← Chapters

သင်၏ စိတ်ဝိညာဉ် အိမ်မွေးတိရစ္ဆာန်အကြောင်း အနည်းငယ်မျှဝေပါ

Vol. 25 Ch. 375

သင်၏ စိတ်ဝိညာဉ် အိမ်မွေးတိရစ္ဆာန်အကြောင်း အနည်းငယ်မျှဝေပါ

Vol. 25 Ch. 375

ငွေရောင်လေး၏ စိတ်ဆင်းရဲစရာ အတွေ့အကြုံကို သိရှိပြီးနောက် ဝမ်လင်းက အချိန်အတော်ကြာ စကားမပြောနိုင်ခဲ့ပေ။

အားလုံးကို ခြုံကြည့်လိုက်လျှင် ငွေရောင်လေးက သူတော်စင်သားရဲ ဖြစ်သော်လည်း ရိုးအလွန်းသည်။

နေ့ခင်းကြောင်တောင် လက်ကောက်ဝတ်ကို ဖြတ်ပြီး သွေးထွက်နေသည်ကို မည်သူမှ သတိမထားမိမှသာ ထူးဆန်းနေလိမ့်မည် မဟုတ်လော။

အကယ်၍ သူသာ မမြင်နိုင်သော အစီအရင် သို့မဟုတ် နယ်နိမိတ် စည်းတစ်ခုကို သတ်မှတ်ခဲ့မည်ဆိုလျှင် ဤကဲ့သို့ ကိစ္စများ ဖြစ်လာလိမ့်မည် မဟုတ်ပေ။

ထင်မှတ်မထားသော ဤအဖြစ်အပျက်ကြောင့် သူတော်စင် သားရဲသွေးက နှစ်ရက်မျှ နှောင့်နှေးသွားခဲ့သည်။

ဝမ်လင်းက သူ့စိတ်ထဲတွင် သက်ပြင်းချမိလိုက်သော်လည်း အမှန်စင်စစ် သားရဲသွေးကို အရေးတကြီး မလိုအပ်သေးပေ။

ထွင်ထျန်းဟာ၏ မူလဝိညာဥ်က ၎င်း၏ လက်ရှိခန္ဓာကိုယ်နှင့် ပေါင်းစည်းပြီးနောက်တွင် လိုက်လျောညီထွေမှုရှိအောင် ကာလရှည်ကြာစွာ ပြုလုပ်ခဲ့ရသည်။

နတ်ဆိုးဘုရင် နှလုံးသားကျမ်းကို ကျင့်ကြံပြီးနောက် အိပ်စက်ခြင်းကို အလွန်အမင်း နှစ်သက်သည့် လက္ခဏာများ ပြသလာခြင်းမှာ ၎င်း၏ ခန္ဓာကိုယ်နှင့် လိုက်လျောညီထွေမှု သိပ်မရှိသည့် လက္ခဏာတစ်ရပ် ဖြစ်သည်။

သူတော်စင် သားရဲသွေးသည် ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကို တစ်ခုနှင့်တစ်ခု လိုက်လျောညီထွေမှု ရှိရန် လိုအပ်သည့်အချိန်ကို သိသိသာသာ လျှော့ချနိုင်သည့် ဓာတ်ကူပစ္စည်း တစ်ခုကဲ့သို့ လုပ်ဆောင်နိုင်၏။

၎င်းက ထွင်ထျန်းဟာ အတွက် ထူးခြားသော အခြေအနေမဟုတ်ပေ။

ဝိညာဉ်တစ်ခုက အသစ်စက်စက် ခန္ဓာကိုယ်တစ်ခု ထဲသို့ ဝင်ရောက်သည့် အခါတိုင်းတွင် အချိန်တစ်ခုတော့ လိုအပ်မည်သာ ဖြစ်သည်။

မိစ္ဆာအင်ပါယာ ကွာဖီက အရိပ်အဖွဲ့ခေါင်းဆောင်၏ ခန္ဓာကိုယ်ကို ဌားရမ်းစဥ် သို့မဟုတ် အစားအသောက် ပို့ဆောင်ရေးသမားများ၏ ဝိညာဥ်များကို ခန္ဓာကိုယ်မှ ဆွဲထုတ်သော ဖြစ်စဥ်များတွင်လည်း ဤကိစ္စကို ရှောင်လွှဲ၍ မရနိုင်ပေ။

အာမခံကုမ္ပဏီများက ၎င်းတို့တစ်ဦးစီ အတွက် "ကြာပန်းခန္ဓာကိုယ်"အသစ်များကို ဖန်တီးထားသည့်တိုင် ၎င်းတို့နှင့် အမှန်တကယ် အသားကျရန်မှာ မလွယ်ကူလှပေ။

ကြာပန်း၏ အမြစ်များက ကျိုးပဲ့လွယ်သောကြောင့် ပို့ဆောင်ရေးသမားများ အနေဖြင့် လက်ဆောင်ပစ္စည်း ပို့ဆောင်ခြင်းများတွင် လက်ဆွဲနှုတ်ဆက်ခြင်း နှင့် ပွေ့ဖက်ခြင်း ကဲ့သို့ ရိုးရှင်းသော အပြုအမူများကိုပင် ဂရုတစိုက် လုပ်ခဲ့ရသည်။

တစ်ချက်ကလေး သတိမထားမိသည်နှင့် ကြာပန်းအမျှင်များက ပြတ်ထွက်သွားနိုင်ပေသည်။

ယင်းက တွေးကြည့်ရုံဖြင့်ပင် ကြောက်စရာကောင်းလှ၏။

ယခုဆို ညရှစ်နာရီတောင် ထိုးနေပြီ ဖြစ်သည်။

ဝမ်လင်းက အနည်းငယ် စာလုပ်ပြီးနောက်တွင် နာရီကို ကြည့်ကာ အိပ်စက်ရန် ပြင်လိုက်သည်။

ယနေ့ခေတ် အီလက်ထရွန်းနစ် ကိရိယာများသည် အမှန်တကယ်ပင် နတ်ဆိုး ဆန်လွန်း၏။

လူတိုင်းက ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်တော့ဘဲ အချိန်တိုင်းတွင် ထိုပစ္စည်းများ အပေါ် မှီခိုနေကြရသည်။

ထိုနေ့နံနက်တွင် သူတော်စင် အဖွဲ့အစည်းနှင့် ပတ်သက်သည့်သတင်းက ကျယ်ကျယ်ပြန့်ပြန့် မဖြစ်သေးဘဲ ကျောင်းအတွင်းသာ ပျံ့နှံ့နေခဲ့သော်လည်း ယခုအခါတွင် အွန်လိုင်း၌ လူသိများသော ရှာဖွေရေး ခေါင်းစဉ်တစ်ခု ဖြစ်လာသည်။

အဓိက သတင်းမီဒီယာ အားလုံးတွင် သာမက WeChat နှင့် အထူးရေပန်းစားသော ထိပ်တန်း အကြောင်းအရာများတွင်ပင် ဖော်ပြခံရသည်ကို တွေ့ရှိရခြင်း အတွက် ဝမ်လင်း အံ့သြသွားခဲ့သည်။

သို့သော် ဝမ်လင်းက မည်သည့်အရာကိုမျှ မနှိပ်ဘဲ လျစ်လျူရှုရန်သာ ရွေးချယ်ခဲ့သည်။

ထို့နောက်တွင် သူက အတန်း၏ ချက်ဂရုကို ဖွင့်လိုက်ရာ မက်ဆေ့ချ်များ တောက်လျောက် တက်လာသည်။

သူ၏အတန်းဖော်များက သူတော်စင် အဖွဲ့အစည်း အကြောင်း စိတ်အားထက်သန်စွာ ဆွေးနွေးနေကြ၏။

မသိလျှင် သူတို့ တစ်ယောက်ချင်းစီက သူတော်စင် အဖွဲ့အစည်းနှင့် မကြာမီ လက်မှတ်ရေးထိုးတော့မည့် ပါရမီရှင်များလိုပင်။

အဆုံးသတ်တွင် တက္ကသိုလ်ဝင်ခွင့် အတွက် သူတော်စင်အဖွဲ့အစည်း၏ ထောက်ခံချက်သည် အလွန် ဆွဲဆောင်မှုရှိနေသည်။

အထက်တန်းကျောင်း ပြီးသည်နှင့် ကိုယ်တက်ချင်သည့် တက္ကသိုလ်ကို ချောချောမွေ့မွေ့ ဝင်နိုင်မည်ဆိုလျှင် ဘဝ၏ တစ်စိတ်တစ်ဒေသကို အောင်မြင်သည်ဟု ဆိုရမည် မဟုတ်ပါလော။

အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ခေတ်မီကျင့်ကြံသူ တစ်ယောက်သည် အခြေခံ တည်ထောင်ခြင်း အဆင့်မှ ရွှေအမြူတေ အဆင့်သို့ ရောက်ရှိရန် အချိန်အကြာကြီး မလိုအပ်ပေ။

သင့်တွင် လုံလောက်သော အရည်အချင်းရှိပြီး လုံလောက်သော အရင်းအမြစ်များ ရှိနေသရွေ့ နှစ်အနည်းငယ် အတွင်း အောင်မြင်မှု တစ်ခုရယူရန်မှာ ပြဿနာရှိမည် မဟုတ်ချေ။

သို့သော် ရွှေအမြူတေ အဆင့်ကနေ စိတ်ဝိညာဥ်အခြေတည် အဆင့်သို့ တက်လှမ်းရန်မှာမူ မတူတော့ပေ။

ထိုကာလအတွင်း သင်အနေဖြင့် အလွန် ကောင်းမွန်သော နည်းပြတစ်ဦး လိုအပ်မည် ဖြစ်ပြီး ထိပ်တန်း တက္ကသိုလ်များတွင်သာ ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို ကြုံတွေ့နိုင်လိမ့်မည်။

ဟုတ်ပါသည်၊ ဤအရာအားလုံးက သူနှင့်မဆိုင်ဟု ဝမ်လင်း ခံစားရသည်။

အွန်လိုင်းမှာ စီးမျောနေစဥ် ဆရာယီက ရုတ်တရက် သူ့ကို သီးသန့် မက်ဆေ့ချ် ပို့လိုက်သည်။

"ကျောင်းသားဝမ်လင်း.. ဒါက စိတ်ဝိညာဉ် အိမ်မွေးတိရစ္ဆာန်တွေရဲ့ တိုက်ပွဲအတွက် ဝင်ခွင့်ပုံစံပဲ.. ဖောင်ဖြည့်ပြီး ငါ့ကို ပို့ပေးဦး.. ဒီဂျစ်တယ်ဖောင်ထဲမှာ ပြိုင်ပွဲဝင်မဲ့ အခြားကျောင်းတွေက တိုက်ခိုက်ရေး ဝိညာဉ်သားရဲတွေရဲ့ ဖောင်တွေလည်း ရှိတယ်.. မင်းသူတို့ကို သေချာလေ့လာလို့ ရတယ်"

ထို့နောက် ဆရာယီက ဒစ်ဂျစ်တယ်ဖောင်ကို ချက်ချင်း ပို့လိုက်သည်။

"ဒါနဲ့ ကျောင်းသားဝမ်လင်း.. တိုက်ပွဲမှာ ပါဝင်မဲ့ ဝိညာဉ်သားရဲတိုင်းက အရည်အချင်းစစ် လက်မှတ်ရှိဖို့ လိုတယ်.. ကျောင်းကိုလာရင် အထောက်အထား မိတ္တူကို ယူလာခဲ့ပေးဦး"

".............."

ရိုးရိုးသားသားပြောရလျှင် ဆရာယီသာ သတိမပေးခဲ့ပါက ဤကိစ္စကို သူ လုံးဝမေ့နေလိမ့်မည်။

ယခုအချိန်အထိ ထွင်ထျန်းဟာကို အရည်အချင်း ပြည့်မီကြောင်း အကဲဖြတ်ရခြင်း မရှိသေးပေ။

ထို့နောက် ဝမ်လင်းက ဖောင်ကိုဖွင့်လိုက်ပြီး နောက်ဆုံးစာမျက်နှာဆီသို့ တန်းတန်းမတ်မတ် သွားခဲ့သည်။

ထိုစာမျက်နှာက ခရိုင်အားကစားပြိုင်ပွဲတွင် "စိတ်ဝိညာဉ်အိမ်မွေးတိရစ္ဆာန်များတိုက်ပွဲ"ကို ဝင်ပြိုင်မည့် အမှတ် 59 အထက်တန်းကျောင်း နှင့် မှီခိုရာ အထက်တန်းကျောင်း၏ ဝင်ခွင့်ဖောင်များ ဖြစ်၏။

ကျောင်းနှစ်ကျောင်း စလုံးက တိုက်ပွဲအတွက် သင့်လျော်သော ဝိညာဉ်သားရဲများကို ရွေးချယ်ထားပြီ ဖြစ်သည်။

ဤဝိညာဥ်သားရဲ နှစ်ကောင်က ကျောင်းတစ်ကျောင်းစီရှိ ကျောင်းသားများနှင့် သက်ဆိုင်သည်။

အမှတ် 59 အထက်တန်းကျောင်း၏ ကိုယ်စားပြု တိုက်ခိုက်ရေး ဝိညာဉ်သားရဲမှာ 'ကျင်းပိုင်'ဟုခေါ်သော ဂေါ်ရီလာတစ်ကောင်ဖြစ်ပြီး ၎င်း၏ပိုင်ရှင်မှာ နာမည်ကျော် စီနီယာကြီး ဟဲပီဖုန်း ဖြစ်သည်။

ဖောင်တွင် ကျင်းပိုင်၏ အချက်အလက် အားလုံး ပါရှိသည်။

နာမည်- ကျင်းပိုင်

အသက်- 300 နှစ်

အဆင့်- စတုတ္ထတန်းစား ဝိညာဉ်သားရဲ

မျိုးစိတ်- ရွှေရောင်ကျောပြင် ဂေါ်ရီလာမျိုးစိတ်

စာရိတ္တ- ယဉ်ကျေးသိမ်မွေ့ပြီး လူအများနှင့် ဖော်ရွေသည်

အကြိုက်များ- ငှက်ပျောသီး

အထူးလက္ခဏာများ- ငှက်ပျောသီးကိုမြင်သောအခါ စဉ်ဆက်မပြတ်အကြမ်းဖက်မှုအခြေအနေသို့ ရောက်လိမ့်မည်။

ဝမ်လင်းက အချက်အလက်ကို ဖတ်ရှုပြီးနောက် ဖောင်၏ ညာဘက် အပေါ်ထောင့်တွင် ကျင်းပိုင် ၏ ဓာတ်ပုံတစ်ပုံကို တွေ့ရှိခဲ့သည်။

ဂေါ်ရီလာက အသက်သုံးရာ ရှိသော်လည်း ၎င်း၏မျိုးနွယ်စုတွင်မူ ဤအရွယ်ကို ဆယ်ကျော်သက်ဟုသာ သတ်မှတ်ခဲ့ကြသည်။

စိတ်ဝိညာဥ် အိမ်မွေးတိရိစ္ဆာန်များသည် ယေဘုယျအားဖြင့် ပဋိညာဥ် စာချုပ်များ ရှိကြသည်။

စိတ်ဝိညာဉ် အိမ်မွေးတိရိစ္ဆာန်နှင့် ပဋိညာဥ်စာချုပ်ကို သွေးလမ်းကြောင်းမှ တဆင့် ချုပ်ဆိုနိုင်၏။

တကယ်တမ်း ဝိညာဥ်သားရဲကမ္ဘာတွင် ရွှေရောင်ကျောပြင် ဂေါ်ရီလာ အများအပြား ရှိသောကြောင့် ရှားပါးမျိုးစိတ်တော့ မဟုတ်ပေ။

သို့သော် လူအနည်းငယ်ကသာ ဂေါ်ရီလာကို အိမ်မွေးတိရစ္ဆာန်အဖြစ် ထိန်းသိမ်းထားနိုင်သောကြောင့် ၎င်းတို့က အဖိုးမဖြတ်နိုင်သော အိမ်မွေးတိရစ္ဆာန်များဟု ဆိုရမည်။

နောက်ဆက်တွဲအနေဖြင့် ဟဲပီဖုန်း၏ မိသားစု အခြေအနေက မည်မျှ အတိုင်းအတာအထိ ကောင်းမွန်မှန်း အတည်ပြုနိုင်ခဲ့၏။

ယခုတစ်ကြိမ် ပြိုင်ပွဲတွင် ဟဲပီဖုန်း၏ ရွှေရောင်ကျောပြင် ဂေါ်ရီလာအပြင် မှီခိုရာ အထက်တန်းကျောင်းကလည်း အလွန် ရက်စက်ကြမ်းကြုတ်သော ဝိညာဥ်သားရဲ ဖြစ်သည့် ကုန်းငါးမန်း တစ်ကောင်ကို စာရင်းသွင်းထားသည်။

ထို့အပြင် ၎င်းက တတိယတန်းစား သားရဲ ဖြစ်သည်။

ပိုင်ရှင်က ယခင်က ဆရာယီ ပြောခဲ့ဖူးသည့် သစ်ပင်ညီအစ်ကို သုံးယောက်အနက်မှ အလူမီနီယမ် သစ်ပင် ဖြစ်၏။

ကုန်းငါးမန်းများက ကုန်းရေနှစ်သွယ် တိုက်ခိုက်နိုင်ပြီး ဝိညာဉ်သားရဲများ ကြားတွင် အလွန်ရှားပါးသည်။

သို့သော် သူတို့က ထိန်းချုပ်ရန် အရမ်းလွယ်ကူ၏။

အကယ်၍ သင်က ၎င်းငယ်ရွယ်စဉ် ကတည်းက အသားနှင့် အာလူးကြော်များ နေ့တိုင်း ကျွေးမွေးနိုင်လျှင် ၎င်းသည် သင့်အား မယိမ်းယိုင်သော သံယောဇဥ် ရှိလာလိမ့်မည်။

ကုန်းငါးမန်းများက အလွန် သန်မာသော်လည်း ၎င်းတို့တွင် အဓိက ချို့ယွင်းချက်တစ်ခု ရှိသည်။

ယင်းမှာ ၎င်းတို့သည် များပြားလှသော ပမာဏကို စားသုံးခြင်း ဖြစ်သည်။

ဤဝိညာဥ်သားရဲမျိုးစိတ်သည် အစာစားခြင်းကို အလွန်နှစ်သက်သည်။

ထို့အပြင် ၎င်းတို့က အလွန်ဂျီးများ တတ်သေး၏။

သာမန်မိသားစု အနေဖြင့် ဤဝိညာဥ်သားရဲကို ပျိုးထောင်ရန် ဘယ်လိုမှ မဖြစ်နိုင်ပေ။

ဝိညာဥ်သားရဲ၏ ပုံစံကို ကြည့်လိုက်ရင်း ဝမ်လင်းက စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။

ဤတစ်ကြိမ် ပြိုင်ပွဲတွင် သူ၏ ပြိုင်ဘက်နှစ်ယောက်က မတရားလာကြွယ်ပြနေပုံပင်။

၎င်းတို့နှင့် ဆန့်ကျင်ဘက်အနေဖြင့် ထွင်ထျန်းဟာက မွေးမြူရလွယ်ကူပြီး အရွယ်အစားလည်း မကြီးကြောင်း ဝမ်လင်း ခံစားရသည်။

ထို့အပြင် သယ်ရလွယ်ကူသည့် အပြင် အများကြီးလည်း မစားပေ။

အရေးပါဆုံးအချက်မှာ အိမ်စာလုပ်၍ ပင်ပန်းလာသည့်အခါတွင် အစိမ်းရောင် အမွေးများက နွေးထွေးသော ခံစားချက်ကို အစဥ်အမြဲ ပေးစွမ်းနိုင်ခြင်းပင်။

ထိုအကြောင်းကို စဉ်းစားရင်း ဝမ်လင်းက ဖောင်ပေါ်မှ ကုန်းငါးမန်းနဲ့ ပတ်သက်သည့် အချက်အလက်များကို တစ်ချက်ကြည့်လိုက်သည်။

အမည်- အလူမီနီယမ်ငါးအသေး

အသက်- 233 နှစ်

အဆင့်- တတိယတန်းစား ဝိညာဉ်သားရဲ

စာရိတ္တ- ရေကိုကြိုက်သည်၊ လမ်းလျှောက်ထွက်ရတာ ကြိုက်သည်၊ အရသာခံတတ်သည်၊ ရက်စက်သည်။

အကြိုက်များ- အသားနှင့် အာလူးကြော် အမျိုးမျိုး

အထူးအင်္ဂါရပ်- အစာမရှိဘဲ မလှုပ်ရှားနိုင်၊

မျိုးစိတ်- ပင်လယ်စာ

All Chapters