← Chapters

နတ်ဆိုးကမ္ဘာသူတော်စင်ရေ၃

Vol. 25 Ch. 364

နတ်ဆိုးကမ္ဘာသူတော်စင်ရေ၃

Vol. 25 Ch. 364

ရွာသူကြီးက အလွန်ငယ်ရွယ်ပြီး ကျင့်ကြံခြင်း နယ်ပယ် မြင့်မားခြင်း မရှိပေ။

ညီအစ်ကိုနှစ်ယောက်က အကြမ်းဖျင်း အကဲခတ်လိုက်ရာ ရွာသူကြီးက ရွှေအမြူတေ အထွတ်အထိပ် အဆင့် ကျင့်ကြံသူမှန်း ချက်ချင်း သိခဲ့ရ၏။

"သူကြီး.. ဒီက စီနီယာတွေက ကျနော်တို့ဆီကနေ သိဒ္ဓိရေစင် ဝယ်ဖို့ ရောက်လာကြတယ်"

ကျားလီက တံခါးနားမှာ ရပ်ပြီး ရွာလူကြီးကို လက်ဝှေ့ယမ်းပြလိုက်သည်။

ရွာသူကြီးက ထမ်းပိုးကို ထမ်းကာ ချက်ချင်းပင် ပြေးလာခဲ့၏။

ထမ်းပိုး၏ အစွန်းတစ်ဖက်စီတွင် လေးလံသော ဗူးတစ်လုံးစီကို ချိတ်ဆွဲထားသည်။

ရှေးဟောင်းစာအုပ်ကြီး နှင့် တာအိုဆရာတောက်တိတို့ နှစ်ဦးစလုံးက ဗူးအတွင်းပိုင်းရှိ အော်ရာ နှင့် လွန်စွာ ရင်းနှီးကြသည်။

ထိုဗူးများတွင် သိဒ္ဓိရေစင် ပါ၀င်မည်မှာ သေချာသလောက်ပင်။

"သိဒ္ဓိရေစင်ဝယ်ဖို့ ဧည့်သည်တွေ ရောက်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားမိဘူး"

ရှေးဟောင်း စာအုပ်ကြီး နှင့် တာအိုဆရာ တောက်တိ တို့ကိုမြင်လျှင် ရွာသူကြီးက တပြုံးပြုံး ဖြစ်နေသည်။

"ငါနဲ့အတူ လိုက်ခဲ့ကြပါ"

ထို့နောက် ရွာသူကြီးက ထမ်းပိုးကို တစ်ဖန်ထမ်းကာ သူ့နေရာသို့ ပြန်လာခဲ့သည်။

ရှေးဟောင်းစာအုပ်ကြီးတို့က သူ့နောက်သို့ အနီးကပ်လိုက်သွားခဲ့ရာ မကြာမီမှာပင် သူကြီး၏ နေအိမ်သို့ ရောက်ရှိသွားခဲ့သည်။

သူတို့က တံခါးဝမှာ မတ်တပ်ရပ်ရင်း နှုတ်ခမ်းတွေ တဆတ်ဆတ် တုန်လာပြန်သည်။

တကယ်တမ်းတွင် ရွာသူကြီးအိမ်သည် ရွာ၏ တခြားနေရာများနှင့် မတူဘဲ ခေတ်မီသော စံအိမ်ငယ်လေး တစ်လုံး ဖြစ်နေ၏။

ထို့အပြင် ဤနေရာ၌ ဝိညာဉ်စွမ်းအင် အလွန် နည်းပါးသည်။

အစောပိုင်းက ကျားလီ၏ နေအိမ်မှ ဝိညာဥ်စွမ်းအင် သိပ်သည်းဆနှင့် နှိုင်းယှဉ်လျှင် ကွာခြားချက်မှာ ကြီးမားလှသည်။

အထင်ရှားဆုံးမှာ ဤနေရာတွင် ခေတ်မီပရိဘောဂ၊ ရေခဲသေတ္တာ၊ တီဗီ၊ အဝတ်လျှော်စက်၊ မိုက်ခရိုဝေ့ဖ်... များ ရှိနေခြင်းပင်။

"မင်းနာမည်ကို ဘယ်လိုခေါ်ရမလဲ ရွာသူကြီး"

"ငါ့နာမည်က သာယာဝပြောခြင်းဟွမ်ပါ.. မင်းတို့ ငါ့ကို ရွာသူကြီးဟွမ်လို့ ခေါ်နိုင်ပါတယ်.. လက်ထောက်ရွာသူကြီး နာမည်ကတော့ ဝမ်းဟွမ်ပါ.. ငါတို့က သိဒ္ဓိရေစင်ရဲ့ အရင်းအမြစ်ကို ကနဦး ရှာဖွေတွေ့ရှိခဲ့ကြသူတွေလည်း ဖြစ်တယ်"

ထိုစကားကို ပြောသောအခါ ရွာသူကြီးဟွမ်က သူ့ကိုယ်သူ ဂုဏ်ယူနေပုံရသည်။

"ဒီနေရာကို ဆောက်ဖို့ အိမ်ဆောက် ပစ္စည်းတွေ အပြင် လိုအပ်တဲ့ ပရိဘောဂတွေ အတွက် သိဒ္ဓိရေစင်ကို ငါ ရောင်းဝယ်ခဲ့တယ်"

"အရောင်းအဝယ် လုပ်ခဲ့တာလား"

"စီနီယာတွေက ကြီးမားတဲ့ ခွန်အားတွေရှိပုံပဲ.. ဒါပေမယ့် စီနီယာတွေက နတ်ဆိုးကမ္ဘာရဲ့ ကမ္ဘာခြားဂိတ် အတွင်းက အလုပ်လုပ်ပုံတွေနဲ့တော့ သိပ်ရင်းနှီးပုံ မပေါ်ဘူး"

"နတ်ဆိုးကမ္ဘာက အလွန်ရှေးကျတယ် ဆိုနိုင်ပေမဲ့ ပြင်ပကမ္ဘာက ကျနော်တို့ လူသားတွေ တည်ဆောက်ထားတဲ့ မြို့တွေထက် ကြွယ်ဝမှုမနည်းတဲ့ မြို့တွေလည်းရှိတယ်"

"ဒီပရိဘောဂတွေ အားလုံးကို နတ်ဆိုးဘုရင်တွေဆီကနေ လဲလှယ်ရရှိခဲ့တာပါ"

ရွာသူကြီးဟွမ်က ပြုံးလိုက်သည်။

"နတ်ဆိုးဘုရင်တွေတောင် ဒီသိဒ္ဓိရေစင်ကို လိုချင်ကြတယ်.. ရေစင်က လူသားမျိုးနွယ် အတွက် သာမက နတ်ဆိုးမျိုးနွယ်ကိုပါ အကျိုးပြုတယ်လေ"

"ကျနော်တို့ လူသားတွေရဲ့ အဆင့် သတ်မှတ်မှုစနစ်အရ ဆိုရင် နတ်ဆိုးဘုရင်တစ်ပါးက စိတ်ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူနဲ့ အနည်းဆုံး တန်းတူ အဆင့်ရှိတယ်"

"မင်းက ရွှေအမြူတေအဆင့် ကျင့်ကြံသူလေ.. မင်းသူတို့ကို မကြောက်ဘူးလား"

တာအိုဆရာ တောက်တိက မနေနိုင်ဘဲ မေးလိုက်သည်။

"သိဒ္ဓိရေစင်ကြောင့် နတ်ဆိုးနတ်ဘုရားတောင် ငါတို့ရွာမှာ ခြေချလို့မရဘူး.. နတ်ဆိုးဘုရင်လောက်ကို ပြောမနေနဲ့တော့.. ဒီနေရာက အခြားကမ္ဘာတွေရဲ့ ဂိတ်တံခါးမကြီးနဲ့ အဆက်အသွယ် ဖြတ်ထားသော နိဗ္ဗာန်ဘုံတစ်ခုပဲ.. ငါတို့ရွာက သေးပေမယ့်လည်း သိဒ္ဓိရေစင်ကြောင့် တော်တော်လေး ချမ်းသာတယ်လို့ ယူဆနိုင်တယ်"

ရွာသူကြီးဟွမ်က ဆိုဖာပေါ်တွင် အေးဆေးတည်ငြိမ်သော ပုံစံဖြင့် ထိုင်လိုက်သည်။

"လူကြီးမင်းတို့ ကျေးဇူးပြုပြီး ထိုင်ကြပါ"

ညီအကိုနှစ်ယောက်က ကူကယ်ရာမဲ့စွာ နှုတ်ခမ်းများ ရွဲ့လုမတတ် ဖြစ်သွား၏။

သူတို့က ရွာသူကြီး၏ စကားကနေ ရွာသူကြီး၏ အတွေ့အကြုံများကို ခန့်မှန်းနိုင်ခဲ့သည်။

နတ်ဆိုးဘုရင်တွေကို မေ့ထားလိုက်ဦး.. ဤ ရွာသူကြီးဟွမ်က နတ်ဆိုး နတ်ဘုရားတွေနှင့်ပင် ဆက်ဆံဖူးတာ ဖြစ်နိုင်၏။

ထိုသို့မဟုတ်လျှင် ရွာသူကြီးကဲ့သို့ ရွှေအမြူတေ အထွတ်အထိပ် အဆင့် ကျင့်ကြံသူက ခြေသလုံးအိမ်တိုင် အင်မော်တယ်နှစ်ယောက် ရှေ့တွင် တည်တည်ငြိမ်ငြိမ် နေနိုင်မည် မဟုတ်လောက်ချေ။

"ငါတို့ရဲ့ ခွန်အားက အဆင့်တူတွေ မဟုတ်ဘူး.. မင်းက ရွှေအမြူတေ အဆင့်ပဲ ရှိသေးတယ်.. မင်းရဲ့ သိဒ္ဓိရေစင်ကို ငါတို့တွေ လုယူမှာ မင်း မကြောက်ဘူးလား"

တာအိုဆရာ တောက်တိက တည်ငြိမ်နေပုံရသော ရွာသူကြီးကို စိုက်ကြည့်ကာ မေးလိုက်သည်။

"မင်းတို့ ငါ့ကို ဘာမှလုပ်လို့ရမှာ မဟုတ်ဘူး"

ရွာသူကြီးဟွမ်က သူ့လက်ကို ယုံကြည်မှုရှိစွာ ဝှေ့ယမ်းလိုက်သည်။

"ရေစင်ရဲ့ စွမ်းအားက ရွာရဲ့နေရာတိုင်းမှာ စိမ့်ဝင်နေတယ်.. ရေစင်က နတ်ဆိုးချီကို တားဆီနိုင်တဲ့အပြင် မကောင်းတဲ့အကြံအစည် ရှိတဲ့လူတွေကိုလည်း တားဆီးနိုင်တယ်.. လူဆိုးတွေက ငါတို့ရွာမှာ ခြေချနိုင်မှာ မဟုတ်ဘူး.. အကယ်၍ စီနီယာတို့မှာ မကောင်းတဲ့ အကြံအစည်တွေ ရှိခဲ့ရင် စီနီယာတို့က ကျင့်ကြံခြင်း နယ်ပယ် ဘယ်လောက်ပဲ မြင့်မားနေပါစေ.. ချက်ချင်း ကျောက်ရုပ်တု အဖြစ် ပြောင်းလဲသွားလိမ့်မယ်"

"ကျားလီ ရွာထဲကို ခေါ်လာတုန်းက ရွာအဝင်ဝက ကျောက်ရုပ်တုကို တွေ့ခဲ့တယ် မဟုတ်လား"

ရွာသူကြီးဟွမ်က ရယ်လိုက်သည်။

"အဲဒါက ရေစင်အတွက် ငါတို့ရွာထဲကို ခိုးဝင်ဖို့ ကြိုးစားခဲ့တဲ့ နတ်ဆိုးဘုရင်တစ်ပါးပဲ.. အဆုံးသတ်မှာ သိဒ္ဓိရေစင် ရဲ့ စွမ်းအားက သူ့ကိုယ်ထဲ စိမ့်ဝင်သွားပြီး ကျောက်ရုပ်တု အဖြစ် ပြောင်းလဲသွားခဲ့တယ်"

"ငါက သူခိုးတွေကို ရွာဝင်ပေါက်မှာ နယ်နိမိတ်မျဥ်း ပုံစံမျိုး ထားခဲ့တယ်.. ငါတို့ရွာတဝိုက်မှာ ဒီလို ရုပ်တုတွေ အများကြီးပဲ"

"............"

ညီအကိုနှစ်ယောက်က အေးစက်စက် ချွေးစေးများ ထွက်လာသည်။

ရွာသူကြီးဟွမ်၏ ဇာတ်လမ်းက တစ်ဖက်သတ် ဖြစ်နေသော်လည်း လိမ်ညာနေပုံတော့ မရပေ။

"စီနီယာ နှစ်ယောက်စလုံးက သိဒ္ဓိရေစင်အတွက် ဒီရွာထိ ခရီးဝေးကို နှင်လာကြတာ ဆိုတော့ ထူးခြားတဲ့ရောဂါ တစ်ခုခုကိုများ ခံစားနေရလို့လား"

ရွာသူကြီးဟွမ်က မေးခွန်းထုတ်လိုက်သည်။

အနည်းငယ် စဉ်းစားပြီးနောက် ညီအစ်ကိုနှစ်ဦးက ဖုံးကွယ်ထားစရာ အကြောင်းမရှိဟု ခံစားလာရသည်။

"ငါတို့က ကျင့်စဥ်အမှားတစ်ခုကို ကျင့်မိခဲ့ကြတယ်.. ငါ့ ဂျူနီယာညီလေးက ရုပ်ရည်ပျက်စီးသွားပြီး ငါက အဝလွန်လာတယ်.. ငါက အရင်ကလို မသွက်လက်တော့ဘူး"

ရှေးဟောင်းစာအုပ်ကြီးက ဆိုလိုက်သည်။

ရွာသူကြီးဟွမ်က ခေါင်းညိတ်ပြပြီး တာအိုဆရာ တောက်တိ၏ မျက်နှာဖုံးကို လှမ်းကြည့်ကာ သဘောပေါက်သွားသည်။

"ကျနော် နားလည်ပါတယ်.. စီနီယာ နှစ်ယောက်စလုံးဟာ ကျင့်စဥ်အမှားရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားခဲ့ရပုံပဲ.. စိတ်မပူပါနဲ့.. ဒီလောက်က ကုသရလွယ်ပါတယ်...တစ်ဦးကို သိဒ္ဓိရေစင် နှစ်စည်ပဲလိုမယ်.. အတွင်းရော အပြင်ပါ ကုသပြီးရင် ရက်အနည်းငယ်အတွင်း သက်သာလာပါလိမ့်မယ်"

"တကယ်ပဲလား"

တာအိုဆရာ တောက်တိက စိတ်လှုပ်ရှားသွားသည်။

"ဟုတ်ပါတယ်"

ရွာသူကြီးဟွမ်က ခေါင်းညိတ်သည်။

"စီနီယာတို့ နှစ်ယောက်လုံး ပြန်မကောင်းလာမချင်း ဒီရွာမှာ နေနိုင်တယ်.. စီနီယာ နှစ်ယောက်အတွက် တစ်ဦးကို သိဒ္ဓိရေစင် နှစ်စည်တော့ လိုအပ်မယ်"

".............."

"ကိုယ်လုံးကိုယ်ပေါက် တောင့်တောင့်တင်းတင်းရှိတဲ့ စီနီယာက သိဒ္ဓိရေစင် တစ်စည်ကို သောက်ပြီး အခြားစည်က ရေနဲ့ သုံးရက်ဆက်တိုက် ရေချိုးရမယ်"

"မျက်နှာဖုံးတပ်ထားတဲ့ စီနီယာကလည်း ရေတစ်စည်ကိုသောက်ပြီး အခြားစည်ကရေနဲ့ မျက်နှာကို သုံးရက်ဆေးရမယ်.. အဲဒါဆို သက်သာလာပါလိမ့်မယ်"

ဤစကားကို ပြောပြီးနောက် ရွာသူကြီးဟွမ်က အသက်ပြင်းပြင်းရှူလိုက်ကာ ရှေးဟောင်းစာအုပ်ကြီးနှင့် တာအိုဆရာတောက်တိတို့ကို စိတ်အားထက်သန်စွာ ပြုံးပြလိုက်သည်။

"ဒါနဲ့စီနီယာ နှစ်ယောက်က သိဒ္ဓိရေစင်ကို ဘာနဲ့ လဲလှယ်ကြမှာလဲ"

..................

သုံးရက်အကြာတွင် ညီအစ်ကိုနှစ်ဦးက ကျင့်စဥ်အမှား၏ ဘေးထွက်ဆိုးကျိုးများကို ကုသပျောက်ကင်းခဲ့သည်။

တာအိုဆရာ တောက်တိက နောက်ဆုံးတွင် သူ၏ မျက်နှာဖုံးကို ချွတ်လိုက်ပြီး စိတ်လှုပ်ရှားပျော်ရွှင်မှု အပြည့်ဖြင့် လတ်ဆတ်သောလေကို သူ၏ နှလုံးသားထဲထိ ရှုရှိုက်လိုက်သည်။

သူတို့က ရွာသူကြီးဟွမ် နှင့် ကျားလီတို့ကို ရွာဝင်ပေါက်တွင် တွေ့လိုက်ရသည်။

"ဂရုစိုက်ပါ စီနီယာတို့"

ရွာသူကြီးဟွမ်က ခပ်ဝဝ ခန္ဓာကိုယ်နှင့် ရှေးဟောင်းစာအုပ်ကြီးကို ကြည့်ကာ ပြောလိုက်သည်။

"စီနီယာက မူလအသွင်အပြင်ကို ပြန်ရနေပြီမဟုတ်လား.. ဘာလို့ ဒီလိုပုံစံနဲ့ ရှိနေသေးတာလဲ"

ရှေးဟောင်းစာအုပ်ကြီးက ပြုံးလိုက်သည်။

"ငါ ဒီပုံစံကို ကျင့်သားရနေပါပြီ.. ပုံစံပြောင်းသွားရင် တခြားလူတွေအပေါ် ဘယ်လို သက်ရောက်မှုရှိလာမလဲဆိုတာ ငါမစဥ်းစားရသေးဘူး.. ဘာပဲဖြစ်ဖြစ် ရွာသူကြီးကို တကယ်ပဲ ကျေးဇူးတင်ပါတယ်"

ရွာသူကြီးဟွမ်က သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး လေးနက်စွာ လက်သီးဆုပ်၍ ဂါရဝပြုလိုက်သည်။

"စီနီယာက မြှောက်ပင့်နေပါပြီ.. စီနီယာ နှစ်ယောက်စလုံးက သိဒ္ဓိရေစင် အတွက် ဝိညာဥ်ဆေးဝါး အမြောက်အမြားနဲ့ လဲလှယ်ခဲ့ကြတယ်.. ဒါက ညီမျှတဲ့ လဲလှယ်မှုတစ်ခု ဖြစ်သလို အလွန်အကျိုးရှိတဲ့ အရောင်းအဝယ် တစ်ခုပါပဲ"

ရှေးဟောင်း စာအုပ်ကြီး နှင့် တာအိုဆရာ တောက်တိတို့ နှစ်ဦးစလုံးက ၎င်းတို့၏ လက်သီးများကို ဆုပ်၍ ပြန်လည် ဂါရဝပြုလိုက်ကြသည်။

"ဒါဆို ရွာသူကြီးဟွမ်.. ငါတို့ နှုတ်ဆက်ခဲ့ပါတယ်"

"စီနီယာတို့ ဂရုစိုက်ပါ"

ရွာသူကြီးဟွမ် နှင့် ကျားလီ တို့က ရွာအဝင်ဝကနေ မျှော်ကြည့်နေကြသည်။

ကျားလီ "လက်ထောက် ရွာသူကြီးက သိဒ္ဓိရေစင် ခန်းခြောက်သွားပြီလို့ ပြောတယ်"

ရွာသူကြီးဟွမ်က ခေါင်းညိတ်လိုက်သည်။

"မစိုးရိမ်ပါနဲ့... ခဏကြာရင် ပြန်ထွက်လာမှာပါ"

...................

ထိုအချိန်တွင် ဝမ်လင်းက အတွေးထဲတွင် နက်နက်နဲနဲ ပျောက်ဆုံးနေသကဲ့သို့ သူ့အိမ်တံခါးဝရှိ ရေအဖွင့်အပိတ် ပြသည့် အချက်ပြ မီးလုံးကို ထွေထွေကြီး စိုက်ကြည့်နေခဲ့သည်။

All Chapters