← Chapters

အင်မော်တယ်ဘုရင် နှလုံးသားကျမ်း စမ်းသပ် ဗားရှင်း

Vol. 25 Ch. 370

အင်မော်တယ်ဘုရင် နှလုံးသားကျမ်း စမ်းသပ် ဗားရှင်း

Vol. 25 Ch. 370

ဝမ်လင်းက ညစာစားပြီးသောအခါ သူ့အခန်းသို့ ပြန်လာခဲ့သည်။

သူသာလျှင် မြင်နိုင်သော "မဟာကံကြမ္မာတာအို"၏ ရွှေရောင်အလင်းတန်းက သူ့ကို ဖုံးအုပ်ထားဆဲ ဖြစ်သည်။

နောက်ဆယ်ရက်လောက်ထိ သူ့ကံက အလွန်အမင်း ကောင်းနေမည် ဖြစ်သည်။

ဖေဖေဝမ်အတွက် သူယူပေးခဲ့သော ဆုလဒ်များမှာ အသေးအဖွဲမျှသာ ဖြစ်သည်။

ဝမ်လင်းက မဟာကံကြမ္မာတာအိုကို အသုံးပြုပြီး နောက်ဆုံးအကြိမ်က ကံစမ်းမဲ လက်မှတ် ဝယ်ခဲ့သော်လည်း ဘာမှမပေါက်ခဲ့သည်ကို သတိရမိသည်။

အကြောင်းရင်းမှာ ဆုလဒ်ဆောင်ကို အမှန်တကယ် ထည့်မသွင်းထားဘဲ ဂျင်းထည့်ထားခြင်း ဖြစ်သောကြောင့်ပင်။

ထိုအချိန်မှစ၍ သူက မည်သည့် ကံစမ်းမဲ အမျိုးအစားကိုမျှ မယုံကြည်ခဲ့ပေ။

မဟာ ကံကြမ္မာ တာအိုကို အသုံးပြုနေချိန်၌ပင် အောင်မြင်ခြင်းမရှိသည့် အခြေအနေများ ရှိနေသည် မဟုတ်ပါလား။

ကံစမ်းမဲက မည်မျှနက်နဲကြောင်း သူ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

ကံစမ်းမဲ သို့မဟုတ် ထီများ ဝယ်သည်က ဆင်းရဲသားများ အတွက် အခွန်အခ ပေးဆောင်ခြင်း တစ်မျိုးပင်။

မည်သူကမှ ထီမပေါက်နိုင်ဟု တပ်အပ် မပြောရဲပေ။

အချို့သူများက ကုန်စုံဆိုင်တွင် စျေးဝယ်ရာမှ လက်ကျန်ငွေဖြင့် ထီထိုးကာ ဆုကြေးငွေ ထောင်ပေါင်းများစွာကို ဆွတ်ခူးနိုင်လောက်သည် အထိ ကံကောင်းခဲ့ကြသည်။

သို့သော်လည်း ဆုကြီးဝင်သူများသည် ၎င်းတို့၏ ဆုများကို သက်ဆိုင်ရာဌာနတွင် လာရောက် ထုတ်ယူရာ၌ မျက်နှာဖုံး သို့မဟုတ် နာမည်ကြီး ဇာတ်ကောင်ဝတ်စုံများကို ဝတ်၍သာ အမြဲလာခဲ့ကြ၏။

ယင်းက ၎င်းတို့ အမှန်တကယ် ပေါက်မပေါက်ကို ဝမ်လင်းအား သံသယ ဖြစ်စေခဲ့သည်။

ကံအားလျော်စွာ ဝမ်မိသားစုတွင် ဖေဖေဝမ် နှင့် မေမေဝမ်တို့သည် ထီ သို့မဟုတ် ရှယ်ယာများကို စိတ်မဝင်စားခဲ့ကြပေ။

မေမေဝမ် အတွက်မူ မြေအောက်လောကတွင် ကျင်လည်ခဲ့သည့် ဘဝကသာ စိတ်ဝင်စားဖို့ ကောင်းသည်ဟု အမြဲခံစားခဲ့ရပြီး ဖေဖေဝမ် အတွက်မူ ထီထိုးပြီး ကောင်းကင်မှ ကျလာမည့်မုန့်ကို စောင့်ဆိုင်းခြင်းထက် စာလုံးများကို မှန်မှန်လေး ရိုက်နှိပ်သည်ကသာ လက်တွေ့ကျသည် မဟုတ်လော။

..............

ထွင်ထျန်းဟာက သူပြိုင်ပွဲဝင်ရန် အတွက် ဆရာလေးလင်း လက်မှတ်ထိုးလိုက်ကြောင်း ကြားသိရသောအခါ ၎င်း၏ ခွေးမျက်နှာပေါ်တွင် နားမလည်နိုင်သော အမူအရာများ ဖြစ်ပေါ်လာသည်။

"ဒါက ဘယ်လိုလုပ်ရပ်မျိုးလဲ"

ထွင်ထျန်းဟာ ကိုယ်တိုင်ပင် နားမလည်ခဲ့ပေ။

ဆရာလေးလင်း၏ အတွေးထဲမှ ပဟေဠိကို သူ၏ ခွေးဦးနှောက်ကို အားကိုး၍ အချိန်တိုအတွင်း ဖြေရှင်းနိုင်မည့် နည်းလမ်းမရှိပေ။

ထွင်ထျန်းဟာက ပြိုင်ပွဲဝင်ခဲ့လျှင် တရားမျှတမှု မရှိဟု ခံစားမိသည်။

လောလောဆယ်တွင် သူက ရွှေအမြူတေ အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေသော်လည်း စိတ်ဝိညာဉ် အိမ်မွေးတိရစ္ဆာန်များနှင့် ပတ်သက်၍မူ တတိယတန်းစား ဝိညာဉ်သားရဲမျှသာ ဖြစ်သည်။

တတိယတန်းစား ဝိညာဉ်သားရဲမှာ ရွှေအမြူတေအဆင့် ကျင့်ကြံသူများနှင့် ပြည့်လျှံနေသော တက္ကသိုလ်များတွင် ရှားပါးသောအရာ မဟုတ်ပေ။

ထိပ်တန်းတက္ကသိုလ်များက ကျောင်းများတွင် တတိယတန်းစား ဝိညာဉ်သားရဲ ရာပေါင်းများစွာကို စမ်းသပ်မှုများ ပြုလုပ်ရန် ဝိညာဉ်သားရဲ ဓာတ်ခွဲခန်းများကို ဆောက်လုပ်ပြီး ကြီးမားစွာ ရင်းနှီးမြှုပ်နှံထားကြောင်း ထွင်ထျန်းဟာ သိရှိခဲ့သည်။

တက္ကသိုလ်တွင် တတိယတန်းစားနှင့် စတုတ္ထတန်းစား ဝိညာဥ်သားရဲများမှာ နွားကိုယ်ပေါ်ရှိ အမွေးအမှင် အရေအတွက် ကဲ့သို့ အများအပြား ရှိသည်။

ထို့ကြောင့် သာမန် ဝိညာဉ် အိမ်မွေးတိရစ္ဆာန်သည် ကျောင်းအိမ်မွေးတိရစ္ဆာန် ဖြစ်လာရန် အခွင့်အရေး မရှိပေ။

အကယ်၍ သင်က ပထမတန်းစား ဝိညာဥ်သားရဲ အဆင့်သို့ အမှန်တကယ် ရောက်ရှိနေလျှင် ဓာတ်ခွဲခန်းရှိ ကျောင်းသားများမှာ သင့်အား ဘိုးဘေးကဲ့သို့ ကိုးကွယ်ကြလိမ့်မည် ဖြစ်သည်။

......................

ဟုတ်ပါသည်၊ ဤအကြောင်းအရာ အားလုံးကို ထွင်ထျန်းဟာက ကျင့်ကြံခြင်းဖိုရမ်၏ ပို့စ်တစ်ခုကနေ သိရှိခဲ့ခြင်း ဖြစ်သည်။

ဤအကြောင်းအရာများက မှန်ကန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ ထွင်ထျန်းဟာ၏ ရည်မှန်းချက်မှာ ပထမတန်းစား ဝိညာဥ်သားရဲ အဆင့်သို့ တတ်နိုင်သမျှ မြန်မြန်ဆန်ဆန် ကျင့်ကြံရန် ဖြစ်၏။

သူယခင်က နတ်ဆိုးဘုရင်ဖြစ်ခဲ့ပြီး နတ်ဆိုးဖားပြုပ်မျိုးနွယ်ကို ဦးဆောင်သည့် အကြီးအကဲ ဖြစ်ခဲ့ဖူးသည်။

သူ၏ မူလခန္ဓာကိုယ်သို့ ပြန်မရနိုင်တော့သော်လည်း အနည်းဆုံးတော့ သူ၏ ခွန်အားကို တတ်နိုင်သမျှ ထိန်းသိမ်းထားရပေမည်။

မဟုတ်လျှင် အလွန်ရှက်စရာ ကောင်းနေလိမ့်မည် မဟုတ်လော။

ဟုတ်ပါသည်၊ ဝမ်လင်းတွင် ထွင်ထျန်းဟာကို ပြိုင်ပွဲ၌ ပါဝင်ခိုင်းရသည့် ကိုယ်ပိုင် အကြောင်းပြချက်များ ရှိ၏။

တစ်ချက်မှာ ဝမ်လင်း၏ အတန်းဖော်များက ထွင်ထျန်းဟာ၏ သရုပ်မှန်ကို အမှန်တကယ် မေ့လျော့နေပြီး ခွေးပေါကြီး အဖြစ် ဆက်ဆံနေသောကြောင့်ပင်။

နောက်တစ်ချက်အနေဖြင့် ဝမ်လင်းက ထွင်ထျန်းဟာ၏ လက်ရှိအင်အားကို လက်တွေ့စမ်းသပ်မှုအဖြစ် ယခုတစ်ကြိမ် ပြိုင်ပွဲကို အသုံးချလိုခဲ့သည်။

ထွင်ထျန်းဟာက လောလောဆယ်တွင် ဝမ်လင်း ပြုပြင်ပေးထားသော "နတ်ဆိုးနှလုံးသားကျမ်း"၏ ဒုတိယဗားရှင်းကို ကျင့်ကြံနေသည်။

မူရင်းကျမ်းက နတ်ဆိုးချီဖြင့် ကျင့်ကြံရမည် ဖြစ်သော်လည်းဝမ်လင်းက ဝိညာဉ်ချီ နှင့် လုံး၀ အစားထိုးထားသည်။

ကျင့်ကြံမှု လမ်းစဥ်က ယခင်အတိုင်း တူညီသော်လည်း ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်၏။

ယေဘုယျအားဖြင့် ပြောရလျှင် ဘေးထွက် ဆိုးကျိုးများသည် စစ်မှန်သော တိုက်ပွဲမှသာ ထွက်ပေါ်လာတတ်၏။

ဝမ်လင်းက ထွင်ထျန်းဟာကို ပေါင်ပေါ်တင်ကာ ပွေ့ဖက်၍ ၎င်း၏ ခွေးသားမွေးများကို သေးသွယ်သော လက်ချောင်းများဖြင့် ပွတ်သပ်လိုက်သည်။

ယင်းက ထွင်ထျန်းဟာကို အလွန်အမင်း သက်သောင့်သက်သာ ဖြစ်စေ၏။

"ငါတို့အနေနဲ့ 'နတ်ဆိုးဘုရင်နှလုံးသားကျမ်း'ကို စမ်းသပ်ဖို့ လိုအပ်တယ်.. ကျင့်စဥ်ကို ပြုပြင်တာ ငါ့အတွက် ဒါပထမဆုံး အကြိမ်ပဲ.. ဆိုးရွားတဲ့ သက်ရောက်မှု ရှိမရှိ စမ်းကြည့်ဖို့လိုတယ်"

ဝမ်လင်းက စိတ်ချင်းဆက်သွယ်၍ ပြောလိုက်သည်။

ထွင်ထျန်းဟာက ခေါင်းညိတ်လိုက်သည်။

ပြုပြင်ထားသော ဗားရှင်းက အလွန်ကောင်းမွန်သည်ဟု သူခံစားမိသည်။

သို့ရာတွင် ဘေးထွက်ဆိုးကျိုး ရှိမရှိ မပြောနိုင်သေးပေ။

အသေအချာ သိရန်မှာ စစ်မှန်သည့် တိုက်ပွဲတွင်သာ စမ်းသပ်နိုင်လိမ့်မည်။

ဝမ်လင်းက ငယ်စဉ်ကပင် ကိုယ်ခံပညာ ပြုပြင်ခြင်းကို အမှန်တကယ် တတ်မြောက်ခဲ့သည်။

သို့သော်လည်း ယင်းမှာ ကလေးများ စိတ်အားထက်သန်စွာ ရေးသားထားသော ပုံပြင်များကဲ့သို့ပင်။

အလွန် စိတ်ကူးယဉ်ဆန်လွန်းပြီး လက်တွေ့အသုံးဝင်မဝင် မသိရသေးပေ။

ဝမ်လင်းက ထွင်ထျန်းဟာ၏ 'နတ်ဆိုးနှလုံးသားကျမ်း'ကို ပြန်လည် ပြင်ဆင်သောအခါ 'အင်မော်တယ်ဘုရင် နှလုံးသားကျမ်း'ဟုခေါ်သည့် လျှို့ဝှက်ကျမ်းတစ်ခုကို ကိုးကားပြီး 'နတ်ဆိုးချီ'ကို 'ဝိညာဥ်ချီ' ဖော်မြူလာဖြင့် အစားထိုးခဲ့သည်။

"အင်မော်တယ်ဘုရင်နှလုံးသားကျမ်း"သည် ဝမ်လင်း အချိန်အတော်ကြာ စဥ်းစားတွေးတောခဲ့ရသည့် နက်နဲသော ကိုယ်ခံပညာတစ်ခု ဖြစ်သည်။

၎င်းကို နားလည်ရန် အတော်ကလေး အချိန်ယူခဲ့ရသည်။

အကြမ်းဖျင်း တွက်ချက်ကြည့်လျှင် သူ ရှစ်နှစ်သား အရွယ်တွင် ၎င်းကို စတင် စဉ်းစားခဲ့သည် ဖြစ်ရာ ရှစ်နှစ်ခန့် ရှိပြီဟုပင် ဆိုနိုင်၏။

အဓိကအချက်မှာ ဤကျမ်းသည် အပြည့်အစုံ မဟုတ်ဘဲ စမ်းသပ် ဗားရှင်းမျှသာ ဖြစ်နေသည်။

၎င်းကိုသာ အောင်မြင်စွာ ကျင့်နိုင်ခဲ့လျှင် ဝမ်လင်းက သူ၏ ထိန်းချုပ်မရသော အော်ရာကို ချိုးနှိမ်နိုင်မည်ဟု ခံစားခဲ့ရသည်။

ထိုသို့ ဖြစ်လာခဲ့လျှင် သူ၏ လက်မောင်းပေါ်ရှိ အဆောင်လက်ဖွဲ့ကို အားကိုးနေစရာ လိုအပ်တော့မည် မဟုတ်ပေ။

အဆောင်လက်ဖွဲ့၏ သူ့အပေါ် ဖိနှိပ်သော လုပ်ဆောင်ချက်ကလည်း သက်ရောက်မှု နည်းသထက် နည်းပါးလာမည် ဖြစ်သည်။

ဆေးရုံက လူနာများကို ပဋိဇီဝဆေး အများအပြား ပေးသလိုပင်။

သင့်လျော်သော ပမာဏထက် အလွန်အကျွံ သောက်လိုက်သည်နှင့် ခန္ဓာကိုယ်က ဆေးဒဏ်ကို အလိုအလျောက်ခံနိုင်ရည် ရှိလာမည် ဖြစ်သည်။

"ပြောပြပါ.. သူတော်စင် သားရဲအဆင့်အထိ ကျင့်နိုင်မယ်လို့ ထင်လား"

ဝမ်လင်းက ထွင်ထျန်းဟာကို စိုက်ကြည့်၍ ဖြေလိုက်သည်။

"မထင်ဘူး"

ထွင်ထျန်းဟာက အံ့အားသင့်သွားပြီး မချိပြုံး ပြုံးပြလိုက်သည်။

သူတော်စင် သားရဲအဆင့်အထိ ကျင့်ကြံရန်မှာ မည်သို့ လွယ်ကူနိုင်ပါမည်နည်း။

သူတော်စင် သားရဲများအတွက် အဆင့်သတ်မှတ်သည့် စနစ်အရ ဆိုလျှင် ပထမတန်းစား ဝိညာဉ်သားရဲများသည် အမှန်စင်စစ် သူတော်စင် သားရဲများအောက်မှ အဆင့်တစ်ခုသာ ဖြစ်သည်။

အရေးကြီးဆုံးမှာ သားရဲနှလုံးသား ဖြစ်သည်။

ရှေးကျမ်းစာများတွင် သားရဲနှလုံးသားသည် ကျင့်ကြံ၍ ရနိုင်သည့် အရာတစ်ခု ဖြစ်သော်လည်း ဤကျင့်ကြံမှု နည်းလမ်းက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့် သူတော်စင် သားရဲအများစုမှာ အခြေခံအားဖြင့် အမွေဆက်ခံခြင်းဖြင့်သာ သားရဲနှလုံးသားများကို ရရှိခဲ့ကြသည်။

သားရဲနှလုံးသားကို ဗီဇပြောင်းခြင်း သို့မဟုတ် အစားထိုးခြင်းမှ တဆင့် မရရှိနိုင်ပေ။

ထို့ကြောင့် ယနေ့ခေတ် ဝိညာဥ်သားရဲအများစု၏ အဓိကရည်ရွယ်ချက်မှာ ပထမတန်းစား ဝိညာဥ်သားရဲများဖြစ်လာစေရန် ကျင့်ကြံဖို့ ဖြစ်သည်။

သူတော်စင် သားရဲဖြစ်လာရန် ကျင့်ကြံခြင်းသည် ယွမ်သန်းတစ်ရာ အတွက် သေးငယ်သော ပန်းတိုင်များ ဦးစွာ ချမှတ်ရန်လိုအပ်သည် ဟူသော အိမ်ခြံမြေသူဌေးကြီး အချို့၏ လေကြီးလေကျယ် စကားများကဲ့သို့ပင် အဓိပ္ပါယ်မဲ့လှသည်။

ထို့အပြင် ယနေ့ခေတ် ပတ်ဝန်းကျင်၌ သူတော်စင် သားရဲများ ရှိပါသေးသလော။

ထွင်ထျန်းဟာက ထိုအချက်ကို သံသယဝင်ခဲ့သည်။

တစ်စုံတစ်ရာ ဖြစ်နိုင်ခြေရှိလျှင်ပင် ဖြစ်နိုင်ခြေ အများဆုံး ရှိသည်ကိုသာ ရွေးချယ်ကြလိမ့်မည် မဟုတ်ပါလော။

သူတော်စင် သားရဲများ ရှိစဥ်အချိန်ကပင် ကျင့်ကြံသူများသည် တာအိုလမ်းစဥ်ကို လိုက်စားရာတွင် သူတော်စင် သားရဲများ၏ သားရဲနှလုံးသားများက ၎င်းတို့အား ကူညီပေးနိုင်သည်ဟု ယုံကြည်ခဲ့ကြသည်။

သူတို့က သားရဲနှလုံးသား အတွက် မိုက်မဲသော လုပ်ရပ်များကို ကျူးလွန်ခဲ့ကြ၏။

ထွင်ထျန်းဟာသာ သူတော်စင် သားရဲအဆင့် အထိ အမှန်တကယ် ကျင့်ကြံနိုင်ခဲ့လျှင်..

ယင်းက အိပ်မက်တစ်ခုကနေ ရယ်မောရင်း လန့်နိုးလာသလို ဖြစ်နေလိမ့်မည် မဟုတ်ပါလား။

All Chapters