← Chapters

သဟဇာတဖြစ်မှုကို တွေ့ကြုံခံစားခြင်း......

Vol. 55 Ch. 770

သဟဇာတဖြစ်မှုကို တွေ့ကြုံခံစားခြင်း......

Vol. 55 Ch. 770

"ခေါင်းဆောင်.... ဒီအလွှာအတွက် နတ်ဆိုး ခေါင်းဆောင်က ရှေ့ကိုရောက်နေပြီ" ဟု တပ်သားတစ်ယောက်က ကျုံးလင် ကို သတင်းပို့နေသည်။

အရှေ့က မည်းမှောင်နေသော တောအုပ်ကို ကြည့်လိုက်တော့ ထိုနေရာမှ ထွက်ပေါ်လာသော ဖိအားများကို ခံစားလိုက်ရသည်။

ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ဖိအားသည် သူ့လို ရွှေနတ်ဆိုးခန္ဓာအဆင့် ကိုင်တွယ်နိုင်သည်ထက်ကျော်လွန်နေသည်။ သို့သော်လည်း သူသည် နတ်ဆိုးခေါင်းဆောင်ကို တစ်ယောက်တည်းရင်ဆိုင်ရမည်မဟုတ်သောကြောင့် ကြောက်ရွံ့မနေပေ။

“ပဉ္စမတပ်ခွဲ ဘယ်လောက် တိုးတက်နေပြီလဲ” ဟု ကျုံးလင် ခပ်တိုးတိုးမေးလိုက်သည်။

"စိတ်မပူပါနဲ့ ....လီလော့မှာ နဂါးငွေ့တန်းကိုးသွယ်ကျင့်စဉ်ရှိပေမဲ့ ရက်အနည်းငယ်လေ့ကျင့်ရသေးတယ" ဟု တံခွန်အဖွဲ့ဝင်တစ်ဦးက ဖြေလိုက်သည်။

“သူ့မှာ တောင်ပံတစ်စုံရှိနေရင်တောင် ကျွန်တော်တို့ကို အမှီလိုက်နိုင်မှာမဟုတ်ဘူး..."

ဒါကိုကြားတော့ ကျုံးလင်က ခေါင်းခါလိုက်ပြီး.... "သူ့ကို လျော့မတွက်နဲ့.... ဝေးလံခေါင်သီတဲ့အရပ်ကလာခဲ့ပေမယ့် သူ့အရည်အချင်းကိုငါတောင်လိုက်မမှီဘူး....အရင်းမြစ်တွေသာရရင် လက်ရှိမျိုးဆက်မှာ ထူးချွန်တဲ့ပါရမီရှင်ဖြစ်လာနိုင်တယ်...."

ယင်းကြောင့် သူ့ပတ်ဝန်းကျင်ရှိ တံခွန်အဖွဲ့ဝင်များ အသံတိတ်ကုန်ကြသည်။ လီလော့ သည် ပဲ့တင်ထပ်သံသုံးခုပိုင်ဆိုင်ထားရုံသာမက နဂါးငွေ့တန်းကိုးသွယ်ကျင့်စဉ်ကိုလည်း ပထမဆုံးနေ့တွင်ပင် ရရှိခဲ့သည်။ လီလော့က အံ့ဩစရာကောင်းလောက်အောင်ထူးချွန်သော ပါရမီရှင်ဖြစ်သည်ကို အားလုံးနားလည်ခဲ့ကြသည်။

ကျုံးလင်က ပေါ့ပေါ့ပါးပါး ပြုံးပြီး ရှေ့ဆက်လျှောက်ကာ.... "သူသာ ငွေနတ်ဆိုးခန္ဓာအဆင့်ရောက်နေရင် တံခွန်ကိုင်ရာထူးအတွက် သူနဲ့ယှဉ်ပြိုင်ဖို့စိတ်ကူးကိုစွန့်လွှတ်လိုက်ရတော့မှာ...ဒါပေမယ့် သူက ပြင်ပနတ်ဘုရားတိုက်ကြီးမှာအချိန်အကြာကြီးနေခဲ့တာမို့ ပင်ကိုယ်စွမ်းရည်တွေ အားလုံး ဖြုန်းတီးခံလိုက်ရပြီ.... သူက အခုမှအစောပိုင်းနတ်ဆိုးခန္ဓာအဆင့်ပဲရှိသေးတာမို့ ဒီအတားအဆီးတစ်ခုတည်းက သူ့ရဲ့ တိုးတက်မှုကို နှစ်ပေါင်းများစွာ နှောင့်နှေးစေလိမ့်မယ်... ..လီလော့က ပဉ္စမတပ်ခွဲနဲ့ သဟဇာတဖြစ်မှု အောင်မြင်သွားပြီဆို...ဟုတ်လား????"

"ဟုတ်တယ်" ဟု တံခွန်အဖွဲ့ဝင်များက ပြန်ဖြေသည်။

ကျုံးလင်က သက်ပြင်းချလိုက်ပြီး "နဂါးငွေ့တန်းကိုးသွယ်ကျင့်စဉ်က အောက်ခြေအဆင့်ကျင့်စဉ်တွေထက် အားသာချက်များစွာကို ပိုင်ဆိုင်ထားပေမယ့် သဟဇာတဖြစ်မှုက ပထမခြေလှမ်းသာသာပဲရှိသေးတယ်... ဒီစွမ်းအားကို အပြည့်အဝအသုံးချပုံကို နားလည်ဖို့ အတော်ကြိုးစားရဉီးမှာပဲ ......”

ထို့နောက် ခေါင်းယမ်းကာ မှောင်မိုက်နေသော တောအုပ်ဆီသို့ လှမ်းမကြည့်မီ စိတ်အနှောက်အယှက်အားလုံးကို ဖယ်ရှားပစ်လိုက်သည်။ သူ့လက်ကို လေထဲသို့ မြင့်တင်လိုက်ပြီး.... "အားလုံး...သဟဇာတဖြစ်ဖို့အသင့်ပြင်ထား..!"

ယခု အရေးကြီးဆုံးအချက်မှာ အလွှာနှစ်ဆယ့်ရှစ်ကို ရှင်းလင်းရန်နှင့် တံခွန်ကိုင်ရာထူးအတွက် တိုက်ပွဲမစမီ တံခွန်အဖွဲ့ဝင်များ၏ ထောက်ခံအားပေးမှုကို စုစည်းရန်ဖြစ်သည်။ နိဂုံးချုပ်လိုက်လျှင် သူသည် လီလော့၏ ခြိမ်းခြောက်မှုကို အနည်းငယ်ခံစားရဆဲဖြစ်ပြီး သူ့ကို အခွင့်အရေး လုံးဝမပေးခြင်းက အကောင်းဆုံးဖြစ်ပေမည်။

ကျုံးလင် အမိန့်ပေးပြီးနောက် ပထမတပ်ခွဲမှ တပ်သားများ၏ အမူအရာ လေးနက်လာကာ လက်ဟန်အစီအရင်အချို့ကို လျင်မြန်စွာ ဖွဲ့စည်းခဲ့ကြသည်။ သိပ်မကြာခင်မှာပဲ သူတို့ရဲ့ အသက်ရှုသံတွေ တပြိုင်နက်တည်း ထပ်တူကျလာပြီး သူတို့ရဲ့ ပဲ့တင်ထပ်သံစွမ်းအားတွေ ရောယှက်ပြီး စီးဆင်းလာခဲ့သည်။

ဤသည်မှာမြစ်ချောင်းငယ်များ အားလုံးသည် ပင်လယ်ကြီးထဲသို့ စီးဝင်သွားသလိုပင်.....

ကျုံးလင်သည် သူတို့အားလုံး၏ အလယ်ဗဟိုတွင် ရှိနေသဖြင့် သူ့ကိုယ်တွင်း၌ စွမ်းအားများ တဟုန်ထိုး မြင့်တက်လာသည်ကို ခံစားရနိုင်သည်။ ဒါသူ့ရဲ့ပထမဆုံးအကြိမ်မဟုတ်ပေမယ့် ပထမဆုံးအကြိမ်တွေ့ဖူးသလို ခံစားနေရဆဲပင်

သူသည် ရွှေနတ်ဆိုးခန္ဓာအဆင့် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သဟဇာတဖြစ်မှု၏ တွန်းအားပေးမှုနှင့်အတူ အဆင့်အနည်းငယ်ကိုတက်ကာ ကောင်းကင်ပဲ့တင်ထပ်သံအဆင့် သို့ရောက်ရှိသွားနိုင်သည်။

ရှေ့ကို စူးစူးရဲရဲ စိုက်ကြည့်ရင်း သူ့ခန္ဓာကိုယ်လေထဲသို့ ဖြည်းညှင်းစွာ မြင့်တက်လာသည်။ လက်တစ်ချက်ဝှေ့ယမ်းလိုက်ရုံနှင့် ပဲ့တင်ထပ်သံစွမ်းအားများက အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းသဖွယ် အရှေ့ဘက်တောအုပ်ထဲသို့ ပျံသန်းသွားလေသည်။

“ဝေါင်းးးးးး!”

တောအုပ်ပြိုကွဲသွားသောအခါတွင် တစ်စုံတစ်ယောက်က ကျယ်လောင်စွာဟိန်းဟောက်လိုက်သည်။ ထို့နောက် မြေပြင် ပြင်းထန်စွာ တုန်ခါသွားပြီး ပေပေါင်းများစွာမြင့်သော ထွားကျိုင်းသော နတ်ဆိုးတစ်ကောင်က အံ့အားသင့်ဖွယ် ဖိအားများဖြင့် ပြေးထွက်လာသည်။

၎င်းသည်ခန္ဓာကိုယ်တွင် ရွှေရောင်အလင်းတန်းများ စီးဆင်းနေသည့် ဧရာမ နတ်ဆိုးဖြစ်သည်။ လက်လေးချောင်းပါသော ဧရာမမျောက်ဝံတစ်ကောင်နှင့်တူပြီး ၎င်းသည် လှိုင်းလုံးများကဲ့သို့ ပြင်းထန်သောစွမ်းအင်များကို အပြင်သို့ထုတ်လွှတ်ကာ ၎င်းပတ်ပတ်လည်ရှိ လေဟာနယ်ကိုပင် တုန်ခါစေသည်။

၎င်းသည် အလွှာနှစ်ဆယ့်ရှစ်၏ နတ်ဆိုးခေါင်းဆောင်ဖြစ်သည်။

ကျုံးလင် မကြောက်ရွံ့ဘဲ ယင်းအစား သူသည် ပေါ့ပေါ့ပါးပါး ပြုံးကာ နတ်ဆိုးခေါင်းဆောင်ဆီသို့ တည့်တည့်ပျံသန်းသွားသော ကြီးမားသည့် ပဲ့တင်ထပ်သံသံကြိုးများစွာကို ပစ်ထုတ်လိုက်သည်။

"လီလော့....မင်းက ပါရမီရှင် ဖြစ်နိုင်တယ်..... ဒါပေမယ့် မင်းက ငါ့လောက် မတော်ဘူး!အခုချိန်က မင်းအဖေ ရှိတုန်းကလို မဟုတ်တော့ဘူး....အစိမ်းရောင်နယ်သာခန်းမက ငါ့ဦးလေး အပိုင်မယ်....အစိမ်းရောင်နယ်သာတံခွန်ကိုင်ရာထူးကို ငါပဲပိုင်ဆိုင်ရမယ်....!"

ဟု ကျုံးလင်က ကြွေးကြော်လိုက်သည်။

……............

ရေခဲရေအိုင်၏အပြင်ဘက်တွင် လီလော့ သည် ကြီးမားလှသော စွမ်းအင်ကို ခံစားခဲ့ရပြီး သဟဇာတဖြစ်သော အခြေအနေသို့ ဝင်ရောက်ခဲ့သည်။ သို့သော် ၎င်း၏စွမ်းအားကြောင့် ယစ်မူးနေသော ကျုံးလင်နှင့်မတူဘဲ၊ လီလော့ သူ့ကိုယ်သူ သေချာစမ်းစစ်နေသည်။

"ဒါဆို ဒါက သဟဇာတဖြစ်မှုရဲ့ စွမ်းအားပေါ့....." ဟု ညည်းတွားမိလိုက်သည်။

သူသည် အစောပိုင်းနတ်ဆိုးနန်းတော်အဆင့်တွင်ရှိသော်လည်း၊ အမြီးသုံးချောင်းရကောင်းကင်ဝံပုလွေနှင့် ကျောင်းအုပ်ကြီးဖန်၏ဘုရင်အဆင့် စွမ်းအားတို့ကို တွေ့ကြုံခံစားခဲ့ဖူးသည်။

ဤအင်အားကို လက်ထဲရရှိပြီးနောက်၊ ပဉ္စမတပ်ခွဲနှင့် သဟဇာတဖြစ်မှုကို တွေ့ကြုံရခြင်းအပေါ် စွဲလန်းမှုမခံစားရပေ။

မည်သို့ပင်ဆိုစေကာမူ အရှိန်အဟုန်ပြင်းစွာ ခံစားရသည်မှာ အမှန်ပင် သက်တောင့်သက်သာရှိလှသည်။

လီလော့ စိတ်ထဲကနေသာထိုသို့တွေးနေသော်လည်း သူ့မျက်လုံးများက ရှေ့က ရေခဲအိုင်ပေါ်တွင် စိုက်ကြည့်နေခဲ့သည်။ သူ့နံဘေးတွင် သဟဇာတဖြစ်ခြင်းမှ ထွက်ပေါ်လာသော စွမ်းအင်များ တောက်လျှောက်ထွက်လာသဖြင့်၊ အတွင်းမှ နတ်ဆိုးခေါင်းဆောင်က သူ့ကို သိသိသာသာ သတိပြုမိပြီး ချက်ခြင်းပင် အော်ဟစ်လိုက်သည်။ ဟိန်းဟောက်သံနှင့်အတူ အေးစက်နေသော မြူမှုန်ထူထပ်သော အလွှာများ ကွဲအက်သွားကာ နောက်ဆုံးတွင် ထွားကျိုင်းသော အသွင်အပြင် ထွက်ပေါ်လာသည်။

ကျောက်ယန်ဇီနှင့် အခြားသူများ ၎င်းဘက်သို့ လှမ်းကြည့်လိုက်ရာ လက်လေးချောင်းရှိသော နတ်ဆိုးခေါင်းဆောင်၏ခန္ဓာကိုယ်ပေါ်တွင်ရွှေရောင်အလင်းတန်းများ ဝန်းရံထားသည်ကို တွေ့လိုက်ရသည်။

“ဝေါင်းးးးးးး!”

နတ်ဆိုးခေါင်းဆောင် ကျယ်လောင်စွာဟိန်းဟောက်ပြီး ၎င်း၏ကြီးမားသောလက်သီးဖြင့် ထိုးချလိုက်သည်။လက်သီးချက်က ဒေါသကြီးသော စပါးအုံးမြွေကြီးကဲ့သို့ လေဟာနယ်ကိုကျော်ဖြတ်ကာ ပဉ္စမတပ်ခွဲသို့ တည့်တည့်တိုးဝင်လာသည်။

နက်မှောင်သော စွမ်းအင် စီးဆင်းမှုသည် အလွန်တရာ ကြီးမားပြီး လမ်းတစ်လျှောက်တွင် ပျက်စီးမှုများကိုချန်ရစ်ခဲ့သည်။

ဤလက်သီးချက်သည် အစောပိုင်း ကောင်းကင်ပဲ့တင်ထပ်သံအဆင့်၏စွမ်းအားနှင့် နှိုင်းယှဉ်နိုင်သည်။

ပဉ္စမတပ်ခွဲသာ သာမာန်လူတစ်စုဖြစ်မည်ဆိုလျှင်၊ ထိုတိုက်ခိုက်မှုကြောင့် မရေမတွက်နိုင်သော သေဆုံးမှုများကို မလွဲမသွေ ရင်ဆိုင်ရပေမည်။

ကံကောင်းထောက်မစွာဖြင့် ပဉ္စမတပ်ခွဲ၏ တံခွန်အဖွဲ့ဝင်များ၏ ခွန်အားများအားလုံး သဟဇာတဖြစ်မှုကြောင့် လီလော့ထံတွင် စုရုံးရောက်ရှိသွားခဲ့သည်။

လက်လေးဘက်ရှိသော နတ်ဆိုးခေါင်းဆောင်၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရင်း လီလော့ သေချာအာရုံစိုက်ကာ လက်နှစ်ဖက်ကိုပူးကပ်လိုက်သည်ယ ထိုအချိန်တွင် ကြီးမားသော စွမ်းအင်လှိုင်းလုံးကြီး ပေါက်ကွဲထွက်လာပြီး နတ်ဆိုးခေါင်းဆောင်၏ ပြင်းထန်သော လက်သီးနှင့် ထိပ်တိုက်တွေ့ဆုံခဲ့သည်။

ဘန်းးးးးးး

တိုက်ခိုက်မှုနှစ်ခု တိုက်မိသွားသောအခါ ပတ်ဝန်းကျင်ကို တုန်လှုပ်သွားစေသည့် စွမ်းအင်လှိုင်းလုံးများ ထွက်ပေါ်လာသည်။ အေးခဲနေသောရေကန်ပေါ်ရှိ ရေခဲများ အက်ကွဲသွားပြီး မီတာရာနှင့်ချီသောဧရိယာအတွင်းက သစ်ပင်များအားလုံး ကျိုးပဲ့သွားခဲ့သည်။

နတ်ဆိုးခေါင်းဆောင်သည် ဒေါသတကြီးဖြင့် ဟိန်းဟောက်သံများ ထပ်မံထုတ်လွှတ်လိုက်သည်။ ပထမရိုက်ချက်က ဘာအကျိုးသက်ရောက်မှုမှ မရှိတဲ့အတွက် အတော်ဒေါသထွက်နေပုံရသည်။

တောင်ကြီးကို ဖြိုခွဲဖို့ ကြိုးစားနေတဲ့ မျောက်ဝံကြီးတစ်ကောင်ဟာ သူ့ရဲ့ လက်လေးချောင်းကို ပြင်းပြင်းထန်ထန် ဝှေ့ယမ်းပြီး ပြင်းထန်ပြီးကြောက်စရာကောင်းတဲ့ စွမ်းအင်တွေ ပါဝင်တဲ့ လက်သီးချက်တွေကို ထုတ်လွှတ်လိုက်ပြန်တော့သည်။

ဒါကိုရင်ဆိုင်လိုက်ရတော့ လီလော့ အဖွဲ့သားများကို အကာအကွယ်ပေးဖို့ စွမ်းအင်အတားအဆီးတွေကို ချက်ချင်းဖန်တီးခဲ့သည်။

ဘန်းးးးဘန်းးးးဘန်းးးးး

ထိုတိုက်ပွဲကြောင့် တောတောင်တွေ ပြိုကျလုနီးပါးဖြစ်နေပြီ။

ထိုအချိန်တွင် ကျောက်ယန်ဇီ နှင့် အခြားသူများသည် လီလော့အား ဆက်လက်ပံ့ပိုးကူညီခဲ့ကြပြီး သဟဇာတဖြစ်မှုကို ထိန်းသိမ်းရန် ကူညီပေးခဲ့ကြသည်။

သို့သော်လည်း လီလော့အနေဖြင့် သဟဇာတဖြစ်ခြင်းကို လက်တွေ့တိုက်ပွဲတွင် ပထမဆုံးအကြိမ်အဖြစ် အသုံးပြုခဲ့သည်ကို သိလိုက်ရသည့်အတွက် သူတို့လည်း တုန်လှုပ်သွားကြသည်။ သူသည် အင်အားကြီးမားသောပြိုင်ဘက်ကို ထိပ်တိုက်ရင်ဆိုင်ရန် ၎င်းကိုအသုံးပြုနေသော်လည်း အကျွမ်းတဝင်မရှိသေးပေ။

နတ်ဆိုးခေါင်းဆောင် ၏ လက်သီးချက်များသည် အကာအကွယ်များကို ကျော်ဖြတ်ကာ တံခွန်အဖွဲ့ဝင်များပေါ်သို့ ရောက်လုနီးပါးဖြစ်ခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် ထိပ်တိုက်ရင်ဆိုင်မှုများ ဆက်လက်ဖြစ်ပွားနေချိန်တွင် လီလော့၏ သဟဇာတဖြစ်မှုကို အသုံးပြုမှု တိုးတက်လာခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ၊ တံခွန်အဖွဲ့ဝင်များသည် နတ်ဆိုး ခေါင်းဆောင်၏တိုက်ခိုက်မှုများကကာကွယ်ရေးကိုဖြတ်ကျော်ရန် ပိုမိုခက်ခဲလာကြောင်း ရှင်းရှင်းလင်းလင်းနားလည်လိုက်ကြသည်။

ယင်းကြောင့် အရည်အချင်းရှိပြီး လျင်မြန်သော သင်ယူနိုင်သည့် ခေါင်းဆောင်အား စိတ်ထဲကနေ ချီးကျူးနေကြသည်။

ဤမျှ ကြီးမားသော စွမ်းအားများကို အချိန်တိုလေးအတွင်း ထိန်းချုပ်နိုင်သည်မှာ သာမာန် စွမ်းဆောင်မှု မဟုတ်ပေ။

သို့သော်၊ လီလော့သည် အမြီးသုံးကောင် ကောင်းကင်ဝံပုလွေနှင့်ကျောင်းအုပ်ကြီးဖန်တို့၏ စွမ်းအားကိုချေးငှားခဲ့ဖူးကြောင်း ည်သူမျှ မသိခဲ့ကြပေ။ သူ့အတွက်၊ သဟဇာတဖြစ်ခြင်း၏စွမ်းအားကိုကျွမ်းကျင်ရန်မှာ စိန်ခေါ်မှုတစ်ခုမဟုတ်ပေ။

ဘန်းးးးးး

လီလော့သည် နတ်ဆိုးခေါင်းဆောင် ထံမှ နောက်ထပ်တိုက်ခိုက်မှုကို ခုခံပြီးနောက်တွင် သဟဇာတဖြစ်မှု၏ ခွန်အားနှင့် စွမ်းရည်များကို အပြည့်အဝ ဆုပ်ကိုင်ထားသလို ခံစားလိုက်ရသည်။

လီလော့က ဒေါသူပုန်ထနေသော နတ်ဆိုးခေါင်းဆောင်ကို စိုက်ကြည့်ကာ.... "အချိန်တန်ပြီ..." ဟု ရေရွတ်လိုက်သည်။

ပထမတပ်ခွဲလည်း နတ်ဆိုးခေါင်းဆောင်နှင့်ရင်ဆိုင်နေရလောက်ပြီ.... ကျုံးလင်ထံမှ ကျော်ကြားမှုကို ခိုးယူလိုပါက ဤတိုက်ပွဲကို အဆုံးသတ်ရန် အချိန်တန်ပြီဖြစ်သည်။

လီလော့ ထိုသို့တွေးနေစဉ် နတ်ဆိုးခေါင်းဆောင်က ရူးသွပ်စွာအော်ဟစ်လိုက်ပြီး ၎င်း၏ခန္ဓာကိုယ်တစ်ဝိုက်ရှိ ရွှေရောင်အလင်းတန်းများ ပိုမိုတောက်ပလာခဲ့သည်။ ထို့နောက် မြေပြင်ကို ဆောင့်နင်းပြီး မာန်သွင်းကာ ရှုပ်ထွေးသော ရွှေရောင်အလင်းတန်းများ သူ့အရေပြားပေါ်တွင် ထွက်ပေါ်လာစေခဲ့သည်။

ထိုအလင်းတန်းများသည် ပြင်းထန်သော ရွှေရောင်မီးတောက်တစ်ခုအဖြစ် ပေါင်းစပ်သွားပြီး လီလော့ရှေ့တည့်တည့်တွင် ပေါက်ကွဲသွားလေသည်။

နတ်ဆိုးခေါင်းဆောင်၏ မီးတောက်သည် လီလော့၏မျက်လုံးများတွင် ထင်ထင်ရှားရှားထင်ဟပ်နေသော်လည်း စိတ်မ၀င်စားခဲ့ပေ။ ထိုအချိန်တွင် သူ၏လက်များက လျှပ်စီးကြောင်းတစ်ခုနှင့် တံဆိပ်တစ်ခုကို ဖန်ဆင်းလိုက်သည်။ နောက်အခိုက်အတန့်တွင် ယခင်ကထက် ပိုမိုခိုင်မာသော အနက်ရောင်အလံတော်တစ်ခု သူ့လက်ထဲတွင် ပေါ်လာသည်။

ထို့နောက်...အချိန်..လေဟာနယ်နှင့်ဒိုင်းမေးရှင်းပေါင်းများစွာကို ဖြတ်ကျော်လာသည့် နဂါးဟိန်းသံကိုကြားလိုက်ရသည်။

အနက်ရောင်မြစ်ရေထဲတွင် ကူးခတ်နေသလိုမျိုး၊ အနက်ရောင်နဂါးကြီးတစ်ကောင် လေဟာနယ်ထဲက ထွက်လာပြီး အစွမ်းရှိသမျှ အားကုန်ထုတ်သုံးနေသည့် နတ်ဆိုး ခေါင်းဆောင်နှင့်ရင်ဆိုင်နေလေ၏။

ထိုမြင်ကွင်းကို ကျောက်ယန်ဇီနှင့် အခြားလူများက ထိတ်လန့်စွာ စောင့်ကြည့်နေကြသည်။

All Chapters