နဂါးငွေ့တန်းကိုးသွယ်ကျင့်စဉ်.......
Vol. 55 Ch. 760
ဂျိန်းးးးဂျိန်းးးးး
လီလော့၏ ခန္ဓာကိုယ်အတွင်းမှ ကျယ်လောင်သော မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။
အတွင်း၌ မိုးကြိုးစွမ်းအင်များ အပြင်းအထန် ရုန်းကန်နေသောကြောင့် မိုးကြိုးပန်းပဲဖို ပြင်းထန်စွာ တုန်ခါနေလေ၏။ ကျယ်လောင်သော မိုးခြိမ်းသံနှင့်အတူ ရံဖန်ရံခါ လျှပ်စီးကြောင်းအချို့ပါ ထွက်ပေါ်လာသည်။
လီလော့ အလွန်စိတ်လှုပ်ရှားနေပြီဖြစ်သည်။ တစ်ချိန်တည်းမှာပင်၊ သူသည် မိုးကြိုးပန်းပဲဖိုကို ကိုယ်ပိုင်ပဲ့တင်ထပ်သံစွမ်းအားများဖြင့် အထပ်ထပ်ကာကွယ်လိုက်သည်။
အမှန်တော့...မိုးကြိုးပန်းပဲဖိုက
သူ့ခန္ဓာကိုယ်အတွင်းတွင် ရှိနေသဖြင့် အကယ်၍ သတိမထားမိပါက ပေါက်ကွဲခြင်း၏ အကျိုးဆက်များကို ခါးသီးစွာရင်ဝယ်ပိုက်ရလိမ့်မည်။
ဂျိန်းးးးးးးး
မိုးခြိမ်းသံများ ဆက်တိုက်ကြားနေရသော်လည်း တဖြည်းဖြည်းနဲ့ အတွင်းထဲက ငွေရောင်မိုးကြိုးစွမ်းအင်တွေ ရွှေရောင်ပြောင်းသွားခဲ့သည်။
ဤသည်မှာ မိုးကြိုးပန်းပဲဖိုထဲတွင် နဂါးငွေတန်းကိုးသွယ်မီးတောက်နှင့်မိုးကြိုးစွမ်းအင်တို့ ပေါင်းစပ်သွားသည့် လက္ခဏာဖြစ်သည်။
မိုးကြိုးပန်းပဲဖို ပွင့်ထွက်တော့မလို အကြိမ်ကြိမ် ပြင်းထန်စွာ တုန်ခါနေသော်လည်း ကံကောင်းစွာနဲ့ လီလော့ရဲ့ ဂရုစိုက်မှုအောက်မှာ သေချာထိန်းနိုင်ခဲ့ပြီးအိပ်မက်ဆိုးတစ်ခုရဲ့ အဆုံးသတ်ကို ရှောင်ရှားနိုင်ခဲ့သည်။
အချိန်အတော်ကြာမှသာ မိုးကြိုးပန်းပဲဖို ငြိမ်သက်သွားတော့သည်။၎င်းအတွင်းတွင် ရွေရောင်တလက်လက်တောက်ပနေသော မိုးကြိုးစွမ်းအင်များ ကိန်းအောင်နေသည်။
နောက်ဆုံးတော့ လီလော့ သက်ပြင်းတစ်ချက်ချပြီးကျေနပ်စွာ ပြုံးလိုက်သည်။
အောင်မြင်ခဲ့ပြီ......
ဒီအတွေ့အကြုံက သူ့ကို မမျှော်လင့်ထားတဲ့ အံ့အားသင့်စရာတွေပေးစွမ်းခဲ့သည်။
လီလော့ သေချာအာရုံစိုက်၍ မိုးကြိုးပန်းပဲဖိုကို စောင့်ကြည့်ခဲ့သည်။ အတွင်းမှ စွမ်းအားများကို ခံစားလိုက်ရသောအခါ ကျေနပ်စွာ ပြုံးလိုက်မိသည်။
မိုးကြိုးပန်းပဲဖိုကို အားဖြည့်နိုင်မှုကြောင့် သူသည် မိုးကြိုးနတ်ဘုရားခန္ဓာ၏ဒုတိယအဆင့်သို့ရောက်ရှိနိုင်မည်ဖြစ်ပြီး သူ၏ ကာယခွန်အားကိုလည်း အကျိုးပြုနိုင်ခဲ့သည်။
အမှန်တော့၊ သူသည် ကန့်သတ်ချက်များကိုသေချာချိုးဖျက်နိုင်လျှင် တတိယအဆင့်ကိုပင် ကြိုးစားနိုင်သည်။ သို့သော်၊ ၎င်းသည် သူ၏ခန္ဓာကိုယ်အတွက် ပြင်းထန်သောဆိုးကျိုးကို မလွဲမသွေဖြစ်နိုင်သဖြင့် နောက်ဆုံးနည်းလမ်းအဖြစ် ချန်ထားသင့်သည်။
တဖြည်းဖြည်းနှင့် မိုးကြိုးပန်းပဲဖို၏ တုန်ခါမှု ရပ်တန့်သွားသည်။ ထို့နောက် လီလော့ မျက်လုံးဖွင့်လိုက်သည်။
ယခုအချိန်တွင် သူသည် ရွှေရောင်သဲသောင်ပြင်တွင် ရပ်နေဆဲဖြစ်သည်။
ယုံယန့်ရှန်းချပ်ဝတ် ပျက်စီးသွားသောကြောင့် သူ့တကိုယ်လုံး မီးသွေးတုံးလိုမည်းနက်နေသည်။ သို့သော်လည်း ချပ်ဝတ်၏ကုသရေးစနစ်ကြောင့် း ဒဏ်ရာများစွာ မရရှိခဲ့ပေ။
လီလော့ ခေါင်းငုံ့ကာ လက်ဖဝါးပေါ်က ခရမ်းရောင်ရှန်းလိသစ်ပင်ရင်ထိုးကိုကြည့်လိုက်သည်။ ယုံဟန့်ရှန်းချပ်ဝတ်ကို ပထမဆုံးအကြိမ် အသုံးပြုခဲ့သော်လည်း ၎င်း၏အကျိုးသက်ရောက်မှုက အံ့သြဖွယ်ကောင်းလှသည်။
အကယ်၍ သူသည် ပြင်းထန်သော ဒဏ်ရာများ ထပ်မံရရှိခဲ့ပါက၊ ယုံဟန့်ရှန်းချပ်ဝတ်သည် သူ့အတွက်ဝှက်ဖဲ ဖြစ်လာမည်ဖြစ်သည်။
" နဂါးငွေတန်းကိုးသွယ်ကျင့်စဉ်အတွက် စမ်းသပ်မှုကို ငါအောင်မြင်ခဲ့ပြီ....."
သူသည် ယုံဟန့်ရှန်းချပ်ဝတ်၏အကူအညီကြောင့်သာ အောင်မြင်ခဲ့ခြင်းဖြစ်သည်။ဤချပ်ဝတ်သာမရှိလျှင် သူ့လက်ရှိခွန်အားနှင့်သာဆို ပြာဖြစ်နေလောက်ပြီ.....
တစ်ချိန်တည်းမှာပင် ခေါင်းမော့၍ ကောင်းကင်ပေါ်တွင် ပျံဝဲနေသော ရွှေနဂါးကြီးကို မော့ကြည့်လိုက်သည်။
သူ့ပါးစပ်မှ ရွှေရောင်အလင်းတန်းများ တဖြည်းဖြည်းကျဆင်းလာသည်။ ထိုအလင်းများ လီလော့၏ စိတ်ထဲသို့ တည့်တည့်တိုးဝင်သွားပြီး ထူးထူးခြားခြား သတင်းအချက်အလက်များ ရောက်ရှိလာသည်။
ထိုအချိန်တွင် လီလော့ ဝမ်းသာအားရ ပြုံးလိုက်သည်။
ဤသည်မှာ သူအမြဲတမ်းလိုချင်ခဲ့သော နဂါးငွေ့တန်းသုံးသွယ်ကျင့်စဉ်ဖြစ်သည်။
သူသည် စမ်းသပ်မှုကို ရှင်းရှင်းလင်းလင်း အောင်မြင်ခဲ့ကြောင်း ထင်ရှားနေသည်။
"အဖေ...ကြည့်လိုက်စမ်းပါဉီး..... စမ်းသပ်မှုက သိပ်ပြီးမခက်ခဲတာကို ဘာတွေဘဝင်မြင့်နေတာလဲ.... "
လီလော့ ကျေနပ်စွာပြုံးကာ မှတ်ချက်ချလိုက်သည်။
ကျင့်စဉ်အသစ်ကို ရရှိပြီးနောက် ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်ရှုပြန်သည်။ နဂါးငွေ့တန်းကိုးသွယ်ကျင့်စဉ်အတွက် စမ်းသပ်မှုကို အောင်မြင်ခဲ့လျှင် ၎င်းနှင့်သက်ဆိုင်သော လျှို့ဝှက်ပညာရပ်တစ်ခုရရှိမည်ဟု ကျောက်ယန်ဇီ ပြောခဲ့ဖူးသည်။
လီလော့ ဟိုဟိုဒီဒီ ငေးကြည့်နေရင်း ကောင်းကင်ပေါ်က ရွှေနဂါးကြီးဆီကနေ နဂါးအကြေးခွံ ဆယ့်သုံးခု ကြွေကျလာပြီး ရွှေရောင် အလင်းတန်းတစ်ခုအဖြစ် တစုတစည်းတည်း စုဝေးကာ ပတ်လမ်းတစ်ခုသဖွယ်လှည့်ပတ်နေသည်။
ထိုရွှေရောင်ပတ်လမ်း သူ့ရှေ့သို့ တဖြည်းဖြည်း ဆင်းသက်လာခဲ့သည်။
သေချာကြည့်လိုက်လျှင် ရွှေရောင်ပတ်လမ်းထဲတွင် နဂါးအကြေးခွံ ဆယ့်သုံးခုရှိနေသည်ကိုမြင်ခဲ့ရသည်။
"ဒီနဂါးအကြေးခွံတွေက နဂါးငွေတန်းကိုးသွယ်ကျင့်စဉ်ရဲ့ လျှို့ဝှက်ပညာရပ်တွေလား...."
ဝမ်းသာအားရဖြင့် ရွှေရောင်ပတ်လမ်းကြောင်းဆီသို့ လက်လှမ်းလိုက်သည်။ ၎င်းနှင့် ထိတွေ့သောအခါတွင်၊ ပတ်၀န်းကျင်ရှိ စွမ်းအားထက် များစွာပို၍ အားကောင်းသော စွမ်းအားကို ခံစားနိုင်သည်။
"ဒါက... ဘုရင်တစ်ပါးပိုင်ဆိုင်တဲ့ ပဲ့တင်ထပ်သံသုံးခုပေါင်းစပ်စွမ်းအားလား...?"
လီလော့ လက်ကို ဆန့်ထုတ်လိုက်ပြီး ရွှေနဂါးအကြေးခွံတစ်ခုကို ဆုပ်ကိုင်လိုက်သည်။
နဂါးအကြေးခွံကို ယူလိုက်သည်နှင့်တပြိုင်နက် ရွှေရောင်ပတ်လမ်းက သူ့လက်ကိုတွန်းထုတ်လိုက်သည်။
စစ်ဆေးကြည့်ဖို့ လက်ဖဝါးကိုဖွင့်လိုက်တော့ နဂါးကြေးခွံ အရည်ပျော်သွားပြီး သူ့စိတ်ထဲတွင် လျှို့ဝှက်ပညာရပ်တစ်ခု ပေါ်လာသည်။
"ကောင်းကင်နဂါးမိုးကြိုးမီးတောက်?"
ဤသည်မှာ လျှို့ဝှက်ပညာရပ်ဖြစ်သည်ကို နားလည်သော်လည်း သူတစ်ယောက်တည်းနှင့် ၎င်းကို ဘယ်သောအခါမှ အကောင်အထည်ဖော်နိုင်မည်မဟုတ်ပေ။ ဤစွမ်းအားကို သိရှိရန် သူသည် တံခွန်အဖွဲ့သားများ၏အကူအညီကို လိုအပ်မည်ဖြစ်သည်။
"ငါသာ တံခွန်ကိုင်ဖြစ်လာရင် အဖွဲ့ဝင် ရှစ်ထောင်ကို အမိန့်ပေးပြီးတော့ ဒီပညာရပ်ကိုသုံးဖို့ သူတို့ရဲ့ စွမ်းအားကို အသုံးချရမယ်........."
ထိုကဲ့သို့သော စွမ်းအားသည် မြို့စားအဆင့်ကိုပင် ပြိုင်ဆိုင်နိုင်သည်။
ထုံးစံအတိုင်း၊ မြေနတ်ဆိုးခန္ဓာအဆင့်နှင့် မြို့စားအဆင့်တို့ကြားတွင် အင်အားကွာဟချက်ကြီးမားသည်။ မြေနတ်ဆိုးခန္ဓာအဆင့် အယောက်ရှစ်ထောင်သာ မြို့စားအဆင့်နှင့်တိုက်ခိုက်လျှင် လူဉီးရေအားသာချက်ရှိနေသည့်တိုင် အနိုင်ရဖို့မလွယ်ပေ။
သို့သော်လည်း အဖွဲ့ဝင်များသည် လီလော့အသစ်တွေ့ရှိသောစွမ်းအားဖြင့် မြို့စားအဆင့်ကိုစိန်ခေါ်နိုင်သည်။
လျှို့ဝှက်ပညာရပ်အသစ်ကို ရရှိပြီးနောက်၊ ကျန်ရှိသော ရွှေနဂါးအကြေးခွံဆယ့်နှစ်ခုကို လောဘကြီးစွာ ပြန်စိုက်ကြည့်နေသည်။
"နောက်တစ်ခုယူလို့ရဉီးမလား"
နောက်တစ်ခု ထပ်ယူဖို့ ကြိုးစားခဲ့သော်လည်း ပြင်းထန်စွာ ငြင်းပယ်ခံခဲ့ရသည်။
"မရဘူးလား?"
မကျေမနပ် ငြီးတွားသော်လည်း လက်မလျှော့ပေ။ သူသည် ပဲ့တင်ထပ်သံနှစ်ခုပေါင်းစပ်စွမ်းအားကို အသုံးပြုခဲ့သော်လည်း ရွှေရောင်ပတ်လမ်းကြောင်းမှာ လုံးဝ ထိခိုက်မှုမရှိခဲ့ပေ။
သူ မျက်မှောင်ကြုတ်ပြီး ခဏလောက် စဉ်းစားလိုက်သည်။
“ဒီရွှေရောင်ပတ်လမ်းက ဘိုးဘေးတွေဆီက ဆင်းသက်လာတာဆို တူညီတဲ့ အော်ရာကို အသုံးပြုပြီး ချိုးဖျက်နိုင်မလား...."
"တူညီတဲ့ အော်ရာ?"
ထိုအတွေးကြောင့် သူ့မျက်လုံးတွေ တောက်ပလာသည်။ သူ့လက်ဖဝါးဖြန့်ကာ အနက်ရောင်ကမ္ပည်းပြား တဖြစ်လဲ
ကောင်းကင်ဧကရာဇ်စာချွန်တော်ကိုထုတ်ယူလိုက်သည်။
ထို့နောက် ပဲ့တင်ထပ်သံသုံးခု၏စွမ်းအားများကိုပေါင်းစပ်ကာ ကောင်းကင်ဧကရာဇ်စာချွန်တော်နှင့် ပေါင်းစပ်ရန် ကြိုးပမ်းခဲ့သည်။
နောက်ဆုံးတွင် သူသည် ကောင်းကင်ဧကရာဇ်စာချွန်တော်နှင့်အတူ လက်ကိုဆန့်ကာ ရွှေရောင်ပတ်လမ်းကြောင်းကို ထပ်မံစိန်ခေါ်ပြန်သည
ပထမတော့၊ ထိလိုက်တာနဲ့ ရွှေရောင်ပတ်လမ်းက လီလော့ကို စတင်တိုက်ခိုက်လေသည်။ သို့သော်လည်း တွန်းအားပေးပြီး ကောင်းကင်ဧကရာဇ်စာချွန်တော်ကို ရွှေရောင်ပတ်လမ်းကြောင်းနှင့် ထိတွေ့သောအခါ၊ ငြင်းပယ်ခြင်း၏ အရိပ်အယောင်များရပ်တန့်သွားပြီး တုံ့ဆိုင်းမှုနှင့် သံသယလက္ခဏာများ စတင်ပြသလာသည်။
ဤအခွင့်အရေးကို အသုံးချ၍ ကောင်းကင်ဧကရာဇ်စာချွန်တော်အားကိုးဖြင့် ရွှေရောင်ပတ်လမ်းထဲသို့ လက်လှမ်းလိုက်လေသည်။
တခဏအကြာတွင် သူနှင့်အနီးဆုံး နဂါးအကြေးခွံနှစ်ခုကို အလျင်အမြန်ဆွဲယူလိုက်သည်။
ထိုအခိုက်အတန့်တွင် ရွှေရောင်ပတ်လမ်း ပြင်းထန်စွာ တုန်ခါသွားတော့သည်။ ဒါကိုမြင်တော့ လီလော့ အချိန်မဖြုန်းဘဲ သူ့လက်ကို အမြန်ပြန်ဆွဲလိုက်သည်။
တစ်ဖန် နဂါးအကြေးခွံနှစ်ခု သူ့လက်ဖဝါးထဲသို့ အရည်ပျော်သွားပြန်သည်။
သို့သော် သူ့ရှေ့ရှိ ရွှေရောင်ပတ်လမ်းသည် ဤတစ်ကြိမ်တွင် ပြင်းထန်သော တုန်ခါမှုများ ဆက်လက်ဖြစ်ပေါ်နေသည်။ ကျယ်လောင်စွာနဂါးဟိန်းသံနှင့်အတူ လင်းလက်တောက်ပသော ရွှေရောင်အလင်းတန်းများဖြင့် လီလော့ကို ပစ်ခတ်လိုက်သည် ။
ပြင်းထန်သောပေါက်ကွဲမှုကြောင့် နောက်ဆုတ်လိုက်ရပြီး သူ့ရှေ့က ရွှေသဲကန္တာရ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
သတိပြန်ဝင်လာချိန်မှာတော့ နဂါးကျောက်စာစမ်းသပ်ချက်ကနေ ထုတ်ပယ်ခံခဲ့ရပြီး ကျောက်လှေကားထစ်များပေါ်ကနေ ရုပ်ပျက်ဆင်းပျက် ရှက်ရွံ့စွာ လှိမ့်ကျလာသည်။
နောက်ဆုံးတွင် ကျောက်ဇီယန်တို့ ရှေ့တွင်ရပ်တန့်သွားခဲ့သည်။
ကျောက်ဇီယန်၊လီရှိနှင့် မုဘီတို့က သူ့ကို အံ့အားသင့်စွာ ကြည့်နေကြသည်။
တစ်ချိန်တည်းမှာပင် သူ့ပတ်ဝန်းကျင်မှ လူအုပ်ကြီးကလည်း သူ့ကို အာရုံစိုက်လာခဲ့သည်။