နတ်ဆိုးလှိုဏ်ဂူသို့ ပထမဆုံးအကြိမ်ဝင်ရောက်ခြင်း......
Vol. 55 Ch. 767
မကြာမီမှာပင် အနက်ရောင်ခန်းမဘေးဘက်ရှိ ရောင်စုံကန့်လန့်ကာက သူ့အာရုံကို ဖမ်းစားလိုက်သောကြောင့် လီလော့၏ အကြည့်များ ရွှေရောင်တိုင်များမှ ရွေ့လျားသွားသည်။ အနီးကပ်ကြည့်သောအခါ၊ နတ်ဆိုးလှိုဏ်ဂူတွကးင် တံခွန်နှစ်ဆယ်န၏ တိုးတက်မှုကို ယနေ့အထိ အသေးစိတ်ဖော်ပြထားသည်။
ပထမ.... နဂါးသွေးကလန်၏ ရွှေသွေးတံခွန်အဖွဲ့.... အလွှာ ၄၃.....
ဒုတိယ...နဂါးကြေးခွံကလန်၏ မြင့်မြတ်သောအကြေးခွံတံခွန်အဖွဲ့ အလွှာ ၄၃....
ပဉ္စမ... နဂါးစွယ်ကလန်၏ ရွှေအလင်းတံခွန်အဖွဲ့..အလွှာ ၃၉....
စာရင်းကိုဆက်လက်ဖတ်ရှုကြည့်သည့်အခါ ခရမ်းဝိဉာဉ်တံခွန်အဖွဲ့ နှင့် ကြက်သွေးတိမ်တိုက်တံခွန်အဖွဲ့တို့တွေ အလွှာ ၃၅အထိရောက်ခဲ့သည်ကိုသိခဲ့ရသည အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ကတော့ အဆင့် ဆယ့်လေးတွင် ရှိနေသည်။
၎င်းသည် လက်ရှိတွင် အလွှာနှစ်ဆယ့်ခုနစ်၏ စံချိန်ကို ထိန်းသိမ်းထားသည်။
အောက်ခြေအဆင့်ရှိ အခြားသောတံခွန်အဖွဲ့များသည် နဂါးရိုးကလန်နှင့် နဂါးဦးချိုကလန်တို့မှ ဖြစ်သောကြောင့် ၎င်းမှာ အမှန်တကယ်ပင် စွမ်းဆောင်ရည်ညံ့ဖျင်းပါသည်။ ထိုကလန်များသည် တိုက်ရိုက်မျိုးရိုးများမဟုတ်ကြဘဲ အားနည်းသောအခြေခံအုတ်မြစ်များရှိသောကြောင့် ၎င်းတို့ကို အခြားကလန်သုံးခုက ဖိနှိပ်ထားခဲ့သည်။
သူ့အဖေ အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ကို ဦးဆောင်နေချိန် ထင်ရှားတဲ့အတိတ်ကို တွေးကြည့်ရင် ဒီလိုကလန်တွေရဲ့ အဆင့်ကိုရောက်သွားတာ သူတို့အတွက် တကယ်ရှက်စရာကောင်းပေသည်။
သူ့အဖေ ထွက်ခွာသွားတာက အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ အတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်ခဲ့သည်။
"ဘယ်လောက်ကွာခြားလိုက်သလဲ" လီလော့ ရေရွတ်လိုက်သည်။
အပေါ်ဆုံးတံခွန်အဖွဲ့အနည်းငယ်သည် အလွှာလေးဆယ်ဝန်းကျင်ဖြစ်ပြီး ရွှေအလင်းတံခွန်အဖွဲ့က အလွှာသုံးဆယ့်ကိုးတွင်ရှိသည်။ အခြားတစ်ဖက်တွင်၊ အစိမ်းရောင်နယ်သာတံခွန်အဖွဲ့သည် အလွှာနှစ်ဆယ့်ခုနစ်တွင်သာ ရှိသေးသဖြင့် အထင်သေးခံရသည်မှာ အံ့သြစရာမဟုတ်ပေ။
လီကျင်းထောင် ဦးဆောင်သော ခရမ်းဝိဉာဉ်တံခွန်အဖွဲ့ နှင့် လီဖန်းရိ ဦးဆောင်သော ကြက်သွေးတိမ်တိုက်တံခွန်အဖွဲ့ကိုပင် ရွှေအလင်းတံခွန်အဖွဲ့က နောက်ကောက်ချန်ခဲ့သည်။
ဤမျှ ကြီးကျယ်ခမ်းနားသော အောင်မြင်မှုကြောင့် တျန်ဖုန်းရှန် အလွန်ဂုဏ်ယူ၍ ဘဝင်မြင့်နေသည်မှာ အံ့သြစရာမဟုတ်ပေ။
မည်သို့ပင်ဆိုစေကာမူ လီလော့၏ စစ်မှန်သောဆန္ဒမှာ ဂူအတွင်းမှ နတ်ဆိုးများကို တိုက်ခိုက်ခြင်းဖြစ်ပြီး ၎င်းထံမှ အဲ့မိုကွမ်းစွမ်းအင် မည်မျှရနိုင်သည်ကို ကြည့်ရှုရန်ဖြစ်သည်။ ဒါက သူ့ရဲ့ ကျင့်ကြံမှုအရှိန် တိုးတက်မှုအတွက် အရေးပါသည်။
ထို့ကြောင့် သူသည် လီကျင်းထောင်နှင့်လီဖန်းရိတို့နှင့် စကားလက်ဆုံကျပြီး အစိမ်းရောင်နယ်သာတံခွန်အဖွဲ့သို့ ပြန်သွားခဲ့သည်။
သူက ကျောက်ယန်ဇီဆီကို ဦးတည်သွားပြီး
.... "ငါတို့ အလွှာနှစ်ဆယ့်ရှစ်ကို စိန်ခေါ်မယ်..."
ကျောက်ယန်ဇီက..... "နတ်ဆိုးလှိုဏ်ဂူက တစ်ကြိမ်ကို သုံးရက်လောက်ဖွင့်တယ်....အရင်တခေါက် နောက်ဆုံးနေ့က အလွှာနှစ်ဆယ့်ရှစ်ကို ရောက်ခဲ့တယ်.... ရှင်သိတဲ့အတိုင်း ပဉ္စမတပ်ခွဲက အဲဒီတုန်းက တပ်ခွဲခေါင်းဆောင်ကိုတောင် မရွေးချယ်ထားဘူးဆိုတော့ အကုန်ဖရိုဖရဲဖြစ်ကုန်တာ...."
"ဒါပေမယ့် ငါတို့က အရည်အချင်းမရှိတာမဟုတ်ဘူးနော်.... အဓိက အကြောင်းအရင်းကတော့ နဂါးရိုးကလန်ရဲ့ ဒုတိယတပ်ခွဲဖြစ်တဲ့ သံမဏိအရိုးတံခွန်အဖွဲ့နဲ့ တွေ့ခဲ့ကြလို့ပါ.... ငါတို့တွေ သူတို့နဲ့ ရန်ဖြစ်ခဲ့ကြတာမို့ တိုးတက်မှု နှောင့်နှေးစေခဲ့တယ်....."
ထိုအချိန်တွင် လီလော့ အံ့ဩသွားသည်။
"ငါတို့ နတ်ဆိုးလှိုဏ်ဂူမှာ တခြားတံခွန်အဖွဲးတွေနဲ့ တွေ့ကြမှာလား....."
ကျောက်ယန်ဇီက ခေါင်းညိတ်ပြီး..... "ပထမနှစ်ရက်မှာ တခြားတံခွန်အဖွဲ့တွေနဲ့ မတွေ့ရပေမယ့် သုံးရက်မြောက်နေ့မှာ ဂူရဲ့ယန္တရားတွေ ပြောင်းလဲသွားလိမ့်မယ်.... အဲဒီကာလမှာ အလွှာတစ်ခုတက်တိုင်း တခြားတံခွန်အဖွဲ့တွေနဲ့ ကြုံတွေ့ရနိုင်တယ်...."
"ဒါက ကံပေါ်မှာပဲ မူတည်တယ်....ကံမကောင်းရင် ရွှေသွေးတံခွန်အဖွဲ့ရဲ့ ပထမတက်ခွဲနဲ့ကြုံနိုင်တယ်.... ဒီလိုဖြစ်ရင် အရှုံးပေးလိုက်တာ ပိုကောင်းလိမ့်မယ်....."
လီလော့ အံသြသွားသည်။တံခွန်များကြားတွင် ပြိုင်ဆိုင်မှုများ မြှင့်တင်ရန် ဤကဲ့သို့သော ယန္တရားတစ်ခုကို ရှင်းရှင်းလင်းလင်း ချမှတ်ထားသည်။
"နတ်ဆိုးလှိုဏ်ဂူရဲ့ အဆင့်သတ်မှတ်ချက်ကိုအချိန်တိုင်း ပြန်လည်သတ်မှတ်တာလား..."ဟု လီလော့က စိတ်ဝင်တစား မေးသည်။
"မဟုတ်ဘူး"
"ဒါဆိုရင် အချိန်နဲ့အမျှ ကြိုးစားနေသရွေ့ ငါတို့ ကျော်ဖြတ်နိုင်မှာပေါ့..."
"ဟုတ်တော့လည်း ဟုတ်တယ်... ဒါပေမယ့် အလွှာ ခုနစ်ဆယ့်နှစ်လွှာလုံးကို ရှင်းပစ်ဖို့ ဒီလိုနည်းလမ်းသုံးမယ်ဆို မှတ်တမ်းတင်ထားတဲ့ရွှေရောင်ကျောက်စာတိုင်ဆယ့်သုံးတိုင်ကို လျှော့တွက်လိုက်တာပဲ"
ကျောက်ယန်ဇီက ရွှေရောင်ကျောက်စာတိုင်များကို ညွှန်ပြရင်း ရယ်မောလိုက်သည်။
လီလော့ ခေါင်းညိတ် သဘောတူလိုက်သည်။ နှစ်ပေါင်းများစွာကြာပြီးနောက် အလွှာပေါင်း ခုနစ်ဆယ့်နှစ်လွှာကို အောင်နိုင်ခဲ့သော တံခွန်အဖွဲ့မှာ ဆယ့်သုံးခုသာ ရှိသည်။ တကယ်သာ လွယ်တယ်ဆိုရင်တော့ အဖွဲ့နှစ်ဆယ်စလုံး အရင်တုန်းကတည်းက အောင်မြင်နေလောက်ပြီ.....
"ခေါင်းဆောင်..... ပထမတပ်ခွဲခေါင်းဆောင် ကျုံးလင်က သုံးရက်အတွင်း အလွှာနှစ်လွှာကို ရှင်းမယ်လို့ ကြွေးကြော်ထားတယ်.... သူက တံခွန်နှစ်ဆယ်ကြားမှာ သူ့ဂုဏ်သတင်းကို တည်ဆောက်ပြီး အနာဂတ်မှာ တံခွန်ကိုင်ဖြစ်ဖို့ လမ်းကြောင်းခင်းနေတာ...."
"ခေါင်းဆောင်လည်း တံခွန်ကိုင်ရာထူးကို စိတ်ဝင်စားတယ်ဆိုရင် အခုကတည်းက ပြင်ဆင်သင့်တယ်....တံခွန်ကိုင်ဖြစ်ဖို့ဆို လက်အောက်ငယ်သားတွေရဲ့စိတ်နှလုံးသားကိုသိမ်းပိုက်နိုင်မှဖြစ်မယ်...ဒါဆို ရှင့် လက်အောက်မှာ စည်းစည်းလုံးလုံးနဲ့ ညီညီညွတ်ညွတ်ရှိဖို့က ပိုပြီး လွယ်ကူလာမှာဖြစ်ပြီး သူ့ရဲ့ စွမ်းပကားက ကြီးမားလာပါလိမ့်မယ်....."
လီလော့ သူမ၏သတိပေးချက်ကိုကြားပြီးနောက် ခေါင်းညိတ်လိုက်သည်။ သေချာတာကတော့ တံခွန်နှစ်ဆယ်ရဲ့ စွမ်းအားက ထူးခြားပေသည်။ ဒါဟာ တစ်ဦးချင်းစီထက် စုပေါင်းအားစိုက်မှုကိုအလေးပေးသော သဘောပင်.... လူတိုင်းရဲ့ နှလုံးသားကို စည်းလုံးနိုင်ရင် ဒါဟာ ကြီးမားတဲ့ တွန်းအားတစ်ခု ဖြစ်လာမှာ သေချာသည်။
ဒီလိုလုပ်ဖို့ အလွယ်ဆုံးနည်းလမ်းကတော့ နတ်ဆိုးလှိုဏ်ဂူကို အောင်မြင်အောင်ရှင်းလင်းခြင်းပင်....
ထိုသို့လုပ်ဆောင်ခြင်းသည် အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ သားတိုင်းကို အကျိုးရှိစေမည်ဖြစ်သည်။ သဘာဝအားဖြင့်၊ အောင်နိုင်မှုတွင် အကြီးမားဆုံးပံ့ပိုးကူညီသူသည် တံခွန်အဖွဲ့ဝင်များကြားတွင် အမြင့်ဆုံးဂုဏ်သိက္ခာကို ရရှိမည်ဖြစ်သည်။
ကျုံးလင်လည်း အလားတူတွေးနေခဲ့တာဖြစ်တာကြောင့် နတ်ဆိုးလှိုဏ်ဂူကို ရှင်းဖို့ သူ့ကြိုးစားအားထုတ်မှုအားလုံးကို ရင်းနှီးနေခြင်းပင်.....
လီလော့ နဂါးငွေ့တန်းကိုးသွယ်ကျင့်စဉ်ကိုရရှိပြီးနောက် ကျုံးလင်သည် သူ့ကို တံခွန်ကိုင် ရာထူးအတွက် အဓိကပြိုင်ဘက်အဖြစ် အသိအမှတ်ပြုခဲ့ရပုံရသည်။
တံခွန်ကိုင်ရာထူးအတွက် ပြိုင်ဆိုင်မှုတွေ စတင်နေပြီဖြစ်သည်......
သို့သော်လည်း ကြောက်နေစရာမလိုပေ။ ကျုံးလင်လို ပါမွှားတစ်ယောက်ကို မကိုင်တွယ်နိုင်လျှင် နဂါးကလန်တွင် သူ့အတွက် အနာဂတ်ရှိမည်မဟုတ်ပေ။
လီတိုင်ရွှမ်၏သားဖြစ်သော သူ့ကို စောင့်ကြည့်နေသူ အများအပြားရှိသည်။ ကျုံးလင် ကိုပင် မထိန်းနိုင်လျှင် လီတိုင်ရွှမ် သားသည် မည်မျှ အရည်အချင်းမပြည့်မီသည်ကို လှောင်ပြောင်မည်မှာ သေချာသည်။
လီလော့ ထိုအချက်ကို တွေးတောနေစဉ်တွင် နတ်ဆိုးတောင်ထွတ် အထက်ကောင်းကင်မှ အလင်းတန်းများစွာ ဆင်းသက်လာသည်။
အနက်ရောင် ၀တ်စုံဝတ် လူကြီး အများအပြားသည် လေးနက်သော မျက်နှာများဖြင့် အလင်းတန်းများထဲမှ ထွက်လာကြသည်။သူတို့တွေ ရင်ပြင်ကို လှမ်းကြည့်လိုက်တော့ စကားသံတွေငြိမ်သက်သွားလေသည်။
သူတို့သည် နတ်ဆိုးလှိုဏ်ဂူဖွင့်ပွဲကို ဦးစီးကျင်းပပေးမည့် အကြီးအကဲများဖြစ်သည်။
အဖွင့်အမှာစကားတွေကိုထပ်ခါတလဲလဲပြောမနေကြတော့ဘဲ လက်များကိုဝှေ့ယမ်းကာ အနက်ရောင်တံခါးချပ်စီစွမ်းအားများပို့လွှတ်လိုက်ကြသည်။
ဝုန်းးးးးးးး
တစ်ချိန်က တင်းတင်းကျပ်ကျပ် ပိတ်ထားသော တံခါးများ လူအုပ်ရှေ့တွင် ဖြည်းညှင်းစွာ ပွင့်လာသည်။
တံခါးများ၏နောက်ကွယ်တွင် အဆုံးသတ်ကိုမမြင်နိုင်သော လမ်းကြောင်းတစ်ခုသဖွယ် ကြီးမားသောစွမ်းအင်ရေလှိုင်းကြီးတစ်ခုရှိသည်။
စွမ်းအင်ရေဝဲများ ပေါ်လာသောအခါ၊ တျန်ဖုန်းရှန်သည် ရွှေအလင်းတံခွန်အဖွဲ့ကို ဦးဆောင်ကာ ၎င်းထဲသို့ ဝင်သွားလေသည်။
ထို့နောက် ခရမ်းဝိဉာဉ်တံခွန်အဖွဲ့ နှင့် ကြက်သွေးတိမ်တိုက်တံခွန်အဖွဲ့တို့လည်း ရှေ့ဆင့်နောက်ဆင့်ဝင်သွားကြသည်။
သူ မ၀င်ခင် လီဖန်းရိက လီလော့ကို အားပေးစကား ပြောခဲ့သေးသည်။
"သွားကြရအောင်... ပထမတပ်ခွဲကအဖွဲ့သားတွေ လိုက်ခဲ့ကြ!!!"
ကျုံးလင်က သူ့ပထမတပ်ခွဲအဖွဲ့ဝင်တွေနဲ့ ရှေ့ကို ချီတက်လာရင်း အမိန့်ပေးလိုက်သည်။
လီလော့သည် အဓိပ္ပါယ်မဲ့သောအသေးအဖွဲကိစ္စများအတွက် ကျုံးလင်နှင့်ယှဉ်ပြိုင်ရန် စိတ်မဝင်စားပေ။ သူသည် ပဉ္စမတပ်ခွဲကို အချက်ပြရန် လက်ကို ဝှေ့ယမ်းလိုက်ပြီး စွမ်းအင်ရေဝဒထဲသို့ ဝင်ရောက်သွားခဲ့သည်။
ထိုအချိန်တွင် သူသည် နတ်ဆိုးလှိုဏ်ဂူကို ပို၍ စိတ်ဝင်စားလာခဲ့သည်။
၎င်းသည် သူ၏ ပဲ့တင်ထပ်သံနန်းတော်နှစ်ခုကို နှောင်းပိုင်းနတ်ဆိုးနန်စတော် အဆင့်သို့ မြှင့်တင်ရန် သော့ချက်ဖြစ်သည်။
တောက်ပသော အလင်းတန်းတစ်ခု စွမ်းအင်ရေဝဲကို ဖြတ်လျှောက်သွားသောအခါ လီလော့ မျက်လုံးများ ပြာဝေနေသည်။
သတိပြန်ဝင်လာတော့ သူ့ပတ်ဝန်းကျင် ပြောင်းလဲသွားတာကို သိလိုက်ရသည်။ သူသည် ပြတ်ပြတ်သားသား ထိတွေ့၍မရသော ထူးခြားသော အရာများ ဝန်းရံထားသည့် ကျွန်းတစ်ကျွန်းပေါ်သို့ရောက်နေပြီဖြစ်သည်။
ဤသည်မှာ နတ်ဆိုးလှိုဏ်ဂူ ဖြစ်သည်။
လီလော့၏နောက်ကွယ်မှ လေဟာနယ် ထရိုဖရဲဖြစ်သွားပြီး အရိပ်များ ထွက်ပေါ်လာသည်။
၎င်းတို့သည် ပဉ္စမတပ်ခွဲမှ အဖွဲ့သားများဖြစ်သည်။
ကျောက်ယန်ဇီသည် လီလော့ အနားသို့ ပေါ့ပေါ့ပါးပါး ဆင်းသက်လာပြီး သူတို့၏ ရှေ့ကို ညွှန်ပြလိုက်သည်။
"ဒါကိုတွေ့လား တပ်ခွဲခေါင်းဆောင်..... အဲဒါတွေက နတ်ဆိုးတွေပဲ....ဒီကျွန်းပေါ်မှာ နတ်ဆိုးတွေ ထောင်နဲ့ချီပြီး ရှိနေပြီး သူတို့အားလုံးကို ဖယ်ရှားပစ်ရုံနဲ့ အဆင့်တက်နိုင်ပြီ.....”
လီလော့ သူမ ညွှန်ပြနေသည့်နေရာကို ကြည့်လိုက်ရာ ရှေ့ရှိ တောအုပ်ထဲတွင် မရေမတွက်နိုင်သော မီးခိုးရောင် အရိပ်များကို သတိပြုမိသည်။
ထိုအရိပ်များသည် ပေပေါင်းများစွာ ရှည်လျားပြီး ၎င်းတို့၏ ခန္ဓာကိုယ်ကို မီးခိုးရောင် အကြေးခွံများဖြင့် ဖုံးအုပ်ထားပုံရသည်။ သူတို့၏ မျက်နှာများက မှုန်ဝါးနေပြီး သိသိသာသာ ကြောက်မက်ဖွယ်ကောင်းနေသည်။
သို့သော် သူတို့ထံမှ ရင်းနှီးသော ခံစားချက်ကိုလည်း ခံစားနိုင်သည်။နတ်ဆိုးများသည် သူတို့၏ကိုယ်ခန္ဓာအတွင်းက အဲ့မိုကွမ်း စွမ်းအားများနှင့် အော်ရာခြင်းတူညီနေသည်။
လီလော့က အားရဝမ်းသာလျှာသပ်လိုက်ပြီး.....
"ဒီမှာ ထောင်ပေါင်းများစွာသော နတ်ဆိုးတွေကို ငါတို့ ချေမှုန်းပြီး သူတို့ရဲ့အဲ့မိုကွမ်း စွမ်းအားတွေကို စုဆောင်းထားမယ်ဆိုရင်... အလင်းတန်းတွေ ဘယ်လောက်အထိ ထပ်တိုးလာမလဲ"
ကျောက်ယန်ဇီက "သုံးလေးထောင်ဝန်းကျင်လောက်ပေါ့" လို့ ပြန်မဖြေခင် ခဏလောက်စဉ်းစားလိုက်သေးသည်။
လီလော့ အနည်းငယ် စိတ်ပျက်သွားသည်။ သုံးလေးထောင်မျှသော အဲ့မိုကွမ်းအလင်းတန်းများသည် အခြားသူများအတွက် မက်လောက်စရာဖြစ်သောလည်း သူ့အတွက်ကတော့ မဖြစ်စလောက်ပင်....ထို့အပြင်၎င်းတို့ကို အဖွဲ့သားထောင့်ငါးရာနှင့်ခွဲဝေရပေဉီးမည်။
ထို့ကြောင့် တစ်ယောက်လျှင် အလင်းတန်း နှစ်ခု၊သုံးခုမျှသာရရှိမည်။
မည်သို့ပင်ဆိုစေကာမူ ၎င်းသည် အလွှာနှစ်ဆယ့်ရှစ်မျှသာ ရှိသေးသည်။ လှိုဏ်ဂူအတွင်း ပိုမိုနက်ရှိုင်းစွာ စူးစမ်းလေ့လာခြင်းဖြင့် ပိုမိုအကျိုးရှိမည်မှာ သေချာပါသည်။
ကျောက်ယန်ဇီက လီလော့၏ စိတ်ထဲတွင် ဘာတွေရှိနေသည်ကို သိပုံရသဖြင့် ချိုသာစွာပြုံးကာ ကျွန်း၏နက်နဲရာဆီသို့ လက်ညှိုးထိုးပြကာ.....
"ခေါင်းဆောင်.....ဟိုမှာ နတ်ဆိုးနတ်ခေါင်းဆောင်တစ်ယောက် ရှိတယ်..သူ့ကိုရှင်းပစ်နိုင်ရင် ရှင်တစ်ယောက်တည်း အလင်းတန်းတစ်ရာရရှိတယ်....."
လီလော့ ထိုစကားကိုကြားတော့ အံ့အားသင့်သွားသည်။
အဲ့မိုကွမ်းအလင်းတန်း တစ်ရာသည် အဆင့်မြင့်မူလနတ်ဆိုးဆေးလုံး ဒါဇင်ပေါင်းစွာနှင့်ညီမျှသည်။
ထိုအကြောင်းကို တွေးလိုက်သောအခါတွင် လှုံ့ဆော်မှု အရှိန်အဟုန်ကို ရုတ်တရက် ခံစားလိုက်ရသည်။ထို့နောက်အဖွဲ့ဝင်များကို လက်ဝှေ့ယမ်းပြကာ....
"ငါ့နောက် လိုက်ခဲ့ကြ!!!"