← Chapters

မိုးကြိုးနဂါးမီးတောက်....

Vol. 55 Ch. 758

မိုးကြိုးနဂါးမီးတောက်....

Vol. 55 Ch. 758

နဂါးကျောက်စာထဲသို့ စုပ်ယူခံရစဉ် လီလော့ကို ရွှေရောင်အလင်းတန်းများ လွှမ်းသွားသည်။ ခဏကြာတော့ စူးရှသော အလင်းရောင်များ ပျောက်ကွယ်သွားပြီး ပတ်ဝန်းကျင်ကို မြင်နိုင်ခဲ့သည်။ သူသည် ရွှေရောင်သဲကန္တာရအလယ်တွင် ရပ်နေပုံရသည်။

ရွှေရောင်သဲသောင်ပြင်သည် အဆက်မပြတ် ရွေ့လျားနေပုံရပြီး အဆုံးသတ်ကိုမမြင်န်ိုင်အောင်ကျယ်ပြောလှသည်။

သို့သော်လည်း လီလော့ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်အောင် မလုပ်နိူင်မီကောင်းကင်မှ လေပူများ တဟုန်ထိုး ကျဆင်းလာသည်ကို ခံစားလိုက်ရသည်။ ခေါင်းကို မော့ကြည့်လိုက်တော့ တိမ်တွေထက်မှာ ရွှေရောင်နေရောင်ခြည်ဖြာကျနေတာကို မြင်လိုက်ရသည်။

နေမင်းကြီးက အရှိန်ပြင်းပြင်းဖြင့် သူ့ထံသို့ ချဉ်းကပ်လာနေသလိုပင်.....

ခဏအကြာတွင် လီလော့ အသိစိတ်ဝင်လာသည်။ထိုအရာက နေမဟုတ်ဘဲ ရွှေရောင်နဂါးမီးတောက်အလုံးကြီးပင်....၎င်းသည်ဧရိယာတစ်ခုလုံး အရည်ပျော်သွားစေရန် ရည်ရွယ်ထားသကဲ့သို့ ပူပြင်းလောင်မြိုက်နေသည်။

ဤစမ်းသပ်မှုက အမှန်ပင် ရိုးရှင်းလှသည်။

နဂါးမီးတောက်အလုံးကြီး ချဉ်းကပ်လာသည်နှင့်အမျှ လီလော့အနေဖြင့် ခံနိုင်ရည်ရှိပုံရသော်လည်း ဖိအားတစ်စုံတစ်ရာ မခံစားရပေါ ဤသည်မှာ နဂါးငွေ့တန်းသုံးသွယ်မီးတောက်ဖြစ်ပေမည်။

လီလော့၏ ပဲ့တင်ထပ်သံနန်းတော်သုံးခုစလုံး ပွက်ပွက်ဆူလာသည်။ လက်သီးဆုပ်၍သူ့ရဲ့ ပဲ့တင်ထပ်သံစွမ်းအားတွေ

ခိုအောင်းနေတဲ့ လက်သီးဖြင့် မီးတောက်ကိုရင်ဆိုင်လိုက်သည်။

ဝုန်းးးးးးဝုန်းးးးးးး

ကျယ်လောင်သော ပေါက်ကွဲသံက မြည်ဟီးလာကာ ဆူညံသံကို ဖြစ်ပေါ်စေသည်။ လီလော့ မျှော်မှန်းထားသည့်အတိုင်း နဂါးငွေ့တန်းသုံးသွယ်မီးတောက်က သူ့အတွက် မည်သည့်ဒုက္ခမှ ပေးမည်မဟုတ်ပေ။

ရွှေနဂါးအငွေ့အသက်များ ပြေလျော့သွားသောအခါတွင် ပြင်းထန်သောမိုးကြိုးတစ်စင်း သူ့ခန္ဓာကိုယ်တစ်ခုလုံးအပေါ်သို့ ကျဆင်းသွားသည်ကို ခံစားလိုက်ရသည်။

၎င်းမှထွက်ပေါ်လာသောစွမ်းအားများသည် လီလော့၏ဆံပင်များကိုထောင်မတ်စေပြီး စူးစူးရှရှ နာကျင်မှုများ သူ့ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့သွားခဲ့သည်။

"နဂါးငွေ့တန်းမီးတောက်မှာ မိုးကြိုးစွမ်းအင်တွေ ပါဝင်နေပုံရတယ်"

လီလော့ အံကြိတ်ရင်း ငြီးတွားလိုက်သည်။ ပြင်းထန်သော တိုက်ခိုက်မှုကို ခံစားခဲ့ရသဖြင့် ၎င်းတွင် မီးပဲ့တင်ထပ်သံစွမ်းအားရှိသည်ဟု ယူဆခဲ့သော်လည်း ၎င်း၏အရင်းအမြစ်မှာ မိုးကြိုးစွမ်းအင်ဖြစ်နေမည်ဟု မည်သည့်အခါကမျှ မမျှော်လင့်ခဲ့ပေ။

ရှင်းနေသည်မှာ၊ ထိတ်လန့်တုန်လှုပ်ဖွယ် မိုးကြိုးစွမ်းအင်ပါရှိသော နဂါးငွေ့တန်းမီးတောက်သည် အပူသက်သက်သာဖြစ်သည်ထက် ပို၍ ရက်စက်ကြမ်းကြုတ်ပြီး ကြောက်စရာကောင်းသည်။

သို့တိုင် သူသည် နဂါးငွေ့တန်းသုံးသွယ်မီးတောက်ကို တွန်းလှန်နိုင်ခဲ့သည်။

ပြင်းထန်သောမီးတောက်များ ပျောက်ကွယ်သွားသောအခါ၊ သူ၏စိတ်ထဲတွင် မှော်ဆန်သည့်အချက်အလက်တစ်ခုပေါ်လာသည်။ ၎င်းသည် နဂါးငွေ့တန်းသုံးသွယ်ကျင့်စဉ် ကျင့်ကြံနည်းဖြစ်သည်။ ၎င်းသည် သူ၏ပန်းတိုင်မဟုတ်သောကြောင့် လျစ်လျူထားလိုက်သည်။

အစမ်းစစ်ဆေးမှု၏နောက်ထပ်အဆင့်ကို စောင့်မျှော်နေရင်း သူ့ပတ်ဝန်းကျင်ကို အေးဆေးတည်ငြိမ်သောအမူအရာဖြင့် စူးစမ်းလေ့လာခဲ့သည်။

နဂါးငွေ့တန်းခြောက်သွယ်မီးတောက်ရောက်လာပေတော့မည်...

လီလော့ အကြာကြီးစောင့်စရာမလိုခဲ့ပေ.....

ခဏအကြာတွင် ရွှေရောင်သဲများလွင့်ပျံကာ

ကောင်းကင်သို့ လွင့်ထွက်နေသော မြေသားအမှုန်အမွှားများ ဖြစ်ပေါ်လာသည်။

ခဏကြာပြီးနောက် ရွှေရောင်သဲများ တိမ်ပင်လယ်အဖြစ်သို့ ပြောင်းလဲသွားသည်။

ဝုန်းးးးဝုန်းးးးး

သဲတွေနဲ့လုပ်ထားတဲ့ တိမ်တွေကြားကနေ မိုးခြိမ်းသံတွေ ကြားနေရပြီး ခဏအကြာတွင် ၎င်းတို့သည် မီတာတစ်ရာကျယ်သော ရွှေရောင်အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကြသည်။

ယခုတစ်ခေါက်ရောက်လာသောမီးတောက်အလုံးကြီးသည် တောက်ပသော အလင်းရောင်များ ဖြာထွက်နေပြီး ပြောင်လက်နေသော သတ္တုလုံးကြီးသဖွယ်ပင်....

ထိုအချိန်တွင် ရွှေရောင်မီးတောက်အလုံးကြီးပေါ်၌ အက်ကွဲကြောင်းများ ပေါ်လာပြီး အတွင်းမှ အသံတစ်ခု ထွက်ပေါ်လာသည်။ ကောင်းကင်တစ်ခုလုံး လင်းထိန်နေပြီး ကြောက်မက်ဖွယ် စွမ်းအင်များ ဖုံးအုပ်ထားသော နဂါးတစ်ကောင်နှင့် တူညီသော ကြီးမားသော မိုးခြိမ်းသံကဲ့သို့ ကြီးမားသော ရွှေဘောလုံးကြီးတစ်ခု လီလော့အပေါ်သို့ တိုက်ရိုက်ကျဆင်းလာသည်။

၎င်းမှ ဖြာထွက်သော ဖိအားသည် ယခင်တိုက်ခိုက်မှုထက် အဆများစွာ ပိုမိုပြင်းထန်ခဲ့သည်။

လီလော့၏ အမူအရာမှာ အနည်းငယ် တင်းမာလာကာ လက်ကို ဝှေ့ယမ်း၍ ကျင်းစဲ့ယွီရှန်းဓားကိုဆင့်ခေါ်လိုက်သည်။

"ဆင်နတ်ဘုရား၏ခွန်အားတန်ခိုး...ဒုတိယအလွှာ....."

ဓါးရိုးမှတဆင့် များပြားလှသော စွမ်းအင်များ သူ၏ခြေလက်များအတွင်းသို့ စီးဆင်းလာကာ ၎င်းတို့ကို ဖောင်းကားလာစေသည်။ သူ့လက်မောင်းထဲက သွေးကြောတွေက မြွေလေးတွေလို တွန့်လိမ်နေသည်။

သူ၏ခန္ဓာကိုယ်သည် ဆင်နတ်ဘုရား၏ခွန်အားကို အပြည့်အ၀ လက်ခံနိုင်စွမ်းမရှိသောကြောင့် အရေပြားများ ကွဲထွက်သွားပြီး ဒဏ်ရာအသစ်များမှ သွေးစိမ်းများ ထွက်ပေါ်နေသည်။

ဒါဟာ လီလော့အတွက်တော့ အသစ်အဆန်းမဟုတ်ပေ။ ချက်ချင်းပင် သူ့ကိုယ်သူ အဆက်မပြတ် ကုစားနိုင်စေမည့် ပဲ့တင်ထပ်သံပညယရပ်မှာကို အသက်သွင်းခဲ့သည်။

သူ၏ခြေလက်များအတွင်းတွင်ရှိသော ပြင်းထန်သည့်စွမ်းအားကို ခံစားလိုက်ရပြီး အသက်ပြင်းပြင်းရှူကာ သူ့အတွင်း၌ ပဲ့တင်ထပ်သော ရေစွမ်းအားနှင့်နဂါးစွမ်းအားတို့ကိုပေါင်းစည်းလိုက်လေသည်။

ဓါးသွားပေါ်မှ ဖြာထွက်နေသော အလင်းတန်းနှစ်ခုက မျက်စိကျိန်းအောင်တောက်ပနေသည်။

လီလော့၏ အမူအရာသည် အေးစက်နေပြီးသူ၏ရှေးဟောင်းဓားသည် သူ့အား ရိုက်ခတ်တော့မည့် မီးတောက်ဘောလုံးကို ဖြတ်တောက်ဖို့ဟန်ပြင်နေသည်။

ဝုန်းးးးးး

များပြားလှသော ပဲ့တင်ထပ်သံစွမ်းအားများ ဓါးသွားထိပ်မှ ထွက်လာပြီး သူ့ရှေ့တွင်ဆယ်မီတာခန့်ရှည်သော ဓါးစက်ဝန်းအဖြစ် တိုက်ရိုက် ပေါင်းစည်းလိုက်သည်။

ဓားစက်ဝန်းက အလွန်မြင့်မားသောအမြန်နှုန်းဖြင့် လှည့်ပတ်ကာ ၎င်းအား အနှိုင်းမဲ့စွမ်းအားကို ပေးစွမ်းသည်။

ဆင်နတ်ဘုရားခွန်အားဒုတိယအလွှာ ၏အကူအညီဖြင့်၊ ရေတစ်ထောင်ဓားစက်ဝန်းသည် လီလော့အတွက် မရဏမြစ်၏မဟူရာနဂါး အလံတော်မှလွဲ၍ အပြင်းထန်ဆုံးစွမ်းရည်ဖြစ်သည်။

လီလော့သည် ထိုတိုက်ခိုက်မှုဖြင့်

နှောင်းပိုင်းနတ်ဆိုးနန်းတော်အဆင့်ကိုပင် တွန်းလှန်နိုင်မည်ဟု ယုံကြည်ခဲ့သည်။

ဝုန်းးးးးး

စူးရှသော ဓားအလင်း အောက်ဘက်သို့ ကျဆင်းလာကာ သူ့ရှေ့က နေရာလွတ်ကို တစ်ဝက်တစ်ပျက် အပြီးအပိုင် ပိုင်းဖြတ်လိုက်သလိုပင်.....

ဓါးစက်ဝန်းနှင့် မီးတောက်ဘောလုံးတို့ ထိမိသည့်အခါ ဓားအလင်းသည် ရွှေရောင်မိုးကြိုးနှင့် တိုက်မိကာ စွမ်းအင်များ ကုန်ဆုံးသွားသည်နှင့် တစ်ဖက်ကို လွှမ်းခြုံရန် လိုက်ရှာနေသည်။

ဘောလုံးကို နှစ်ပိုင်းခွဲမထုတ်မီ ဤတိုက်ပွဲသည် ဆယ်ကြိမ်မိနစ်ကျော်အောင် ကြာမြင့်ခဲ့သည်။

သို့သော်လည်း အကြွင်းအကျန် စွမ်းအင်များ မပျောက်ကွယ်သွားပေ။ အမှန်မှာ၊ ၎င်းသည် ဝိညာဉ်ရေးရာအသိစိတ်အချို့ ပိုင်ဆိုင်ထားပုံရပြီး လီလော့၏ခေါင်းထဲသို့ တိုက်ရိုက်မ၀င်မီ အော်ဟစ်နေသော ရွှေစပါးအုံးမြွေတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။ထို့အပြင် အရင်လို မိုးကြိုးတစ်စင်းကျဆင်းလာပြန်သည်။

ဘန်းးးးးး

လီလော့၏ ဆံပင်များသည် နောက်တစ်ကြိမ် ထောင်မတ်သွားပြီး သူ့ထံမှ စူးရှသော ရနံ့တစ်ခု ထွက်ပေါ်လာသည်။

သို့သော် ရွေရောင်မိုးကြိုးတွင် သူ့ခန္ဓာကိုယ်ကို ဖျက်ဆီးရန် ကြိုးပမ်းသည့် ရူးသွပ်သော စွမ်းအားများ သယ်ဆောင်လာသောကြောင့် သူ၏ သနားစရာကောင်းသော အသွင်အပြင်ကို စိုးရိမ်နေရန် အချိန်မရှိပေ။

မိုးကြိုးဒဏ်ကြောင့် သူ့အရေပြားတွေ မည်းနက်နေပြီ......

သူ့ကို နာကျင်စေသော ဝေဒနာသည် ယခင်အချိန်ကထက် များစွာ သာလွန်နေသည်။

သို့တိုင် လီလော့ လျင်မြန်စွာ တုံ့ပြန်နိုင်ခဲ့သည်။ သူသည် ပဲ့တင်ထပ်သံစွမ်းအားနှစ်ခုကို လှည့်ပတ်ကာ မိုးကြိုးစွမ်းအင်ကို ချေဖျက်ရန် သူ့ခန္ဓာကိုယ်အနှံ့ဖြန့်ကျက်ခဲ့သည်။

တစ်ခုတည်းသော ကံကောင်းသည့်အချက်မှာ သူ၏ ယခင်တိုက်ခိုက်မှုသည် မိုးခြိမ်းစွမ်းအင် အမြောက်အမြားကို ဖြိုခွဲလိုက်ခြင်းပင်ဖြစ်သည်။ သူ့ခန္ဓာကိုယ်ထဲကို ဝင်လာသမျှတိုင်းဟာ တစ်စိတ်တစ်ပိုင်းမျှသာပင်...

ယခုအခေါက်ကတော့ အရင်ကထက် ပိုပြင်းထန်သည်။

ထိုအချိန်တွင်၊ သူ၏ ပဲ့တင်ထပ်သံနှစ်ခုပေါင်းစပ်စွမ်းအား၏ အသုံးဝင်မှု ပေါ်လွင်လာသည်။ သူ့နေရာမှာအခြားသူသာဆို အတော်အခြေနေဆိုးနေလောက်ပြီ.....

နဂါးငွေ့တန်းခြောက်သွယ်မီးတောက်က သူ့အား ဖိအားအချို့ပေးခဲ့ကြောင်း ဝန်ခံဂပေမည်။ နဂါးငွေ့တန်းကိုးသွယ်မီးတောက်သာဆို မည်မျှ ကြောက်စရာကောင်းမည်ကို သူ စိတ်ကူးကြည့်နိုင်သည်။

မရည်ရွယ်ဘဲ လီလော့၏နှလုံးသားသည် တင်းကြပ်လာသည်။

အကြွင်းအကျန်မှန်သမျှကို သန့်စင်ပြီး နဂါးငွေ့တန်းကိုးသွယ်မီးတောက် ကျဆင်းလာသောချိန်တွင် အထွတ်အထိပ် အခြေအနေတွင် ရှိနေရမည်ဖြစ်သည်။ မဟုတ်ပါက၊ အရေးကြီးသောအခိုက်အတန့်တွင် သူ့ကို ဒုက္ခဖြစ်စေနိုင်သည်။

"ဟမ်?"

သို့သော် ခန္ဓာကိုယ်ကို စစ်ဆေးနေရင်း အံ့အားသင့်စွာ အော်ဟစ်လိုက်မိသည်။

ကျန်ရှိနေသော မိုးကြိုးစွမ်းအင်များသည် သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခုဆီသို့ အမှန်တကယ် စီးဆင်းသွားသည်ကို တွေ့ရှိခဲ့သည်။

ထိုနေရာသည် သူ၏ မိုးကြိုးပန်းပဲဖိုတည်ရှိရာနေရာဖြစ်သည်ကို ခံစားနိုင်သည်။

လီလော့ အနည်းငယ် အံသြသွားခဲ့သည်။

အထူးသဖြင့်၊း ဤနေရာသည် မိုးကြိုးနတ်ဘုရားခန္ဓာကိုအသက်သွင်းနိုင်သော စွမ်းအားများကို စုစည်းထားသောနေရာဖြစ်သည်။

မိုးကြိုးစွမ်းအင်များကို တိတ်တဆိတ်ကြည့်ရင်း သူ့ရင်ထဲမှာ ထူးဆန်းတဲ့ အတွေးတစ်ခု ပေါ်လာသည်။

နဂါးငွေ့တန်းခြောက်သွယ်ကိုကျော်ဖြတ်ခြင်းကြောင့်ရရှိခဲ့သော မိုးကြိုးစွမ်းအင်သည် သူ၏မိုးကြိုးနတ်ဘုရားခန္ဓာကို အရည်အသွေးကောင်းမွန်အောင် မြှင့်တင်ပေးခဲ့သည်။ ဤရှာဖွေတွေ့ရှိမှုက လီလော့ကို အလွန်ပျော်ရွှင်စေသည်။

All Chapters