်ကိုနှစ်ယောက်က ကြိုတင်စီစဥ်ထားသကဲ့သို့ တစ်ချိန်တည်း၊ တစ်နေရာတည်းတွင် ပေါ်လာသည်။

သူတို့က မျက်နှာချင်းဆိုင် ရှိနေသော်လည်း စကားမပြောဖြစ်ကြပေ။

ဝမ်လင်း၏ တည်ရှိမှုကို ၎င်းတို့နှစ်ဦးလုံး သတိမထားမိသလို လျှို့ဝှက် ခင်းကျင်းထားသည့် အစီအရင်ကိုလည်း သတိမထားမိကြပေ။

ဝမ်လင်းက ရှေးဟောင်းစာအုပ်ကြီး ရှေ့တွင် သူ၏ အထောက်အထားကို မဖော်ပြချင်ပေ။

အရင်က ဘယ်လိုပဲ ဖြစ်ခဲ့ပါစေ၊ ရှေးဟောင်း စာအုပ်ကြီးက ဝမ်လင်း၏ သမိုင်းဆရာ ဖြစ်နေဆဲပင်။

ဝမ်လင်းက သူတို့၏ ဆရာနှင့် ကျောင်းသား ဆက်ဆံရေးကို ပြိုကွဲအောင် မလုပ်ချင်ခဲ့ချေ။

ထိုသို့မဟုတ်လျှင် ရှေးဟောင်းစာအုပ်ကြီးက သူ့ကို လင်းကျန်းရန်ဟု လေးလေးစားစား ခေါ်ဆိုရမည် ဖြစ်၏။

ယင်းက သူ့ကို အလွန် စိတ်မသက်မသာ ဖြစ်စေမည်မှာ သေချာသည်။

စက္ကန့်များစွာ ကြာပြီးနောက်တွင် ကြီးမားလှသော ဝိညာဉ်လှိုင်းများသည် ၎င်းတို့နှစ်ဦး၏ ကျောဘက်တွင် မထင်မှတ်ပဲ ထွက်ပေါ်လာသည်။

မူလက မမြင်နိုင်သော စွမ်းအားများက မြင်နိုင်သောပုံစံဖြင့် အသွင်ပြောင်းကာ တဟုန်းဟုန်း ထနေသော စွမ်းအင် လှိုင်းလုံးများ အဖြစ် ပေါ်လာခဲ့သည်။

ဝမ်လင်း မျက်မှောင်ကြုတ်သွားသည်။

ဝိညာဉ်စွမ်းအားများ ထုတ်ဖော်ချိန်ကစ၍ ဤလူနှစ်ယောက်၏ စွမ်းအားက သူ့ခန့်မှန်းချက်ထက် ကျော်လွန်နေပြီဟု သူပြောနိုင်သည်။

၎င်းတို့က အမှန်တကယ်ပင် သူထင်ထားသည်ထက် ပို၍ပင် အားကောင်းနေခဲ့သည်။

ဝိညာဉ်စွမ်းအားက အလွန်သိပ်သည်းသဖြင့် ပြည့်လျှံလာသည်အထိပင်။

ယင်းက ပတ်ဝန်းကျင်လေထုကိုပါ ပုံပျက်စေသည်။

ဝမ်လင်းက အရာအားလုံးကို လျှို့ဝှက်စွာ စောင့်ကြည့်နေခဲ့သည်။

"ဝုန်း..."

ထိုအချိန်တွင် နှစ်ဖက်စလုံးမှ ဝိညာဉ်လှိုင်းများက ရုတ်တရက် ရှေ့သို့ လှိမ့်ဝင်လာပြီး ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာသည်။

နှစ်ယောက်စလုံးက နောက်ပြန်ဆုတ်လိုက်ရသော်လည်း ဒဏ်ရာတော့ မရရှိခဲ့ပေ။

တာအိုဆရာ တောက်တိက မျက်နှာဖုံးအောက်ကနေ လှောင်ပြောင်လိုက်သည်။

"စီနီယာအစ်ကို... မင်းရဲ့ အသွင်အပြင်က ပြောင်းလဲသွားပြီ ဆိုပေမယ့် မင်းရဲ့ စွမ်းရည်ကတော့ လုပ်ကြံရေး နယ်ပယ်က မထွက်ခင်ကထက် ပိုအားကောင်းနေပုံ ရတယ်.. ဘာလဲ.. လုပ်ကြံရေးနယ်ပယ်ထဲ ပြန်ဝင်ဖို့ စီစဉ်နေတာလား"

ရှေးဟောင်းစာအုပ်ကြီးက ခပ်ယဲ့ယဲ့ ပြုံးပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

"တစ်သက်လုံး ပြန်မလာတော့ဘူး... ဆရာတစ်ယောက် ဖြစ်ရတာက ပိုကောင်းတယ်.. ကြောက်စိတ်နဲ့ တစ်သက်လုံး အသက်ရှင်ဖို့က မထိုက်တန်ဘူး"

ထိုစကားကို ကြားလျှင် တာအိုဆရာ တောက်တိ၏ ပါးစပ်ထောင့်များက တလှုပ်လှုပ် ဖြစ်သွားသည်။

"ဒီဂျူနီယာက စီနီယာအစ်ကို ဘယ်မှာ ပုန်းအောင်းနေလဲဆိုတာ သိထားခဲ့ပြီ... မင်းက ကျောင်းဆရာ တစ်ယောက်အနေနဲ့ ပုန်းနေတာပဲ.. အကြွေးဘုရင် ကျာယွဲ့ထင် ထက်တောင် မင်းက အရှောင်အတိမ်း ပိုကောင်းတယ်"

ရှေးဟောင်းစာအုပ်ကြီး "............."

ဝမ်လင်း "................"

All Chapters