ပန်းတိုင်များ...
Vol. 55 Ch. 763
မိုးကြိုးလေပွေယပ်တောင်....
ကောင်းကင်နဂါး ပဲ့တင်ထပ်သံ ဉာဏ်အလင်း....
လီလော့ လျှို့ဝှက်ပညာရပ်အသစ်နှစ်ခုအကြောင်းကို သိလိုက်သည်နှင့်အမျှ သိသိသာသာအမူအရာ ပြောင်းလဲသွားသည်။ ၎င်းတို့သည် သာမာန်ပဲ့တင်ထပ်သံပညာရပ်များမဟုတ်ကြပေ။၎င်းတို့သည် မြို့စားအဆင့်ပညာရပ်ထက် သာလွန်သော ကြောက်မက်ဖွယ်စွမ်းအားကို ပိုင်ဆိုင်ထားသည်။ သို့သော်လည်း လီလော့တစ်ယောက်တည်းနှင့် ထိုပညာရပ်များကိုသုံးနိုင်မည်မဟုတ်ပေ။၎င်းတို့ကို အသုံးပြုဖို့အတွက် တံခွန်အဖွဲ့သားတွေရဲ့ ခွန်အားကို စုစည်းဖို့ လိုအပ်သည်။
ဤလျှို့ဝှက်ပညာရပ်များကို တံခွန်နှစ်ဆယ် အတွက် အထူးဖန်တီးထားခြင်းဖြစ်ပေသည်။
ကံကောင်းစွာဖြင့် လီလော့က တံခွန်နှစ်ဆယ် ၏အစိတ်အပိုင်းဖြစ်နေပြီဖြစ်သည်။ အစိမ်းရောင်နယ်သာတံခွန်ကိုင် ဖြစ်လာသရွေ့ အစိမ်းရောင်နယ်သာ တံခွန်အဖွဲ့ဝင် 8,000 ၏ စွမ်းအားကို စုစည်းပြီး ဤလျှို့ဝှက်ပညာရပ်များကို သရုပ်ဖော်နိုင်မည်ဖြစ်သည်။ စင်စစ်၊ ထိုကဲ့သို့သော ခွန်အားသည် မြို့စားအဆင့်ကျွမ်းကျင်သူနှင့် ယှဉ်နိုင်မည်ဖြစ်သည်။
လီလော့သည် သူ၏ ဦးစားပေး နဂါးငွေ့တန်းကိုးသွယ်ကျင့်စဉ်ကိုပြောင်းလဲမကျင့်ကြံမီ လျှို့ဝှက်ပညာရပ်အသစ်နှစ်ခုကို ဆက်လက်လေ့လာခဲ့သည်။
နဂါးငွေ့တန်းကိုးသွယ်ကျင့်စဉ် သူ့အတွက်ကျင့်ကြံမှုအရှိန်မြှင့်တင်ပေးနိုင်ရုံသာမကဘဲ သူ့လက်အောက်ရှိ တံခွန်အဖွဲ့ဝင်များကို တာဝန်ယူရန် သူ့အတွက် မရှိမဖြစ် လိုအပ်ပါသည်။
ယခုအချိန်တွင် လီလော့ မျက်လုံးများကိုမှိတ်ထားပြီး နဂါးငွေ့တန်းကိုးသွယ်ကျင့်စဉ်ကို လေ့လာရန် သူ၏ စိတ်အခြေအနေကို အာရုံစိုက်ခဲ့သည်။ ၎င်း၏အသေးစိတ်အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာပြီး သူ၏စိတ်ထဲသို့ အချက်အလက်များ စီးဆင်းသွားသည်။ လီလော့ တုန်လှုပ်သွားပြီး မျက်လုံးကို ပြန်မဖွင့်ခင် တစ်ရက်ခွဲလောက်ကြာမြင့်ခဲ့သည်။
" အဆင့်တစ်ဆယ် နတ်ဆိုးကျင့်စဉ်ဆိုတာဒါမျိုးလား....? အံ့သြစရာပဲ"
လီလော့ အံ့သြတကြီး ရေရွတ်လိုက်သည်။ ယင်းနှင့် နှိုင်းယှဉ်ပါက၊ ယခင်က သူကျွမ်းကျင်ခဲ့သော နဂါးငွေ့တန်းသုံးသွယ်ကျင့်စဉ်သည် အမှန်တကယ် အခြေခံကျသော ကျင့်စဉ်ဖြစ်နေခဲ့သည်။
နဂါးငွေ့တန်းကိုးသွယ်ကျင့်စဉ်၏ လျှို့ဝှက်ချက်သည် နဂါးမီးတောက်ကို သန့်စင်ရန် အထူးနည်းလမ်းကို အသုံးပြုခြင်းဖြစ်သည်။ ထပ်ခါတလဲလဲ မွမ်းမံပြင်ဆင်ပြီးနောက်၊ နဂါးမီးတောက်သည် အလွန်သန့်စင်သောအဆင့်သို့ ရောက်ရှိမည်ဖြစ်သည်။ ဤနည်းဖြင့်၊ ညစ်ညမ်းသော အဲ့မိုကွမ်းအလင်းတန်းများကို ပိုမိုသန့်စင်နိုင်မည်ဖြစ်သည်။
ဤသည်မှာ ကမ္ဘာပေါ်ရှိ ထိပ်တန်း နတ်ဆိုးကျင့်စဉ်များထဲမှ တစ်ခုဖြစ်ကြောင်း သေချာပါသည်။ ရှပြည်ထောင်စုလို နိမ့်ကျသော နိုင်ငံတစ်ခုတွင် ထားရှိမည်ဆိုပါက ဤကျင့်စဉ်ကြောင့် သွေးချောင်းစီးသွားနိုင်သည်။
၎င်း၏ အဓိက ကန့်သတ်ချက်မှာ ၎င်းကို မြေနတ်ဆိုးခန္ဓာအဆင့်တွင်သာ အသုံးပြုနိူင်ပြီ မြို့စားအဆင့်ပညာရပ်ကဲ့သို့ အစွမ်းထက်ခြင်းမရှိပေ။ သို့သော်၊ ၎င်း၏ အရေးပါမှုနှင့် အသုံးဝင်မှုသည် လူများစွာ၏အမြင်တွင် ကံကြမ္မာအဆင့် မြို့စားအဆင့်ပညာရပ်နှင့်အဆင့်တူနေသည်။
လီလော့ သက်ပြင်းချ၍ ဆက်လက်ကျင့်ကြံလိုက်တော့သည်။
သို့သော်၊ နဂါးမီးတောက်ကို ထပ်ခါထပ်ခါ သန့်စင်ရန် နည်းလမ်းသည် အလွန်ရှုပ်ထွေးပြီး ယခင်က နဂါးငွေ့တန်းသုံးသွယ်ကျင့်စဉ်ထက်များစွာခက်ခဲသည်။
လီလော့ စိတ်ရှည်သည်းခံကာ ဆက်လက်ကြိုးစားခဲ့ပြီး အကြိမ်ကြိမ် ကျရှုံးခဲ့သော အတွေ့အကြုံများမှ သင်ယူခဲ့သည်။ မရေမတွက်နိုင်သော ကြိုးပမ်းမှုများဖြင့် နေ့တစ်ဝက် ကုန်ဆုံးပြီးနောက်၊ ပထမဆုံးအကြိမ် အောင်မြင်ခဲ့လေသည်။
နဂါးငွေ့တန်းကိုးသွယ်မီးတောက်များ လီလော့၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာစဉ် နက်မှောင်သော ရွှေရောင်အဆင်းသဏ္ဍာန်ဖြင့် တောက်ပလာခဲ့သည်။
"နောက်ဆုံးတော့ ငါအောင်မြင်သွားပြီ....."
လီလော့ သက်ပြင်းတစ်ချက်ချလိုက်မိသည်။ ပထမအကြိမ်သည် အမြဲတမ်းအခက်ခဲဆုံးဖြစ်ပြီး ကျွမ်းကျင်လာသည်နှင့်အမျှ ပိုမိုမြန်ဆန်လာမည်ဖြစ်သည်။
ယင်းနောက် လီလော့သည် အဲ့မိုကွမ်းစွမ်းအင်များကို ခန္ဓာကိုယ်ထဲသို့ ဆုပ်ယူကာကာ နဂါးငွေ့တန်းကိုးသွယ်မီးတောက် နှင့် ပေါင်းစပ်လိုက်သည်။
ထို့နောက်တွင် စူးစူးရဲရဲ ဖြာထွက်နေသော အလင်းတန်း ဆယ်ခု ရေအလင်းပဲ့တင်ထပ်သံနန်းတော်ထဲသို့ ဝင်ရောက်သွားပြီး နောက်ဆုံးတွင် လီလော့ ကျေနပ်စွာ ပြုံးလိုက်မိသည်။
နဂါးငွေ့တန်းကိုးသွယ်ကျင့်စဉ်သည် နဂါးငွေ့တန်းခြောက်သွယ်ကျင့်စဉ်နှင့် နှိုင်းယှဉ်ပါက နောက်ထပ် အဲ့မိုကွမ်းအလင်းတန်းသုံးခုကိုသာ ပေါင်းထည့်ထားသော်လည်း ဤကျင့်စဉ်ကို တစ်နေ့လျှင် အကြိမ်ပေါင်းများစွာ လေ့ကျင့်နိုင်သည်။ အချိန်ကြာလာသည်နှင့်အမျှ၊ ၎င်းသည် အဆင့်မြင့်မားသော မူလနတ်ဆိုးဆေးလုံး မြောက်မြားစွာကိုပင် ကျော်လွန်နေပေလိမ့်မည်။
ထို့အပြင်၊ အဆင့်မြင့် မူလနတ်ဆိုးဆေလုံးများကို စားသုံးရန် ကန့်သတ်ချက်ရှိသည်။အများအပြား သုံးစွဲခြင်းက လူတစ်ယောက်ရဲ့ အခြေခံအုတ်မြစ်ကို ထိခိုက်စေပြီး အနာဂတ်မှာ နောက်တစ်ဆင့်တက်ဖို့ ပိုခက်ခဲသွားစေနိုင်သည်။
"အခုတော့ နဂါးငွေ့တန်းကိုးသွယ်ကျင့်စဉ်နဲ့ အစိမ်းရောင်နယ်သာတံခွန်အဖွဲ့အတွက်
လစဉ်ထောက်ပံ့ကြေးတွေ ရနေပြီဆိုတော့ နောက်လဆို အဲ့မိုကွမ်းအလင်းတန်းပေါင်း ထောင့်လေးရာလောက်ကို သန့်စင်နိုင်မယ်...." ဟု လီလော့ သုံးသပ်ခဲ့သည်။
လောလောဆယ်တွင် သူ၏ ရေအလင်း ပဲ့တင်ထပ်သံနန်းတော်တွင် အကြမ်းဖျင်း ဖြာထွက်နေသော အလင်းတန်း နှစ်ထောင်ခန့်ရှိသည်။ ဤနှုန်းဖြင့်၊ သူ၏ ရေအလင်းရောင် ပဲ့တင်ထပ်သံနန်းတော်သည် နှစ်လတာ အချိန်အတွင်း ၎င်း၏ ကန့်သတ်ချက်သို့ ရောက်ရှိမည်ဖြစ်ပြီး၊ နှောင်းပိုင်းနတ်ဆိုးခန္ဓာအဆင့်သို့ တက်လှမ်းနိုင်ပြီဖြစ်သည်။
ဒါဟာ အမှန်ပင် အံ့သြစရာကောင်းတဲ့ တိုးတက်မှုပင်.....
သို့ပေမယ့် လီလော့ ဤမျှလောက်နှင့် မကျေန်နိုင်သေးပေ။ အစိမ်းရောင်နယ်သာတံခွန်ကိုင် ရာထူးအတွက် တိုက်ပွဲဝင်ရန် အချိန် သုံးလသာ ကျန်ရှိတော့သည်။
လီကျင်းဇယ်သည် လီလော့သာ တံခွန်ခေါင်းဆောင်ဖြစ်လာလျှင် အမှတ်အသားသားကိုးခုကြာပန်းနှင့်ပတ်သက်သည့် အချက်အလက်များကို မျှဝေမည်ဟု ပြောဖူးခဲ့သည်။
ထို့ကြောင့် သူသည် အမှတ်အသားသားကိုးခုကြာပန်းအတွက်ဖြစ်စေ နဂါးကလန်တွင် သူ့ကိုယ်သူသက်သေပြနိုင်ဖို့ဖြစ်စေ ရအောင်ကြိုးစားရမည်။
တစ်နည်းဆိုရသော် သူသည် လက်ရှိတွင် သူ့ထက်များစွာ အားကောင်းနေသည့် ရွှေနတ်ဆိုးခန္ဓာအဆင့် ကျုံးလင်နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
သူသည် မရဏမြစ်၏မဟူရာနဂါးအလံတော်ဖြင့် ငွေနတ်ဆိုးခန္ဓာအဆင့် မုဘီကို တိုက်ခိုက်ရာတွင် အောင်ပွဲခံနိုင်ရုံမျှသာ ရှိသောကြောင့် လက်ရှိခွန်အားဖြင့် ကျုံးလင်ကို ယှဉ်ပြိုင်ရန် အခွင့်အရေးအနည်းငယ်သာ ရှိပေမည်။ တစ်နည်းဆိုရသော် လီလော့၏ လက်ရှိပန်းတိုင်သည် အနည်းဆုံး ၎င်း၏ ဒုတိယ ပဲ့တင်ထပ်သံနန်းတော်ကိုပါ နှောင်းပိုင်းနတ်ဆိုးနန်းတော်အဆင့်သို့ မြှင့်တင်ရန် ဖြစ်သည်။
သူ၏မြေသစ်သားနှင့် မိုးကြိုးနဂါး ပဲ့တင်ထပ်သံနန်းတော်နှစ်ခုသည် ရေအလင်းပဲ့တင်ထပ်သံနန်းတော်နှင့် နှိုင်းယှဉ်ပါက အဆင့်နိမ့်နေသေးသည်။ ရလဒ်အနေဖြင့်၊ ၎င်းတို့သည် အဲ့မိုကွမ်းအလင်းတန်းလေးထောင်ခန့်ကိုသာ ခံနိုင်ရည်ရှိမည်ဖြစ်သည်။
ဆိုလိုသည်မှာ ပန်းတိုင်ကိုရောက်ရန် နောက်သုံးလတွင် နောက်ထပ် အဲ့မိုကွမ်းအလင်းတန်းရှစ်ထောင် လိုအပ်ပြီး တစ်လလျှင် ခန့်မှန်းခြေအားဖြင့် အလင်းတန်းနှစ်ထောင့်ငါးရာခန့် စုဆောင်းနိုင်မှဖြစ်မည်။
"ဟူးးးးးးးး"
လီလော့ သေချာတွက်ချက်ပြီးနောက် အနည်းငယ် စိတ်ဓာတ်ကျသွားသည်။ တစ်လလျှင် အဲ့မိုကွမ်းအလင်းတန်းနှစ်ထောင့်ငါးရာဆိုသည်မှာ အံ့ဩစရာ ပမာဏဖြစ်သည်။ သူ၏ အဆင့်တစ်ဆယ် နတ်ဆိုးကျင့်စဉ်နှင့် သူရရှိမည့်အဆင့်မြင့် ဆေးလုံးများကိုပေါင်းလိုက်လျှင်တောင် အလင်းတန်းတစ်ထောင်ခန့်ရဖို့ အတော်ရုန်းကန်ရမည်။
ဒီအခက်အခဲအတွက် ဘယ်လိုပြင်ဆင်နိုင်မလဲလို့ လေးလေးနက်နက် စဉ်းစားနေသည်။
အကယ်၍ သူသည် အဆင့်မြင့် မူလနတ်ဆိုးဆေးလုံးများကို အားကိုးပါက၊ လစဉ် ဆေးလုံး နှစ်ရာခန့် လိုအပ်မည်ဖြစ်သည်။ လစဉ်ထောက်ပံ့ကြေးအရဆို လက်ရှိတွင် ဆေးလုံးငါးဆယ်သာ ရရှိသောကြောင့် ထိုအချက်ကိုဆက်တွေးနေဖို့မလိုတော့ပေ။
ထို့အပြင်၊ အစောပိုင်းတွင်ဖော်ပြထားသည့်အတိုင်း ဆေးလုံးများကို အားကိုးခြင်းသည် ပညာရှိသောနည်းလမ်းမဟုတ်ပေ။
ထိုအခြေအနေတွင်... ရွေးချယ်စရာတစ်ခုသာကျန်တော့သည်။
နတ်ဆိုးလှိုဏ်ဂူ ခုနှစ်ဆယ့်နှစ်လွှာ...
.
ထိုနေရာတွင်သာ အဲ့မိုကွမ်းအလင်းတန်းတစ်ထောင်ကို ရရှိရန် နည်းလမ်းရှိနေသည်။
သို့သော် ဤအရာသည် သူတစ်ယောက်တည်း လုပ်နိုင်သောအရာမဟုတ်ပေ။ သူသည် ပဉ္စမတပ်ခွဲ၏ ခွန်အားကို လိုအပ်မည်ဖြစ်ပြီး၊ ဆိုလိုသည်မှာ သူသည် နဂါးဘိုးဘေးကျမ်းစာကို ကျွမ်းကျင်ရန်နှင့် တံခွန်အဖွဲ့ဝင်များနှင့် သဟဇာတဖြစ်အောင် ပြုလုပ်ရန် လိုအပ်မည်ဖြစ်သည်။
လီလော့ အနည်းငယ် ခေါင်းညိတ်လိုက်သည်။ နတ်ဆိုးလှိုဏ်ဂူ ပြန်မဖွင့်ခင် နောက်ထပ် အချိန်ခြောက်ရက်ကျန်သေးသည်။ လာမယ့်ခြောက်ရက်အတွင်းမှာ ဒီအခြေအနေကို ရောက်ဖို့ လိုအပ်သမျှတိုင်းကိုပြင်ဆင်ဖို့ အာရုံစိုက်ထားရမည်။
မည်သို့ပင်ဆိုစေ နတ်ဆိုးလှိုဏ်ဂူမှ ဆုလာဘ်များသည် သူ၏မျှော်လင့်ချက်များအတိုင်း တန်ဖိုးရှိမည်ဟုသာ မျှော်လင့်ရပေတော့မည်။