နဂါးကျောက်စာ.....
Vol. 55 Ch. 757
ကျောက်ယန်ဇီ၏ လမ်းညွှန်မှုအောက်တွင် လီလော့သည် ကြီးမားသော လေ့ကျင့်ရေးကွင်းကို ဖြတ်ကျော်ကာ တောင်တန်းများ၏အတွင်းပိုင်း ဧရိယာတစ်ခုသို့ ရောက်ရှိခဲ့သည်။ မရေမတွက်နိုင်သော အစောင့်များနှင့်အကာအကွယ်အစီအရင်များကြောင့်ဤနေရာတွင် လုံခြုံရေး တင်းကြပ်ထားသည်မှာထင်ရှားနေသည်။ လီလော့သည်ပင် ငွေရောင်ကျောက်တုံးကို ထုတ်ပြမှသာ အလွယ်တကူဖြတ်သန်းနိုင်ခဲ့သည်။
မြောက်များစွာသောအကြည့်များက လီလော့ရဲ့ ဦးတည်ရာကို ကြည့်နေကြသည်။ အထူးတလှယ်နောက်ခံရှိသူတစ်ဦးအနေဖြင့် တောင်တန်းများဆီသို့ သူသွားနေသည့် သတင်းများ ပျံ့နှံ့လာပြီး လူများကလည်း သူ့အကြောင်း ပြောဆိုနေကြသည်။
……............
"လီလော့က အနောက်တောင်တန်းတွေဆီ ဦးတည်သွားပြီလား?"
ကျုံးလင် ထိုသတင်းကိုကြားသောအခါ မျက်ခုံးပင့်ကာ လှောင်ပြောင်ရိပ်တွေ စွန်းထင်းနေသည်။
"သူ့ရဲ့ပန်းတိုင်က နဂါးကျောက်စာစမ်းသပ်ချက်မှာ ဉာဏ်အလင်းရဖို့ထင်တယ်.... ခန်းမသခင်က သူ့အတွက် နဂါးငွေ့တန်းသုံးသွယ်ကျင့်စဉ်ကိုပဲ ထားခဲ့နိုင်တဲ့အတွက် သူသာ အဆင့်မြင့်တဲ့ကျင့်စဉ်ကိုလိုချင်ရင် နဂါးကျောက်စာရဲ့အကူအညီကို ချေးငှားရလိမ့်မယ်...."
"ခေါင်းဆောင်....သူ နဂါးငွေ့တန်းခြောက်သွယ်ကျင့်စဉ်ကို ရနိုင်မယ်ထင်လား....."
သူ့ရဲ့တံခွန်အဖွဲ့ဝင်တချို့က လှောင်ပြောင်ပြီး မေးမြန်းလိုက်သည်။
" သူက ခန်းမသခင်ရဲ့သား..... ခန်းမသခင်က နဂါးငွေ့တန်းကိုးသွယ်ကျင့်စဉ်ကိုကျင့်ကြံနိုင်တဲ့သူ....လီလော့က ပဲ့တင်ထပ်သံသုံးခု ပိုင်ဆိုင်ထားတာမို့ လျှော့တွက်လို့မရဘူး.....ဒါ့ကြောင့်မို့ သူ့အတွက် နဂါးငွေ့တန်းခြောက်သွယ်ကျင့်စဉ်ရဖို့ခက်မယ်မထင်ဘူး..... "
ကျုံးလင်သည် လီလော့ကို အလားအလာရှိသော ခြိမ်းခြောက်မှုတစ်ခုအဖြစ်သတ်မှတ်ထားသည်။ သူသည် မုဘီနှင့်လီလော့တိုက်ခိုက်ခဲ့သည်ကို လျှို့ဝှက်စွာကြည့်ရှုခဲ့ဖူးသည်။
ငွေနတ်ဆိုးခန္ဓာအဆင့်ကို ထိခိုက်ဒဏ်ရာရစေနိုင်တဲ့ အစောပိုင်းနတ်ဆိုးနန်းတော်အဆင့် .......
လီလော့အနေဖြင့် မြို့စားအဆင့်ပညာရပ် ကို တစ်ကြိမ်သာ အသုံးချနိုင်ခဲ့သော်လည်း ၎င်း၏ ခွန်အားကို ပြသနိုင်ခဲ့သည်။ စစ်မှန်သောသေခြင်းရှင်ခြင်းတိုက်ပွဲများတွင် သူအနိုင်ရမှာမဟုတ်ဘူးဆိုတဲ့အချက်က အရေးမကြီးတော့ပေ။
မြို့စားအဆင့်ပညာရပ်သည် လေ့ကျင့်ရန် ခက်ခဲပြီး လိုအပ်ချက်များလည်းရှိပေသည်။
လီလော့တွင် ပဲ့တင်ထပ်သံသုံးခုရှိသောကြောင့် မြို့စားအဆင့်ပညာရပ်ကို လေ့ကျင့်နိူင်ခဲသည်။ သူသည် ဝေးလံခေါင်သီသောအရပ်တွင် မွေးဖွားလာခြင်းကြောင့် ပဲ့တင်ထပ်သံစွမ်းအား အားနည်းသော်လည်း ယခု နဂါးစွယ်ကလန်သို့ ရောက်ရှိပြီး ၎င်း၏ ကြွယ်ဝသော အရင်းအမြစ်များအကူအညီဖြင့် ရေထဲမှ ငါးတစ်ကောင်ကဲ့သို့ တိုးတက်လာမည်ဖြစ်သည်။ ဤအန္တရာယ်ရှိသောရန်သူကို သေချာစောင့်ကြည့်ရပေမည်။
"ဒါဆို နဂါးငွေ့တန်းကိုးသွယ်ကရော ဘယ်လိုလဲ......"
ဘယ်သူမှ မဖြေနိုင်ကြပေ။ နဂါးငွေ့တန်းကိုးသွယ်ကျင့်စဉ်သည် ဤနေရာရှိလူတိုင်းအတွက် စိတ်ကူးယဉ်နိုင်သော ကျင့်စဉ်တစ်ခုဖြစ်သည်။ ၎င်းသည် မြေနတ်ဆိုးခန္ဓာအဆင့်သို့ရောက်လျှင် အားသာချက်တစ်ခု ပေးစွမ်းနိုင်သည်။
အရေးကြီးဆုံးအချက်မှာ နဂါးငွေ့တန်းကိုးသွယ်ကျင့်စဉ်ကိုသာကျင့်ကြံနိုင်လျှင် ၎င်းတို့သည် အစိမ်းရောင်နယ်သာတံခွန်အဖွဲ့သားများကိုလည်း ထပ်တူတိုးမြင့်စေမည်ဖြစ်သည်။
ဒီခြေလှမ်းကို လှမ်းပြီးသည်နှင့် သူ့ဂုဏ်သိက္ခာ တိုးမြင့်လာစေမှာ သေချာပါသည်။
တံခွန်အဖွဲ့နှစ်ဆယ်၏ အဖွဲ့ဝင်တစ်သောင်းခြောက်ထောင်တွင်၊ ယင်းကို အောင်မြင်သူ ဆယ်ဦးအောက်သာ ရှိသေးသည်။
"နဂါးငွေ့တန်းကိုးသွယ်ကို ရဖို့ဆိုတာ လွယ်ကူတဲ့ အလုပ် မဟုတ်ဘူး....လီလော့မှာ ပဲ့တင်ထပ်သံသုံးခု ရှိကောင်းရှိနိုင်ပေမယ့် သူ့ကိုယ်ပိုင် အစွမ်းအစက အနည်းငယ် အားနည်းတယ်.....အောင်မြင်သူတွေ အားလုံးက အနည်းဆုံးတော့နှောင်းပိုင်းနတ်ဆိုးနန်းတော်အဆင့်ရောက်နေကြသူတွေချည်းပဲ" ဟု ကျုံးလင်က ရှင်းပြခဲ့သည်။
သူ့ကို လျှော့မတွက်ချင်ပေမယ့် အထင်ကြီးနေမည်မဟုတ်ပေ။
သူသည် နဂါးကျောက်စာစမ်းသပ်မှုကို ကိုယ်တိုင်တွေ့ကြုံခံစားခဲ့ပြီး လိုအပ်ချက်များ မည်မျှပြင်းထန်ပြီး တိကျသည်ကို သိရှိခဲ့သည်။ ဉာဏ်အလင်းရနိုင်သော လုပ်ငန်းစဉ်သည် လုံလောက်သော စိတ်ဆန္ဒ၊ ပဲ့တင်ထပ်သံစွမ်းအားနှင့် ရုပ်ပိုင်းဆိုင်ရာ ခံနိုင်ရည်ရှိရန် လိုအပ်သည်။ ဘယ်အရာမှ ချို့တဲ့လို့ မရပေ။
"ကိုယ်တိုင်သွားကြည့်ရအောင်....."
ကျုံးလင် ထိုနေရာသို့ လူကိုယ်တိုင်သွားရန် မဆုံးဖြတ်မီ ခဏလောက် စဉ်းစားခဲ့သည်။
ယခုဆို တံခွန်ကိုင်ရွေးချယ်ဖို့ အချိန်သုံးလသာလိုတော့သည်။ သူသည် မူလက အနိုင်ရရန် စီစဉ်ထားသည်။ ယခု လီလော့ ရောက်လာပြီး သူ့အစီအစဉ်များကို နှောင့်ယှက်လိုက်သောကြောင့် လီလော့ သူ့ကို ဟန့်တားခြင်းမျိုး မဖြစ်နိုင်သော်လည်း သတိထားနေမည်ဖြစ်သည်။
ထို့ကြောင့် ကျုံးလင်သည် သူ၏ယုံကြည်ရသော ပထမတပ်ခွဲမှ တပ်စုတစ်စုကို ခေါ်ဆောင်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် ကျန်ရှိသော တပ်ခွဲများကလည်း သတင်းရရှိသည်နှင့် တုန်လှုပ်သွားကြသည်။
အများအားဖြင့် တိတ်ဆိတ်ငြိမ်သက်သော တောင်တန်းများ ပြင်းထန်စွာ လှုပ်ရှားလာခဲ့သည်။
……........
တစ်ဖက်တွင်မူ.....
လီလော့က ကျောက်ယန်ဇီ၏နောက်သို့လိုက်နေပါသည်။တောင်ထိပ်တခုပေါ်တွင် မီတာတစ်ရာမြင့်သော ကျောက်တုံးကြီးတခုရှိနေပြီး ဤကျောက်တုံးသည် ရွှေရောင်ဖျော့ဖျော့တောက်ပနေကာ ၎င်း၏မျက်နှာပြင်ပေါ်တွင် စာလုံးတစ်လုံးမျှမရှိပေ။
အဆုံးမရှိသော လျှို့ဝှက်ဆန်းကြယ်သည့် အလင်းတန်းမျဉ်းများသာ ဖြည်းညင်းစွာ စီးဆင်းနေသည်။ တစ်စုံတစ်ယောက်သာ ၎င်းကို စိုက်ကြည့်လျှင် ကြီးကျယ်ခမ်းနား၍ ကြီးမားသော နဂါးကြီး၏ အသွင်အပြင်ကို ယောင်ဝါးဝါးမြင်တွေ့နိုင်သည်။
"ဒါက နဂါးကျောက်စာပဲ..... ရှင် လက်ဖဝါးတင်လိုက်တာနဲ့ လုံရှီးယန်လို့ခေါ်တဲ့ နဂါးကျောက်စာ ရဲ့ စမ်းသပ်မှုကို စတင်နိုင်ပြီ....လုံရှီးယန်ကို .နဂါးငွေ့တန်းသုံးသွယ် ၊ နဂါးငွေ့တန်းခြောက်သွယ်နဲ့ နဂါးငွေ့တန်းကိုးသွယ်ဆိုပြီးအဆင့်သုံးဆင့် ခွဲခြားနိုင်တယ်.... ခံနိုင်ရည်အပေါ်မူတည်ပြီး အဆင့်ကွဲပြားပါလိမ့်မယ်....နဂါးငွေ့တန်းကိုးသွယ်ကျင့်စဉ်ကိုလိုချင်တယ်ဆို လက်ရှိ ရှင့်အဆင့်နဲ့ဆို ပြာကျသွားလိမ့်မယ်......"
ကျောက်ယန်ဇီ အဲဒီအကြောင်းကို ပြောနေတုန်းမှာ ကြောက်လန့်သော အရိပ်အမြွက်များ ထင်ဟပ်နေသည်။
လီလော့က နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။
"ဒါ့အပြင် ရှင်သာ အံ့ဖွယ်တစ်ခုဖန်တီးပြီး နဂါးငွေ့တန်းသုံးသွယ်ကျင့်စဉ်ကို ရယူနိုင်ခဲ့ရင် အထူးဆုလာဘ်တစ်ခုရှိသေးတယ်..." ဟု ကျောက်ယန်ဇီက ထပ်လောင်းပြောကြားခဲ့သည်။
"အထူးဆုလာဘ်လား?"
လီလော့ စိတ်ဝင်တစား မေးလိုက်သည်။
"ဒါဟာ နဂါးငွေ့တန်းကိုးသွယ်ကျင့်စဉ်ရဲ့အားသာချက်တစ်ခုပါပဲ....နဂါးဘိုးဘေးကျမ်းစာကိုအသက်သွင်းပြီး တံခွန်အဖွဲ့သားတွေရဲ့ စွမ်းအင်ကို စုစည်းလိုက်တဲ့အခါ ထူးထူးခြားခြား စွမ်းအားတွေနဲ့ ထူးခြားတဲ့ ပညာရပ်ကို အသုံးချနိုင်မှာ....."
"ဒါဟာ ပဲ့တင်ထပ်သံပညာရပ် အမျိုးအစား မဟုတ်ဘူး...ဒါပေမယ့် တံခွန်အဖွဲ့ရဲ့အင်အားကို စုစည်းခြင်းကနေ စုဆောင်းရရှိထားတဲ့ စွမ်းအင်နဲ့ လိုက်ဖက်တဲ့ လျှို့ဝှက်ပညာရပ်တစ်ခုပါပဲ...."
လီလော့ ခေါင်းညိတ်လိုက်သည်။ ဤသည်မှာ ကောင်းကင်ဧကရာဇ်သွေးမျိုးဆက်ဟူသောဂုဏ်ပုဒ်နှင့် ထိုက်တန်သော လှည့်ကွက်တစ်ခုဖြစ်သည်။
ထို့နောက် သူသည် စကားများများစားစား မပြောဘဲ ကျောက်လှေကားပေါ်သို့ တိုက်ရိုက်တက်လှမ်းကာ ကျောက်တုံးဆီသို့ ဦးတည်သွားခဲ့သည်။
"ခေါင်းဆောင်.... အကောင်းဆုံးကြိုးစားပါ.... တံခွန်တစ်ခုချင်းစီရဲ့ နဂါးကျောက်စာတိုင်တွေကို ချိတ်ဆက်ထားတာမို့ နဂါးငွေ့တန်းကိုးသွယ်ကျင့်စဉ်ကို လေ့ကျင့်နိုင်ရင် အခြားသော နဂါးကျောက်စာတွေအားလုံးမှာ ရှင့် နာမည်ပေါ်လာလိမ့်မယ်....အချိန်တန်ရင် ရှင့်ရဲ့ဂုဏ်သတင်းက တံခွန်နှစ်ဆယ်တစ်လျှောက်လုံးကို တုန်လှုပ်သွားစေလိမ့်မယ်....."
ကျောက်ယန်ဇီသည် သူမ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး သူမ၏မျက်နှာပေါ်တွင် မျှော်လင့်ထားသည့်အကြည့်များကို မြင်တွေ့နိုင်သည်။
လီလော့လည်း အလားတူ လက်ပြလိုက်သည်။ အနောက်တောင်တန်းများအတွင်း လူပေါင်းများစွာ ရုတ်တရက် ပေါ်လာသည်ကို ခံစားလိုက်ရပြီး သူတို့၏ အကြည့်များက သူ့အပေါ်တွင်သာကျရောက်နေသည်။ တခြားတပ်ခွဲလေးခုလည်း သူ့ကို ကြည့်ဖို့ ရောက်လာခဲ့ကြပေမည်။
အခုချိန်မှာ လူတိုင်းက သူလုပ်လိုက်တဲ့ လုပ်ရပ်တိုင်းကို စေ့စေ့စပ်စပ် ဆန်းစစ်ကြလိမ့်မည်။
ကျောက်ယန်ဇီက သူ့နောက်မှာ လေတိုးသံမကြားလိုက်ရပြီး လီရှီနှင့်မုဘီတို့ နှစ်ဦးစလုံး ရောက်လာခဲ့သည်။
"ကျောက်ယန်ဇီ၊ မင်းဘာလို့ ခေါင်းဆောင် ကို နဂါးကျောက်စာဆီခေါ်လာတာလဲ..."ဟု လီရှီက မေးသည်။
ကျောက်ယန်ဇီက ပခုံးတွန့်ကာ....
"ခေါင်းဆောင်မှာ နဂါးငွေ့တန်းသုံးသွယ်ကျင့်စဉ်ပဲရှိတယ်.... အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ဝင်ဖြစ်လာမှတော့ သဘာဝအတိုင်း အဆင့်အတန်းမြင့်တဲ့ ကျင့်စဉ်မျိုး ရှာဖွေမှာပေါ့...."
မုဘီက မျက်မှောင်ကြုတ်လိုက်ကာ....
"ခဏလောက်တော့ စောင့်သင့်တယ်.... ခေါင်းဆောင်က အခုမှ အစောပိုင်းနတ်ဆိုးနနန်းတော်အဆင့်ပဲရှိသေးတာမို့ သူ့ရဲ့ ပဲ့တင်ထပ်သံစွမ်းအားတွေ အားနည်းနေသေးတယ်.... နဂါးကျောက်စာရဲ့ စမ်းသပ်မှုတွေကို အနိုင်ယူဖို့ ခက်ခဲမယ်ထင်တယ်...."
ကျောက်ယန်ဇီက "ခေါင်းဆောင်က ဒီကိုချက်ချင်းလာချင်နေတာကို ငါဘယ်လိုတားရမှာလဲ....."
မုဘီသည် ဤတုန့်ပြန်မှုအတွက် ဖြေစရာအဖြေမရှိတော့ပေ။
လီရှိီက... "ခေါင်းဆောင်က အရည်အချင်းရှိပြီးသားပါ... ငါတို့ထက် အနည်းငယ် အားနည်းပေမယ့် နဂါးငွေ့တန်းခြောက်သွယ်ကို ကျော်ဖြတ်ဖို့ခက်ခဲမှာမဟုတ်ဘူး...."
"ဒါပေမယ့်၊ သူ့ရည်ရွယ်ချက်က နဂါးငွေ့တန်းကိုးသွယ်ကို စိန်ခေါ်ဖို့ ရည်ရွယ်ထားပုံပါပဲ"
ကျောက်ယန်ဇီက မျက်လုံးများကို မှိတ်ထားရင်း ပြန်လည်ဖြေကြားခဲ့သည်။
လီရှီနှင့် မုဘီတို့ တစ်ယောက်ကိုတစ်ယောက် စိုးရိမ်စိတ်ဖြင့် ကြည့်လိုက်ကြသည်။ သူတို့ရဲ့ ခေါင်းဆောင်က အသက်မပြည့်သေးပေမယ့် ရည်မှန်းချက်တွေက အားလုံထက် ပိုမြင့်တယ်။
အစောပိုင်းနတ်ဆိုးနန်းတော်အဆင့် လေ့ကျင့်သူသည် နဂါးငွေ့တန်းကိုးသွယ်ကို စိန်ခေါ်ရန် စီစဉ်နေသည်။ ၎င်းသည် နှစ်ဆယ်တံခွန်နှစ်ဆယ်၏သမိုင်းတွင် ရှားရှားပါးပါးတွေ့မြင်ရသည့်အရာဖြစ်သည်။
"စိုးရိမ်စရာ မလိုဘူး....သူသာ ဒါကို အောင်နိုင်ရင် ကမ္ဘာကြီးကို တုန်လှုပ်သွားစေမယ့် ခံစားမှုမျိုး ဖြစ်စေလိမ့်မယ်.... အဲဒီအချိန်ကျရင် အစိမ်းရောင်နယ်သာတံခွန်အဖွဲ့လည်း ထင်ရှားလာလိမ့်မယ်။ " ဟု ကျောက်ယန်ဇီက ပြောလိုက်သည်။
ကျန်နှစ်ယောက်က ခေါင်းတညိတ်ညိတ်နှင့်သာနားထောင်နေကြသည်။ ဒီအခြေနေရောက်မှတော့ စောင့်ကြည့်နေရုံအပြင် ဘာများတတ်နိုင်ဉီးမည်နည်း.....
သူတို့စကားပြောနေစဉ်တွင် လီလော့ လှေကားထစ်များအပေါ် ဖြည်းညှင်းစွာတက်ခဲ့ပြီး မိနစ်အနည်းငယ်အကြာတွင် နဂါးကျောက်စာရှေ့သို့ ရောက်ရှိခဲ့သည်။ သူသည် ကြီးမားသော ကျောက်တုံးကြီးမကို လှမ်းကြည့်လိုက်သည်။ နဂါးတစ်ကောင်က သူ့ကို ဖြည်းညင်းစွာ စောင့်ကြည့်နေသကဲ့သို့ လျှို့ဝှက်ဆန်းကြယ်သော ဖိအားတစ်ခု ဖြာထွက်နေပုံရသည်။ ဆက်လက်လုပ်ဆောင်ရန် ဆန္ဒမရှိသော မည်သူမဆို နောက်ဆုတ်ရန် တားမြစ်ခံရမည်ဖြစ်သည်။
လီလော့ မတုံ့ဆိုင်းဘဲ လက်ဖဝါး ဆန့်ထုတ်လိုက်ပြီး လူတိုင်း၏မျက်စိရှေ့တွင် နဂါးကျောက်စာပေါ် လင်တင်လိုက်သည်။
နောက်အခိုက်အတန့်တွင်၊ ထူထပ်သော ရွှေရောင်အလင်းတန်းများ အပြင်ဘက်သို့ လျှံထွက်ကာ လီလော့ လုံးလုံးလျားလျား နစ်မြုပ်သွားခဲ့သည်။ အလင်းရောင် ပျောက်ကွယ်သွားသောအခါ သူလည်း ပျောက်ကွယ်သွားခဲ့သည်။
နဂါးကျောက်စာ၏ စမ်းသပ်မှုကို စတင်ခဲ့ချေပြီ......