တံခွန်အသက်သွင်းခြင်း....
Vol. 55 Ch. 768
ပဉ္စမတပ်ခွဲသည် အဖွဲ့သုံးဖွဲ့ခွဲ၍ ထောင်ပေါင်းများစွာသော နတ်ဆိုးများထံချီတက်သွားခဲ့သည်။ ရာနှင့်ချီသော ဓားသွားများကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အင်အားများဖြင့် နတ်ဆိုးများကို ဖောက်ကာ ထူထပ်သော တောအုပ်အတွင်း လမ်းကြောင်းရှင်းခဲ့သည်။
ပဲ့တင်ထပ်သံစွမ်းအားများသည် အရောင်အမျိုးမျိုးရှိသော အချက်ပြအလင်းတန်းများသဖွယ် လေထဲသို့ ပျံတက်နေသည်။
ပြင်းထန်သောတိုက်ခိုက်မှုနှင့်ရင်ဆိုင်ရသော်လည်း ထောင်သောင်းမကသောနတ်ဆိုးများသည် စိတ်လှုပ်ရှားမှုမရှိဘဲ အလျင်အမြန်ရှေ့တက်လာကြသည်။ ပြင်းထန်သောတိုက်ပွဲကြောင့် တကျွန်းလုံးတုန်ခါနေသည်။
လီလော့နှင့်ကျောက်ယန်ဇီ၊မုဘီနှင့်လီရှိတို့က ရှေ့တန်းမှ ဦးဆောင်ခဲ့သည်။ လီလော့သည် သူ့လက်ထဲတွင် ကျင်းစဲ့ယွီရှန်းဓားကို ကိုင်ဆောင်ထားပြီး သူ၏ခြေရင်းအောက်တွင် လျှပ်စီးတန်းများတဖြတ်ဖြတ်လင်းလက်နေကာ ခဏအတွင်း သူသည် နတ်ဆိုးများရှေ့တွင် ပေါ်လာသည်။
ပဲ့တင်ထပ်သံနှစ်ခု၏ပေါင်းစပ် စွမ်းအားသည် သူ့လက်ထဲတွင်ရှိသော ဓါးရိုးတစ်ဝိုက်တွင် အရိပ်ကဲ့သို့ ဖြစ်ပေါ်လာပြီး ဆူညံသောအသံများမြည်ဟီးလာသည်။ နတ်ဆိုး၏ ပြင်းထန်သော လက်သီးချက်ကို ဓားဖြင့်တိုက်ရိုက်ခုခံလိုက်သည်။
ဓားသွားက နတ်ဆိုး၏ညာဘက်သို့ ထိုးဖောက်ဝင်ရောက်ကာ ၎င်း၏ခန္ဓာကိုယ်ကို အပိုင်းပိုင်းဖြတ်တောက်သွားခဲ့သည်။
နတ်ဆိုး ရှုံးနိမ့်သွားသောအခါတွင်၊ အဲ့မိုကွမ်းစွမ်းအင်များ လေထဲသို့ ပျံတက်သွားသည်။
နတ်ဆိုးတွေမရေမတွက်နိုင်အောင်ကျန်နေသေးပြီး ၎င်းတို့အားလုံးကို ရှင်းပစ်ရန် အမှန်တကယ်ပင် အင်အားစိုက်ထုတ်ရပေမည်။
"တပ်ခွဲခေါင်းဆောင်၊ ဒါလေးတွေက သာမာန်နတ်ဆိုးတွေပဲ.... ဧရာမနတ်ဆိုးတွေက နောက်မှပေါ်လာမှာသေချာတယ်...ဧရာမနတ်ဆိုးတွေက ငွေနတ်ဆိုးခန္ဓာအဆင့်နဲ့ ယှဉ်နိုင်တယ်..... အဲဒါတွေကို မြန်မြန်မရှင်းပစ်ရင် သူတို့က တခြားတံခွန်အဖွဲ့ဝင်တွေအတွက် ခြိမ်းခြောက်မှုတွေဖြစ်လာလိမ့်မယ်..."ဟု မုဘီက အဝေးကနေ သတိလှမ်းပေးနေသည်။
"ဧရာမနတ်ဆိုးတွေ???? ငွေနတ်ဆိုးခန္ဓာအဆင့် ?"
လီလော့၏ မျက်လုံးများ အံ့သြမှုကြောင့် တောက်ပလာသည်။
ပြင်းထန်သော တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလာသည်နှင့်အမျှ ပဲ့တင်ထပ်သံစွမ်းအား ရောင်ခြည်များ အထပ်ထပ် အခါခါ ပေါက်ကွဲ လာသည်။
နတ်ဆိုးများသည် အရေအတွက် အားသာချက်ရှိသော်လည်း ပဉ္စမတပ်ခွဲကလည်း အားနည်းသည်မဟုတ်ပေ။ သူတို့၏ကျွမ်းကျင်သောပူးပေါင်းဆောင်ရွက်မှုနှင့် အံ့သြဖွယ်ကောင်းသော အရှိန်အဟုန်တို့ကြောင့် နတ်ဆိုးအရေအတွက်ကို လျှော့ချခဲ့ကြသည်။ ဆန့်ကျင်ဘက်အားဖြင့် ၎င်းတို့သည် ယခုအချိန်အထိ တံခွန်အဖွဲ့ဝင် ဆယ်ဦးခန့်သာ ဆုံးရှုံးခဲ့သည်။
ကံမကောင်းစွာဖြင့် ဒီအခြေအနေက ကြာရှည်မခံခဲ့ပေ။
ဒိုင်း!
ပြင်းထန်သော တိုက်ပွဲတွင်၊ ထိတ်လန့်တုန်လှုပ်ဖွယ် စွမ်းအင်ရောင်ခြည်ဆယ်ခုသည် ရုတ်တရက် လှိုင်းလုံးများအဖြစ် ထွက်ပေါ်လာပြီး တံခွန်အဖွဲ့ဝင် ဒါဇင်ပေါင်းများစွာကို အဝေးသို့ လွင့်စင်စေခဲ့သည်။
လီလော့ ဖြစ်ပျက်ခဲ့သည်များကို ကြည့်ရှုရန် လှည့်ကြည့်သောအခါတွင် အလွန်ကြီးမားသော နတ်ဆိုးတစ်စုကို တွေ့လိုက်ရသည်။ သူတို့တွင် စွမ်းအားကြီးမားသော စွမ်းအင်များစီးဆင်းနေသော ငွေရောင်ကိုယ်ထည်များရှိသည်။
"သူတို့က မုဘီ စောစောကပြောခဲ့တဲ့ ဧရာမနတ်ဆိုးကြီးတွေ ဖြစ်ရမယ်....."
"နှောင်းပိုင်းနတ်ဆိုးနန်းတော်အဆင့် တံခွန်အဖွဲ့ဝင်များ၊ ဆယ်ယောက်တစ်ဖွဲ့ ဖွဲ့ပြီး ဧရာမနတ်ဆိုးတွေကို ဝန်းရံထားကြ! တခြားသူတွေက သာမာန်နတ်ဆိုးတွေကို ဆက်ရှင်းပစ်ကြ!”
လီလော့က ဤနေရာတွင် လူသစ်ဖြစ်သောကြောင့် ကျောက်ဇီယန်ကသာညွှန်ကြားချက်များပေးခဲ့ရသည်။ သူနှင့်မရင်းနှီးသေးသောကြောင့် ထိုသို့သောအခြေအနေမျိုးတွင် အတွေ့အကြုံရှိသောသူ အမိန့်ပေးခြင်းက ပိုကောင်းမည်ဖြစ်သည်။ယခင်ကတည်းကဒီအကြောင်း ဆွေးနွေးခဲ့ကြပြီး လီလော့နှင့် သဘောတူညီမှုယူထားကြသည်။
ကျောက်ယန်ဇီ၏အမိန့်ကိုလိုက်နာပြီး ပဉ္စမတပ်ခွဲ၏အထက်တန်းလွှာများ ဆယ်ယောက်တစ်ဖွဲ့စီ စုဝေးနေကြသည်။ သူတို့သည် နှောင်းပိုင်းနတ်ဆိုးနန်းတော်အဆင့်သို့ ရောက်ရှိခဲ့ပြီး ကျန်သူများထက် ပိုမိုအားကောင်းခဲ့သည်။
သို့သော်လည်း ဤသည်မှာ အန္တရာယ်ရှိသော လှုပ်ရှားမှုတစ်ခုဖြစ်သည်။မည်သို့ပင်ဆိုစေ
ဧရာမနတ်ဆိုးများသည် ငွေနတ်ဆိုးခန္ဓာအဆင့်တွင်ရှိခဲ့သည်။ ဒါကြောင့် သူတို့မှာ လူဉီးရေအားသာချက်တွေရှိပေမဲ့ သတိလက်လွတ်ဖြစ်မိရင် ဒဏ်ရာအပြင်းအထန်ရသွားပါလိမ့်မည်။
ဧရာမနတ်ဆိုးများပေါ်လာသည်နှင့်တပြိုင်နက် ပဉ္စတပ်ခွဲမှ အဖွဲ့ဝင်များ ဆုံးရှုံးသွားသည်မှာ ထင်ရှားသည်။
ထို့အပြင်၊ လီလော့သည် အဝေးမှ စစ်မြေပြင်သို့ ပြေးလာနေသော နတ်ဆိုးကြီးများကို ပို၍ သတိပြုမိသည်။
ဤရုန်းရင်းဆန်ခတ်မှုသည် အလွှာနှစ်ဆယ့်ရှစ်ရှိ နတ်ဆိုးအားလုံးကို တပ်လှန့်လိုက်သလိုပင်.....
ကျောက်ယန်ဇီ၊ လီရှိ နှင့် မုဘီတို့က ဧရာမနတ်ဆိုးတစ်ကောင်ကို ထောင်ချောက်ဆင်နိုင်ခဲ့ပြီး သုံးယောက်ထဲတွင် အသန်မာဆုံးဖြစ်သော လီရှီက ထိုနတ်ဆိုးကိုရွှေလှံနှင့် အကြိမ်ကြိမ်ထိုးသတ်ခဲ့သည်။ တိုက်ခိုက်မှုတစ်ခုစီတိုင်းသည် ဧရာမနတ်ဆိုး ၏ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်ပြီး ၎င်း၏ကြံ့ခိုင်မှုကို ဖြည်းဖြည်းချင်း ယုတ်လျော့စေသည်။
တစ်ဖက်တွင်မူ မုဘီသည် ကာကွယ်ရေးဘက်သို့ ဦးတည်နေပြီး ခြေလှမ်းတစ်ချက်မျှမရွေ့ဘဲ ဧရာမနတ်ဆိုးများထံမှ မရေမတွက်နိုင်သော ရိုက်နှက်မှုများကို ရယူခဲ့သည်။
လီလော့ လွန်ခဲ့သည့်အခိုက်အတန့်ကလို မသက်သာတော့ပေ။ နတ်ဆိုးလှိုဏ်ဂူစမ်းသပ်ချက်များက သူထင်ထားသည်ထက် ပိုခက်ခဲသည်။
ထို့အပြင်၊ ဤသည်မှာခရီးစဉ်၏ပထမဆုံးနေ့ဖြစ်သည်။ လာမယ့်နှစ်ရက်အတွင်း ပိုပြင်းထန်လာမှာ သေချာသည်။
သဟဇာတဖြစ်မှုကို နတ်ဆိုးခေါင်းဆောင် အတွက် သိမ်းထားခဲ့ရပြီး ဒီနေရာမှာ အသုံးမချနိုင်သေးပေ။အဖွဲ့သားများ၏စွမ်းအားကိုချေးငှားခြင်းသည် အစွမ်းထက်လှသော်လည်း ၎င်းသည် ကြာရှည်စွာအသုံးပြုနိုင်သည့် အရာမဟုတ်သလို အသုံးပြုမှုတစ်ခုပြီးတိုင်း လုံးလုံးလျားလျား ကုန်ဆုံးသွားမည်ဖြစ်သည်။
ဝုန်းးးးး
လီလော့ အတွေးများနေစဉ် မလှမ်းမကမ်းတွင် ပဲ့တင်ထပ်သံစွမ်းအားတစ်ခု ထပ်မံပေါက်ကွဲသွားသည် ။ ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးကြီးနှစ်ကောင်သည် ၎င်းတို့၏ခန္ဓာကိုယ်တစ်ဝိုက်တွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များခြုံလွှမ်း၍ လေမုန်တိုင်းတခုစဖွယ်ရွေ့လျားလာနေသည်။၎င်းနှင့် ထိမိသော တံခွန်အဖွဲ့ဝင်များသည် အဝေးသို့ လွင့်ပျံသွားကြပြီး သွေးအန်က တိုက်ပွဲမှ ဆုတ်ခွာသွားကြသည်။
ကျောက်ယန်ဇီနှင့် အခြားသော အထက်တန်းအဆင့် တံခွန်အဖွဲ့ဝင်များသည် ကိုယ်စီတိုက်ပွဲများဆင်နွှဲနေရသဖြင့် ဧရာမ နတ်ဆိုးကြီးနှစ်ကောင်၏ သောင်းကျန်းမှုကို ရပ်တန့်ရန် အနီးနားတွင် မည်သူမျှမရှိပေ။
ဒါကိုမြင်တော့ လီလော့က ကျင်းစဲ့ယွီရှန်းဓားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး သူတို့ကို ထိပ်တိုက်ရင်ဆိုင်ဖို့ ပြေးထွက်လာခဲ့သည်။
"တပ်ခွဲခေါင်းဆောင်၊ မဆင်မခြင်မလုပ်နဲ့!" လီရှိက လီလော့ လှုပ်ရှားတော့မည်ကိုမြင်သောအခါ အလျင်အမြန်သတိပေးလိုက်သည်။
ကျောက်ယန်ဇီနှင့် မုဘီတို့လည်း ထိတ်လန့်သွားကြသည်။ ဧရာမနတ်ဆိုးတစ်ကောင်ကို ဆန့်ကျင်ဖို့ သူတို့ သုံးယောက်ရဲ့ ပေါင်းစပ်အားထုတ်မှုကို လိုအပ်နေချိန်တွင် လီလော့က နတ်ဆိုးကြီးနှစ်ကောင်ကို တစ်ယောက်တည်း တိုက်ခိုက်ဖို့ စိတ်ကူးနေတာလား.....
လီလော့သည် လေ့ကျင့်ရေးကွင်းတွင် ငွေနတ်ဆိုးခန္ဓာအဆင့်ကို ထိခိုက်ပျက်စီးစေသည့်စွမ်းရည်ကို ပြသခဲ့သော်လည်း ၎င်းမှာ မြို့စားအဆင့်ပညာရပ်ဖြင့် သူ၏စွမ်းအားအားလုံးကို အသုံးပြုခဲ့ရသည်။
လက်ရှိတွင် ဧရာမနတ်ဆိုးနှစ်ကောင်နှင့်ရင်ဆိုင်ရင်း ခွန်အားရှိသမျှအကုန်ထုတ်သုံးလိုက်ပါက အခြားနတ်ဆိုးများ၏ပြင်းထန်သောတိုက်ခိုက်မှုကို ခံရမည်ဖြစ်သည်။
သို့သော်လည်း ယခုအချိန်တွင် အကူအညီပေးရန် နောက်ကျနေပြီဖြစ်သည်။ လျှပ်တစ်ပြက်အတွင်း သူ့ခြေဖဝါးအောက်မှ လျှပ်စီးကြောင်းများ ပေါ်လာသဖြင့် အလျင်မြန်ဆုံး နတ်ဆိုးကြီးတစ်ကောင်၏ ရှေ့တွင် ချက်ချင်းပေါ်လာသည်။
မှုန်ဝါးသောမျက်နှာနှင့် သံမဏိလိုကိုယ်ထည်ဖြင့်၊ ဧရာမနတ်ဆိုးသည် တောရိုင်းတိရစ္ဆာန်ကဲ့သို့ ဟိန်းဟောက်ကာ ကြောက်မက်ဖွယ်ကောင်းသော အသံလှိုင်းများဖြင့် လေထုကို ဖြိုခွဲပစ်လိုက်သည်။ ထို့နောက် လီလော့ဆီတဟုန်ထိုးပြေးလာကာ တိုက်ခိုက်လိုက်သည်။
လီလော့၏ မျက်လုံးများတွင် ဧရာမနတ်ဆိုး၏ပုံသဏ္ဍာန် ပို၍ကြီးမားလာသည်။ မည်သို့ပင်ဆိုစေကာမူ သူ့ဓားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ ကြောက်ရွံ့ခြင်းမရှိပေ။
ဝုန်းးးးး
ဧရာမနတ်ဆိုး ကျယ်လောင်စွာ အော်ဟစ်ပြီး ၎င်း၏ ကြီးမားသော လက်သီးကို လွှဲယမ်းလိုက်သည်။များပြားလှသောနတ်ဆိုးစွမ်းအင်များက ၎င်း၏ဧရာမလက်သီးပေါ်တွင် သံချပ်ကာကဲ့သို့ ရစ်ပတ်ထားသည်။
ဧရာမလက်သီးချက်၏ ထိုးဖောက်မှုကြောင့် မြေပြင် အက်ကွဲသွားသည်။
လီလော့ ဓားကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်ပြီး ဓါးသွားတစ်ဝိုက်တွင် ပဲ့တင်ထပ်သံအလင်းတန်းနှစ်ခုပေါ်လာသည်။
ထိုအချိန်တွင် ကျောက်ယန်ဇီတို့သုံးယောက် အံသြသွားကြသည်။
လီလော့ မြို့စားအဆင့်ပညာရပ်ကို အသုံးမပြုတော့ကြောင်း သူတို့ သဘောပေါက်သွားခဲ့သည်။
သူ့လို အစောပိုင်းနတ်ဆိုးခန္ဓာအဆင့်က မြို့စားအဆင့်ပညာရပ်မသုံးဘဲ ဧရာမနတ်ဆိုးကို မည်သို့ ရင်ဆိုင်နိုင်မည်နည်း။
သို့သော် ယခုအချိန်တွင် သူတို့အတွက် အရာရာ နောက်ကျနေပြီဖြစ်သည်။ သူတို့၏မျက်လုံးများရှေ့တွင်၊ လီလော့၏
ဓားနှင့် ဧရာမလက်သီးချက်တို့ တွေ့ဆုံနေကြပြီ.....
ပြင်းထန်သော စွမ်းအာနှစ်ခုတိုက်မိခြင်းကြောင့် မြေပြင်၌ပင် ပင့်ကူမျှင်ကဲ့သို့ အက်ကွဲကြောင်းများဖြစ်ပေါ်လာသည်။
လီလော့နှင့် နတ်ဆိုးတို့၏ အရိပ်များ အပြန်အလှန် ရောထွေးသွားကြသည်။
ကျောက်ယန်ဇီနှင့် အခြားသူများကို အံ့အားသင့်စေသည့်အရာမှာ လီလော့သည် ဧရာမနတ်ဆိုး၏လက်သီးနှင့် တချက်မျှမထိသေးဘဲ ယင်းအစား၊ ပဲ့တင်ထပ်သံစွမ်းအားနှစ်ခုလှည့်ပတ်နေသော သူ၏ဓားသည် ရန်သူ၏ထူထဲသော လက်မောင်းကို ဖြတ်တောက်ပစ်လိုက်သည်။
"ဘာလဲဟ?!" သူတို့သုံးယောက် အံ့အားသင့်သွားကြသည်။
လီလော့လို အစောပိုင်းနတ်ဆိုးခန္ဓာအဆင့်က ဧရာမနတ်ဆိုးကို ဘယ်လိုထိခိုက်စေခဲ့တာလဲ......
လီလော့ကို အနီးကပ်လေ့လာရင်း ကျောက်ယန်ဇီ၏ မျက်လုံးများ တောက်ပလာသည်။ လီလော့ရဲ့ ဓါးသွားတစ်ဝိုက်က အလင်းရောင်တွေထဲမှာ တိုက်ခိုက်မှုတွေကို အားကောင်းစေမယ့် အထူးစွမ်းအင်တစ်ခု စီးဆင်းနေတာကို သူမ တွေ့ရှိခဲ့သည်။
သူမ သေသေချာချာ ဆန်းစစ်ကြည့်တော့ ထိုအလင်းရောင်က သူတို့ရဲ့... မဟုတ်သေးဘူး....ပဉ္မမတပ်ခွဲ အဖွဲ့သားထောင့်ငါးရာရဲ့ပံ့ပိုးမှုတွေမလား....
"ဒါက..."
ကျောက်ယန်ဇီ၊ လီရှိနှင့် မုဘီတို့ အံ့သြတကြီးဖြင့် တစ်ယောက်ကိုတစ်ယောက်လှည့်ကြည့်လိုက်ကြသည်။
"တံခွန်အသက်သွင်းခြင်း! !!"
ရိုးရိုးရှင်းရှင်းပြောရလျှင် တံခွန်အသက်သွင်းခြင်းသည် တံခွန်အဖွဲ့တစ်ခု သို့မဟုတ် တပ်ခွဲတစ်ခုအတွက် ကောင်းချီးတစ်ခုဖြစ်သည်။ တံခွန်အဖွဲ့ဝင်များ၏ စွမ်းအားကို စုဆောင်းပြီး မိမိကိုယ်ကို မြှင့်တင်ရန် ၎င်းကို အသုံးချနိုင်သည်။
ယင်းသည် သဟဇာတဖြစ်ခြင်းစွမ်းအားနှင့် တူညီသော်လည်း အချိန်တိုအတွင်းသာ တည်တံ့နိုင်သည်။
ဆန့်ကျင်ဘက်အနေနှင့် တံခွန်အသက်သွင်းခြင်းသည် သဟဇာတဖြစ်ခြင်းထက် အားနည်းသော်လည်း အနီးနားတွင် တံခွန်အဖွဲ့ဝင်များရှိနေသရွေ့ အချိန်ပိုကြာအောင် ထိန်းထားနိုင်သည်။
လီလော့က တံခွန်အသက်သွင်းခြင်းကိုသုံး၍ ဧရာမနတ်ဆိုး၏လက်မောင်းကိုဖြတ်တောက်ပစ်လိုက်ခြင်းပင်.....
တစ်နည်းဆိုရသော် ထိုဓားချက်သည် ပဉ္စမတပ်ခွဲတစ်ခုလုံး၏ စွမ်းအားဖြင့် ပေါင်းစပ်ထားသောကြောင့် အင်မတန်ပြင်းထန်လှသည်။
သို့သော် ကျောက်ယန်ဇီတို့သုံးယောက်အတွက် အံ့သြစရာအကောင်းဆုံးအချက်မှာ တံခွန်နှစ်ဆယ်၏တပ်ခွဲတစ်ရာမှ ခေါင်းဆောင်တစ်ရာတွင် ငါးပုံတစ်ပုံအောက်သာ တံခွန်အသက်သွင်းခြင်းပညာရပ်ကို ကျွမ်းကျင်ပိုင်နိုင်နိုင်ခဲ့ခြင်းပင်....
လီလော့ တပ်ခွဲခေါင်းဆောင် ဖြစ်လာတာ ဘယ်လောက်ကြာသေးလို့လဲ.... ရက်အနည်းငယ်အတွင်းမှာပင် အခြားသော တပ်ခွဲခေါင်းဆောင်များ တစ်နှစ်အတွင်းပင် မအောင်မြင်နိုင်သောအရာများကို အောင်မြင်ခဲ့ချေပြီ......
ဤအချက်ကြောင့် သုံးယောက်လုံး အလွန်အံ့သြသွားကြသည်။
ဘာပဲဖြစ်ဖြစ် ဖြစ်ရပ်မှန်တွေက သူတို့ရှေ့မှာ ရှိနေသဖြင့် အံသြစွာ ငေးကြည့်ရုံသာတတ်နိုင်တော့သည်။
တစ်ချို့လူတွေက တကယ်ကို ကောင်းချီးပေးခံရသူတွေပင်.......