← Chapters

အိမ်မွေးတိရစ္ဆာန်မုဆိုးများ

Vol. 26 Ch. 382

အိမ်မွေးတိရစ္ဆာန်မုဆိုးများ

Vol. 26 Ch. 382

ထွင်ထျန်းဟာ အနေဖြင့် ကျောင်းမှာ မနေတော့လျှင်ပင် ကော်ဟောက်၏ ဦးလေးများစွာနှင့် ပတ်သက်သည့် ကောလာဟလများကို ကြားဖူးခဲ့သည်။

"ကော်ဟောက်မှာ ဦးလေး ဘယ်လောက်တောင် ရှိတာလဲ"

ယင်းက အလွန် ဆန်းကြယ်သော မေးခွန်း ဖြစ်သည်။

သို့သော် ယခု ဝေ့ကျစ်ကို တွေ့လိုက်ရမှ ကော်ဟောက်၏ နေရာတကာတွင် ရှိနေတတ်သည့် မျက်လုံးနှင့် နားများကို သူသိလိုက်ရသည်။

ကျန်သည့် ဦးလေးတွေကို အသာထား၊ ဝေ့ကျစ် တစ်ယောက်တည်း ဆီက ရသည့် သတင်းကပင် ကော်ဟောက်အတွက် လုံလောက်နေပြီ ဖြစ်၏။

အရပ်ရပ်သို့ ခရီးလှည့်လည်လေ့ ရှိသော အိမ်မွေးတိရိစ္ဆာန် လေ့ကျင့်ရေး ဆရာတစ်ဦး အနေဖြင့် ဝေ့ကျစ်ရရှိသော သတင်း အချက်အလက်များသည် သာမန်လူများထက် ပိုမိုများပြားနေသည်။

ထိုကဲ့သို့သော လူများသည် အဓိက ဖြစ်ရပ်များစွာကို တရားဝင် လူသိရှင်ကြား မထုတ်ပြန်မီတွင် ထိုအကြောင်းကို ကြားဖူးပြီးသား ဖြစ်ကောင်းဖြစ်လိမ့်မည်။

ကော်ဟောက်က နယ်ပယ်ပေါင်းစုံတွင် မရှိသော်လည်း သူ့ဦးလေးမှာ နယ်လှည့်နေသော အိမ်မွေးတိရိစ္ဆာန် လေ့ကျင့်ရေး ဆရာတစ်ဦး ဖြစ်နေသည် မဟုတ်ပါလား။

"ဗိုက်မဆာဘူးလား"

ထိုသို့ အမေးခံလိုက်ရသဖြင့် ထွင်ထျန်းဟာက အနည်းငယ်ရှက်ရွံ့သွားသည်။

"ညီနောင်ခွေးက ခွေးစာ မစားတတ်ဘူးလား"

"............"

ထွင်ထျန်းဟာက ဘယ်လိုပြန်ဖြေရမှန်း မသိတော့ပေ။

"နတ်ဆိုးဘုရင်နှလုံးသားကျမ်း" ကို ကျင့်ကြံခြင်းက ခွန်အား များစွာ သုံးစွဲရသောကြောင့် စွမ်းအင်ထောက်ပံ့မှု အတွက် ခွေးစာများသည် ထွင်ထျန်းဟာ အတွက် အလွန်အရေးကြီးသည်။

သူက ခွေးစာ စားသော်လည်း သူစားတတ်သည့် ခွေးစာက သာမန် အမျိုးအစား မဟုတ်ပေ။

ကော်ဟောက် ပေးခဲ့သော ယင်ကောင်အရသာ ခွေးစာကို စတင် စားသုံးပြီးကတည်းက အခြားခွေးစာများကို သူ မစားနိုင်တော့ပေ။

"ငါ အခုတော့ ဗိုက်မဆာသေးပါဘူး"

ရုတ်တရက် ထွင်ထျန်းဟာ၏ အမူအရာ ပြောင်းသွားသည်ကို ဝေ့ကျစ် သတိပြုမိလိုက်သည်။

"ဘာဖြစ်လို့လဲ"

ဝေ့ကျစ် မေးလိုက်သည်။

ထွင်ထျန်းဟာက မျက်လုံးများ ကျဥ်းမြောင်းသွားပြီး အမြီးကို ခါယမ်းလိုက်၏။

သူက အရိုးနဂါးပိုင်ရှင်၏ အော်ရာကို အနံ့ခံနိုင်ခဲ့သည်။

ထို့ကြောင့် စောစောက သူတို့ကို လိုက်ဖမ်းသော အနက်ရောင်ဝတ် အမျိုးသားများက သူတို့ကို ရှာတွေ့သွားပြီး အောက်ထပ်တွင် ရှိနေကြောင်း သိလိုက်ရ၏။

ကျင့်ကြံသူများက ၎င်းတို့၏ ဝိညာဉ်စွမ်းအားများနှင့် အော်ရာများကို ဖုံးကွယ်ထားနိုင်သော်လည်း ဖုံးကွယ်၍ မရသောအရာမှာ ၎င်းတို့၏ အငွေ့အသက်များ ဖြစ်သည်။

သူတို့ခန္ဓာကိုယ်ပေါ်ရှိ ချွေးပေါက်များ အားလုံးကို ပိတ်မထားသ၍ ထွင်ထျန်းဟာက အနံ့ခံနိုင်စွမ်း ရှိပေသည်။

....................

အရိုးနဂါး ပိုင်ရှင် နှင့် အနက်ရောင်ဝတ် လူတစ်စုက တိုက်ခန်း အဆောက်အအုံ၏ အောက်ထပ်သို့ ရောက်ရှိလာသည်။

အစောပိုင်းက ဝေ့ကျစ် ကားထားခဲ့သော လမ်းကြားတွင် သူတို့၏ ကားများကို ရပ်လိုက်ကြသည်။

"ခွေးက ဒီထဲမှာရှိတယ်"

ခေါင်းဆောင်ဖြစ်သည့် အရိုးနဂါးပိုင်ရှင်က ရယ်မော၍ ပြောလိုက်သည်။

သူ၏ အရိုးနဂါးက ကားကိုအနံ့ခံပြီး ဤတိုက်ခန်း အဆောက်အဦးဆီ ညွှန်ပြပေးခဲ့ခြင်းပင်။

အရိုးနဂါး၏ အနံ့ခံအာရုံက ခွေးတစ်ကောင်လောက် မကောင်းသော်လည်း တတိယတန်းစား အဆင့်ဖြစ်၍ အော်ရာ ကွဲပြားမှု များကို ခွဲခြားနိုင်ပါသေးသည်။

"ဒီနေရာက ရိုးရှင်းပုံမရဘူး.. သူတို့ကို ဒီနေရာထိ လိုက်ဖမ်းတာ တကယ်ပဲ အဆင်ပြေပါ့မလား"

"ငါက ဒီစစ်ဆင်ရေးရဲ့ ခေါင်းဆောင်ပါ.. တစ်ခုခုဖြစ်ရင် ငါ တာဝန်ယူပါ့မယ်"

အရိုးနဂါးပိုင်ရှင်က သူ့ရှေ့မှ အဆောက်အဦးကို ကြည့်ပြီး လက်နှစ်ဖက်ကို နောက်သို့ ဟန်ပါပါပစ်၍ ပြောလိုက်သည်။

"ဒီခွေးက ပေါ့သေးသေး မဟုတ်တာတော့ သေချာတယ်.. အစောပိုင်းက အကဲဖြတ်စင်တာမှာ ငါ့ကို သတိပေးတဲ့အနေနဲ့သူ့အော်ရာကို တမင်တကာ ထုတ်လွှတ်လိုက်သေးတယ်"

"ငါ့ရဲ့ အရိုးနဂါးက ဝိညာဥ်သားရဲနဲ့ မဆိုင်တဲ့ ထူးခြားတဲ့ အော်ရာ လှိုင်းလုံးကြီးတစ်ခု ထွက်လာတယ်လို့တောင် ပြောခဲ့တယ်"

"ငါတို့သာ သူ့ကို ဖမ်းပြီး သူတော်စင် အဖွဲ့အစည်းထံ လွှဲပြောင်းပေးနိုင်ရင် သေချာပေါက် ဈေးကောင်းရနိုင်တယ်။"

"သူတော်စင်အဖွဲ့အစည်းက သားရဲကို လက်ခံလို့လား"

"ငါတို့က လူတွေကို ခိုးယူလို့ မရပေမယ့် ဝိညာဥ်သားရဲတွေကိုတော့ ခိုးယူလို့ရပါတယ်.. သူတော်စင်အဖွဲ့အစည်းရဲ့ ဝိညာဥ်သားရဲ အတန်းတွေမှာ လစ်လပ်နေတဲ့ နေရာအချို့ ရှိနေဆဲပဲ.. သူတို့အနေနဲ့ အထူး ဝိညာဥ်သားရဲတွေ အရေးတကြီး လိုအပ်နေတယ်"

"ငါတို့ ဒီကောင်ကို ဖမ်းမိရင် မှတ်ဉာဏ် မေ့ပျောက်သွားအောင် ဝိညာဥ်ရေကို တိုက်ရမယ်.. ပြီးရင် သေချာသန့်ရှင်းရေးလုပ်ပြီး ရောင်းစားမယ်"

အရိုးနဂါးပိုင်ရှင်က ရယ်လိုက်သည်။

"သူတော်စင်အဖွဲ့အစည်းက ငါတို့ကို ထိုက်ထိုက်တန်တန် ဆုချမယ်လို့ ငါယုံကြည်တယ်"

ထို့နောက်တွင် သူက လက်အောက်ငယ်သားများ၏ တုံ့ပြန်မှုကို မစောင့်ဘဲ တိုက်ခန်း အဆောက်အဦးထဲသို့ ဝင်လိုက်သည်။

သူတို့က နှစ်မိနစ်လောက် အကြာတွင် တံခါးဝကို ရောက်လာသည်။

"သူတို့တွေက ဒီအထပ်မှာ..."

တံခါးနောက်တွင် ဝေ့ကျစ် နှင့် ထွင်ထျန်းဟာက အသက်ပင် မရှူနိုင်အောင် ဖြစ်နေသည်။

နောက်ထပ် အခိုက်အတန့်တွင် တံခါးခေါက်သံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

"မင်းတို့မှာ ပုန်းအောင်းနိုင်တဲ့ အရည်အချင်းရှိရင် တံခါးဖွင့်ရဲတဲ့ အရည်အချင်းလည်း ရှိသင့်တယ်"

ထွင်ထျန်းဟာ"............"

ဝေ့ကျစ် ".............."

ခဏအကြာတွင် အနက်ရောင်ဝတ်လူများက တံခါးကိုဖွင့်ရန် စတင် လုပ်ဆောင်ခဲ့သည်။

ဝေ့ကျစ်က မိုးလုံလေလုံ စိမ်းလန်းစိုပြေသည့် ပတ်ဝန်းကျင်ကို ဖန်တီးရန်အတွက် ထိုအချိန်က ပိုက်ဆံတွေ အများကြီး သုံးစွဲခဲ့ဖူးသည်။

တိုက်ခန်းတွင် လေလည်ပတ်မှု နည်းပညာကိုပါ ထည့်သွင်းထား၍ လေဝင်လေထွက်လည်း ကောင်းသည်။

မည်မျှပင် အကုန်အကျများစွာ တည်ဆောက်ခဲ့သော်လည်း ၎င်းတွင် အားနည်းချက် တစ်ခုရှိသည်။

ယင်းမှာ ရွှေအမြူတေအဆင့် ကျင့်ကြံသူ၏ ထပ်ခါတလဲလဲ ထိုးနှက်မှုကို မခံနိုင်ခြင်းပင်။

"ဝုန်း"

တံခါးပေါက်ကွဲသွားသည်နှင့် အရိုးနဂါးပိုင်ရှင် ဦးဆောင်သည့် အနက်ရောင်ဝတ် လူများကို လှောင်အိမ်၊ ကြိုးနှင့် လျှပ်စစ်ကျဥ်စက် တို့နှင့်အတူ တွေ့လိုက်ရသည်။

ဝေ့ကျစ် အံ့သြသွားသည်။

"အဆောက်အဦးထဲ ဘယ်လိုလုပ် ဝင်လာနိုင်တာလဲ"

ယုတ္တိဗေဒအရ ပြောရလျှင် ဤတိုက်ခန်း အဆောက်အအုံသည် ပြင်ပလူများ အတွက် ဝင်ဖို့ မလွယ်ကူပေ။

အရိုးနဂါးပိုင်ရှင်က ပြုံးလိုက်ပြီး သူ့ အင်္ကျီရင်ဘတ်ထဲက စီးကရက်ဗူးကို ထုတ်ပြလိုက်သည်။

"ဒါကြောင့်ပဲ"

ဝေ့ကျစ် အံ့သြသွားသည်။

ဆေးလိပ် အလွန်အကျွံ သောက်သော တံခါးစောင့်က ထိုလူများကို စီးကရက်ဗူး အတွက်ဖြင့် ဝင်ခွင့်ပေးလိုက်ပုံ ရ၏။

"ကောင်လေး.. ဒီခွေးနဲ့ မင်းရဲ့ ဆက်ဆံရေးက ဘယ်လိုလဲ ဆိုတာတော့ ငါမသိဘူး.. ဒါပေမယ့် မင်းဘာသာမင်း အေးဆေးနေဖို့ ငါအကြံပေးချင်တယ်"

အရိုးနဂါးပိုင်ရှင်၏ စူးရှသောအကြည့်က ဝေ့ကျစ်၏ ကိုယ်ပေါ်သို့ ကျရောက်သွား၏။

ဝေ့ကျစ်က ရယ်မော၍ ပြောလိုက်သည်။

"တောင်းပန်ပါတယ်.. ဘယ်လိုလုပ်မလဲ.. ငါက ဒီခွေးကို တကယ်ချစ်နေမိပြီ.. "

ထွင်ထျန်းဟာ "..........."

ဝေ့ကျစ်၏ စကားကြောင့် အရိုးနဂါးပိုင်ရှင်၏ လူများက လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။

ဝေ့ကျစ်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်၏။

သူ့မျက်နှာက အလွန်ပင် တည်ငြိမ်လွန်းနေသည်။

သူက သူ့ရှေ့မှ အရိုးနဂါးကို စိုက်ကြည့်လိုက်သည်။

"မင်းတို့တွေ သားရဲတွေကို လိုက်ဖမ်းတာ ပြစ်မှုမြောက်မှာ မကြောက်ဘူးလား"

အရိုးနဂါးပိုင်ရှင်က ရယ်လိုက်သည်။

"ဘာလို့ကြောက်ရမှာလဲ.. ငါတို့အလုပ်က အဆိုးဆုံး ဘာဖြစ်နိုင်လို့လဲ... ခွေးလေခွေးလွင့်တွေကို ဖမ်းပြီး ပိုက်ဆံနဲ့ ရောင်းစားတာ ဘာပြစ်မှု မြောက်လို့လဲ.."

"ငါတို့က သူတော်စင် အဖွဲ့အစည်းရဲ့ လိုအပ်ချက်အရ ငွေရှာဖို့ပဲ စိတ်ဝင်စားတယ်"

"ငါသိပါတယ် မင်းတို့က အိမ်မွေးတိရစ္ဆာန် မုဆိုးတွေ မဟုတ်လား"

ယခုမှ ဝေ့ကျစ်က သဘောပေါက်သွားသည်။

ဤလူများက အိမ်မွေးတိရစ္ဆာန် လေ့ကျင့်ပေးသူများ ပြင်းထန်စွာ သပိတ်မှောက်ခဲ့ကြသည့် အိမ်မွေးတိရစ္ဆာန်မုဆိုးများ ဖြစ်သည်။

အိမ်မွေးတိရိစ္ဆာန် မုဆိုးများက ညအချိန်တွင်သာ လုပ်ဆောင်ရန် ရွေးချယ်လေ့ ရှိကြသည်။

ဤကဲ့သို့ နေ့ခင်းကြောင်တောင် မောက်မာစွာ ပြုမူနေသည်ကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။

"အခု ငါတို့ဘယ်သူလဲ ဆိုတာ မင်းသိနေပြီ ဆိုတော့လည်း ရှင်းပြစရာ မလိုတော့ဘူးပေါ့"

အရိုးနဂါးပိုင်ရှင်က ကောက်ကျစ်စွာ ပြုံးလိုက်သည်။

အိမ်မွေးတိရစ္ဆာန် လေ့ကျင့်ပေးသူများနှင့် အိမ်မွေးတိရစ္ဆာန်မုဆိုးများသည် ရန်လိုသော ဆက်ဆံရေး ရှိခဲ့သည်။

ဝေ့ကျစ်က ထွင်ထျန်းဟာကို သူ့အနောက်တွင်ထား၍ ကာကွယ်ခဲ့၏။

ဤကိစ္စက အိမ်မွေးတိရစ္ဆာန် မုဆိုးများနှင့် ပတ်သက်နေ၍ ထွင်ထျန်းဟာနှင့် မပတ်သက်လျှင်ပင် သူအရေးယူရပေလိမ့်မည်။

"ညီနောင်ခွေး ဟိုနားမှာ အေးအေးဆေးဆေး ရပ်နေ"

ထွင်ထျန်းဟာ "............."

ဝေ့ကျစ်က သူ့သဘောထားကို ပြတ်ပြတ်သားသား ထုတ်ပြောလိုက်သည်။

"ဒီကောင်ကို ငါအရင်ရှင်းလိုက်မယ်"

ထိုအချိန်မှာပင် အရိုးနဂါးပိုင်ရှင်က ဝေ့ကျစ်ကို ဦးစွာ တိုက်ခိုက်လိုက်သည်။

ဝေ့ကျစ်၏ လှုပ်ရှားမှုက အလွန် မြန်ဆန်သောကြောင့် ထွင်ထျန်းဟာပင် သေသေချာချာ မမြင်ရပေ။

သူက အာရုံစူးစိုက်၍ ကြည့်လိုက်ရာ အရိုးနဂါးပိုင်ရှင်၏ လျှပ်စစ်ကျဥ်စက်က ဝေ့ကျစ်အား တိုက်ရိုက် ထိမှန်သွားသည်ကို မြင်လိုက်ရသည်။

လျှပ်စစ်မီးပွားများက ဖွာခနဲ ဖြစ်သွား၏။

အရိုးနဂါးပိုင်ရှင်၏ မျှော်လင့်ချက်နှင့် ဆန့်ကျင်ဘက်ပင်။

ဝေ့ကျစ်က တကယ်ကို အန္တရာယ်မရှိခဲ့ပေ။

သူက လျှပ်စစ်ကျဥ်စက်ကိုပင် လုယူလိုက်သေး၏။

အရိုးနဂါးပိုင်ရှင် "မဖြစ်နိုင်ဘူး.. ငါ့ရဲ့ လျှပ်စစ်ကျဥ်စက် မှော်ရတနာက ဗို့အား တစ်ထောင်တောင် ရှိတယ်"

ဝေ့ကျစ်က လျှပ်စစ်ကျဥ်စက်ကို ကိုင်ကာ အေးစက်စွာ ပြုံးလိုက်သည်။

"တစ်ချိန်က ဗို့အား တစ်သိန်း ထုတ်လွှတ်တဲ့ အဝါရောင် ကြွက်တစ်ကောင်ကို ငါမွေးမြူခဲ့တယ်.. ဒီလောက် လျှပ်စစ်က စာမဖွဲ့တော့ဘူး.. ငါက လျှပ်စစ်ခန္ဓာကိုယ်နဲ့ ကြီးပြင်းခဲ့တာပဲ"

All Chapters