← Chapters

သက်လတ်ပိုင်းအရွယ် ပင်ဂွင်းသခင်

Vol. 26 Ch. 378

သက်လတ်ပိုင်းအရွယ် ပင်ဂွင်းသခင်

Vol. 26 Ch. 378

အကဲဖြတ်စင်တာတွင် စာမေးပွဲကို အပိုင်းများစွာဖြင့် ပိုင်းခြားထားသည်။

အခြေခံစွမ်းရည် စမ်းသပ်မှု ငါးခု ဖြစ်သည့် ခွန်အားစမ်းသပ်မှု၊ အမြန်နှုန်း စမ်းသပ်မှု၊ အခုန် စမ်းသပ်မှု၊ ကာကွယ်ရေး စမ်းသပ်မှုနှင့် ဉာဏ်ရည်စမ်းသပ်မှုတို့ အပြင် အရေးအကြီးဆုံးအပိုင်းမှာ တိုက်ပွဲဝင် အကဲဖြတ်မှု အပိုင်း ဖြစ်သည်။

ဝေ့ကျစ် မသွားခင် ထွင်ထျန်းဟာက ဝေ့ကျစ် ပြောပြသမျှကို ကြားခဲ့ရ၏။

တိုက်ပွဲဝင် အကဲဖြတ်မှုတွင် အသုံးပြုသည့် ဝိညာဉ်သားရဲများကို အကဲဖြတ်ရေးစင်တာမှ သီးသန့် မွေးမြူထားခြင်း ဖြစ်သည်။

ထို သားရဲများအားလုံးတွင် တူညီသော စွမ်းရည်များ ရှိသည်။

တစ်ခုတည်းသော ခြားနားချက်မှာ ၎င်းတို့၏ သားရဲ အဆင့်များပင်။

အကဲဖြတ်စင်တာ၏ ယေဘုယျ စည်းမျဉ်းမှာ အခြေခံစွမ်းရည်စမ်းသပ်မှု ငါးခုပြီးနောက်တွင် အကဲဖြတ် ဆရာက ဝိညာဉ်သားရဲ၏ အလုံးစုံ စွမ်းရည်အပေါ် အခြေခံပြီး အဆင့်ကို တိုက်ရိုက် ဆုံးဖြတ်မည် ဖြစ်သည်။

ဥပမာအားဖြင့် ၎င်းက စတုတ္ထတန်းစား ဝိညာဉ်သားရဲ ဖြစ်လျှင် စတုတ္ထတန်းစား သားရဲဖြင့် တိုက်ပွဲဝင်ရန် စီစဉ်ပေးမည်ဖြစ်သည်။

အကယ်၍ ဝိညာဥ်သားရဲက အနိုင်ရခဲ့လျှင် ၎င်းကို တတိယအဆင့်သို့ အဆင့်မြှင့်တင်မည် သို့မဟုတ် တိုက်ပွဲ အတွင်း ၎င်း၏ စွမ်းဆောင်ရည်ပေါ် မူတည်၍ ၎င်း၏ အဆင့်က ယခင်အတိုင်း ရှိကောင်းရှိနေနိုင်သည်။

သို့ရာတွင် ဝိညာဉ်သားရဲ ရှုံးသွားလျှင်မူ အဆင့်လျှော့ ခံရလိမ့်မည် ဖြစ်၏။

ဤသည်မှာ အကဲဖြတ် စင်တာများကို ပထမဆုံး စတင်ဖွဲ့စည်းစဉ်ကပင် ကျင့်သုံးခဲ့သည့် စည်းမျဉ်း ဖြစ်ပြီး အမှန်တကယ်လည်း မျှတမှု ရှိသည်။

တစ်ခုတည်းသောဒုက္ခမှာ စမ်းသပ်ပေးသော သားရဲ၏ စွမ်းရည် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ဝေ့ကျစ် ပြောစကားအရ အကဲဖြတ်ရေးဌာနအားလုံးတွင် အသုံးပြုသည့် သားရဲများသည် ဝိညာဥ်ဧကရာဇ် ပင်ဂွင်းများ ဖြစ်ကြသောကြောင့်ပင်။

ထွင်ထျန်းဟာက ဤဝိညာဥ်သားရဲ အမျိုးအစားနှင့် ပတ်သက်၍ ဗဟုသုတအချို့ ရှိခဲ့သည်။

၎င်းက တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိပြီး ခုခံနိုင်စွမ်း အားကောင်းသည့်အပြင် အခြားဝိညာဉ်သားရဲများ၏ စွမ်းရည်များကို အတုခိုးနိုင်သည်။

ဆိုရလျှင် ဝိညာဥ်ဧကရာဇ် ပင်ဂွင်းဌက်များမှာ အချိန်တိုလေးအတွင်း တစ်ဖက်သားရဲ၏စွမ်းရည်ကို အတုခိုးနိုင်သောကြောင့် အလွန် အစွမ်းထက်သော ဝိညာဥိသားရဲဟု သတ်မှတ်နိုင်ပေသည်။

သို့သော် သူတို့တွင် အားနည်းချက်တစ်ခုရှိသည်။

ယင်းမှာ အဖျက်စွမ်းအား အနည်းငယ်သာ ရှိခြင်းပင်။

ထို့ကြောင့် ဝိညာဥ်ဧကရာဇ်ပင်ဂွင်းများသည် အကဲဖြတ်ရေးဌာနများတွင် စမ်းသပ်ပေးသော သားရဲများ အဖြစ် အသုံးပြုရန် အလွန်တရာ သင့်လျော်နေ၏။

ထွင်ထျန်းဟာက ထိုအကြောင်းကို တွေးတောနေချိန်တွင် စာမေးပွဲခန်းများထဲမှ တစ်ခန်းက လစ်လပ်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် အသံလွှင့်စနစ်က ထွင်ထျန်းဟာ၏ နံပါတ်ဖြစ်သည့် နံပါတ် 177 ကို စတင် ခေါ်ဆိုလိုက်သည်။

စာမေးပွဲခန်းတွင် အခန်းငါးခန်း ရှိသည်။

ဝေ့ကျစ်က အခန်းနံပါတ် 4 သို့ ဝင်ခဲ့သည်။

ထွင်ထျန်းဟာ ဝင်မည့် အခန်းမှာ ဝေ့ကျစ်ဘေးမှ အခန်းနံပါတ် 5 ဖြစ်သည်။

ထွင်ထျန်းဟာက စခရင်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ဝေ့ကျစ် နှင့် လိပ်ပြာသားရဲတို့က အမြန်နှုန်း စမ်းသပ်မှုကို စတင်နေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။

နံပါတ်ကို ခေါ်ဆိုပြီးနောက်တွင် ထွင်ထျန်းဟာက ၎င်း၏ နံပါတ်ပြားကို ပါးစပ်မှ ပြန်ထုတ်လိုက်ပြီး အခန်းနံပါတ် ၅ ၏ တံခါးဝတွင် ငြိမ်သက်စွာ စောင့်ဆိုင်းနေခဲ့သည်။

ခဏအကြာတွင် သူ့ထက်အရင် အခန်း၅ ထဲသို့ ဝင်သွားသူက ထွက်လာသည်။

ထိုလူက အနက်ရောင်လေကာ အင်္ကျီကို ၀တ်ဆင်ထားသည့် အမျိုးသားတစ်ဦး ဖြစ်ပြီး ၎င်း၏ နောက်ကနေ အရိုးနဂါး တစ်ကောင်က လိုက်ပါလာ၏။

ထိုလူ၏ နောက်မှ လိုက်လာသော ဤအရိုးနဂါးလေးသည် အလွန်အမြော်အမြင်ရှိပုံ ပေါက်နေသည်။

၎င်း၏ ငရဲမီးလို တောင်ပသော မျက်လုံးနှစ်လုံးကလည်း အလွန် ကြောက်စရာ ကောင်းလှသည်။

"ဒီသားရဲက ရေခြားမြေခြား အရပ်ကများလား"

အရိုးနဂါးများက မရဏဝိညာဉ် အမျိုးအစားတွင် ပါဝင်ပြီး ဟွာရှို့နိုင်ငံ၌ တွေ့ရလေ့ မရှိသောကြောင့် ထွင်ထျန်းဟာ တုန်လှုပ်သွားခဲ့သည်။

ထို့အပြင် ဒေသခံ ကျင့်ကြံသူများသည် ဖုန်းရွှေ သဘောတရားကို လိုက်စားကြပြီး ကံကောင်းမှုကို ခုံမင်ကြသောကြောင့် ၎င်းတို့ထဲမှ အနည်းငယ်ကသာ ဤကဲ့သို့ ဝိညာဉ်သားရဲ အမျိုးအစားကို မွေးမြူနိုင်မည် ဖြစ်သည်။

ထို့ကြောင့် ဤဝိညာဥ်သားရဲများမှာ ဟွာရှို့နိုင်ငံတွင် အလွန်ရှားပါး၏။

သို့သော် ဤဝိညာဥ်သားရဲမျိုးသည် ရေခြားမြေခြားတွင်မူ အတော်လေး ရေပန်းစားခဲ့သည်။

"ဒီအရိုးနဂါးရဲ့ အဆင့်က ဘယ်လောက်လဲ သိချင်လိုက်တာ.. အဆင့်မြင့်မှာတော့ အသေအချာပဲ"

"ဒါပေမယ့် သူ့ရဲ့ ပိုင်ရှင်က သူ့ရဲ့ စမ်းသပ်မှုကို လူသိရှင်ကြားပြသဖို့ မရွေးချယ်ခဲ့ပုံရတယ်.. နှမြောစရာ ကောင်းလိုက်တာ.. အဲဒါမျိုးက တွေ့ရခဲတယ်"

ထွင်ထျန်းဟာ၏ ပတ်ပတ်လည်တွင် ဆွေးနွေးသံများ ရှိနေသည်။

တံခါးဝကနေ အနက်ရောင် လေကာအင်္ကျီ ဝတ်ထားသည့် အမျိုးသားနှင့် အရိုးနဂါးလေး ထွက်လာသည်ကို သူစောင့်ကြည့်နေခဲ့သည်။

စာမေးပွဲခန်း အ၀င်ဝသို့ ရောက်သောအခါ ထိုလူက ရုတ်တရက် ရပ်လိုက်သည်ကို ထွင်ထျန်းဟာ တွေ့လိုက်ရသည်။

ထို့နောက်တွင် ထွင်ထျန်းဟာက ဝိညာဉ်ရေး စွမ်းအားလှိုင်းကို အလွန်ရှင်းလင်းစွာ ခံစားလိုက်ရ၏။

"ငါ့ကို လာစမ်းနေတာလား"

ထွင်ထျန်းဟာက မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သူ၏ နတ်ဆိုးဘုရင် အော်ရာကို တမင်တကာ ပြန်လည် ထုတ်လွှတ်လိုက်သည်။

ရလဒ်အနေဖြင့် အနက်ရောင် လေကာအင်္ကျီကို ၀တ်ဆင်ထားသည့် အမျိုးသားက တုန်တုန်ယင်ယင်ဖြစ်ကာ လဲကျလုနီးပါးဖြစ်သွားသည်။

ဤမြင်ကွင်းကို ကြည့်ရင်း ထွင်ထျန်းဟာက စိတ်ထဲကနေ လှောင်ပြောင်လိုက်သည်။

"ရွှေအမြူတေအဆင့် ကျင့်ကြံသူလေးက ငါ့ကို ရိုင်းရိုင်းစိုင်းစိုင်း ပြုမူရဲတယ်လား"

အနက်ရောင် လေကာအင်္ကျီ ဝတ်ထားသည့် အမျိုးသားက အရိုးနဂါး နှင့်အတူ ထွက်ခွာသွားပြီးနောက်တွင် အလွန်ချောမောသော လူလတ်ပိုင်းအရွယ် နည်းပြဆရာက စာမေးပွဲ တံခါးဝတွင် ထွင်ထျန်းဟာကို သုံးမိနစ်ကျော် စောင့်ဆိုင်းစေခဲ့သည်။

"မစ္စတာဟာ.. မင်းကို စောင့်ခိုင်းခဲ့ရတာ တောင်းပန်ပါတယ်.. ငါတို့အခန်းကို သပ်သပ်ရပ်ရပ် ပြင်ဆင်ပြီးပါပြီ.. အခုပဲ မင်းရဲ့ စာမေးပွဲအတွက် ဝင်လို့ရပါပြီ"

ထိုစကားကို ကြားလျှင် ၎င်း၏ ပါးစပ်ထောင့်များက ချက်ချင်းပင် တလှုပ်လှုပ် ဖြစ်သွားသည်။

"မစ္စတာဟာ.. ဆိုပါလား... ဒီလိုအခေါ်ခံရတာ တကယ်ကို မိုက်တာပဲ"

လူလတ်ပိုင်းအရွယ် နည်းပြဆရာက သူ့လက်ထဲရှိ စာရွက်ပေါ်မှ အချက်အလက်များကို ညွှန်ပြလိုက်သည်။

"ဒီအချက်အလက်တွေအရ ဒီတစ်ကြိမ်က မစ္စတာဟာရဲ့ ပထမဆုံးအကြိမ် ထင်တယ်"

ထွင်ထျန်းဟာက ခေါင်းညိတ်ပြလိုက်ရာ လူလတ်ပိုင်း အရွယ် နည်းပြဆရာက အနည်းငယ် ထူးဆန်းစွာ ကြည့်လိုက်သည်။

"ကျနော် စကားပြောတတ်တာကို ထူးဆန်းတယ်လို့ မထင်ဘူးလား"

လူလတ်ပိုင်းအရွယ် နည်းပြဆရာက တည်ငြိမ်သော အမူအရာဖြင့် ခေါင်းခါယမ်းလိုက်သည်။

"ငါက ဒီနယ်ပယ်မှာ ဆယ်နှစ်ကြာ ကျင်လည်ခဲ့တာပါ… စကားပုံတစ်ခု ရှိတယ်.. ဝက်သား မစားဖူးပေမယ့် ဝက်ပြေးတာကိုတော့ သေချာပေါက် မြင်ဖူးတယ် ဆိုသလိုပေါ့"

ထွင်ထျန်းဟာ ".........."

လူလတ်ပိုင်းအရွယ် နည်းပြဆရာက ဆက်ပြောလိုက်သည်။

"ယေဘုယျအားဖြင့် ပြောရရင် ဝိညာဉ်သားရဲတွေက ဒုတိယတန်းစား အဆင့် ရောက်တဲ့အခါမှ စကားပြောစွမ်းရည်ကို ရလာနိုင်တယ်"

"ဒါပေမယ့် ငါအကဲဖြတ်ခဲ့တဲ့ ဝိညာဥ်သားရဲ တစ်သောင်းလောက် ထဲမှာ ဒုတိယတန်းစား မရောက်သေးပေမဲ့ စကားပြောနိုင်တဲ့ သားရဲ တော်တော်များများကို မကြာခဏ တွေ့ဖူးပါတယ်"

"မကြာသေးမီက ရေပန်းစားလာခဲ့တဲ့ သူတော်စင် အဖွဲ့အစည်းရဲ့ လိုအပ်ချက်တွေ အပေါ် အခြေခံပြီး ဒီဝိညာဉ်သားရဲတွေက ထူးခြားတဲ့ လက်ဆောင်တွေ အဖြစ် သတ်မှတ်ခံရနိုင်တယ်"

ထွင်ထျန်းဟာ "............."

လူလတ်ပိုင်းအရွယ် နည်းပြဆရာက ထွင်ထျန်းဟာကို ကြည့်ကာ ရယ်မောလိုက်သည်။

"ဒါပေမယ့် မင်းမှာလည်း ထူးခြားတဲ့ အရည်အချင်းတွေ ရှိတဲ့ပုံပါပဲ.. မင်းအိမ်ပြန်ရင် သတိထားသင့်တယ်.. မဟုတ်ရင် မင်းက သူတော်စင်အဖွဲ့ရဲ့ ဖမ်းဆီးတာကို ခံရလိမ့်မယ်”

ထွင်ထျန်းဟာ " ဝိညာဥ်သားရဲတွေကို သူတော်စင် အဖွဲ့က ဘာလို့ အလိုရှိတာလဲ"

လူလတ်ပိုင်းအရွယ် နည်းပြဆရာက ထွင်ထျန်းဟာကို အလွန်အံ့သြစွာ ကြည့်လိုက်၏။

"မင်းမသိဘူးလား.. သူတော်စင် အဖွဲ့အစည်းမှာ ဝိညာဥ်သားရဲအတန်းတွေလည်း ရှိတယ်လေ.. သူတို့ရဲ့ TV ကြော်ငြာကို မှတ်မိသေးလား.. ကြော်ငြာထဲမှာ လူငယ်လေး နဲ့အတူ နဂါးပျံ အများအပြားလည်း ပါတယ်လေ.. အဲဒီ နဂါးပျံတွေက အဆင့်အတန်းမြင့်တဲ့ ဝိညာဉ်သားရဲတွေပဲ"

ထွင်ထျန်းဟာ အံ့အားသင့်သွားသည်။

ဤကဲ့သို့ အသေးစိတ် မကြည့်ခဲ့၍ သူလုံးဝ သတိမထားမိခဲ့ပေ။

လူအများစု၏ အာရုံစိုက်မှုက ဆောက်လုပ်ရေးပစ္စည်း အထက်တန်းကျောင်းမှ ချူးယွမ်ဟောင် ထံသာ ရောက်ရှိနေသည်ဟု ဆိုရမည်။

လူလတ်ပိုင်းအရွယ် နည်းပြဆရာက ထွင်ထျန်းဟာ နှင့်အတူ လမ်းလျှောက်လာရင်း ထွင်ထျန်းဟာကို ကြည့်လိုက်သည်။

"ဒါက နှစ်ပေါင်းများစွာ ကြာပြီးနောက်မှာ ငါ့ရဲ့ အလုပ်အပေါ် ရူးသွပ်မှုလည်း ဖြစ်နိုင်တယ်.. ငါက အခြားလူတွေထက် ဝိညာဉ်သားရဲတွေကို ပိုအကဲဆတ်တယ်.. ဒီနဂါးပျံတွေကို မြင်ကတည်းက သူတော်စင် အဖွဲ့အစည်းမှာ ဝိညာဥ်သားရဲ အတန်း ရှိမရှိ သိချင်လာတယ်.. အွန်လိုင်းမှာ ရှာကြည့်လိုက်မှ သူတို့ဆီမှာ တကယ်ပဲ အတန်းတွေ ရှိနေတာကို တွေ့လိုက်ရတယ်"

"ဒါ့အပြင် သူတော်စင် အဖွဲ့အစည်းက ထူးခြားတဲ့ဝိညာဥ်သားရဲတွေကို ရှာဖွေဖို့အတွက် နိုင်ငံတစ်ဝှမ်းလုံးမှာ ရှိတဲ့ ဝိညာဥ်သားရဲ အကဲဖြတ် စင်တာတွေနဲ့ မကြာသေးမီကပဲ ပူးပေါင်းထားခဲ့တယ်"

".............."

အကြောင်းတစ်ခုခုကြောင့် ထွင်ထျန်းဟာက ရုတ်တရက် အန္တရာယ်ကို ခံစားလိုက်ရသည်။

လူနှင့်ခွေးတို့ စကားစမြည် ပြောနေရင်း စမ်းသပ်ခန်းသို့ တရားဝင် ရောက်ရှိလာခဲ့သည်။

အခန်းအတွင်း၌ စက်အများအပြားကို တပ်ဆင်ထားသည်။

လူလတ်ပိုင်း အရွယ် နည်းပြဆရာ ပြောလိုက်သည်။

"မစ္စတာဟာ အနေနဲ့ အပြင်မှာ ရှိတဲ့ ဖန်သားပြင်တွေကနေ မြင်ဖူးမှာပါ... အခြေခံ စွမ်းရည်စစ်ဆေးမှု ငါးခုကို ကနဦး ဖြေဆိုရပါမယ်.. အဲဒါပြီးရင်တော့ မင်းရဲ့ အဆင့်အတန်းကို လေ့လာပြီး မင်းနဲ့ တိုက်ခိုက်ဖို့ သားရဲတစ်ကောင်ကို ငါစီစဉ်ပေးမယ်"

သူက ဤအချက်ကို ပြောရင်း ရုတ်တရက် ဂုဏ်ယူနေပုံရသည်။

"အမှန်တိုင်းပြောရရင် ငါက ဒီအကဲဖြတ်စင်တာမှာ စမ်းသပ်ဖို့အသုံးပြုတဲ့ ပင်ဂွင်းသားရဲ အားလုံးကို မွေးမြူခဲ့တဲ့သူပဲ"

ထွင်ထျန်းဟာ "ဆရာက သူတို့ကို မွေးမြူထားတာလား"

"သိပ်ဟုတ်တာပေါ့.. ငါတို့ မျိုးနွယ်စုက ပင်ဂွင်း အမျိုးအစား အားလုံးကို မျိုးဆက်နဲ့ ချီပြီး မွေးမြူခဲ့တာလေ"

လူလတ်ပိုင်း အရွယ် နည်းပြဆရာက ထွင်ထျန်းဟာ ရှေ့တွင် ဂုဏ်ယူစွာ ကြွားလုံးထုတ်လိုက်သည်။

"ငါက မာမျိုးနွယ်စုရဲ့ သုံးဆယ်မြောက် မျိုးဆက်ဖြစ်တဲ့ မာဟွားထန့် ရဲ့ တစ်ဦးတည်းသောသားပါ။"

ထွင်ထျန်းဟာ "........."

မာဟွားထန့်သည် လည်ပင်းတွင် မာဖလာအနီ ပတ်ထားသော ပင်ဂွင်းလိုဂို ဖြစ်သည့် "Tencent QQ" ကို တီထွင်ခဲ့သော Tencent ကုမ္ပဏီ၏ တည်ထောင်သူ ဖြစ်သည်။

All Chapters