နတ်ဆိုးခေါင်းဆောင်.....
Vol. 55 Ch. 769
လီလော့၏ မျက်လုံးများ အနည်းငယ်မှိန်သွားခဲ့သည်။ သူသည် နေရာအနှံ့မှထွက်ပေါ်လာသော ပုံရိပ်ယောင်မျဉ်းကြောင်းများစုဝေးခြင်းမှဖြစ်ပေါ်လာသော ကွန်ယက်တခုအတွင်းကျရောက်နေသလိုခံစားနေရသည်။
ထိုကွန်ယက်က မီတာတစ်ရာအတွင်း အရာအားလုံးကို လွှမ်းခြုံထားသည်။
ထိုဧရိယာအတွင်း၌ ရှိနေသရွေ့ မရေမတွက်နိုင်သော စွမ်းအားအမျှင်တန်းများကို စုစည်းနိုင်ပြီး ကျင်းစဲ့ယွီရှန်းဓားဆီသို့ ပို့လွှတ်လိုက်သောအခါ တိုက်ခိုက်မှုများကို ကြီးမားစွာ တိုးမြှင့်နိုင်သည်ဟု ခံစားရသည်။
အနီးကပ်စစ်ဆေးပြီးနောက်၊ ပဉ္စမတပ်ခွဲတံခွန်အဖွဲ့ဝင်တစ်ဦး၏ကိုယ်ထည်မှ ပုံရိပ်ယောင်မျဉ်းတစ်ကြောင်းစီ ထွက်လာသည်ကို တွေ့မြင်ခဲ့ရသည်။
ဤသည်မှာ တံခွန်၏ အထူးစွမ်းရည်တစ်ခု ဖြစ်နိုင်သည်ဆိုသည်ကို သိမြင်လာစေသည်။
နဂါးငွေ့တန်းကိုးသွယ်ကျင့်စဉ်ကိုကျင့်ကြံခြင်းကြောင့်ဤကွန်ရက်ကို အာရုံခံနိုင်ခြင်းဖြစ်ပေလိမ့်မည်။ အဖွဲ့ဝင်တစ်ဦးစီသည် ခွန်အားရင်းမြစ်ဖြစ်သောကြောင့်၊ အဆင့်မြင့် နတ်ဆိုးကျင့်စဉ်က ၎င်းကို ပိုမိုလွယ်ကူစွာ သိရှိနိုင်စေမည်ဖြစ်သည်။
"ခေါင်းဆောင်....အဲဒါက မင်းရဲ့ခွန်အားကို အားကောင်းစေမယ့် တံခွန်အသက်သွင်းခြင်း က သဟဇာတဖြစ်ခြင်းလောက် အစွမ်းထက်မှာမဟုတ်ဘူး....ဒါပေမယ့် အချိန်အတိုင်းအတာတစ်ခုထိ ကြာရှည်ခံပြီး အချိန်ကြာကြာတိုက်ပွဲဝင်ဖို့ သင့်တော်တယ်" ဟု ကျောက်ယန်ဇီက ရှင်းပြခဲ့သည်။
"တံခွန်အသက်သွင်းခြင်း...ဟမ်?"
လီလော့ ပြုံးပြရင်း အကြည့်တွေ တောက်ပလာသည်။ တံခွန်နှစ်ဆယ်တွင် ဖော်မပြနိုင်သော လျှို့ဝှက်ဆန်းကြယ်မှုများ ပြည့်နှက်နေပြီး အံ့သြဖွယ်ကောင်းလှသည်။
သူ သက်ပြင်းတစ်ချက်ချလိုက်မိပြန်သည်။ ကောင်းကင်ဧကရာဇ်သွေးမျိုးဆက်၏ အခြေခံအုတ်မြစ်နှင့် နည်းလမ်းများကြောင့် သူ မည်မျှ အံ့သြရဉီးမည်နည်း။
ဘန်းး
ထိုအချိန်တွင်၊ ဒုတိယဧရာမနတ်ဆိုး အော်ဟစ်ပြီး သူ့ဆီသို့ အပြေးအလွှားရောက်ရှိလာကာ လီလော့ကို တိုက်ခိုက်ရန် ၎င်း၏ပါးစပ်မှ နတ်ဆိုးစွမ်းအင်များကို ထုတ်လွှတ်လိုက်သည်။
ဒါကိုမြင်တော့ လီလော့ ချက်ချင်း ဓားနဲ့ခုတ်ပိုင်းလိုက်သည်။
"ရေတစ်ထောင် ဓားစက်ဝန်း...!"
ရေစွမ်းအားဖြင့်ပြုလုပ်ထားသော လျင်မြန်စွာစီးဆင်းနေသည့် ဓားစက်ဝန်း တစ်ဖန်ပေါ်လာသည်။ တံခွန်အသက်သွင်းခြင်း၏ ပံ့ပိုးမှုကြောင့် ဓားစက်ဝန်းကထူးထူးခြားခြား အရှိန်အဟုန်ဖြင့် လှည်ပတ်နေသည်။
ထိုဓားချက်က ဧရာမနတ်ဆိုးကိုနှစ်ပိုင်း ပိုင်းဖြတ်သွားခဲ့သည်။
တံခွန်အသက်သွင်းခြင်း၏အကူအညီကြောင့် လီလော့၏ ပဲ့တင်ထပ်ခြင်းပညာရပ်သည် နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်စေခဲ့သည်။
"ဒါပြီးရင် နဂါးအဆင့်ပညာရပ်နှစ်ခုလောက် သင်ယူသင့်ပြီထင်တယ်...."
လီလော့က ပျောက်ကွယ်သွားသော ဓားစက်ဝန်းကို စိုက်ကြည့်ရင်း တွေးလိုက်မိသည်။ ရေတစ်ထောင်ဓားစက်ဝန်းသည် ရေတစ်ထောင်ဓားချက်ကိုအဆင့်မြှင့်တင်ထားသောပညာရပ်ဖြစ်သည်။ သို့ရာတွင်၊ ၎င်းသည် နဂါးအဆင့်ပညာရပ်၏ စွမ်းအားကို မမှီနိုင်သော ကျားအဆင့်ပညာရပ် ဖြစ်နေဆဲပင်.....
လီလော့၏ စွမ်းရည်များ မြင့်တက်လာခြင်းကြောင့်၊ နဂါးအဆင့်ပညာရပ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ ကျွမ်းကျင်ပိုင်နိုင်ခြင်းက သူ၏ရွေးချယ်မှုများကို ဖြည့်စွက်ရာတွင် အထောက်အကူဖြစ်စေမည်ဖြစ်သည်။
ထိုသို့တွေးနေစဉ် လက်မောင်းကွဲသွားသော နတ်ဆိုးကြီး အရှိန်ပြင်းပြင်းဖြင့် ပေါက်ကွဲသွားလေသည်။
လီလော့ အာရုံစုစည်းပြီး လက်တုံ့ပြန်ရန် ဓားဝင့်လိုက်သည်။
"ဆင်နတ်ဘုရားရဲ့ခွန်အား...ဒုတိယအလွှာ!" လီလော့၏ ခြေလက်နှစ်ဖက်စလုံး တုန်ခါလာပြီး ဖောင်းကားလာသည်။ မကြာသေးမီက အဆင့်မြှင့်ထားသော မိုးကြိုးနတ်ဘုရားခန္ဓာကြောင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုအဆင့်ပိုမြှင့်လာသည့်အတွက် ဆင်နတ်ဘုရားခွန်အားကိုအသုံးပြုရအဆင်ပြေလာသည်။
သူ့အရေပြား စုတ်ပြဲပြီး သွေးစိမ်းတွေ စီးကျနေသေးပေမယ့် အရင်ကလောက်မပြင်းထန်တော့ပေ။
သူ၏ သွေးကြောများမှတစ်ဆင့် စွမ်းအားများကို ခံစားလိုက်ရသဖြင့် ဧရာမနတ်ဆိုး နှစ်ကောင်နှင့် စတင်တိုက်ခိုက်လေတော့သည်။
ဒီတိုက်ပွဲကြီးက မိနစ်ပေါင်းများစွာကြာမြင့်ခဲ့သည်။
ကျောက်ယန်ဇီ၊လီရှိနှင့်မုဘီတို့က ဧရာမနတ်ဆိုးတစ်ကောင်ကိုသုတ်သင်ပြီးသည့်အခါ လီလော့၏တိုက်ပွဲလည်းအလားတူ ပြီးဆုံးနေပြီဖြစ်သည်။
နတ်ဆိုးကြီး ပြိုလဲသွားသောအခါ၊ ပြင်းထန်သော အဲ့မိုကွမ်းစွမ်းအင်ပမာဏများစွာကောင်းကင်တွင် စုရုံးလာသည်။
လီလော့ ခေါင်းမော့လိုက်တော့ လေထဲတွင် အလင်းတန်းကြီးတစ်ခု ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။ ၎င်းသည် အချုပ်အနှောင်မှကင်းလွတ်လာသော အဲ့မိုကွမ်းစွမ်းအင်များသာပင်.....
"ခေါင်းဆောင်!!! မိန်းမောမနေနဲ့.... ကျုံးလင် ကို အမီလိုက်ပြီး နှစ်ဆယ့်ရှစ်လွှာကို မြန်မြန်တက်ရမယ်!"
ကျောက်ယန်ဇီက အော်ဟစ်သတိပေးလိုက်သည်။
လီလော့ လျင်မြန်စွာအသိစိတ်စုစည်းပြီး သူ့ပတ်ဝန်းကျင်ရှိ နတ်ဆိုးများကို ဆက်လက်သတ်ဖြတ်ကာ ကျန်တံခွန်အဖွဲ့ဝင်များ၏ ဖိအားကို လျှော့ချလိုက်သည်။
လီလော့၏ တံခွန်အသက်သွင်းခြင်း ၏အကူအညီဖြင့်၊ ပဉ္စမတပ်ခွဲသည် ကျန်ရှိသော နတ်ဆိုးများကို အရှိန်အဟုန်ဖြင့် သုတ်သင်နိုင်ခဲ့သည်။
အချိန်တစ်နာရီအတွင်းမှာပင် နတ်ဆိုးများ အားလုံးကို အောင်နိုင်သွားပြီဖြစ်သည်။
"လူတိုင်း...မြန်မြန်အနားယူပြီး ခွန်အားစုဆောင်းကြ... မင်းတို့ရဲ့နံပါတ်တွေကိုလည်း သတင်းပို့ကြဉီး..."ဟု မုဘီက အမိန့်ပေးလိုက်သည်။
ခဏအကြာတွင် လီလော့ဆီသို့ မုဘီရောက်လာပြီ...
"ဒခေါင်းဆောင်၊ ပဉ္စမတပ်ခွဲက လူသုံးဆယ့်သုံးဦး ဆုံးရှုံးသွားတယ်....ကျန်တာတွေကတော့ အခြေအနေကောင်းပြီး သူတို့ရဲ့ တိုက်ပွဲဝင်စွမ်းအားကို ထိန်းသိမ်းထားနိုင်ကြတယ်...."
"ငါတို့ သုံးဆယ်သုံးယောက် ဆုံးရှုံးသွားပြီလား?"
လီလော့ မျက်မှောင်ကြုတ်လိုက်သည်။
"ခေါင်းဆောင်... ဒါက သတင်းကောင်းပဲ.... ငါသိထားသလောက်ဆို ပထမတပ်ခွဲက လူတစ်ရာလောက် ဆုံးရှုံးသွားပြီ" ဟု ကျောက်ယန်ဇီက နှစ်သိမ့်ခဲ့သည်။
လီလော့က ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်သည်။ နတ်ဆိုးများသည် ဥာဏ်ပညာမရှိသော်လည်း အရေအတွက်များပြားလွန်းသည်။ ဧရာမနတ်ဆိုးများသည် သာမန်တံခွန်အဖွဲ့ဝင်ကို ခြိမ်းခြောက်ရန် လုံလောက်သော စွမ်းအားရှိသည်။ သတိပေါ့ဆလိုက်သည်နှင့် ပြင်းထန်စွာ ဒဏ်ရာရသွားနိုင်သည်။
"ဒါဆို ရှေ့ဆက်ကြရအောက်" လီလော့က လက်ကိုဝှေ့ယမ်းပြီး အမိန့်ထုတ်လိုက်သည်။
တံခွန်ကိုင်ရာထူးအတွက် ကျုံးလင်နှင့်ယှဉ်ပြိုင်သည့်အခါ သူ့ရဲ့ ခွန်အားကို ထိန်းထားဖို့ မလိုအပ်တော့ပေ။
ပဉ္စမတပ်ခွဲ လုံလောက်စွာ အနားယူပြီးနောက် အုပ်စုဖွဲ့ကာ ကျွန်းအနက်ပိုင်းဆီသို့ ချီတက်ခဲ့ကြသည်။
ယခင်ကချောမွေ့သောတိုးတက်မှုကြောင့်၊ ကျန်ပဉ္စမတပ်သားများသည် လီလော့ကို ယခုအခါ အံ့သြမှုနှင့်လေးစားမှုအပြည့်ဖြင့် ကြည့်ရှုနေကြသည်။
လီလော့သည် တံခွန်အသက်သွင်းခြင်းဟုခေါ်သော စွမ်းအားကို အမှတ်မထင် ကိုင်ဆောင်ထားသည်ကို သူတို့သိသည်။ ၎င်းက ခန်းမသခင်၏သား ပီသသောအချက်ကို သက်သေပြနေသည်။ သူ့လက်အောက်မှာ အမှုထမ်းခွင့်ရတာက သူတို့အတွက် ကံကောင်းလှပေသည်။
လီလော့သာ တံခွန်ကိုင်ဖြစ်လာပါက ပဉ္စမတပ်ခွဲသည် ပင်မတပ်ဖြစ်လာမည်ဖြစ်သည်။
ပဉ္စမတပ်ခွဲ ဆက်လက်တိုးတက်နေပြီး ၎င်းတို့၏ စွမ်းအားများသည်လည်း လီလော့ ၏တည်ရှိမှုနှင့်အတူ ကြီးမားကျယ်ပြန့်လာခဲ့သည်။ အလွှာနှစ်ဆယ့်ရှစ်ရှိ နတ်ဆိုးများက အလွှာနှစ်ခုနှစ်က နတ်ဆိုးများထက် ရက်စက်ကြမ်းကြုတ်ကြသော်လည်း အညှာအတာမဲ့ သတ်ဖြတ်ခြင်းခံနေကြရသည်။
နှစ်နာရီကြာပြီးနောက်.....
ပဉ္စမတပ်ခွဲ ကျွန်း၏အနက်ပိုင်းသို့ ရောက်ရှိလာသည်။
၎င်းတို့သည် အဖွဲ့ဝင် တစ်ရာ့တစ်ဆယ် ဆုံးရှုံးခဲ့သည်။ ဒါဟာ လူတိုင်းလက်ခံနိုင်သော အရေအတွက်ဖြစ်သော်လည်း လီလော့ ကတော့ အနည်းငယ်မကျေမနပ်ဖြစ်နေဆဲပင်..... ယေဘူယျကျကျတွက်ချက်ကြည့်လျှင် အရင်ကဆို ဤအဆင့်သို့ရောက်ရန် အခုထက် နှစ်ဆ ဆုံးရှုံးရမည်ဖြစ်သည်။
"ခေါင်းဆောင်..... ငါတို့ရဲ့ ဆုံးရှုံးမှုက ပထမတပ်ခွဲထက် အတော်လေး နည်းပါးပါတယလ.... အဲဒါက မင်းရဲ့ ပံ့ပိုးမှုတွေကြောင့်ပါ.... အားလုံးက မင်းကို ကျေးဇူးတင်နေကြတယ်..."
လီရှီသည် မကြာခဏ စကားမပြောတတ်သော်လည်း ယခုတစ်ကြိမ်တွင် သူသည် အခြေအနေအကြောင်း လီလော့ အသိပေးရန် စတင်လုပ်ဆောင်ခဲ့သည်။ အဖွဲ့ဝင်များ၏ မျက်နှာများတွင် လေးစားမှုနှင့် အံ့သြထိတ်လန့်မှု ပမာဏများ တိုးလာနေသည်မဟုတ်လော.....
လီလော့ သရုပ်ပြခဲ့သော ခွန်အားသည် သူတို့အားလုံး အသိအမှတ်ပြုရမည့် အရာဖြစ်သည်။
ကျောက်ယန်ဇီကလည်း လီရှီ၏ စကားများကို တောက်ပသော အပြုံးဖြင့် ထောက်ခံကာ.... "ခေါင်းဆောင်.... ငါတို့ဟာ အလွှာနှစ်ဆယ့်ရှစ်ရဲ့အနက်ပိုင်းကို ရောက်နေပြီ..... အခုလောက်ဆို နတ်ဆိုးခေါင်းဆောင်က ငါတို့ကိုစောင့်ကြိုနေလောက်ပြီ.... ကျုံးလင် နတ်ဆိုးခေါင်းဆောင်ကိုမရှင်းနိုင်သေးဘူးထင်တယ်....မဟုတ်ရင်ငါတို့တွေ နောက်တစ်ဆင့်ဆီနေရာကူးပြောင်းခံနေရလောက်ပြီ...."
လီလော့ ရှေ့သို့မျှော်ကြည့်လိုက်တော့ ထူထပ်တဲ့ တောနက်ကြီးက ဖန်သားပြင်လို ချောမွေ့နေတဲ့ ရေကန်ဆီမှာအဆုံးသတ်သွားသည်။ တစ်ခုတည်းသောအချက်မှာ အေးစက်သောလေပြင်းများ ရေကန်အနက်ပိုင်းမှ စိမ့်ထွက်နေသည်။
အေးစက်သောလေသည် ရေကန်အပေါ်တွင် မြူခိုးငယ်များ ဖြစ်ပေါ်လာသည်။
ဝုန်းးးး
အေးစက်သော မြူခိုးများကြားတွင် ခိုင်ခံ့သော အရိပ်တစ်ခု ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် ဧရိယာတစ်ခုလုံးကို လွှမ်းခြုံထားသည့် ကြောက်မက်ဖွယ်ကောင်းသော အော်ရာတစ်ခု ထွက်ပေါ်လာသည်။
အာဏာရှင်ဆန်သော ဖိအားကို ခံစားလာရသောအခါ တံခွန်အဖွဲ့ဝင်များ၏ အမူအရာများ ပြောင်းလဲသွားသည်။
လီလော့၏အကြည့်သည်ပင် ဤမြင်ကွင်းကြောင့် မှုန်ဝါးသွားခဲ့သည်။
ကျောက်ယန်ဇီ၏အသံ သူ့နားထဲတွင် တိုးညှင်းစွာထွက်ပေါ်လာသည်။
"ခေါင်းဆောင်...အဲ့တာက နတ်ဆိုး ခေါင်းဆောင်ပဲ... ငါတို့သိထားတာတွေအရဆို ကောင်းကင်ပဲ့တင်ထပ်သံအဆင့်ရောက်နေပြီ..."
"သူ့ကို အနိုင်ယူချင်ရင် သဟဇာတဖြစ်မှုကို အားကိုးရလိမ့်မယ်...."
"အရင်က နတ်ဆိုးခေါင်းဆောင်တွေကို မင်းတို့ဘယ်လိုတိုက်ခိုက်ခဲ့လဲ..." ဟု လီလော့ တိုးတိုးလေးမေးလိုက်သည်။
သုံးယောက်သား ခါးသီးသော အပြုံးများဖြင့် တစ်ယောက်ကိုတစ်ယောက်ကြည့်နေကြသည်။
"အရင်က နတ်ဆိုးခေါင်းဆောင်နဲ့တစ်ခါမှမကြုံဖူးဘူး...ဒါ ပထမဆုံးပဲ...."
လီလော့ ခဏလောက်မှင်သက်သွားသော်လည်း ချက်ချင်းပင် သူတို့ကို နှစ်သိမ့်ခဲ့သည်။
"စိတ်ချထားလိုက်တော့... ပဉ္စမတပ်ခွဲကအရင်လိုမဟုတ်တော့ဘူး...."
ထို့နောက် .........
"ပဉ္စမတပ်ခွဲကအဖွဲ့သားတွေ ငါ့အမိန့်ကိုနာခံပါ..... သဟဇာတဖြစ်အောင်ပြင်ဆင်ကြတော့.... ဒီအချိန်ဟာ အစိမ်းရောင်နယ်သာတံခွန်အဖွဲ့မှာ ငါတို့ရဲ့စွမ်းပကားကို ပြသရမယ့်အချိန်ပဲ"
အမိန့်ပြန်တမ်းကြောင့် အဖွဲ့ဝင်များ နိုးကြားလာကာ သွေးဆူလာကြသည်။
၎င်းတို့သည် လွန်ခဲ့သည့် တစ်နှစ်ခွဲလုံးလုံး လှောင်ပြောင်ခံခဲ့ရသည်။ နောက်ဆုံးတော့ သူတို့ရဲ့ ခွန်အားကို ပြသဖို့ အချိန်ရောက်လာခဲ့ချေပြီ........