← Chapters

အင်းဆက် အရောင်းသမား

Vol. 25 Ch. 368

အင်းဆက် အရောင်းသမား

Vol. 25 Ch. 368

ဤမြင်ကွင်းက လူအများကို အံ့အားသင့်စေခဲ့သည်။

ပုံမှန်ပစ်မှတ်ကို ပစ်ချိန်အတွင်း သူ့ပစ်ချက်က တိကျသော်လည်း လျှပ်တပြက် ဆက်တိုက် ပစ်ခတ်မှုများ ပြုလုပ်ပြီးနောက်တွင် ပစ်မှတ် ဘောင်ခတ်သူ အဖြစ် ပြောင်းလဲသွားသည်...

[ဒါက ဘယ်လိုမျိုးလဲဟ]

အဆုံးသတ်တွင် ကျန်းပိုင်က ကလေးဘဝကတည်းက သူ့အဖေ၏ လွှမ်းမိုးမှုကိုခံခဲ့ရသူ ဖြစ်၏။

သူက မီးဖိုချောင်သုံးဖြင့် ဓားပျံစွမ်းရည်ကို လေ့ကျင့်ခဲ့ပြီးနောက်တွင် မည်သူ့ကိုမဆို မောင်းထုတ်နိုင်လောက်သည် အထိ ကျွမ်းကျင်လာခဲ့သည်။

ကျန်းပိုင် ကျင့်သုံးခဲ့သည့် ပစ်မှတ်များ အားလုံးမှာ ကျင့်ကြံသူ စစ်စစ်များ ဖြစ်၍ ထိခိုက်အောင်လုပ်ရန် နည်းလမ်းမရှိပေ။

သို့သော် အဓိကပြဿနာမှာ ကျန်းပိုင်က သူတို့ကို ကျင့်ကြံသူတွေမှန်း မသိခဲ့ခြင်းပင်။

သူက ဝမ်လင်း ကဲ့သို့ မွေးစကတည်းက သတင်းအချက်အလက် အမျိုးအစား အားလုံးကို အလိုအလျောက် သင်ယူ လက်ခံနိုင်မည် မဟုတ်ပေ။

ကလေးအများစုသည် ငယ်ရွယ်စဉ်တွင် ကျင့်ကြံသူများ၏ စွမ်းရည်ကို နားမလည်ခဲ့ကြသော်လည်း မီးဖိုချောင်သုံးဓားဖြင့် ထိခိုက်မိလျှင် သွေးထွက်ခံရနိုင်သည်ကိုမူ သိရှိထားကြသည်။

ကျန်းဟိုင်ဖူက ကျန်းပိုင် ငယ်စဥ်ကတည်းက မီးဖိုချောင်သုံးဓားများဖြင့် လေ့ကျင့်သင်ကြားပေးခဲ့ပြီး မည်သူ့ကိုမျှ မတော်တဆ ထိခိုက်မှု မဖြစ်စေရန် အတွက် အဓိကထားစေခဲ့သည်။

ယင်းက ကျန်းပိုင်၏ အံ့ဖွယ်စွမ်းရည်များကို ကန့်သတ်လိုက်သလို ဖြစ်စေခဲ့၏။

သူ၏ လေ့ကျင့်ပေးမှုက သူ့သားကို ပစ်မှတ်ဘောင်ခတ်သူ ဆရာသခင် အဖြစ် ပြောင်းလဲပေးလိမ့်မည်ဟု ဘယ်တုန်းကမှ ထင်မိမည် မဟုတ်ပေ။

"ထင်တဲ့အတိုင်းပဲ...သူက လျှပ်တပြက် ဆက်တိုက် ပစ်ခတ်မှုတွေကို ကောင်းကောင်း မလုပ်နိုင်သေးဘူး"

ဆရာယီက သက်ပြင်းတစ်ချက်ကို နာကျင်စွာ ချလိုက်သည်။

အမှန်တကယ်တွင် ဆက်တိုက် ပစ်ခတ်မှုသည် တစ်ချက်တည်း ပစ်ခတ်ခြင်းထက် ပို၍ အာရုံစူးစိုက်ရ၏။

ယင်းက စိတ်မတည်မငြိမ် ဖြစ်စေသည့် ခံစားချက်များ ဝင်ရောက်ဖို့ ပိုလွယ်သည်။

ကံမကောင်းစွာပဲ ကျန်းပိုင်၏ ကလေးဘဝ အရိပ်ဆိုးက ဆရာယီ စိတ်ကူးထားသည်ထက် များစွာပို၍ ဆိုးရွားခဲ့ပုံရ၏။

ဤကဲ့သို့ အခြေအနေဖြင့် ပြိုင်ပွဲတွင် အစွမ်းပြရန်မှာ မလွယ်ကူပေ။

ယခုတစ်ကြိမ်ပြိုင်ပွဲတွင် အမှတ် 59 အထက်တန်းကျောင်းနှင့် မှီခိုရာ အထက်တန်းကျောင်းတို့မှ လေးပစ်ကျွမ်းကျင်သူများ လည်း ပါဝင်သည်။

ကျန်းပိုင်၏ အကြီးမားဆုံး အားသာချက်မှာ ပုံသေပစ်မှတ်ကိုပစ်ခတ်ရာတွင် တိကျမှု နှင့် တည်ငြိမ်မှု ရှိခြင်း ဖြစ်သည်။

အမှတ် 60 အထက်တန်းကျောင်း အဖို့ ပုံသေပစ်မှတ်ကိုပစ်ခတ်ရာမှ ရရှိသော ရမှတ်များကိုသာ အားကိုး၍ အောင်နိုင်မည်ဟု ထင်မြင်ခြင်းမှာ လက်တွေ့မကျပေ။

အဆုံးသတ်တွင် လေးပစ်ပြိုင်ပွဲ အပါအဝင် တခြားပြိုင်ပွဲအားလုံး၌ ရရှိသော ရမှတ်များ၏ ပျမ်းမျှရလဒ် အပေါ် အခြေခံ၍ အနိုင်ရသည့် ကျောင်းကို ဆုံးဖြတ်မည် ဖြစ်သည်။

အကယ်၍ လေးပစ်ပြိုင်ပွဲတွင် သုည အမှတ်ရခဲ့လျှင် အခြားပွဲများတွင် ရမှတ်များ မည်မျှ မြင့်မားသည်ဖြစ်စေ အရေးမပါတော့ပေ။

ထိုအချက်ကို ကျန်းပိုင်က ကောင်းစွာ နားလည်သော်လည်း လက်တွေ့တွင်မူ သူ့အတွက် ခက်ခဲပြီး စိန်ခေါ်မှုများ ရှိနေသေးသည်။

ကြည့်ရှုသူ အများအပြား ရှိနေခြင်းကလည်း သူ့ကို အထူးပင် စိတ်လှုပ်ရှားစေခဲ့သည်။

လူစုလူဝေးထဲတွင် ရပ်နေသော ဝမ်လင်းက ကျန်းပိုင်၏ လျင်မြန်သော အသက်ရှုသံကို ကြားလိုက်ရ၏။

ကျန်းပိုင်၏ လက်က အနည်းငယ် တုန်ယင်နေသည်။

ယင်းက အာရုံကြောများ နာကျင်ခြင်းကြောင့်ချည်း မဟုတ်ဘဲ

ယုံကြည်မှု ကင်းမဲ့နေသည့် လက္ခဏာများ ဖြစ်၏။

ကျန်းပိုင်၏ အမူအရာကိုမြင်လျှင် ဆရာယီက ကျန်းပိုင်ဆီ လှမ်းလာပြီး ပန်းသီးကို ခေါင်းပေါ်တင်ကာ စကားအနည်းငယ်ဖြင့် နှစ်သိမ့်လိုက်သည်။

"လာ.. ငါ့ကို ချစမ်း"

ကျန်းပိုင် အံ့သြသွားသည်။

"..........."

ထိုစကားကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး အေးခဲသွား၏။

[ဘာလဲဟ]

[ဆရာ ဘာလို့ ညစ်ညစ်ပတ်ပတ်တွေ ပြောနေတာလဲ]

ဆရာယီက လည်ချောင်းကို ရှင်းကာ အမြန်ပြောလိုက်သည်။

"ငါက ငါ့ခေါင်းပေါ်က ပန်းသီးကို ပစ်ချဖို့ ပြောတာပါ.."

အစောပိုင်းမှ သူ့စကားက နားလည်မှုလွဲသွားကြောင်း သူသိလိုက်သည်။

"ငါက ရွှေအမြူတေ အဆင့်မှာရောက်နေပြီ.. ရွှေခေါင်းလောင်းအကာအကွယ် နဲ့ သံမဏိအရေပြား စွမ်းရည်တွေကိုလည်း လေ့ကျင့်ထားတယ်.. ဒါကြောင့် ဒီဝိညာဉ်မြားတွေက ငါ့ကို ဘယ်လိုမှ ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး"

"ဒါကြောင့် ကျောင်းသားကျန်းပိုင်က ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိရှိနဲ့ စိတ်ကြိုက် ပစ်ခတ်လို့ရတယ်"

ဆရာယီက ကျန်းပိုင်၏ ပုခုံးကိုပုတ်ကာ အားပေးလိုက်သည်။

ကျန်းပိုင်၏ လက်ရှိ နယ်ပယ်အဆင့်ဖြင့် ဆိုလျှင် ဆရာယီ အတွက် အန္တရာယ် အနည်းငယ်သာရှိ၏။

မြားတစ်ချောင်းက သူ့အရေပြားကို ထိမှန်ခဲ့လျှင် ခြင်ကိုက်သလိုသာ ဖြစ်စေလိမ့်မည်။

သို့တိုင် အန္တရာယ်ရှိနေဆဲပဲ ဆိုတာ ဝမ်လင်းသိသည်။

ရွှေအမြူတေ အဆင့်တွင် ခန္ဓာကိုယ် အကာအကွယ်က မပြည့်စုံသေးပေ။

မျက်လုံးကဲ့သို့ အကာအကွယ်မရှိသော အချို့နေရာများ ရှိပါသေးသည် မဟုတ်ပါလော။

ထို့နောက် ဆရာယီက ကျန်းပိုင်နှင့် မီတာငါးဆယ် အကွာတွင် နေရာယူလိုက်သည်။

ကျန်းပိုင်က အသက်ခပ်ပြင်းပြင်းရှူပြီး မြားခြောက်စင်းကို သူ၏ ကျည်တောက်မှ ထုတ်ယူ၍ လေးတွင်တင်ကာ ဖြည်းညှင်းစွာ ဆွဲလိုက်၏။

ဆရာယီက ခေါင်းပေါ်မှ ပန်းသီးကို ကိုင်၍ အဝေးတွင် ရပ်နေသည်။

"စိတ်မပူပါနဲ့.. ဒီဝိညာဉ်မြားတွေက ငါ့ကို လုံးဝ ထိခိုက်အောင်မလုပ်နိုင်ဘူး.. ပစ်မှတ်ကိုပဲ အာရုံစိုက်ပြီး ပစ်ဖို့ကြိုးစားပါ"

ကျန်းပိုင်၏ အသက်ရှုသံက ပို၍ မြန်လာသည်။

သူက ဝိညာဥ်မြားများကို တစ်စင်းပြီးတစ်စင်း ပစ်လွှတ်လိုက်ပြီးနောက် အနည်းငယ် ကြက်သေသေသွားခဲ့၏။

သူ့အသိစိတ်ပြန်ဝင်လာချိန်တွင် ဝိညာဉ်မြား ခြောက်စင်းက လေထုကို ခွဲ၍ ထွက်ခွာသွားပြီ ဖြစ်သည်။

ထိုအချိန်တွင် ဝမ်လင်းက မြားလမ်းကြောင်းကို မြင်နိုင်နေပြီဖြစ်သည်။

မျှော်လင့်ထားသည့်အတိုင်းပင်၊ ဤပစ်ချက်က ဆရာယီ၏ ခေါင်းပေါ်မှ ပန်းသီးကို လုံးဝ လွဲချော်မည်သာ။

တစ်ချိန်တည်းမှာပင် ကျန်းပိုင်ကလည်း မြားများကို ပစ်လွှတ်လိုက်ပြီးနောက် ထိုအရာကို မျှော်လင့်ထားသကဲ့သို့ စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းငိုက်စိုက်ကျသွားသည်။

"ငါသိတယ်.. ငါမလုပ်နိုင်ဘူး..."

သို့သော် လူတိုင်း မျှော်လင့်သလို ဖြစ်မလာခဲ့ပေ။

ဤဝိညာဥ်မြားခြောက်စင်းက လမ်းကြောင်းတစ်ခုကို ရုတ်တရက် တွေ့ရှိသွားသကဲ့သို့ ပန်းသီး၏ အလယ်ကို တစ်စင်းပြီးတစ်စင်း ထိုးဖောက်သွားကာ လက်ညိုးအရွယ်အပေါက်လေး တစ်ပေါက်ကိုသာ ကျန်ရစ်စေခဲ့၏။

"ဘာလဲဟ.. ပစ်မှတ်ကို တကယ်ကြီး ထိမိသွားတာလား"

ဤတစ်ကြိမ်ရလဒ်က လူတိုင်း၏ မေးရိုးကို ပြုတ်ကျမတတ်ဖြစ်စေသည်။

ကျန်းပိုင် ကိုယ်တိုင်ပင် မျက်လုံးများ ပြူးကျယ်သွား၏။

စိုက်ကြည့်နေသော ကာယဆရာ အချို့က အံ့အားသင့်စွာ အော်ဟစ်လိုက်ကြပြီးနောက် အားကစားကွင်းထဲတွင် လက်ခုပ်သြဘာသံများ တစ်ခဲနက် ထွက်ပေါ်လာသည်။

ဖန့်ရှင်းက အရာအားလုံးကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။

ကျန်းပိုင်၏ ဝိညာဉ်မြားခြောက်စင်းလုံး ပစ်မှတ်ကို ထိမှန်သည်ကို မြင်လိုက်ရသည့်အခိုက်တွင် သူက ဝမ်လင်းကို အရင်ဦးဆုံး လှမ်းကြည့်မိလိုက်သည်။

သူ၏ စိတ်နှလုံးက မှန်ကဲ့သို့ ကြည်လင်၏။

ဝမ်လင်းက အဆုံးသတ်တွင် ကျန်းပိုင်ကို ကူညီဖို့ မမေ့လျော့ခဲ့ပေ။

......................

ဝမ်လင်း အိမ်ပြန်ရောက်သောအခါ အိမ်ရှေ့တံခါးဝတွင် ကော်ဟောက်၏ မိသားစုမှ အထူးပံ့ပိုးထားသော ခွေးစာများ စားနေသည့် ထွင်ထျန်းဟာကို တွေ့လိုက်ရသည်။

သူတို့ထံတွင် အင်းဆက်အရသာ ခွေးစာအိတ် အနည်းငယ်သာ ကျန်တော့၏။

မေမေဝမ်က ယနေ့တွင် အထူးစိတ်ထားကောင်းနေပုံ ရပြီး အင်းဆက်အရသာ ခွေးစာထဲတွင် အင်းဆက် အကောင်ကြီး များကိုပါ ရောနှောပေးထားသောကြောင့် ထွင်ထျန်းဟာက အလွန် အကြိုက်တွေ့နေသည်။

သို့သော် အင်းဆက်များ၏ ပြင်းထန်သော အနံ့ကြောင့် အိမ်ရှေ့တံခါး အပြင်ဘက်တွင်သာ စားသောက်နိုင်ခဲ့သည်။

မေမေဝမ်က အင်းဆက်ရောင်းသူထံမှ ဤအသားပြည့်ဝသော ယင်ကောင်များကို ဝယ်ယူခဲ့ကြောင်း ဝမ်လင်း သိရှိခဲ့သည်။

ယခုခေတ်တွင် အင်းဆက်ချက်ပြုတ်စားသောက်ခြင်းက မရှားပါးတော့ပေ။

စားသောက်ဆိုင်များမှာပင် အင်းဆက်ဟင်းလျာ မီနူးများ ရှိနေပြီဖြစ်သည်။

အင်းဆက် ဟင်းလျာ အမျိုးအစားသည် ကျင့်ကြံသူများကြားတွင် အတော်လေး ရေပန်းစားခဲ့သည်။

သိပ္ပံနည်းကျ သုတေသနပြုချက်များ အရ အင်းဆက်များတွင် ပရိုတင်းဆယ်ဆ ပိုမို ပါဝင်သောကြောင့် အင်းဆက် အစားအစာဖြင့် ပရိုတင်းဓာတ်ကို ဖြည့်တင်းနိုင်ခြင်းမှာ ပျော်ရွှင်စရာတစ်ခုပင် ဖြစ်လာသည်။

ထွင်ထျန်းဟာက နတ်ဆိုးကမ္ဘာကနေ ထွက်ခွာလာပြီးကတည်းက ယခုလို အကောင်ဗလောင်မျိုးကို မစားခဲ့ရပေ။

ပုံမှန်အားဖြင့် အင်းဆက်ပိုးမွှား ရောင်းဝယ်ဖောက်ကားသူများကို ဘယ်နေရာမှာမှ ရှာတွေ့မည် မဟုတ်ပေ။

အလယ်တန်းကျောင်းများတွင် ရံဖန်ရံခါပေါ်လာ၍ ရောင်းချတတ်သည့် အနီရောင်ဘရိုကိတ်အလံ ကဲ့သို့ပင်၊ အင်းဆက် ရောင်းချသူများကလည်း မတူညီသည့် စျေးများတွင် ပြတ်တောင်းပြတ်တောင်း ပေါ်လာတတ်ပြီး သတ်သတ်မှတ်မှတ်ရောင်းချသည့် တည်နေရာ လုံးဝမရှိချေ။

မေမေဝမ်က စျေးထဲတွင် အင်းဆက်ရောင်းချသူနှင့် တည့်တည့်တိုးခြင်းမှာ ကံကောင်းလွန်း၍ဟု ဆိုရမည်။

ဝမ်လင်းက ထွင်ထျန်းဟာ၏ အူမြူးနေပုံကို မြင်လိုက်ရသဖြင့် တုံ့ဆိုင်းမနေဘဲ ဖင်ကို ကန်ထည့်လိုက်သည်။

ထွင်ထျန်းဟာ အတွက်မူ ဆရာလေးလင်း၏ ဤအပြုအမူသည် ကုဒ်ဝှက်ထားသည့် အသံတိတ်စကားလုံး ဖြစ်သည်။

{ပြီးရင် ငါ့အခန်းကို လာခဲ့}

All Chapters