← Chapters

မော်ကွန်းဝင် လူသတ်သမား နှစ်ဦးကြားမှ နိဂုံး-၁

Vol. 24 Ch. 359

မော်ကွန်းဝင် လူသတ်သမား နှစ်ဦးကြားမှ နိဂုံး-၁

Vol. 24 Ch. 359

မော်ကွန်းဝင် လူသတ်သမား နှစ်ဦးကြား ပြိုင်ဆိုင်မှုသည် ယခင်က မိစ္ဆာအင်ပါယာကွာဖီ နှင့် ဗိုလ်ချုပ်ရီ တို့ကြားရှိ ပြိုင်ဆိုင်မှုထက် မနိမ့်ပေ။

ကွာခြားချက်မှာ ကွာဖီ နှင့် ဗိုလ်ချုပ်ရီတို့၏ တိုက်ပွဲက ထင်ရှားပေါ်လွင်နေခဲ့ပြီး ဤမော်ကွန်းဝင် လူသတ်သမားနှစ်ဦးကြား ရန်ပွဲအတွက်မူ ဝမ်လင်းကသာ တစ်ဦးတည်းသော ပရိသတ် ဖြစ်သည်။

ညက ကုန်ဆုံးလာသည်နှင့်အမျှ ဆေးရုံခေါင်မိုးထပ်ရှိ တာအိုဆရာတောက်တိ နှင့် ရှေးဟောင်းစာအုပ်ကြီးတို့ကို အေးမြသော လေညင်းများ တိုက်ခတ်နေ၏။

ဤပုဂ္ဂိုလ်ကြီးနှစ်ဦးက အစွန်းတစ်ဖက်စီတွင် မတ်တပ်ရပ်နေကြသည်။

စောစောက အော်ရာလှိုင်းများကြောင့် ခေါင်မိုးပေါ်ရှိ မီးလုံးများက အဝေးသို့ လွင့်စင်သွားသည်။

မီးမောင်းကြီးများ၏ အဖုံးများသည်လည်း တိုက်ရိုက် တုန်ခါမှုကြောင့် တစ်နေရာရာသို့ လွင့်ကာ ပျောက်ကွယ်သွား၏။

အော်ရာချင်း ထိတွေ့မှုက ဆေးရုံခေါင်မိုး၏ မြေပြင်တွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်စေသည်။

ဝမ်လင်းက ခေါင်မိုးထပ်တွင် အစီအရင် ခင်းကျင်းခဲ့ခြင်းမှာ မှန်ကန်သော ဆုံးဖြတ်ချက် ဖြစ်ကြောင်း ရုတ်တရက် ခံစားခဲ့ရသည်။

ဤပုဂ္ဂိုလ်နှစ်ယောက်က လွန်စွာ စွမ်းအားကြီး၏။

အော်ရာများကပင် ပေါက်ကွဲစေနိုင်သော စွမ်းအားများ ရှိသည်။

ယင်းမှာ ဝမ်လင်း မြင်ဖူးသမျှထဲတွင် အပြင်းထန်ဆုံးပင်။

ဝိညာဉ်စွမ်းအား တစ်ခုတည်းဖြင့် တိုင်းတာလျှင် ဤလူနှစ်ယောက်က အင်မော်တယ် စံအိမ်သခင် ချန်ယွီ နှင့် သိပ်မကွာသော်လည်း သူတို့၏ ပေါက်ကွဲမှုအားကမူ အမှန်တကယ်ပင် ကြောက်စရာကောင်းသည်။

ဤပေါက်ကွဲစေတတ်သော အော်ရာ စွမ်းအားမျိုးမှာ နှစ်ပေါင်းရာနှင့်ချီ သို့မဟုတ် ထောင်နှင့်ချီ ကျင့်ကြံပြီးမှသာ စွမ်းဆောင်နိုင်သော အရာမျိုး ဖြစ်သည်။

ပုံမှန် ကျင့်ကြံသူ တစ်ဦးအနေဖြင့် ဝိညာဉ်စွမ်းအားကို ထုတ်ဖော်ပြီးလျှင် နောက်ထပ် တစ်ချီ တိုက်ခိုက်ရန် အတွက် အချိန်အနည်းငယ် စောင့်ရ၏။

အတိုဆုံးအချိန်ပင် စက္ကန့်အနည်းငယ် ကြာတတ်၏။

သို့သော် ရှေးဟောင်းစာအုပ်ကြီးနှင့် တာအိုဆရာ တောက်တိတို့ကဲ့သို့ နှစ်ပေါင်းများစွာ လုပ်ကြံသတ်ဖြတ်ရေး နယ်ပယ်ထဲတွင် ကျင်လည်ခဲ့သူများကမူ ဝိညာဥ်စွမ်းအားကို အဆက်မပြတ် ထုတ်သုံးနိုင်စွမ်း ရှိ၏။

ကနဦး တိုက်ခိုက်ပြီးနောက်တွင် ဂိုဏ်းတူ ညီအကိုနှစ်ဦးက ဆက်လက် မတိုက်ခိုက်သေးဘဲ ငြိမ်သက်သွားကြသည်။

မတွေ့တာကြာပြီ ဖြစ်သည့် ဤညီအကိုနှစ်ဦး၏ နှလုံးသားများက တကယ်ကို ရှုပ်ယှက်ခတ်နေ၏။

အချိန်အတော်ကြာပြီးနောက် ပထမဆုံး နှုတ်ကို ဖွင့်လိုက်သူမှာ ရှေးဟောင်း စာအုပ်ကြီး ဖြစ်နေခဲ့သည်။

"မင်းရဲ့ ရည်ရွယ်ချက်အမှန်ကို ငါသိချင်တယ်"

ဤမေးခွန်းကိုကြားလျှင် ဝမ်လင်း၏ မျက်လုံးများက အနည်းငယ် တောက်ပလာသည်။

အစောပိုင်းက ခေါင်မိုးပေါ်ရှိ မမြင်နိုင်သော အစီအရင်ကနေ တာအိုဆရာ တောက်တိက ကလဲ့စားချေရန် အတွက်သာမဟုတ်ဘဲ ကိစ္စကြီးတစ်ခုကို စီစဉ်နေပုံရသည်ဟု ခန့်မှန်းမိ၏။

တောက်တိက အခြားရည်ရွယ်ချက်ကို အကောင်အထည်ဖော်ရန်အတွက် "လက်စားချေခြင်း" ၏ ရည်ရွယ်ချက်ဖြင့် ဖုံးကွယ်ထားပုံရသည်။

မမြင်နိုင်သော အစီအရင်သည် ဝိညာဉ်စွမ်းအားကို သိုလှောင်ထားနိုင်သည်။

ကျောင်းသားများ စိတ်ဝိညာဉ် ပေါက်ကွဲသောအခါတွင် ဝိညာဉ်စွမ်းအား များစွာကို စုဆောင်းနိုင်မည် ဖြစ်သည်။

ထိုမျှလောက် များပြားလှသော ဝိညာဉ်စွမ်းအားများကို စုဆောင်းရန် အဆုံးစွန်သော ရည်မှန်းချက်မှာ အဘယ်နည်း။

မည်သို့ပင်ဖြစ်စေ ယင်းက ကောင်းကျိုး တစ်စုံတစ်ရာ အတွက် မဟုတ်မှန်း ဝမ်လင်း ခန့်မှန်းနိုင်ခဲ့သည်။

ရှေးဟောင်းစာအုပ်ကြီး၏ မေးခွန်းက တာအိုဆရာ တောက်တိကို မျက်နှာဖုံးအောက်တွင် မချိပြုံး ပြုံးစေပြီး ခဏတာ တိတ်ဆိတ်သွားစေသည်။

"စီနီယာအကို.. မင်းတကယ် မသိတာလား ဒါမှမဟုတ် ဟန်ဆောင်နေတာလား"

အဆုံးသတ်တွင် တာအိုဆရာ တောက်တိက အသက်ပြင်းပြင်းရှူ၍ ပြောလိုက်သည်။

"ဟုတ်တယ်.. ငါ ကမ္ဘာခြား ဂိတ်တံခါးကို ဖွင့်မလို့ပဲ"

"ကမ္ဘာခြား ဂိတ်တံခါးကို ဘာလို့ဖွင့်ချင်တာလဲ"

ရှေးဟောင်းစာအုပ်ကြီး၏ မျက်လုံးများက ကျဥ်းမြောင်းသွားသည်။

"မင်းအနေနဲ့ လှုံ့ဆော်မယ် ဆိုရင်တောင် ကမ္ဘာခြားဂိတ်တံခါးက အချိန်တိုအတွင်း မပွင့်ဘူးဆိုတာ မင်းသိထားသင့်တယ်"

ယခင်က ကျောင်းခြောက်ကျောင်း စစ်ရေး ပူးပေါင်း လေ့ကျင့်မှု အတွင်း ကမ္ဘာခြားဂိတ်တံခါး၏ အော်ရာ အတက်အကျများကို တွေ့ရှိခဲ့သည်။

ထိုဖြစ်ရပ်ကို ဆရာဝမ်က ဘယ်တော့မှ မမေ့ပေ။

သို့သော် နောက်ပိုင်းတွင် ကမ္ဘာခြား ဂိတ်တံခါးက တစ်နည်းနည်းနှင့် ပျောက်ကွယ်သွားခဲ့ပြီး အကြောင်းရင်းကို မည်သူမှ မသိခဲ့ကြပေ။

ယခု သူတို့ညီအကို နှစ်ယောက်စလုံးကို ကမ္ဘာခြား ဂိတ်တံခါး ပျောက်ကွယ်သွားခြင်း နှင့် ပတ်သက်ပြီး တာဝန်အရှိဆုံးလူက မှောင်ရိပ်ထဲမှ ကြည့်နေလိမ့်မည်ဟု ရှေးဟောင်းစာအုပ်ကြီးက

မည်သို့မှ မျှော်လင့်မိမည် မဟုတ်ချေ။

"ကမ္ဘာခြား ဂိတ်တံခါးကို ဆင့်ခေါ်ဖို့က ငါးနှစ်တစ်ကြိမ်ပဲ လုပ်နိုင်တယ်လို့ ကြားဖူးတယ်.. ဒါ့အပြင် အချိန်တိုအတွင်းမှာ ရှေ့ဆင့်နောက်ဆင့် ဆင့်ခေါ်ဖို့ ဆိုတာတော့ လုံးဝ မဖြစ်နိုင်ဘူး"

ထိုစကားကို ကြားလျှင် တာအိုဆရာ တောက်တိက ခနဲ့လိုက်သည်။

"ဒါက ဂိတ်တံခါးကို ဆင့်ခေါ်တိုင်းမှာ ဝိညာဉ်စွမ်းအား ပမာဏ အများအပြား လိုအပ်လို့ပါ.. ငါ့အကြံအစည် အောင်မြင်သရွေ့ ငါစုဆောင်းထားတဲ့ ဝိညာဉ်စွမ်းအားက ကမ္ဘာခြားဂိတ်တံခါးကို ဆယ်ခါမက ဆင့်ခေါ်ဖို့ လုံလောက်လိမ့်မယ်"

[ကမ္ဘာခြားဂိတ်တံခါးကို ဆယ်ခါခန့် ဆင့်ခေါ်နိုင်သည့် ဝိညာဥ်စွမ်းအား.. ဒါက ဘယ်လိုတောင် လုပ်ဆောင်မှုမျိုးလဲ]

လွန်ခဲ့သည့် ခြောက်နှစ်ခန့်က ကမ္ဘာခြားဂိတ်တံခါး နှင့် ပထမဆုံး တွေ့ဆုံချိန် ကတည်းကပင် ဝမ်လင်းက သီးသန့် သုတေသန များစွာကို ပြုလုပ်ခဲ့သည်။

သို့သော် လိုအပ်သော ဝိညာဉ်စွမ်းအား၏ နှစ်ဆ သို့မဟုတ် ထိုထက်ပိုစွာ အသုံးပြု၍ ဂိတ်တံခါးကို ခေါ်ယူခြင်းမျိုး တစ်ခါမျှ မကြားခဲ့ဖူးပေ။

ပထမအချက်မှာ၊ ငါးနှစ်ကာလက အတည် သတ်မှတ်ထားခြင်းဖြစ်ပြီး လုံးဝပြောင်းလဲ၍မရပေ။

အကယ်၍ သင်က ကမ္ဘာခြား ဂိတ်တံခါးကို ဆင့်ခေါ်လိုလျှင် ဆင့်ခေါ်ခြင်းဆိုင်ရာ အစီအရင်ကို သိရန် မလိုအပ်ချေ။

အရေးကြီးဆုံးအချက်မှာ လိုအပ်သော ဝိညာဉ်စွမ်းအား ပမာဏ အများအပြား ရှိရန်ပင်။

ဂိတ်တံခါးကို ဆင့်ခေါ်ဖို့အတွက် မိစ္ဆာအင်ပါယာ ကွာဖီက သိဒ္ဓိ လက်နက်ပေါင်း တစ်ရာကျော်ကို အသုံးပြုခဲ့ရသည်။

တာအိုဆရာ တောက်တိက ကမ္ဘာခြား ဂိတ်တံခါးကို ဆင့်ခေါ်ခြင်းနှင့် ပတ်သက်၍ နားလည်မှု လွဲနေပြီဟု ဝမ်လင်း သိရှိခဲ့၏။

ကမ္ဘာခြားဂိတ်တံခါးကို ဆင့်ခေါ်ရန်အတွက် သီးသန့် သတ်မှတ်ထားသည့် ဆင့်ခေါ်သည့် အစီအရင်ကို အသုံးပြုရန် လိုအပ်သည်။

"ကမ္ဘာခြားဂိတ်တံခါးကို ဆင့်ခေါ်ပြီးရင် မင်းဘာဆက်လုပ်မှာလဲ"

ရှေးဟောင်းစာအုပ်ကြီးက မေးခွန်းထုတ်လိုက်သည်။

"ငါရရှိထားတဲ့ သတင်းကို အခြေခံပြီး ပြောရရင် ဂိတ်တံခါးရဲ့တစ်ဖက်မှာ ရုပ်ရည်ကို ပြန်လည် ထိန်းသိမ်းပေးနိုင်တဲ့ သိဒ္ဓိ ရေစင် တစ်မျိုးရှိတယ်လို့ သိရတယ်"

တာအိုဆရာ တောက်တိက ပြန်ဖြေခဲ့သည်။

ဤအဖြေက အလွန်ရိုးရှင်းပြီး စကားလုံးလေးလုံးဖြင့် အနှစ်ချုပ်နိုင်သည်။

{ကျနော် ပလပ်စတစ်ဆာဂျရီကို လုပ်ချင်တယ်}

နောက်ဆုံးတွင် အရာအားလုံးက တာအိုဆရာ တောက်တိ၏ မျက်နှာဆီသို့ ရောက်သွားခဲ့သည်။

ဝမ်လင်းက ရှေးဟောင်းစာအုပ်ကြီး၏ အတန်းချိန်မှ အတင်းအဖျင်း စကားများကို မှတ်မိနေသေးသည်။

တကယ်တမ်းတွင် တာအိုဆရာ တောက်တိက ကျင့်စဥ်အမှားကြောင့် တဖြည်းဖြည်း ရုပ်ဆိုးလာခြင်း ဖြစ်၏။

ဘယ်လို ပလပ်စတစ်ဆာဂျရီ ခွဲစိတ်မှုကို ခံယူပါစေ သို့မဟုတ် ဘယ်လိုပင် ကောင်းမွန်သည့် ဆေးဝါးများကို သုံးနေပါစေ တစ်နာရီ၏ လေးပုံတစ်ပုံလောက် အတွင်းမှာပင် သူ့၏ မူလအသွင်အပြင်ကို ချက်ချင်း ပြန်ပြောင်း သွားလိမ့်မည်သာ။

ဤကိစ္စက မကောင်းမှု အားလုံး၏ ဇစ်မြစ် ဖြစ်လိမ့်မည်ဟု ရှေးဟောင်းစာအုပ်ကြီးက ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။

သူက ဂျူနီယာညီလေး၏ ရုပ်ရည်အပေါ် စွဲလမ်းမှုကို အနည်းငယ် လျှော့တွက်ထားမိခဲ့သည်။

"ရုပ်ဆိုးရင် ဘယ်လောက်တောင် နာကျင်ရတယ် ဆိုတာကို စီနီယာအကိုက ဘယ်တော့မှ နားမလည်နိုင်ပါဘူးလေ"

တာအိုဆရာ တောက်တိက သူ့မျက်နှာဖုံးကို ကိုင်လိုက်ပြီး ပြောလိုက်သည်။

"ကျွန်တော် ရုပ်ဆိုးသွားပြီးနောက်မှာ အရာအားလုံးက ပြောင်းလဲသွားတယ်.. ကျွန်တော်တို့ ညီအကိုနှစ်ယောက်က ကမ္ဘာပေါ်မှာ တန်းတူ ကျော်ကြားခဲ့တယ်.. ဒါပေမယ့် ရုပ်ဆိုးသွားတဲ့နောက်မှာ မစ်ရှင်တစ်ခု လုပ်တိုင်း လူတွေက မင်းကိုပဲ မှတ်မိတော့တယ်.. ငါ့ကိုကျတော့ ကြည့်ဖို့တောင် ရွံရှာခဲ့ကြတယ်"

"ဂျူနီယာညီလေး.. မင်းအရမ်း အတွေးလွန်နေပြီ"

ရှေးဟောင်း စာအုပ်ကြီးက ဆိုလိုက်သည်။

တာအိုဆရာ တောက်တိ "တစ်ကြိမ်မှာ အလုပ်ရှင်အတွက် လူဆိုးဂိုဏ်းဝင် တစ်ဦးကို သတ်ပစ်ခဲ့တယ်.. အဲဒီမစ်ရှင်က လွယ်ကူတဲ့ မစ်ရှင်တစ်ခုတော့ မဟုတ်ခဲ့ဘူး.. ဒါပေမယ့် ငွေရှင်းတဲ့အခါကျတော့ နည်းနည်းပဲ ရခဲ့တယ်.. ဘာကြောင့်လဲဆိုတာ သိလား"

ရှေးဟောင်း စာအုပ်ကြီး "..???..."

တာအိုဆရာတောက်တိ "သူက ငါ့ကိုမေးတယ်.. ဘာလို့ ငါ့ဖင်က သူ့ကို အမြဲတမ်း မျက်နှာမူနေရတာလဲတဲ့"

{မျက်နှာက ဖင်နှင့်တူသည်ဟုဆိုလို}

ရှေးဟောင်းစာအုပ်ကြီး "..........."

ဝမ်လင်း "............"

တာအိုဆရာ တောက်တိက ရင်ဘတ်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ရင်း ပြောလိုက်သည်။

"တစ်လောကလုံးက ငါရုပ်ဆိုးတာကိုပဲ အာရုံစိုက်ခဲ့တယ်.. ငါ့မျက်နှာကို မြင်တဲ့သူတိုင်း ရင်တွေပူကုန်ကြလိမ့်မယ်.. ဘလက်ဂါ့ဇ်က တစ်ခုတည်းသော ခြွင်းချက်ပဲ.. ဒါပေမယ့် မင်းက သူ့ကို တကယ် သတ်ပစ်လိုက်တယ်"

ရှေးဟောင်းစာအုပ်ကြီးက ခဏမျှ ငြိမ်သက်သွားပြီးမှ သက်ပြင်းချကာ ပြောလိုက်သည်။

"မင်းတို့ နှစ်ယောက်က ဒီလောက်ထိ ရင်းနှီးနေမှန်း ငါမသိခဲ့လို့ပါ.."

ထိုစကားကိုကြားလျှင် တာအိုဆရာ တောက်တိထံမှ လူသတ်ငွေ့များ ထွက်ပေါ်လာသည်။

"ငါ ဒီပတ်ဝန်းကျင်မှာ မမြင်နိုင်တဲ့ အစီအရင် သုံးဆယ်ကို ခင်းကျင်းထားပြီးပြီ"

ထို့နောက် တာအိုဆရာ တောက်တိက သူ့လက်ကို ဆန့်ထုတ်လိုက်သည်။

"ဟိုမှာ ငါ့ရဲ့ မမြင်နိုင်တဲ့ မှော်အစီအရင်တွေကို တပ်ဆင်ထားတယ်.. ဟိုမှာ... အာ.. ငါ့ရဲ့ မှော်အစီအရင်တွေ ဘယ်ရောက်သွားလဲဟ"

All Chapters