← Chapters

သူတော်စင် အဖွဲ့အစည်း

Vol. 25 Ch. 372

သူတော်စင် အဖွဲ့အစည်း

Vol. 25 Ch. 372

ဝမ်လင်း အနေဖြင့် သူတော်စင်သားရဲသွေး လိုအပ်ခြင်းအတွက် သူ့ကိုယ်ပိုင် အကြောင်းပြချက် ရှိသည်။

တစ်နည်းအားဖြင့် ထွင်ထျန်းဟာ၏ အလွန်အမင်း အိပ်ငိုက်စေသော ရောဂါသည် "နတ်ဆိုးဘုရင်နှလုံးသားကျမ်း" ၏ ပြန်လည် ပြင်ဆင်ထားသော ဗားရှင်းကို ကျင့်ကြံခြင်းနှင့် များစွာသက်ဆိုင်၏။

ဝမ်လင်းက ၎င်းကို ဘေးထွက်ဆိုးကျိုးဟု ခေါ်ရမလား မသိသော်လည်း ထိုသို့ အလွန်အမင်း အိပ်ငိုက်သော ရောဂါက ကောင်းမွန်သည့် ကိစ္စတော့ မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် ထွင်ထျန်းဟာက တစ်ချိန်က လူသေကဲ့သို့ အိပ်ပျော်သွားကာ ခဏတာ သတိလစ်သွားခြင်းကြောင့် ဖြစ်သည်။

ရှေးခေတ်က ရေးသားခဲ့သော မှတ်တမ်းများအရ သူတော်စင် သားရဲ၏ သွေးသည် ဤအခြေအနေအပေါ် အံ့ဖွယ် အကျိုး သက်ရောက်မှု ရှိသည်။

ထွင်ထျန်းဟာက သူတော်စင်သားရဲ၏ သွေးထဲတွင် စိမ်နေသရွေ့ ဤထူးခြားသော ရောဂါ အမျိုးအစားကနေ သက်သာလာနိုင်၏။

သို့ရာတွင် ဝမ်လင်းက နည်းနည်းလေးမှ စိတ်မချမ်းသာခဲ့ပေ။

ဤသားရဲသွေးက သူ့အတွက် ခေါက်ဆွဲခြောက်ထုပ် နှစ်ဆယ်ခန့် ကုန်ကျသောကြောင့်ပင်။

ယင်းက သူ့အတွက် တကယ်ကို ကြီးမားသည့် ဆုံးရှုံးမှု ဖြစ်သည်။

ထွင်ထျန်းဟာ အိပ်ပျော်နေစဉ် သူ၏ သင်ခန်းစာကို ပြန်လည်လေ့ကျင့်ရန် ဝမ်လင်းက တွေးထားသော်လည်း ပထမထပ်မှ ဖေဖေဝမ်၏ ခေါ်သံကို သူ ရုတ်တရက် ကြားလိုက်ရသည်။

အောက်ထပ်သို့ ဆင်းလာသောအခါ မေမေဝမ်က စားပွဲပေါ်တွင် အိပ်ပျော်နေသည်ကို တွေ့လိုက်ရ၏။

မေမေဝမ်က ယနေ့တွင် တစ်နေကုန် အပြင်သွားပြီး ဖိုးဖိုးဝမ်နှင့် အတူ ညနေခင်းတွင် ဟင်းပွဲများစွာကို စားပွဲအပြည့် စီစဥ်ခဲ့ရ၍ ပင်ပန်းသွားပုံရသည်။

ဖေဖေဝမ်က မေမေဝမ်၏ ခါးစည်းကို ဂရုတစိုက် ဖြုတ်ပြီးနောက် မင်းသမီးလေး ကဲ့သို့ ပွေ့ချီကာ ဝမ်လင်း ထံသို့ လှည့်၍ တိုးတိုးလေး ပြောလိုက်သည်။

"ငါတို့ကို အပေါ်ထပ် လိုက်ပို့ပေးပါ.."

ဝမ်လင်းက ခေါင်းညိတ်လိုက်ပြီး သူ့လက်ကို ဖေဖေဝမ်၏ ပခုံးပေါ်တင်ကာ တတိယထပ်ရှိ သူတို့၏ အိပ်ခန်းဆီသို့ တန်းတန်းမတ်မတ် ပို့ပေးလိုက်၏။

"လူသားဓာတ်လှေကား... တကယ်ကို မိုက်တယ်ဟ"

တစ်ဖက်မှ ဖိုးဖိုးဝမ်က ထိန်းမနိုင်သိမ်းမရ အော်ဟစ်လိုက်သည်။

"ဒီစွမ်းရည်က တကယ်ကို အသုံးဝင်ပါတယ်.. အဖိုး မပင်ပန်းဘူးလား.. ပို့ပေးမယ်လေ"

ဝမ်လင်းက ခေါင်းညိတ်လိုက်ပြီး ဖိုးဖိုးဝမ်ကို စိတ်ချင်းဆက်သွယ်၍ ပြောလိုက်သည်။

"ငါအဆင်ပြေပါတယ်.. မင်းအမေက အဓိကပါ.. သူ ဒီနေ့ အတော်လေး မောပန်းသွားတယ်.. သူက ကုန်စုံဆိုင်တွေ အများကြီးကို လှည့်ပတ်ဝယ်ပြီး ပစ္စည်းလှည်းထဲ ကိုယ်တိုင် ထည့်ခဲ့ရတယ်"

ဖိုးဖိုးဝမ်က သက်ပြင်းချလိုက်သည်။

"Kikkaro စားသောက်ဆိုင်မှာ အလုပ်လုပ်တုန်းကဆို ဟင်းချက်ဖို့အတွက် ပါဝင်ပစ္စည်းတွေကို ရွေးတာကအစ ကိုယ်တိုင်ပဲ လုပ်ခဲ့တယ်.. အခုတော့ ဒါတွေအားလုံးကို ငါ့ဘာသာ တစ်ယောက်တည်း မလုပ်နိုင်တော့ဘူး"

စကားပြောနေသော်လည်း ဖိုးဖိုးဝမ်၏ မျက်လုံးများက တီဗွီဖန်သားပြင်ပေါ်တွင် ရှိနေသည်။

ဝမ်လင်းက အသံလွှင့်နေသည့် သတင်းအဖွဲ့ကို တွေ့လိုက်ရသည်။

"ရင်သားတွေကို နေ့ရောညပါ လိုက်ရှာနေတဲ့ ဇာတ်လမ်းကို စတင်ပြသပါတော့မယ်"

ထို့ကြောင့် ဖိုးဖိုးဝမ်က ရင်သားရှာဖွေသည့် ဇာတ်လမ်းကို နေ့ရောညပါ စောင့်ကြည့်နေကြောင်း သိရှိခဲ့သည်။

၎င်းသည် မကြာသေးမီက ရေပန်းစားခဲ့သော တီဗီဒရာမာ တစ်ခုဖြစ်ပြီး မိခင်ကို ရှာဖွေနေသော အမြွှာညီအစ်ကိုများ အကြောင်း ဖြစ်သည်။

သူတို့က ငယ်စဥ်ကပင် မိခင်၏ စွန့်ပစ်ခြင်းကို ခံခဲ့ရပြီး မိခင်နှင့်ပတ်သက်၍ မှတ်ဉာဏ်တွင် အကြောင်းအရာသိပ်မကျန်ခဲ့ပေ။

နို့စို့နေစဉ်အတွင်း သူမ၏ ရင်သားပေါ်ရှိ ဇီးပန်းပွင့် အမှတ်အသားတစ်ခုကိုသာ မှတ်မိနေခဲ့သည်။

တစ်နေ့တွင် မြို့ကြီးတစ်ခုရှိ ၎င်းတို့၏ မိခင်အကြောင်း သဲလွန်စများ ရရှိပြီးနောက် သူမကို နေ့ရောညပါ အမြန်ရှာဖွေခဲ့ကြသည်။

တစ်ဦးက နေ့ခင်းဘက်တွင်ရှာပြီး နောက်တစ်ဦးသည် ညအချိန်တွင် ရှာလေ့ရှိသည်။

၎င်းတို့က ၎င်းတို့၏မိခင်ကို ရှာဖွေရာတွင် အသုံးပြုသည့် နည်းလမ်းအမျိုးမျိုးကို တင်ပြထားသည့် ဇာတ်လမ်းဖြစ်၏။

ဖိုးဖိုးဝမ်က တီဗီရှေ့တွင် အချိန်အကြာကြီး စောင့်ဆိုင်းနေရသဖြင့် စိတ်မရှည်ချင်တော့ပေ။

"အခုခေတ် ရုပ်မြင်သံကြားဌာနတွေက ထုတ်လွှင့်ချက်တွေကို အချိန်ကိုက်မလုပ်နိုင်ဘူး.. ကြော်ငြာတွေကို လွှင့်ဖို့ပဲချောင်းနေကြတယ်.. ကြော်ငြာတစ်ခုကို သုံးကြိမ်ဆက်တိုက် ထုတ်လွှင့်နေတာ ဘာသဘောလဲ"

သူပြောပြီးပြီးချင်းမှာပဲ တီဗီက နောက်ထပ်ကြော်ငြာတစ်ခု ထပ်မံ ထုတ်လွှင့်လိုက်ရာ ဖိုးဖိုးဝမ်က ကလော်ဆဲတော့သည်။

"မေငိုး တီဗီ.. သူတော်စင်အဖွဲ့အစည်း ကြော်ငြာကိုပဲ ငါတွေ့နေတာ အကြိမ်သုံးဆယ်လောက် ရှိနေပြီ.. နည်းနည်းတော့ များသွားပြီ"

သူတော်စင်အဖွဲ့အစည်း..

ဤနာမည်က ဝမ်လင်းအတွက် အလွန်ရင်းနှီးနေသည်။

မကြာသေးမီကပင် ကျောင်းမှ အိမ်အပြန်လမ်းတွင် ၎င်းနှင့်ပတ်သက်သည့် စကားများစွာကို သူကြားခဲ့ရသည်။

အိမ်ပြန်လမ်းတစ်လျှောက်တွင် ဤသူတော်စင်အသင်း၏ ကြော်ငြာဘုတ်များလည်း တွေ့ခဲ့ရ၏။

ဝမ်လင်းက သူတော်စင်အသင်း၏ တီဗီကြော်ငြာကို ကြည့်ရှုခဲ့သည်။

ကြော်ငြာတွင် သူတော်စင် အဖွဲ့အစည်း၏ ရည်ရွယ်ချက်ကို အကျဥ်းချုံး ဖော်ပြထား၏။

ကြော်ငြာတွင် သူတော်စင် အသင်းဝင် တစ်ဦးက အခြေခံတည်ထောင်ခြင်းအဆင့် ကျောင်းသားအုပ်စုနှင့် လွန်ဆွဲပွဲ၌ ပါဝင်ယှဉ်ပြိုင်နေသည်။

ကျောင်းသားများ မည်မျှပင် ခက်ခက်ခဲခဲ ဆွဲပါစေ၊ သူတော်စင်အသင်းဝင်က ကျောက်တုံးကဲ့သို့ ခိုင်မာပြီး တစ်လက်မမျှပင် နေရာမရွေ့ခဲ့ပေ။

ထို့နောက် ပေါ့ပေါ့ပါးပါးဖြင့်ပင် ဤအဖွဲ့ဝင်က လွယ်ကူသော အောင်ပွဲတစ်ခုကို ရယူသွားခဲ့သည်။

အဆုံးသတ်တွင် ကြော်ငြာ၌ ဤအဖွဲ့ဝင်၏ ပရိုဖိုင်ကို တိုက်ရိုက် ကြေညာခဲ့သည်။

ထိုအဖွဲ့ဝင်က ဆောက်လုပ်ရေးပစ္စည်း အထက်တန်းကျောင်းမှ ကျောင်းသားသစ် ချူးယွမ်ဟောင် ဖြစ်သည်။

အသက်- ၁၆နှစ်

အဆင့်- အခြေခံ တည်ထောင်ခြင်း နှောင်းပိုင်း အထွတ်အထိပ်အဆင့်

ဤအချက်အလက်ကို ကြည့်ရင်း ဝမ်လင်းက မျက်မှောင်ကြုတ်သွား၏။

အခြေခံ တည်ထောင်ခြင်း နှောင်းပိုင်း အထွတ်အထိပ်အဆင့်မှ ကျောင်းသား တစ်ဦးက အဆင့်တူ အထက်တန်း ကျောင်းသား ဆယ်ဦးကို လွန်ဆွဲပွဲ၌ အမှန်တကယ် အနိုင်ရခဲ့ ပါသလော။

အယူအဆမှားများ ပါဝင်နေသည့် တီဗီကြော်ငြာများကို ဖြိုခွင်းမှုမှာ ယခုခေတ်တွင် အလွန်ပြင်းထန်သောကြောင့် ၎င်းကို ဂျင်းကြော်ငြာဟု ဝမ်လင်း မထင်ပေ။

ထို့အပြင် ရွှေကုံးဂိုဏ်း ဖြစ်ရပ်ပြီးနောက်တွင် လိမ်လည်မှုကျူးလွန်ရန် အတင့်ရဲသော အဖွဲ့အစည်း တစ်ခုမျှ ရှိတော့မည် မဟုတ်ပေ။

ယေဘုယျအားဖြင့် ပြောရလျှင် တီဗီတွင် ကြော်ငြာနိုင်သည့် မည်သည့် အဖွဲ့အစည်းမဆို အများစုမှာ နိုင်ငံတော်မှ အသိအမှတ်ပြုထားသော အလင်း အင်အားစုများသာ ဖြစ်သည်။

ကြော်ငြာကို ကြည့်ရှုပြီးနောက်တွင် ဤသူတော်စင်အဖွဲ့အစည်းက ကိုယ်ပိုင်ပညာရေး အဖွဲ့အစည်းတစ်ခု ဖြစ်မည်ဟု ကနဦးတွင် ဝမ်လင်း တွေးထင်ခဲ့သည်။

သို့သော် ကြော်ငြာအဆုံးရှိ အဖြူရောင်စာတန်းက သူ့စိတ်ကို လုံးဝ ပြောင်းလဲသွားစေခဲ့သည်။

"သူတော်စင်အဖွဲ့အစည်းကို တရားဝင် ဖွင့်လှစ်လိုက်ပါပြီ.. နိုင်ငံတစ်ဝှမ်းရှိ ကျောင်းများမှ ထူးချွန်သူများကို ကြိုဆိုပါတယ်"

ဆိုလိုသည်မှာ ဤသူတော်စင်အသင်းသည် ပုဂ္ဂလိကပညာရေး အဖွဲ့အစည်း မဟုတ်ဘဲ ကျောင်းအသီးသီးမှ အရည်အချင်း ပြည့်မီသူများကို ဆွဲဆောင်ရန် နိုင်ငံတကာအဆင့် အရည်အချင်း ပြည့်မီသော အေဂျင်စီတစ်ခု ဖြစ်သည်။

ကြော်ငြာထဲမှ သရုပ်ပြနေသည့် ချူးဟွမ်ဟောင်သည် အနှိုင်းမဲ့ အားကောင်းနေပြီး အရည်အချင်း ပြည့်မီမှုတွင်လည်း သူတော်စင် အဖွဲ့အစည်း၏ စံနှုန်းများနှင့် ကိုက်ညီနေသည်။

ခေတ်မီကျင့်ကြံရေးစနစ်၏ ယေဘုယျစံနှုန်းအရ အခြေခံ တည်ထောင်ခြင်း နှောင်းပိုင်း အထွတ်အထိပ်အဆင့်၏ အမြင့်ဆုံးအင်အားမှာ အကြမ်းဖျင်းအားဖြင့် ဂျင်နှစ်ထောင်ခန့်သာ ရှိသည်။

ထို့ကြောင့် ဝမ်လင်းက ကမ္ဘာပေါ်တွင် "သာမန်ထက် ထူးကဲတဲ့ လူများရှိနေသေးပါတကား"ဟု တွေးမိခဲ့သည်။

ဤသူတော်စင် အဖွဲ့အစည်း၏ ကြော်ငြာသည် ဝမ်လင်း၏ အတွေးအမြင်ကို ဆန်းသစ်စေ၏။

ကမ္ဘာပေါ်တွင် သူ့အပြင် အံ့ဩဖွယ်ရာ စွမ်းအားရှိသည့် လူများ အမှန်တကယ် ရှိပုံရသည်။

ဇူလိုင်လ 5 ရက်နေ့သည် စာသင်နှစ်၏ ဒသမမြောက် အပတ် ဗုဒ္ဓဟူးနေ့ ဖြစ်သည်။

ထိုနေ့နံနက်တွင် Grade 1 အခန်းသုံးသည် ၎င်း၏ ယခင် အသက်ဝင်မှုကို ပြန်လည်ရရှိခဲ့သည်။

ချန်းချောင်၊ ကော်ဟောက်၊ မြေပဲလေးနှင့် အခြားသူများကလည်း ကျောင်းပြန်တက်လာကြသည်။

သူတို့၏ ဝိညာဉ်စွမ်းအင်များမှာ ယခုအခါတွင် စည်းတံဆိပ်ခတ် ခံထားရဆဲဖြစ်၍ ဝိညာဉ်စွမ်းအင်ကို အသုံးမပြုနိုင်သော်လည်း ဆရာမဖန်က သင်ကြားမှုကို နှောင့်နှေး၍ မရတော့ကြောင်း ခံစားခဲ့ရသည်။

ထို့ကြောင့် သူမက မိဘများကို တစ်ယောက်ပြီး တစ်ယောက် ဖုန်းဆက်ကာ စာမေးပွဲနှင့် ပတ်သက်၍ လှုံ့ဆော်ပေးခဲ့သည်။

ထို့ကြောင့် သူမက ယနေ့ ကျောင်းတက်လာသည့် ကျောင်းသားများ အားလုံးကို ကျေးဇူးအထူးတင်ရှိခဲ့သည်။

အခြားအခန်းများမှ ဝိညာဉ်စွမ်းအင် တံဆိပ်ခတ်ခံထားရသော ကျောင်းသားများသည် အိမ်တွင် အနားယူနေကြဆဲ ဖြစ်ပြီး နောက်အပတ်မှသာ ကျောင်းပြန်တက်ကြမည် ဖြစ်သည်။

ဆယ်မိနစ်လောက် အကြာတွင် ဆရာမဖန်က စာသင်ခန်းထဲဝင်လာသည်။

ယနေ့တွင် လက်စုံတက်စုံ ရှိနေကြသည်ကို တွေ့လျှင် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

သူမက စင်ပေါ်တွင် ရပ်ကာ အပြစ်ကင်းစွာ ပြုံးနေ၏။

"ဝိုး.. ဒီနေ့ကျမှပဲ အတန်းထဲက ကျောင်းသားတွေ အားလုံးက ဘာလို့ ဒီလောက်တောင် ချစ်စရာ ကောင်းနေရတာလဲ"

"............."

"မင်းတို့ထဲက တချို့က အပြည့်အဝ ပြန်ကောင်းမလာသေးပေမဲ့ ကျောင်းတက်ဖို့ လာခဲ့ကြတယ်.. မင်းတို့ရဲ့ ဆရာအနေနဲ့ ငါအရမ်းကို ကြည်နူးမိတယ်"

"............."

သူမ မပြောခဲ့လျှင် ပိုကောင်းပေလိမ့်မည်။

ဝမ်လင်းက အခန်းထဲတွင် နာကြည်းမှုများ ပြည့်နှက်နေပြီဟု ခံစားနေရသည်။

ဆရာမဖန်က ပြုံးပြကာ စာရွက်တစ်ရွက်ကို ထုတ်ယူလိုက်သည်။

"ချစ်ဖို့ကောင်းတဲ့ ကျောင်းသားတွေက စာသင်ရတာ ကြိုက်တယ် ဆိုမှတော့ စာပဲ သင်လိုက်ကြတာပေါ့"

"............"

All Chapters