← Chapters

နတ်ဆိုးတောင်ထွတ်.....

Vol. 55 Ch. 765

နတ်ဆိုးတောင်ထွတ်.....

Vol. 55 Ch. 765

ယနေ့ အစိမ်းရောင်နယ်သာ လေ့ကျင့်ရေးကွင်းတွင် စည်းကားသိုက်မြ်ိုက်နေသည်။ အားလုံးက အဆင်သင့်ပြင်ထားပြီး မကြာခင်တွေ့ကြုံရမည့်တိုက်ပွဲကို မျှော်လင့်ရင်း တိုးတိုးတိတ်တိတ် ပြောဆိုနေကြသည်။

ဒီနေ့ကတော့ နတ်ဆိုးလှိုဏ်ဂူကို တစ်ဖန်ပြန်ဖွင့်မည့်နေ့ပင်......

နတ်ဆိုးလှိုဏ်ဂူသည် ကောင်းကင်နဂါးကလန်ငါးခုရဲ့တံခွန်နှစ်ဆယ်မှ အဖွဲ့ဝင်များအားလုံးနှင့် ချစ်ခြင်းမုန်းခြင်း ဆက်ဆံရေးကို ပိုင်ဆိုင်ထားသည့် နေရာတစ်ခုဖြစ်သည်။

၎င်းတို့၏ ကျင့်ကြံမှု အရှိန်မြှင့်ရန် အဲ့မိုကွမ်းစွမ်းအင်များ ပိုမိုရရှိနိုင်သောကြောင့် ဤနေရာကို နှစ်သက်ကြသည်။ တစ်ချိန်တည်းမှာပင် ဤဂူသည် သူတို့နှစ်သက်သလို လှည့်လည်သွားလာနိုင်သော နေရာမဟုတ်သောကြောင့် ၎င်းကိုမုန်းတီးကြသည်။

၎င်းတို့သည် အထပ်တိုင်းတွင် ကပ်လျက်ရှိနေသော နတ်ဆိုး အများအပြားရှိသော်လည်း ရှေ့တွင် မည်သည့်အန္တရာယ်မဆိုရှိနေနိုင်သည့်အတက် သတိရှိရှိဖြင့် ဂရုတစိုက် နင်းလျှောက်ရမည်ဖြစ်သည်။ တော်တော်များများက ဒီမှာ သေလုနီးပါး နှိပ်စက်ခံခဲ့ရသည်။

မည်သို့ပင်ဆိုစေ နတ်ဆိုးလှိုဏ်ဂူသည် တံခွန်နှစ်ဆယ်အတွက် သီးသန့်လေ့ကျင့်ရေးကွင်းအဖြစ် ကျန်ရှိနေခဲ့ပြီး ဤနေရာသည် ၎င်းတို့အတွက် အထူးအစိတ်အပိုင်းတစ်ခုအဖြစ် ဆက်လက်ရှင်သန်နေခဲ့သည်။

ထို့အပြင် ဤလှိုဏ်ဂူတွင် အခက်အခဲများ ကြုံတွေ့နေရသော်လည်း ကျော်ကြားမှုရရန် နေရာတစ်ခုလည်း ဖြစ်သည်ကို လူတိုင်း သိထားကြသည်။

နတ်ဆိုးလှိုဏ်ဂူ၏ ခုနစ်ဆယ့်နှစ်အလွှာကို အောင်နိုင်သူတိုင်းသည် နတ်ဆိုးလှိုဏ်ဂူရှေ့တွင် ၎င်းတို့၏အမည်ကို ရွှေရောင်ကျောက်စာတိုင်ပေါ်တွင် ရေးထိုးထားမည်ဖြစ်ကာ နောင်လာနောက်သား မျိုးဆက်များအတွက် ဂုဏ်ယူစရာဖြစ်လာမည်ဖြစ်သည်။

အကျိုးကျေးဇူးများက ဒီလောက်နှင့် မဆုံးသေးပေ။

ထို့ကြောင့် တံခွန်နှစ်ဆယ်မှအဖွဲ့ဝင်များသည် နတ်ဆိုးလှိုဏ်ဂူအတွက် အလွန်စိတ်အားထက်သန်နေခြင်းဖြစ်သည်။

"ဒီနေရာကို သန့်စင်တာက ကမ္ဘာပေါ်မှာ အကောင်းဆုံးအရာပဲ"

ဒါဟာ အောင်မြင်ခဲ့သော အဖွဲ့ဝင်တွေကြားမှာ ပြောလေ့ရှိတဲ့ စကားပင်.....

သူတို့၏နေ့စဉ်စကားပြောဆိုမှုများတွင်၊ တစ်ဦးချင်းစီသည် နတ်ဆိုးလှိုဏ်ဂူတွင် ၎င်းတို့၏တိုးတက်မှုအကြောင်း ကြွားလုံးထုတ်ခြင်းကို နှစ်သက်ကြပြီး ရှုံးနိမ့်သူများအတွက်ကတော့ရှက်ဖွယ်လိလိပင်..

ထို့ကြောင့်၊ နတ်ဆိုးလှိုဏ်ဂူသည် တံခွန်နှစ်ဆယ်ကြားတွင် အငြင်းပွားစရာမရှိသော တည်ရှိမှုဖြစ်နေသည်။

ပထမဆုံးအကြိမ် ပါဝင်မည့် လီလော့သည်လည်း အလားတူ စူးစမ်းလိုစိတ်နှင့် မျှော်လင့်ချက်များစွာကို ပိုင်ဆိုင်ထားသည်။

တံခွန်အဖွဲ့ဝင် ရှစ်ထောင်စလုံး အစိမ်းရောင်နယ်သာ လေ့ကျင့်ရေးကွင်းတွင် စုဝေးခဲ့ကြပြီး တက်ကြွမှုနှင့် လူငယ်တို့၏ ခမ်းနားသော အော်ရာကို ဖော်ထုတ်ထားကြသည်။

"တပ်ခွဲခေါင်းဆောင်၊ နှစ်ဆယ့်ခုနစ်ထပ်က အစိမ်းရောင်နယ်သာရဲ့ လက်ရှိစံချိန်ပါပဲ.. ကျွန်မတို့ အဲဒီမှာ တစ်လခွဲကျော်လောက် ပိတ်မိနေဖူးတယ်.... ထပ်ပြီး ကျရှုံးခဲ့ရင်တော့ အဖွဲ့ဝင်တွေရဲ့ စိတ်ဓာတ်ကို အကြီးအကျယ် ထိခိုက်စေမှာ သေချာတယ်...“

ကျောက်ယန်ဇီ၏ နူးညံ့ပြီး ဆွဲဆောင်မှုရှိသောအသံ လီလော့ နားတွင် ထွက်ပေါ်လာသည်။

သူမသည် ယနေ့ အံ့သြဖွယ်ကောင်းသော ၀တ်စုံကို ဝတ်ဆင်ထားသည်။ တင်းကျပ်သော ဂါဝန်ကို ၀တ်ဆင်ထားပြီး သူမ၏ ဆွဲဆောင်မှုရှိသော အကွေ့အကောက်များကို စွဲမက်ဖွယ် ပုံဖော်ထားပြီး ရှည်လျားပိန်သွယ်သော ခြေထောက်များကို သိမ်မွေ့စွာ ဖော်ပြထားသည်။

အခြားတပ်ခွဲများမှ ယောက်ျားလေးများပင်လျှင် သူမ၏ စွဲမက်ဖွယ်ကောင်းသော အလှကို ရံဖန်ရံခါ ခိုးကြည့်နေကြသည်။

သို့သော်လည်း ကျောက်ယန်ဇီကတော့ ထိုအကြည့်များကို ဂရုမစိုက်ပေ။ ထိုအစား သူမစကားပြောရင်း လီလော့နားကို တိုးကပ်နေသည်။ သင်းပျံ့သင်းပျံ့သောရနံ့နှင့်အတူ သူမ၏အသက်ရှူသံက လီလော့နားတွင်ပျံ့လွင့်နေသည်။

ဒါက လူတွေကို မနာလိုဖြစ်သွားစေသည်။

သို့သော်လည်း လီလော့က ကျောက်ယန်ဇီ၏ ဆွဲဆောင်မှုရှိသော အပြုအမူကို လျစ်လျူရှုခဲ့သည်။

"လူတိုင်းကိုအမိန့်ပေးဖို့ တံခွန်ကိုင် မရှိလို့လား....."

ကျောက်ယန်ဇီက ချိုချိုသာသာ ပြုံးလိုက်ပြီး....

" မဟုတ်ပါဘူး..... တကယ်တော့ အလွှာလေးဆယ်ရောက်တဲ့အထိ တံခွန်ခေါင်းဆောင်တစ်ယောက်ရှိလားဆိုတာ အရေးမကြီးဘူး..... နယ်မြေငါးခုကို ဝင်ဝင်ချင်းမှာ အဖွဲ့ ငါးခုခွဲသွားတဲ့အတွက် တံခွန်ကိုင်ရှိမရှိအရေးမကြီးဘူး....တစ်နေရာကိုရှင်းနိုင်တာနဲ့ ကျန်တဲ့လေးဖွဲ့ပါ . အဲဒီအဆင့်ကို အောင်အောင်မြင်မြင် ရှင်းနိုင်တယ်လို့သတ်မှတ်ခံရတယ်...."

ဒါကိုကြားတော့ လီလော့ အနည်းငယ် အံ့သြသွားသည်။ မူလက တံခွန်အဖွဲ့တစ်ခုလုံး၏ ခွန်အားကို အားကိုးရမည်ဟု သူထင်ခဲ့သည်။

"ဒါ့ကြောင့်၊ အထပ်လေးဆယ်ကို မတက်မီ ရှေ့ပြေးအဖွဲ့တစ်ဖွဲ့ရှိနေရင်ရပြီ..ဒါက အထိရောက်ဆုံးနည်းလမ်းပဲ...." ဟု ကျောက်ယန်ဇီ က ဆက်လက်ပြောပြခဲ့သည်။

"ဒါပေမယ့် အစိမ်းရောင်နယ်သာခန်းမမှာ လောလောဆယ် လူတိုင်းကို စည်းလုံးနိုင်စေမယ့် တံခွန်ကိုင် မရှိသေးသောကြောင့် တကွဲတပြားဖြစ်နေကြတာ...."

လီလော့က နားလည်ကြောင်း ခေါင်းညိတ်လိုက်သည်။

ထိုအချိန်တွင် ပထမတပ်ခွဲမှ ကျုံးလင်ရောက်လာကြီ.... "ကိုယ့်လူတို့....

ဒီနေ့ နတ်ဆိုးလှိုဏ်ဂူခုနစ်ဆယ့်နှစ်လွှာပြန်ဖွင့်တဲ့နေ့ပဲ.... အောင်မြင်ဖို့ အတူတူလက်တွဲကြရအောင်"

ရယ်မောသံများ လူအုပ်ထဲမှ ပဲ့တင်ထပ်လာပြီး....

"တပ်ခွဲခေါင်းဆောင်ကျုံးလင်၊ အောင်မြင်ဖို့က မင်းရဲ့ခေါင်းဆောင်မှုအပေါ် မူတည်နေတယ်.... မင်းတို့ရှင်းလင်းမယ့်နယ်မြေသာ သန့်စင်သွားရင် ငါတို့တွေလဲအဆင့်တက်နိုင်ပြီပေါ့....."

ယေဘုယျအားဖြင့် အများစုက ကျုံးလင်ကို ထောက်ခံခဲ့ကြသည်။ အချို့က ဝန်ခံရန် မုန်းတီးနေကြသော်လည်း ယနေ့အထိ ရှင်းလင်းထားသည့် အထပ်နှစ်ဆယ့်ခုနစ်ထပ်၏ ထက်ဝက်ကျော်သည် ပထမတပ်ခွဲ၏အားထုတ်မှုသာဖြစ်သည်။

ကျုံးလင်သည် ၎င်းတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်မှာ မငြင်းနိုင်ပေ။

နွေးထွေးသော အပြုံးဖြင့် ကျုံးလင် က သူ့လက်ကို ညင်သာစွာ ဝှေ့ယမ်းပြီး.....

အစိမ်းရောင်နယ်သာရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ဒါက ငါ့တာဝန်ပဲလေ... နောက်ဆုံးတော့ နတ်ဆိုးလှိုဏ်ဂူကို ရှင်းပစ်တာက ငါတို့အားလုံး အကျိုးရှိစေမယ့် အရာပဲမဟုတ်လား...."

ကျောက်ယန်ဇီက လီလော့နားကို ကပ်ပြီး.... "သူက စည်းရုံးရေးကောင်းတယ်...ထိပ်ဆုံးရောက်ဖို့အိမ်မက်မက်နေတာပဲဖြစ်ရမယ်...."

ဒါကိုကြားတော့ လီလော့ ဘာမှမပြောဘဲ ပြုံးလိုက်သည်။ အမှန်မှာ ကျုံးလင်သည် လီလော့ ကိုယ်တိုင်အပါအဝင် အခြားခေါင်းဆောင်များထက် တံခွန်ခေါင်းဆောင်ရာထူးအတွက် ထိပ်တန်းကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သည်။

"အားလုံးအဆင်သင့်ဖြစ်ရင် နတ်ဆိုးတောင်ထွတ်ကိုသွားကြစို့" ကျုံးလင် က သူ့လက်ဝှေ့ယမ်းပြီး အမိန့်ပေးသည်။

ဤသို့ဖြင့် တံခွန်အဖွဲ့ဝင် ရှစ်ထောင်သည် လှိုင်းလုံးကြီးများကဲ့သို့ အစိမ်းရောင်နယ်သာ လေ့ကျင့်ကွင်းမှ ထွက်ခွာသွားကြသည်။

နတ်ဆိုးတောင်ထွတ်သည် အမျိုးမျိုးသောတံခွန်အဖွဲ့လေ့ကျင့်ရေးကွင်းများနှင့် သိပ်မဝေးသော နဂါးစွယ်တောင်တန်း၏အလယ်ဗဟိုတွင်တည်ရှိသည်။ သို့သော်၊ နဂါးစွယ် တောင်တန်းက အလွန်ကြီးမားသောကြောင့် တောင်ထိပ်ပေါ်ရောက်ထို့တစ်နာရီခန့်အချိန်ယူခဲ့ရသည်။

နတ်ဆိုးတောင်ထွတ်၏ထိပ်တွင် အနက်ရောင်ခန်းမတစ်ခုရှိသည်။ ခန်းမရှေ့တွင် လူထောင်ပေါင်းများစွာ အလွယ်တကူ တည်းခိုနိုင်သော ကျယ်ပြောလှသော ရင်ပြင်တစ်ခုရှိသည်။

လက်ရှိတွင် ရင်ပြင်ထဲ၌ ဆူညံသံတွေနဲ့ စည်ကားနေပြီး တံခွန်လေးခုစလုံးကအဖွဲ့သားတွေ စုရုံးနေကြသည်။

အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ရောက်လာသောအခါ မရေမတွက်နိုင်သော စူးစမ်းလိုစိတ်များ လီလော့ထံ ကျရောက်လာသည်။

လီလော့သည် လွန်ခဲ့သည့်ရက်အနည်းငယ်က နဂါးငွေ့တန်းကိုးသွယ်ကျင့်စဉ် စမ်းသပ်မှုကို ကျော်ဖြတ်ခဲ့ကြောင်း လူတိုင်းသိကြသည်။

"ဟိုတစ်ယောက်က အစိမ်းရောင်နယ်သာ တံခွန်အဖွဲ့က လီလော့ မလား?"

"တတိယသခင်ကြီးရဲ့သားလေ..."

" သူက အစောပိုင်းနတ်ဆိုးနန်းတော်အဆင့်နဲ့ နဂါးငွေ့တန်းကိုးသွယ်ကျင့်စဉ် စမ်းသပ်မှုကို အောင်မြင်ခဲ့တာတဲ့....."

"အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ မှာ ခေါင်းဆောင်အသစ်တစ်ယောက်ရှိလာတော့မယ်ထင်တယ်......"

" မဟုတ်သေးဘူး.... တတိယသခင်ကြီးက အရည်အချင်းရှိပေမဲ့ လီလော့က ကျုံးလင်နဲ့အဆင့်ကွာတယ်... သေချာတာကတော့ အစိမ်းရောင်နယ်သာတံခွန်ကိုင်ကို ရွေးချယ်ဖို့ သုံးလလောက်ကျန်သေးတယ်"

လီလော့ ပတ်ပတ်လည်တွင် ဆွေးနွေးမှုများနှင့်စကားသံများ ဆက်တိုက်ထွက်ပေါ်လာသည်။

သူသည် လီတိုင်ရွှမ်၏သားဖြစ်သောကြောင့် သဘာဝကျကျ ဆွေးနွေးရမည့် ခေါင်းစဉ်တစ်ခုဖြစ်သည်။

"ညီလေး!"

ခရမ်းဝိဉာဉ်တံခွန်အဖွဲ့ မှလီကျင်းထောင် နှင့် ကြက်သွေးတိမ်တိုက်တံခွန်အဖွဲ့ မှ လီဖန်းရိ တို့က လီလော့ကို ကြိုဆိုရန် လူအုပ်ထဲမှ ထွက်လာသည်။

နှစ်ယောက်စလုံး လီလော့ကို အံ့အားသင့်စွာ ကြည့်နေကြပြီး.....

"မောင်လေး.... နင်က ရက်ပိုင်းအတွင်းမှာပဲ တံခွန်နှစ်ဆယ် ယမှာ နာမည်ကြီးတစ်ယောက်ဖြစ်နေပြီ"ဟု လီဖန်းရိက ချီးကျူးခဲ့သည်။

လီကျင်းထောင်က ပြုံးပြုံးရွှင်ရွှင်ဖြင့် သံယောင်လိုက်ကာ... "ငါနဲ့ဖန်းရိက နဂါးငွေ့တန်းကိုးသွယ်ကျင့်စဉ် စမ်းသပ်မှုကို အကြိမ်အနည်းငယ်ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး.....မင်း ဘယ်လိုအောင်မြင်ခဲ့တာလဲ "

"ကျွန်တော့်ရဲ့ ပဲ့တင်ထပ်သံစွမ်းအားက အားနည်းနေတော့ နဂါးမီးတောက်က သိသိသာသာ အားနည်းသွားတယ်.... အစ်ကိုနဲ့အစ်မတို့က ပိုသန်မာတယ်လေ.... ဒါကြောင့် ပိုခက်မှာပေါ့...."

"အပြောကောင်းတဲ့ကောင်လေးပဲ...."

လီဖန်းရိက စူးစူးရှရှ ပြုံးကာ တုံ့ပြန်လိုက်သည်။

ကျောက်ယန်ဇီနှင့် သူ့နောက်မှ လူအုပ်ကို ငကြည့်ရင်း.....

"မောင်လေး...နင် အစိမ်းရောင်နယ်သာရဲ့ ပဉ္စမတပ်ခွဲကို စုစည်းနိုင်ပြီပေါ့.... "

ပဉ္စမတပ်ခွဲ၏ ပုန်ကန်တတ်သော သဘောသဘာဝကို သူမ သတိပြုမိသည်။ ယခုအခြေနေကိုကြည့်ခြင်းအားဖြင့် လီလော့ သည် ၎င်းတို့၏ခေါင်းဆောင်အဖြစ် ထိပ်ဆုံးတွင်ရပ်တည်နေမည်မှာ သေချာပါသည်။

"နောက်ပိုင်း အခက်အခဲတွေ ကြုံလာရရင် ငါတို့ကိုလာပြော...သေချာပေါက် ငါ့မောင်ကိုပံပိုးပေးမယ်...."

လီဖန်းရိသည် အရိပ်အမြွက်ပြောလိုဟန်ဖြင့်

ကျုံးလင်ဆီသို့ အကြည့်လိုက်သည်။

လီဖန်းရိ၏အကြည့်ကြောင့် ကျုံးလင် အနည်းငယ် အဆင်မပြေဖြစ်ခဲ့ရသည်။ လီဖန်းရိတို့မောင်နှမတွင် ဂုဏ်သိက္ခာရှိသော မိသားစုနောက်ခံများရှိသည့်အပြင် နှစ်ယောက်စလုံးကလည်း သက်ဆိုင်ရာတံခွန်အဖွဲ့များ၏ တံခွန်ကိုင်များဖြစ်ကြသည်။ထို့ကြောင့် လီကျင်းထောင်နှင့်လီဖန်းရိတို့သည် လူငယ်မျိုးဆက်များကြားတွင် ထွန်းတောက်သော ကြယ်ပွင့်များဖြစ်ကြပြီး အဆင့်အတန်းနှင့် ခွန်အားကလည်း သူ့ထက် သာလွန်သည်။

သူတို့သည် ယခု လီလော့ကို ထောက်ခံနေပြီဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ထုတ်ပြောနေပြီ။ အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ ၏တံခွန်ကိုင်ရွေးချယ်ခြင်းကို တိုက်ရိုက်ဝင်ရောက်စွက်ဖက်ခြင်းမပြုနိုင်သော်လည်း၊ ၎င်းသည် သူ့အပေါ် များစွာသောဖိအားများပေးနေဆဲပင်.....

ကျုံးလင် အတွေးထဲနစ်မြောနေစဉ် လူအုပ်ကြီးကြားကနေ အေးအေးလူလူ လမ်းလျှောက်လာနေသူတစ်ယောက်ကိုတွေ့လိုက်ရသည်။

"အစ်ကိုတျန်...!"

ကျုံးလင်က သူ့အတွက် ကယ်တင်ရှင်ရောက်လာသလိုပဲ ချက်ချင်းအော်လိုက်သည်။

လူတိုင်း၏အကြည့်များက အဖြူရောင်ဝတ်လူငယ်ဆီ ဦးတည်သွားကြသည်။

လီဖန်းရိကတော့ ထိုသူကိုမြင်ကတည်းက မျက်မှောင်ကြုံ့နေလေ၏။

အဖြူရောင်ဝတ်လူငယ်သည် ရွှေအလင်းခန်းမ၏ တံခွန်ကိုင် တျန်ဖုန်းရှန်မှလွဲ၍ အခြားမဟုတ်ပေ။

တျန်ဖုန်းရှန်သည် လူငယ်မျိုးဆက်များကြားတွင် စစ်မှန်သော ခေါင်းဆောင်ဖြစ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် နဂါး၏အစွယ်ကလန်သားများကို ကျော်တက်သွားသော အခြားမျိုးရိုးဖြစ်နေသောကြောင့်ပင်....

ထို့ကြောင့် သူ၏ ဂုဏ်သတင်းနှင့် ရပ်တည်မှုကို လီကျင်းထောင်နှင့် လီဖန်းရိတို့ပင်မယှဉ်နိုင်ပေ။

လူအုပ်၏အကြည့်များအောက်တွင် တျန်ဖုန်းရှန်သည် ထူးထူးခြားခြားအသွင်အပြင်ဖြင့် ရင်ပြင်ထဲသို့ ဝင်လာကာ ကျုံးလင်အား နွေးထွေးစွာပြုံးပြကာ လီကျင်းထောင်နှင့် လီဖန်းရိကို ယဉ်ကျေးစွာ လက်ဝှေ့ယမ်းပြသည်။

လီကျင်းထောင်က ယဉ်ကျေးသိမ်မွေ့စွာဖြင့် ပြုံးပြုံးရွှင်ရွှင် တုံ့ပြန်ခဲ့ပြီး လီဖန်းရိကတော့ အေးစက်စွာ လျစ်လျူရှုခဲ့သည်။

တျန်ဖုန်းရှန်က ဒါကို ဂရုမစိုက်ဘဲ အစိမ်းရောင်နယ်သာ ဘက်ခြမ်းက လီလော့ဘက်ကို လှည့်ပြီး ပြုံးပြနေသည်။

"မင်းက ပြင်ပတိုက်ကြီးက ပြန်လာပြီး နဂါးငွေ့တန်းကိုးသွယ်စမ်းသပ်မှုကို ရှင်းပစ်ခဲ့တဲ့ တတိယသခင်ရဲ့သား လီလော့မလား...."

All Chapters