← Chapters

ဟိုးမှာကြည့်စမ်း.. ပန်းကန်ပြားပျံတစ်စင်း

Vol. 26 Ch. 380

ဟိုးမှာကြည့်စမ်း.. ပန်းကန်ပြားပျံတစ်စင်း

Vol. 26 Ch. 380

ထွင်ထျန်းဟာက ဘာပြောရမှန်းပင် မသိတော့ပေ။

အကဲဖြတ်စင်တာတွင် သူ့ကိုယ်သူ သိုသိုသိပ်သိပ်နေခဲ့သည်ဟုသူထင်ခဲ့သည်။

တကယ်တမ်းတွင် ဒုတိယတန်းစား အဆင့်မဟုတ်ဘဲ စကားပြောတတ် ရေးတတ်နေသောကြောင့် အများ၏ အာရုံစိုက်မှုကို ရရှိသွားကာ ဖမ်းချင်သူများ ရှိလာခြင်းပင်။

ဤသူတော်စင်အဖွဲ့က အနည်းငယ် ညစ်လွန်းနေသည် မဟုတ်လော။

သူ့ရှေ့ရှိ ဤလူများက သူတော်စင် အဖွဲ့အစည်း နှင့် ချိတ်ဆက်မှု ရှိပုံရသော်လည်း ထိုအဖွဲ့အစည်းမှ မဟုတ်သည်မှာ သေချာနေ၏။

တရားဝင် လမ်းကြောင်းများမှ တစ်ဆင့် ပင်မ ပညာရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ကာ တစ်နိုင်ငံလုံး အသိအမှတ်ပြုခြင်းကို ခံရသည့် အရည်အချင်းရှိသော အဖွဲ့အစည်းတစ်ခုသည် ပုံမှန်မဟုတ်သော နည်းလမ်းများဖြင့် နေ့ခင်းကြောင်တောင် ဖမ်းဆီးမှုကို ပြုလုပ်ပါမည်လော။

အကယ်၍ ဤလူများသာ သူတော်စင် အဖွဲ့အစည်းမှ အမှန်တကယ်ဖြစ်ခဲ့လျှင် ထွင်ထျန်းဟာက ခေါင်းကို မြင်းအကန်ခံရသလို ခံစားရမည် ဖြစ်၏။

ထွင်ထျန်းဟာက သူ၏ ခန့်မှန်းချက်ကို အတည်ပြုရန်အတွက် မေးမြန်းခဲ့သည်။

"မင်းတို့က သူတော်စင်အဖွဲ့အစည်းကလား"

"မင်းအဲဒီလို တွေးလို့လည်း ရပါတယ်"

အရိုးနဂါးပိုင်ရှင်က ပြုံးလိုက်သည်။

ထိုစကားကိုကြားလျှင် ထွင်ထျန်းဟာ ခေါင်းညိတ်လိုက်သည်။

"ဒီကောင်တွေက သူတော်စင်အဖွဲ့က မဟုတ်တာ သေချာနေပြီ.. အနည်းဆုံးတော့ သူတို့ကို တရားဝင် အမိန့် မပေးခဲ့တာတော့ သေချာတယ်"

သူတော်စင်အဖွဲ့အစည်းမှ အမှန်တကယ် ဖြစ်ခဲ့မည်ဆိုလျှင် ဝန်ခံရန် အလွန်ခက်ခဲမည် မဟုတ်ပါလော။

ယခုအခါတွင် သူတော်စင် အဖွဲ့အစည်းက ပညာရေးလောကကို လှုပ်ခတ်သွားစေသောအဖွဲ့ ဖြစ်သည်။

မြို့တိုင်းရှိ လူအများက ၎င်းတို့ကို သိနှင့်နေကြပြီ ဖြစ်သည်။

ထိုသို့သော အဖွဲ့အစည်းအတွက် အလုပ်လုပ်ရခြင်းသည် လူအများစုအတွက် ဂုဏ်ယူစရာ ဖြစ်လာလိမ့်မည်။

ထွင်ထျန်းဟာက စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။

သူ့အနေဖြင့် ရှားရှားပါးပါး အပြင်သို့ ထွက်လာကာမှ ဒုက္ခများခဲ့ရ၏။

ဆရာလေးလင်းသာ သိခဲ့လျှင် သူပျော်နိုင်မည် မဟုတ်ပေ။

ရုတ်တရက် ထွင်ထျန်းဟာက ခြေထောက်ဖြင့် ကောင်းကင်ကိုညွှန်ပြလိုက်သည်။

"ဟိုမှာကြည့်စမ်း.. ပန်းကန်ပြားပျံတစ်စင်း"

သို့သော် အနက်ရောင်၀တ် အမျိုးသားများက လှည့်စားခြင်းကို လုံးဝ မခံခဲ့ရပေ။

အရိုးနဂါးပိုင်ရှင်က ရယ်မောလိုက်သည်။

"ငါတို့ သုံးနှစ်သားလို့ မင်းထင်နေလား.. ဒီလှည့်ကွက်လောက်နဲ့ ဘယ်လိုလုပ် လှည့်စားလို့ရမှာလဲ"

ထွင်ထျန်းဟာက အရှုံးမပေးဘဲ ကောင်းကင်ကို ညွှန်ပြလိုက်ပြန်သည်။

"ဟိုမှာကြည့်စမ်း ယူရီဟက်တာနို"

[ယူရီဟက်တာနို= ခေါင်းကြီးတို့အကြိုက် အပြာသရုပ်ဆောင်]

အရိုးနဂါးပိုင်ရှင် "အသုံးမဝင်ပါဘူး.. ငါတို့နဲ့သာ အေးအေးဆေးဆေး လိုက်လာခဲ့စမ်းပါ.. ကိစ္စတစ်ခုကို တာဝန်ယူပြီးကတည်းကနေ မပြီးမြောက်မချင်း ဘယ်အရာကမှ ငါတို့ကို တားလို့ရမှာ မဟုတ်ဘူး"

ထွင်ထျန်းဟာက ရုတ်တရက် အေးစက်သွားသလို ခံစားလိုက်ရသည်။

ဤအမျိုးသားများက ခွေးသူခိုးများသာ မကဘဲ ဂေးများပင် ဖြစ်နေပါသလော။

ယင်းအချိန်တွင် ထွင်ထျန်းဟာက သူ၏ အားအကိုးရဆုံးအကွက်ကို အသုံးပြုရတော့မည်ဟု ခံစားမိသည်။

ထွင်ထျန်းဟာက နောက်ဆုံးအကြိမ် ကောင်းကင်ကို ညွှန်ပြခဲ့သည်။

"ကြည့်စမ်း.. ဟိုမှာ အပြာရောင်လမင်း"

ထိုအခိုက်အတန့်တွင် အနက်ရောင် ဝတ်ထားသော အမျိုးသားများက အကြောင်းပြချက် တစ်ခုခုကြောင့် ညှို့ယူခံထားရသလို ဖြစ်ကာ ထွင်ထျန်းဟာ ညွှန်ပြသည့် လမ်းကြောင်းအတိုင်း လှည့်ကြည့်ရန် အတင်းအကြပ် စေခိုင်းခံခဲ့ရသည်။

"ဒီနေ့ နေအရမ်းသာတယ်လေ.. ဘယ်မှာလဲအပြာရောင်လမင်း"

ခဏအတွင်း သူတို့က အသိစိတ် အာရုံများ ပြန်ရလာသည်။

အရိုးနဂါး ပိုင်ရှင်နှင့် အခြားသူများ တုန်လှုပ်သွားကြသည်။

"ချီးပဲ"

သူတို့ တကယ်ပဲ ကစားခံခဲ့ရသည်။

သူတို့ လှမ်းကြည့်လိုက်ရာ အမွေးစိမ်းခွေးက မိုးကုတ်စက်ဝိုင်းပေါ်ရှိ အစိမ်းရောင် အစက်လေး တစ်စက် အဖြစ်သို့ သိသာထင်ရှားစွာပင် လျင်မြန်စွာ ပြောင်းလဲသွားသည်။

"လိုက်"

အရိုးနဂါးပိုင်ရှင် အံကိုကြိတ်၍ ဒေါသတကြီး အော်ဟစ်လိုက်သည်။

သူတို့ငါးယောက်က အရှုံးမပေးခဲ့ပေ။

တစ်ယောက်ချင်းစီက သူတို့၏ မှော်ရတနာများကို ထုတ်ယူ၍ လိုက်ရှာခဲ့ကြသည်။

ဤလူငါးယောက်က အနီးနားရှိ လမ်းများနှင့် အလွန်ရင်းနှီးပုံရသည့် အတွက် ဤတစ်ကြိမ်က ပထမဆုံးအကြိမ် မဟုတ်မှန်း ထင်ရှားနေ၏။

....................

ထွင်ထျန်းဟာက သူတော်စင် အဖွဲ့အစည်း အယောင်ဆောင်ထားသည့် ဤလူစုက ယခုလောက်ထိ သူ့ကို အသည်းအသန် ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ထို့အပြင် ၎င်းတို့က သူ့အပေါ် စိတ်ဝိညာဥ် အမှတ်အသား ပြုလုပ်ထားသလို သူခံစားခဲ့ရသည်။

သူက ဝိညာဉ်သားရဲ အကဲဖြတ်ဌာန၏ ပတ်ဝန်းကျင်နှင့် သိပ်မရင်းနှီးပေ။

ထွင်ထျန်းဟာ မြို့ထဲတွင် အရင်းနှီးဆုံး နေရာမှာ မေမေဝမ် နှင့် ဖိုးဖိုးဝမ်တို့ မကြာခဏ သွားလေ့ရှိသည့် ဈေးတစ်ဝိုက်သာ ဖြစ်သည်။

ယခု သူပထမဆုံး တွေးမိသည်မှာ ကော်ဟောက်တို့ မိသားစု၏ ဝိညာဥ်အစေခံ အရောင်းဆိုင် ဖြစ်သည်။

ဝိညာဥ်အစေခံ အရောင်းဆိုင်က မြို့လယ်တွင်ရှိပြီး ဝိညာဉ်သားရဲ အကဲဖြတ် စင်တာနှင့် သိပ်မဝေးကြောင်းကို သူသိရှိခဲ့သည်။

ထိုဆိုင်က ကျော်ကြားသော အိမ်မွေးတိရစ္ဆာန်ဆိုင် တစ်ခုအနေဖြင့် အဓိကကျသော တည်နေရာကို သိမ်းပိုက်ထားသည်။

သူ ထွက်ပြေးနိုင်သ၍ ဤလူများက သူ့ကို ဖမ်းရန် လက်လျှော့သွားမည် မဟုတ်ပါလော။

ယင်းက ထွင်ထျန်းဟာ၏ အတွေး ဖြစ်သည်။

သူက ကော်ဟော် ယခင်က ပေးထားသော ယင်ကောင် အရသာ ခွေးစာအိတ်မှ တဆင့် ဆိုင်လိပ်စာကို ရှင်းရှင်းလင်းလင်း မှတ်မိနေခဲ့၏။

သို့သော်လည်း ပြဿနာ တစ်ခု ရှိနေသည်။

ယင်းမှာ လိုက်အဖမ်းခံနေရသောကြောင့် တည်နေရာ လမ်းကြောင်းကို လေ့လာရန် အချိန်မရှိခြင်းပင်။

..................

ထွင်ထျန်းဟာက လမ်းကြားတစ်ခုမှ ထွက်လာသော အခိုက်တွင် အနက်ရောင်ကား တစ်စင်းက သူ့ဘေးမှ ရုတ်တရက် ဖြတ်မောင်းသွားသည်။

ယာဉ်မောင်းမှာ ဝေ့ကျစ် ဖြစ်သည်။

ဝေ့ကျစ်က ကားကိုမရပ်ဘဲ အရှိန်လျှော့ကာ ထွင်ထျန်းဟာကို လက်ယပ်ခေါ်လိုက်သည်။

ဝေ့ကျစ်က ကားနောက်တံခါးကိုပါ ဖွင့်ထားပေးခဲ့၏။

"ရှင်းပြဖို့ အချိန်မရှိဘူး မြန်မြန်တက်"

".............."

ထွင်ထျန်းဟာက စကားတစ်ခွန်းမျှ မပြောတော့ဘဲ ရွေ့လျားနေသော အနက်ရောင် ကားထဲသို့ တိုက်ရိုက် ခုန်တက်သွားခဲ့သည်။

ယင်းက လူတစ်ဦးနှင့် ခွေးကြားရှိ ကောင်းမွန်စွာ ပေါင်းစပ်ထားသော စွမ်းဆောင်ရည် တစ်ခုလည်း ဖြစ်သည်။

...............

"မင်္ဂလာပါ ညီနောင်ခွေး.. ငါထင်ထားသလိုပဲ.. ငါတို့က ထပ်ဆုံတွေ့ဖို့ ကံပါလာတဲ့ပုံပဲ"

ဝေ့ကျစ်ပ နောက်ကြည့်မှန်မှတဆင့် ထွင်ထျန်းဟာကို နှုတ်ဆက်လိုက်သည်။

ထွင်ထျန်းဟာက ကံကြမ္မာကို အမှန်တကယ် မယုံကြည်ခဲ့ပေ။

ယနေ့တွင်မူ သူနှင့် ဝေ့ကျစ်တို့၏ ရေစက်က ပိုမို နက်ရှိုင်းလာသည်ဟု ခံစားလိုက်မိသည်။

"ငါဒီမှာရှိနေတာ မင်းဘယ်လိုသိလဲ"

ထွင်ထျန်းဟာက ဝေ့ကျစ်ကို စိုက်ကြည့်ရင်း အံ့သြစွာမေးလိုက်သည်။

"ညီနောင်ခွေး.. မင်းမှာ ထူးခြားတဲ့အော်ရာ ရှိတယ်လို့ ငါပြောခဲ့တာ မင်းမေ့သွားပြီလား"

"ဝိညာဉ်သားရဲတိုင်းမှာ ထူးခြားတဲ့အော်ရာ ရှိကြတယ်.. ငါတို့မျိုးနွယ်စုက လူတွေပဲ အော်ရာကိုအနံ့ခံပြီး ခြားနားချက်တွေကို သိရှိနိုင်တယ်"

ဝေ့ကျစ် ပြုံး၍ ဆက်ပြောလိုက်သည်။

"ဒီထူးခြားတဲ့ အော်ရာကို အနံခံဖို့ နည်းလမ်းတစ်ခု ရှိသလို ခြေရာခံတဲ့ နည်းလမ်းလည်း ရှိတယ်"

"အကဲဖြတ်စင်တာကနေ ထွက်လာကတည်းက လမ်းတစ်လမ်းကနေ ဖြတ်သွားတဲ့အခါ ရင်းနှီးတဲ့ အော်ရာတစ်ခုကို ရုတ်တရက် ခံစားလိုက်ရတယ်.. ဒီအော်ရာမျိုးက ပုံမှန်အားဖြင့် ဝိညာဉ်သားရဲ အန္တရာယ်ရှိတဲ့အခါမှသာ ဖြစ်တတ်တဲ့ အော်ရာမျိုးပါ"

ထွင်ထျန်းဟာ ".............."

ဝေ့ကျစ် "ရှင်းအောင်ပြောရရင်.. ငါမင်းနောက်ကို တမင်တကာ လိုက်နေတာ မဟုတ်ဘူး.."

ထွင်ထျန်းဟာ "............"

ဝေ့ကျစ် "ငါ ဒီလမ်းက ဖြတ်သွားခဲ့တုန်းက မင်းနောက်ကို အနက်ရောင်ဝတ် လူတစ်စု လိုက်နေတာလည်း မတွေ့မိခဲ့ပါဘူး"

ထွင်ထျန်းဟာ "............."

ဝေ့ကျစ် "အတိုချုပ်ပြောရရင် ညီနောင်ခွေး.. မင်းနဲ့ငါ့ကြားက ဖြစ်ပျက်သမျှတွေက ကံတရားပဲ"

ထွင်ထျန်းဟာ "..........."

ဝေ့ကျစ်က အတားအဆီး အားလုံးကို လျစ်လျူရှုကာ အနက်ရောင်ကားကို လမ်းတစ်လျှောက် မောင်းနှင်လာသည်။

ဝေ့ကျစ်က ကားမောင်း အလွန်တော်ကြောင်း တွေ့ရှိလိုက်ရသဖြင့် ထွင်ထျန်းဟာ အံ့သြသွားခဲ့သည်။

သူ၏ ကျွမ်းကျင်မှုအဆင့်အရ" The Fast and the Furious" စီးရီးမှာ မပါဝင်နိုင်ခဲ့လျှင် တကယ့် နစ်နာမှုတစ်ခုပင်။

သို့သော် ယင်းက နောက်ကနေ လိုက်လာနေသည့် အနက်ရောင်ဝတ် လူတစ်စုကို မျက်ခြေဖြတ်ရန် မလုံလောက်သေးပေ။

ဝေ့ကျစ် ဒေါသထွက်လာသည်။

"သူတို့က ဘယ်သူတွေများလဲ.. ခွေးတစ်ကောင်ကို ဖမ်းဖို့အတွက် ရွှေအမြူတေအဆင့် ကျင့်ကြံသူ ငါးယောက်တောင် လွှတ်နိုင်တယ်.. အဲဒါက ထူးဆန်းလွန်းတယ်"

ထွင်ထျန်းဟာ သက်ပြင်းချလိုက်သည်။

"သူတို့က ငါ့အပေါ်မှာ ဝိညာဉ်အမှတ်အသားကို စိုက်ထူထားတယ်.. အဲဒါကို ဖယ်ရှားဖို့ နည်းလမ်းကို ငါအရင် စဉ်းစားရမယ်"

ဝေ့ကျစ် "ဘယ်လိုလုပ်မှာလဲ"

ထွင်ထျန်းဟာ "ငါ့မှာ လှည့်ကွက်အချို့ ရှိပါသေးတယ်.. ငါ့တံတွေးက အစွမ်းထက်တယ်လေ.. ငါတစ်ကိုယ်လုံးကို လျှာ နဲ့ လျက်ချလိုက်ရုံပါပဲ"

ဝေ့ကျစ့ "မင်းရဲ့ဖင် အပါအဝင်လား"

ထွင်ထျန်းဟာ ".............."

All Chapters