အဓိက......
Vol. 55 Ch. 762
"အိုး.. ခမ်းနားတဲ့မြင်ကွင်းပဲ..."
အစိမ်ရောင်နယ်သာခန်းမလေ့ကျင့်ရေးကွင်းကို ပြန်ရောက်သောအခါ၊ လီလော့ စမ်းသပ်မှုကို အောင်မြင်ခဲ့သည့်သတင်း နဂါးစွယ်ကိုယ်ပိုင်နယ်မြေတွင် ပျံ့နှံ့နေပြီဖြစ်သည်။ အခုမှသာ ကျောက်ယန်ဇီ ၏ဆိုလိုရင်းကို နားလည်သွားခဲ့သည်။ ဒီလို တောက်ပတဲ့ မြင်ကွင်းမျိုးကို ဘယ်သူ သတိမထားမိဘဲနေမည်နည်း.....
"မင်းတို့ ငါ့ကို မယုံခဲ့ကြဘူးမလား... "
လီလော့သည် ကျောက်ယန်ဇီနှင့်မုဘီတို့ ဘက်သို့ ပြန်လှည့်လာရင်း ထိုအကြောင်းကို အစဖော်လိုက်သည်။
သုံးယောက်သား သူ့ကို အံ့ဩစွာ ကြည့်နေသည်။
လီလော့သည် ၎င်းတို့ကြားတွင် အပြင်းထန်ဆုံးသော ခံစစ်သမား မုဘီကို ဒဏ်ရာရစေခဲ့သော်လည်း မုဘီ အငိုက်မိသွား၍ လီလော့ အောင်မြင်သည်ဟု သူတို့ထင်ခဲ့ကြသည်။
နောက်ဆုံးတွင် လီလော့သည် သူ၏ ဝှက်ဖဲဖြစ်သော မြို့စားအဆင့်ပညာရပ်ဖြင့် သူ၏တန်ဖိုးကို သက်သေပြခဲ့သည်။
သို့သော် လီလော့အနေဖြင့် နဂါးငွေ့တန်းကိုးသွယ် စမ်းသပ်မှုကို အောင်မြင်ခဲ့ပြီး အစိမ်ရောင်နယ်သာခန်းမတံခွန်တွင် ပထမဆုံးလူဖြစ်လာမည်ဟု ၎င်းတို့ထဲမှ မည်သူမျှ မမျှော်လင့်ထားခဲ့ကြပေ။ ပိုအံ့သြစရာကောင်းတာက အဖွဲ့ထဲကိုစဝင်တဲ့နေ့မှာပင် စမ်းသပ်ချက်ကိုအောင်မြင်ခဲ့ခြင်းပင်...
ဒါဟာ ကံကောင်းရုံသက်သက်နှင့်ပြီးမြောက်နိုင်တဲ့အရာ မဟုတ်ပေ။
နဂါးစွယ်ကလန်၏ တံခွန်လေးခုကြားတွင် ရွှေအလင်းတံခွန်ခေါင်းဆောင် တျန်ဖုန်းရှန်သည် ယနေ့အထိ နဂါးငွေ့တန်းကိုးသွယ်ကျင့်စဉ်ကို သင်ယူအောင်မြင်ခဲ့သော တစ်ဦးတည်းသောသူဖြစ်သည်။
အခု သူတို့မှာ အစိမ်ရောင်နယ်သာတံခွန်အဖွဲ့ရဲ့ ပဉ္စမမြောက်ဌာနခွဲခေါင်းဆောင် လီလော့ ရှိနေပြီဖြစ်သည်။
တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင်လိုက်တာနဲ့ လီလော့ရဲ့ မျက်နှာဟာ ကျောက်ယန်ဇီရဲ့ တောက်ပပြီး လှပတဲ့ မျက်လုံးတွေထဲမှာ ရောင်ပြန်ဟပ်နေသည်။
သူသည် ယခင်တိုက်ပွဲအပြီးတွင် သံသယဝင်ခဲ့မိသော်လည်း ခန်းမသခင်၏သားသည် သူ့ကိုယ်ပိုင် ထက်မြက်တောက်ပသော ရောင်ဝါကို ထုတ်လွှတ်နေပြီဖြစ်ကြောင်း သူမ ခံစားနိုင်နေပြီဖြစ်သည်။
မုဘီ၊ လီရှီနှင့် သူမတို့အားလုံးသည် နှိမ့်ကျသောမျိုးရိုးမှ ဆင်းသက်လာကြပြီး ယနေ့လိုအောင်မြင်မှုများရရှိရန် အပြင်းအထန် ကြိုးစားအားထုတ်ခဲ့ကြရသည်။ အထူးသဖြင့် နဂါးစွယ်ကလန်နှ အကြီးအကဲအချို့သည် သူမ၏ခန္ဓာကိုယ်ကို လိုချင်တပ်မက်ကြသည့်အတွကိ ကျောက်ယန်ဇီ ၏ဖြစ်ရပ်တွင် လူ့အဖွဲ့အစည်း၏ မှောင်မိုက်ပြီး အရုပ်ဆိုးသောဘက်ခြမ်းကို မြင်ခဲ့ရသည်။
ရလဒ်အနေနဲ့ လီလော့နဲ့ သူတို့ကြားက ခြားနားချက်ကို သူမ ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့သည်။ ထိုရွံရှာဖွယ်ပုဂ္ဂိုလ်များနှင့် နှိုင်းယှဉ်ပါက လီလော့သည် ငယ်ရွယ်ပြီး ရုပ်ရည်ချောမောရုံသာမက နဂါးကလနခ၏ နောက်ခံကောင်းတစ်ခုမှလည်း ဆင်းသက်လာပြီး စွမ်းဆောင်ရည်ရှိသော ထူးခြားသောတပည့်အဖြစ် သတ်မှတ်ခံရနိုင်သည်။
အရေးကြီးဆုံးကတော့ လီလော့က သူမခန္ဓာကိုယ်ကို မတပ်မက်ခြင်းပင်.....
ဒီအချိန်မှာ သူ ဟန်ဆောင်နေတာလား သူမ မသိပေမယ့် ရွေးချယ်မှုတစ်ခုတော့ လုပ်ရပေတော့မည်။
"ဂုဏ်ယူပါတယ် ခေါင်းဆောင်..... ကောင်းကင်နဂါးကလန်ငါးခုရဲ့ တံခွန်နှစ်ဆယ်မှာ ရှင့်နာမည်ကိုလူတိုင်းသိနေလောက်ပြီ....."
ကျောက်ယန်ဇီက ချစ်စရာကောင်းသော အပြုံးဖြင့် ဂုဏ်ပြုစကားဆိုလိုက်သည်။
"ဂုဏ်ယူပါတယ် အဖွဲ့ခေါင်းဆောင်..." မုဘီ နှင့် လီရှိတို့ကလည်း ဂုဏ်ပြုနေကြသည်။
သူတို့ရဲ့ လေသံနဲ့အနေအထားအရ လီလော့ ဟာ သူတို့ရဲ့ လေးစားမှုကို ရရှိခဲ့တာ ထင်ရှားနေပြီဖြစ်သည်။
အလားတူ ရုန်းရင်းဆန်ခတ်မှုကို ကြည့်ရှုရန် စုဝေးခဲ့ကြသည့် ပဉ္စမတပ်ခွဲတံခွန်အဖွဲ့ဝင်များလည်း လေသံပြောင်းသွားကာ "ဂုဏ်ယူပါတယ် ခေါင်းဆောင်ကြီး!"
ထင်ရှားသည်မှာ၊ နဂါးငွေ့တန်းကိုးသွယ်ကျင့်စဉ်သည် တံခွန်နှစ်ဆယ်ကြားတွင် ကြီးမားသောအရေးပါမှုရှိပြီး စမ်းသပ်မှုကို အောင်မြင်ခဲ့ခြင်းက လီလော့ကို မတူညီသောအလင်းရောင်အောက်တွင် နေရာချထားခဲ့သည်မှာ ထင်ရှားပါသည်။
နဂါးငွေ့တန်းကိုးသွယ်ကျင့်စဉ်ကို သင်ယူခဲ့သော ခေါင်းဆောင်၏ ဦးဆောင်မှုအောက်တွင် တံခွန်အဖွဲ့သားများ ပိုမိုစည်းလုံးလာမည်မှာ သေချာပြီး ၎င်းသည် တံခွန်အဖွဲ့၏ အလားအလာကို ပိုကောင်းလာစေမည်ဖြစ်သည်။
ရွှေအလင်းတံခွန်သည် နဂါးစွယ်ကလန်တွင် အဘယ်ကြောင့် အသန်မာဆုံးဖြစ်သနည်း.....
ဤသည်မှာ တျန်ဖုန်းရှန်၏ ခွန်အားကြောင့်သာ မဟုတ်ခဲ့ပေ။ နောက်တချက်ကတော့ တျန်ဖုန်းရှန်သည်လည်း နဂါးငွေ့တန်းကိုးသွယ်ကျင့်စဉ်ကို ကျင့်ကြံနိုင်သောကြောင့်ပင်.....
ထို့ကြောင့်၊ယခုအခါ လီလော့၏ ပဲ့တင်ထပ်သံ စွမ်းအားများ အားနည်းနေသေးသော်လည်း၊ ပဉ္စမတပ်ခွဲ၏ တိုက်ခိုက်ရေး စွမ်းအားသည် ၎င်းတို့၏ ခေါင်းဆောင် ကျင့်ကြံမည့် နဂါးငွေ့တန်းကိုးသွယ်ကျင့်စဉ်ကြောင့် ပိုမိုအားကောင်းလာပေတော့မည်။
ဤအချက်ကိုအခြေခံ၍ လီလော့သည် ပဉ္စမတပ်ခွဲတံခွန်အဖွဲ့ဝင်များအားလုံး၏ လေးစားမှုနှင့် ထောက်ခံမှုကို ရရှိခဲ့သည်။
အခြားလေးခုမှ တံခွန်အဖွဲ့ဝင်များကတော့ မနာလိုစိတ်ဖြင့် စောင့်ကြည့်နေကြသည်။
နဂါးငွေ့တန်းကိုးသွယ်ကျင့်စဉ်ကို အသုံးပြုနိုင်သည့် တံခွန်ခေါင်းဆောင်တစ်ဦးနှင့်အတူ တံခွန်အဖွဲ့သားများ၏ ခွန်အား မည်မျှတိုးလာမည်ကို လူတိုင်း သိရှိခဲ့ကြသည်။
ကျုံးလင်သည် လီလော့တို့ကို ခပ်အေးအေးအမူအရာဖြင့် ကြည့်နေသော်လည်း တည်ငြိမ်သော မျက်နှာအောက်တွင် မနာလိုစိတ်များကို ရှင်းရှင်းလင်းလင်း မျိုသိပ်ထားသည်။ လီလော့ အစိမ်ရောင်နယ်သာခန်းမသို့ဝင်ရောက်ခဲ့သည်မှာတစ်ရက်မျှသာကြာသေးသည်မဟုတ်လော.....
လီလော့သည် ပြင်ပနတ်ဘုရားတိုက်ကြီးမှ ဆင်းသက်လာပြီး အစောပိုင်းနတ်ဆိုးနန်းတော်အဆင့်သာရှိသေးသောကြောင့် ယခင်ကတော့ လီလော့ကို တန်ဖိုးမရှိသလို ခံစားခဲ့ရဖူးသည်။ နောက်ခံအဆင့်တန်းမြင့်မားသော ဘော်ကြော့သခင်လေးတစ်ယောက်က သူ့ကိုမည်သို့ခြိမ်းခြောက်နိုင်မည်နည်း...
ယခုမူ ထိုကဲ့သို့ မတွေးရဲတော့ပေ။
လီလော့သည် ပဉ္စမတပ်ခွဲတွင် သူ့ကိုယ်သူ သက်သေပြနိုင်ခဲ့ပြီဖြစ်သည်။ ပဉ္စမတပ်ခွဲတွင် ပုန်ကန်သူအများအပြားရှိခဲ့ဖူးသော်လည်း ၎င်းတို့အားလုံးသည် နဂါးငွေ့တန်းကိုးသွယ်ကျင့်စဉ်ကျင့်ကြံနိုင်သော ခေါင်းဆောင်တစ်ဦးရှေ့တွင် နာခံမှုဖြင့် ဦးညွှတ်ကြပေမည်။
လာမည့်ရက်များတွင် ပဉ္စမတပ်ခွဲ၏ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာ မည်မျှတိုးလာမည်ကို တွေးကြည့်နိုင်သည်။
သံသယမရှိဘဲ၊ ၎င်းသည် သုံးလအတွင်း အစိမ်ရောင်နယ်သာခန်းမတံခွန်ကိုင်အဖြစ် ရွေးချယ်ခံရမည့်သူ၏အခွင့်အရေးများကို ခြိမ်းခြောက်လာမည်ဖြစ်သည်။
ကျုံးလင်၏ အကြည့်များ ပြောင်းလဲသွားပြီး နောက်ဆုံးတွင် လှည့်ထွက်သွားခဲ့သည်။
သူ့မှာ နဂါးငွေ့တန်းကိုးသွယ်ကျင့်စဉ် ရှိနေလို့လဲ ဘာထူးမှာလဲ....မဖြစ်စလောက် နတ်ဆိုးနန်းတော်အဆင့်လေးနဲ့သာဆို ကန့်သတ်ချက်တွေရှိနေဉီးမှာပဲ.....ငါ့ကိုအမှီလိုက်နိုင်ရင်တောင် အဲ့အချိန်ဆို ငါက တံခွန်ကိုင်ဖြစ်နေလောက်ပြီ.....မင်းဘယ်လောက်ပဲအားကောင်းနေပါစေ ငါ့အမိန့်ကိုနာခံရမှာပဲ....
"သွားကြရအောင်....."
လီလော့ အချိန်မဖြုန်းတော့ဘဲ တောင်တန်းများကို စွန့်ခွာကာ ပဉ္စမတပ်ခွဲနယ်မြေသို့ ပြန်သွားခဲ့သည်။
ကျောက်ယန်ဇီ နှင့် အခြားသူများလည်း သူ့နောက်သို့ အနီးကပ်လိုက်လာကြသည်။ ထိုကဲ့သို့ ခမ်းနားသော မြင်ကွင်းသည် အစိမ်ရောင်နယ်သာခန်းမလေ့ကျင့်ကွင်းကို ပို၍ပင် အာရုံစိုက်စရာဖြစ်လာစေသည်။
တံခွန်အဖွဲ့ဝင်အချို့သည် လေ့ကျင့်မှုများပြုလုပ်နေသဖြင့် ထိုသတင်းကို မသိရှိကြသေးပေ။ သို့သော်လည်း လီလော့တို့ ပဉ္စမတပ်ခွဲကို အတူတကွ ထွက်ခွာသွားကြသည်ကို တွေ့ပြီးနောက် တဆင့်စကားတဆင့်ကြား၍ သတင်းများပျံ့နှံ့ကုန်သည်။
အစိမ်ရောင်နယ်သာခန်းမလေ့ကျင့်ကွင်းတွင် လူတိုင်းစတင်ပြောဆိုနေသဖြင့် ပို၍ အသက်ဝင်လာသည်။
နောက်ဆုံးတွင်၊ အစိမ်ရောင်နယ်သာခန်းမတံခွန်သည် နဂါးငွေ့တန်းကိုးသွယ်ကျင့်စဉ် ပိုင်ဆိုင်သောအဖွဲ့ဖြစ်လာခဲ့ချေပြီ.....
ဒါဟာ သေချာပေါက် ဂုဏ်ပြုထိုက်သောကိစ္စပင်.......
လီလော့ ပဉ္စမတပ်ခွဲနယ်မြေသို့ ရောက်ရှိလာသောအခါတွင် စည်ကားနေသော လူအုပ်ကြီးက သူ့ကို စောင့်ကြိုနေသည်။
ယင်းတို့သည် ပဉ္စမတပ်ခွဲ၏ အခြားအဖွဲ့ဝင်များဖြစ်သည်။
"ဂုဏ်ယူပါတယ် ခေါင်းဆောင်!"
လူအုပ်ကြီးက လီလော့ကို လေးလေးစားစား ကြည့်ပြီး အားတက်သရော ဂုဏ်ပြုနေကြသည်။
ယခင်က မုဘီကို မထင်မှတ်ဘဲ အနိုင်ရခဲ့တုန်းကတောင် ဒီလောက်ထိ လှိုက်လှိုက်လှဲလှဲမရှိကြပေ။ ထင်ရှားသည်မှာ၊ နဂါးငွေ့တန်းကိုးသွယ်ကျင့်စဉ်ကို ရရှိခြင်း၏ အရေးပါမှုသည် သူ စိတ်ကူးထားသည်ထက်ပင်ကျော်လွန်နေသည်။
ဤအချိန်မှစပြီး သူ့ကို ပဉ္စမတပ်ခွဲ၏ခေါင်းဆောင်အဖြစ် အမှန်ပင်သတ်မှတ်လိုက်ကြချေပြီ.....
သူ့ရှေ့ရှိ တံခွန်အဖွဲ့ဝင် ထောင့်ငါးရာတို့သည် နဂါးစွယ်ကလန်တွင် သူ၏အခြေခံအုတ်မြစ်ဖြစ်လာပေမည်။
နောက်ဆုံးတွင် သူသည် ပျော်ရွှင်စွာဖြင့် သူတို့၏ နွေးထွေးသော ကြိုဆိုမှုကို လက်ခံခဲ့သည်။
တံခွန်အဖွဲ့ဝင်များနှင့် အခမ်းအနားကျင်းပပြီးနောက် လီလော့ မောပန်းနွမ်းနယ်နေပြီး အစီအရင်ခင်းကျင်းပေးထားသော လေ့ကျင့်ရေးစင်မြင့်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ ကျန်နဂါးအကြေးခွံနှစ်ခုမှ ရရှိခဲ့သောပညာရပ်များကို စစ်ဆးဖို့ပြင်လိုက်သည်။
စိတ်အစဉ် ငြိမ်သက်သွားသည်နှင့်အမျှ သတင်းအချက်အလက်များ သူ့စိတ်ထဲသို့ တဖြည်းဖြည်း စီးဆင်းလာသည်။
သိပ်မကြာခင်မှာပဲ လျှို့ဝှက်ပညာရပ်နှစ်ခုကို သင်ယူပြီးသွားခဲ့သည်။
နဂါးငွေ့တန်းကိုးသွယ်လျှို့ဝှက်ပညာရပ်....မိုးကြိုးလေပွေယပ်တောင်....
နဂါးငွေ့တန်းကိုးသွယ်လျှို့ဝှက်ပညာရပ်..... ကောင်းကင်နဂါး ပဲ့တင်ထပ်သံ ဉာဏ်အလင်း....