← Chapters

ထွင်ထျန်းဟာ ဘာလို့ပြန်မလာသေးတာလဲ

Vol. 26 Ch. 384

ထွင်ထျန်းဟာ ဘာလို့ပြန်မလာသေးတာလဲ

Vol. 26 Ch. 384

ဟုတ်ပါသည်။ အငြိမ်းစား ဗိုလ်ချုပ်ကြီး ကျန်းလဲ့ အပြင် တိုက်ခန်း အဆောက်အဦး၌ ဇာတ်မြုပ်နေသည့် တခြား ကျင့်ကြံသူများလည်း ရှိခဲ့သည်။

ယင်းမှာ ဤနှစ်ဆယ့်သုံးထပ်သို့ မျှားခေါ်ခဲ့ရသည့် အကြောင်းရင်းလည်း ဖြစ်သည်။

အိမ်မွေးတိရစ္ဆာန် လေ့ကျင့်ရေးမှူးများ အကြောက်ဆုံးအရာမှာ အိမ်မွေးတိရစ္ဆာန်မုဆိုးများ ဖြစ်သည်။

ဝိညာဥ်သားရဲ တစ်ကောင်ကို မြင်သည်နှင့် အိမ်မွေးတိရစ္ဆာန်ကုန်ကူးသူများက ၎င်းကိုရရှိရန် ဘာမဆို လုပ်တတ်ကြသည်။

အနည်းဆုံးတော့ ဤတိုက်ခန်းတွင် အိမ်မွေးတိရစ္ဆာန် မွေးမြူသည့် အခြေစိုက်စခန်းတစ်ခု တည်ထောင်ထားခြင်းက ဝေ့ကျစ်၏ စိတ်ကို သက်သာရာရစေ၏။

ဗိုလ်ချုပ်ကျန်း ထွက်သွားပြီးနောက်တွင် ဝေ့ကျစ်က မြေပြင်ပေါ်၌ ချည်နှောင် ခံထားရသည့် လူငါးဦးကို ကြည့်ကာ ရယ်မော၍ ပြောလိုက်သည်။

"အခုလုပ်ရမှာက စစ်ကြောရေးပဲ"

သူက လက်ချောင်းများကို လှုပ်ရှားလိုက်ရာ တခဏချင်းမှာပင် ဧည့်ခန်း၏ မျက်နှာကျက်ကနေ တွဲလောင်းကျနေသည့် နွယ်ပင်များက အသိစိတ် ရှိနေသကဲ့သို့ မထင်မှတ်ပဲ နိုးထလာခဲ့၏။

နွယ်ပင်များက အနက်ရောင်ဝတ် လူများကို ရစ်ပတ်သွားပြီး မျက်နှာကျက်ဆီသို့ ဆွဲတင်လိုက်သည်။

တကယ်တမ်းတွင် ထိုနွယ်ပင်များမှာ အပင်အမျိုးအစား ဝိညာဉ်သားရဲများ ဖြစ်၏။

ထွင်ထျန်းဟာက ထိုမြင်ကွင်းကို ကြည့်ကာ ထိတ်လန့်သွားသည်။

ဤမျက်နှာကျက်ရှိ နွယ်ပင်များက အလှအတွက်သာ ဖြစ်မည်ဟု သူတွေးထင်ထားခဲ့၏။

၎င်းတို့က သက်ရှိနွယ်ပင်များ ဖြစ်နေမည်ဟု မထင်ထားခဲ့ပေ။

ဝိညာဉ်စွမ်းအင်ကမ္ဘာရှိ အပင်အမျိုးအစား ဝိညာဉ်သားရဲများ၏ ဖွဲ့စည်းမှုမှာ ကမ္ဘာခြားဂိတ်ထဲရှိ အပင်သက်ရှိများနှင့် လုံးဝကွဲပြားသည်။

ထို့အပြင် အပင်အမျိုးအစား ဝိညာဉ်သားရဲများမှ ထုတ်လွှတ်သော အော်ရာက ကျန် ဝိညာဥ်သားရဲများနှင့် ကွဲပြားသောကြောင့် ထွင်ထျန်းဟာက ၎င်းတို့ကို သတိမပြုမိခြင်းပင်။

သူက လက်ရှိတွင် တတိယတန်းစားအဆင့် ရှိသော်လည်းအဆုံးသတ်တွင်မူ လုံလောက်မှု မရှိသေးပေ။

ဒုတိယတန်းစား သို့မဟုတ် ပထမတန်းစား အဆင့်သို့ ရောက်သည်နှင့် ပိုမိုကောင်းမွန်သော အာရုံခံနိုင်စွမ်းကို ရရှိလာမည် ဖြစ်သည်။

အနည်းဆုံးတော့ ထွင်ထျန်းဟာ၏ အနံ့ခံအာရုံက ယခုထက် အဆများစွာ မြင့်မားနေပေလိမ့်မည်။

သူ့အနေဖြင့်"နတ်ဆိုးဘုရင်နှလုံးသားကျမ်း"ကို အရှိန်မြှင့်ကျင့်ရန် လိုအပ်နေ၏။

ယင်းက ထွင်ထျန်းဟာ၏ အတွေး ဖြစ်သည်။

ဝေ့ကျစ်က အနက်ရောင်ဝတ် အမျိုးသားများကို နွယ်ပင်များ၏ အကူအညီဖြင့် မျက်နှာကျက် အမြင့်သို့ ဆွဲတင်လိုက်သည်။

ခေါင်းဆောင်ဖြစ်သည့် အရိုးနဂါးပိုင်ရှင်မှာ ဇောက်ထိုး ချိတ်ဆွဲခံထားရ၍ ခါးသီးသော ခံစားချက်များ ဖြစ်ပေါ်နေ၏။

ဝေ့ကျစ်က လက်ပိုက်ကာ အရိုးနဂါး ပိုင်ရှင်ထံ ချဉ်းကပ်လာသည်။

"ပြောစမ်း.. မင်းက ဘယ်အဖွဲ့အစည်းကလဲ"

ဤလူငါးဦး၏ ဇစ်မြစ်က မရိုးရှင်းကြောင်း ဝေ့ကျစ်သိသည်။

တိုက်ခန်း အဆောက်အအုံထဲ ဝင်ရောက်ရဲသည့် "အိမ်မွေးတိရစ္ဆာန် မုဆိုးအဖွဲ့အစည်း"မှာ သာမန် မဟုတ်လောက်ပေ။

ဤကဲ့သို့ အဖွဲ့အစည်းမှ လူများသည် အများအားဖြင့် ၎င်းတို့ကို ကျောထောက်နောက်ခံ ပြုထားသည့် အင်အားကို အားကိုး၍ လွတ်မြောက်ရန် ကြိုးစားလေ့ ရှိကြသည်။

နောက်ခံ အင်အားပိုကြီးလေ ပို၍ မောက်မာလေပင်။

ကံမကောင်းစွာပဲ ဤလူတွေက ယနေ့တွင် နေရာမှားပြီး ရွေးချယ်မိခဲ့သည်။

အရိုးနဂါးပိုင်ရှင်က အံတင်းတင်း ကြိတ်ထားပြီး ပြန်မဖြေခဲ့ပေ။

သူ့ခေါင်းမှ သွေးများက စီးကျနေဆဲ ဖြစ်သောကြောင့် မျက်နှာက နီရဲနေပြီး မြင်မကောင်းအောင် ဖြစ်နေသည်။

အပင်သားရဲများက သက်ရှိသတ္တဝါများထံမှ စွမ်းအင်များ စုပ်ယူနိုင်သည်ကို ထွင်ထျန်းဟာ သိထားသည်။

ထို့ကြောင့် ဇောက်ထိုးဆွဲ ခံထားရသည့်အပြင် ဝိညာဉ်စွမ်းအားပါ တဖြည်းဖြည်း စုပ်ယူခံရသဖြင့် သူ၏ ခန္ဓာကိုယ်က အားနည်းလာ၏။

"အားလုံးကို တတ်နိုင်သမျှ အမြန်ဆုံး ပြောပြဖို့ အကြံပြုချင်တယ်.. မင်းတို့လို အကြီးစား တရားမဝင် အဖွဲ့အစည်းတွေ အတွက် ဖမ်းမိတာနဲ့ ထောင်ဒဏ် နှစ်ရာနဲ့ချီပြီး ချမှတ်ခံရလိမ့်မယ်"

ဝေ့ကျစ်က တိုးတိုးလေး ပြောလိုက်သည်။

"မင်းတို့ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို ဝန်ခံပြီး မင်းတို့အဖွဲ့အစည်းရဲ့ နေရာကို ပြောပြရင်တော့ ထောင်ဒဏ် လျော့လျော့ပေါ့ပေါ့ဖြစ်အောင် ငါစီစဉ်ပေးနိုင်တယ်.. အလွန်ဆုံး နှစ်တစ်ရာလောက်ပဲ ထောင်ကျလိမ့်မယ်.. ဘယ်လိုလဲ"

ထိုစကားကို ကြားသောအခါ အနက်ရောင်ဝတ် လူတစ်စုက အေးစက်သော ချွေးများ ထွက်လာကြသည်။

အထူးသဖြင့် အရိုးနဂါးပိုင်ရှင်၏ မျက်နှာက ချွေးပေါက်များနှင့်သွေးများ စွန်းထင်းနေပြီ ဖြစ်သည်။

ဝေ့ကျစ် နောက်ပြောင်နေခြင်း မဟုတ်မှန်း သူတို့သိသည်။

သူတို့လို လူမျိုးအတွက် ထောင်ဒဏ် အနှစ်တစ်ရာက လုံးဝမများပေ။

ယခုခေတ်တွင် ငှက်ဥ ကောက်လျှင်ပင် ထောင်ဒဏ် ကိုးနှစ် ကျနိုင်သည် မဟုတ်ပါလော။

ဝေ့ကျစ်က အနက်ရောင်ဝတ် အမျိုးသားများကို လှုံ့ဆော်လိုက်သည်။

ထိုငါးယောက်က သူတို့ရင်ဆိုင်နေရသည့် အခြေအနေကိုကောင်းကောင်း သိသည်။

သို့ရာတွင် အလွယ်တကူ ဖွင့်ပြောရန်မှာလည်း မဖြစ်နိုင်ချေ။

"ငါ မင်းကို ငါးမိနစ် စဥ်းစားခွင့်ပေးမယ်.. ဒါ မင်းရဲ့ နောက်ဆုံးအခွင့်အရေးပဲ"

ဝေ့ကျစ်က လေးနက်သော အမူအရာဖြင့် အရိုးနဂါးပိုင်ရှင်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။

ငါးမိနစ်ခန့် ကြာသွားသော်လည်း အရိုးနဂါးပိုင်ရှင်က အံကြိတ်ထားပြီး မည်သည့် အကြောင်းအရာမှ ဖွင့်မပြောခဲ့ပေ။

"အချိန်စေ့ပြီ"

ဝေ့ကျစ်က တိကျသော အချိန်ပမာဏကို မှတ်သားခဲ့သည်။

သူက အခွင့်အရေး ပေးခဲ့သော်လည်း အရိုးနဂါးပိုင်ရှင်ကတန်ဖိုးမထားခဲ့ပေ။

"အူကြောင်ကြောင် လိပ်ပြာ"

ဝေ့ကျစ်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။

ထွင်ထျန်းဟာ "...???..."

{အူကြောင်ကြောင်ဖားပြုပ်မှာ ထွင်ထျန်းဟာ၏အမည်ဖြစ်သည်}

ဝေ့ကျစ် ပြုံးလိုက်သည်။

"ငါ့ရဲ့ တွန်းထိုးခြင်းလိပ်ပြာကြီးမှာ နာမည်ပြောင် မရှိသေးတဲ့အတွက် အခုပဲ ဒီနာမည်ကို ပေးလိုက်တာပါ.. ဒီနာမည်က ငါနဲ့ ညီနောင်ခွေးရဲ့ ချစ်ကြည်ရင်းနှီးမှုကို ကိုယ်စားပြုတဲ့ အနေနဲ့ပါ"

ထွင်ထျန်းဟာ အံ့အားသင့်သွားသည်။

[တကယ်ပဲ အူကြောင်ကြောင် လိပ်ပြာလို့ နာမည်ပေးလိုက်တာလား]

ဝေ့ကျစ်၏ ခေါ်သံကိုကြားလျှင် ပန်းပွင့်ချပ်ပေါ်၌ ခိုနားနေသည့် လိပ်ပြာကြီးက ဖြည်းညှင်းစွာ ပျံသန်းလာပြီး အရိုးနဂါးပိုင်ရှင်၏ ဦးခေါင်းကို အမှုန့်တစ်ချို့ ကြဲချလိုက်သည်။

ထွင်ထျန်းဟာ "အဲဒါက ဘာလဲ"

ဝေ့ကျစ် " စိတ်ချောက်ခြားစေတဲ့ အမှုန့် "

အရိုးနဂါးပိုင်ရှင်က ချက်ချင်းပင် မျက်နှာပျက်သွားသည်။

ဝေ့ကျစ်တွင် ထိုလှည့်ကွက် ရှိလိမ့်မည်ဟု သူမထင်ခဲ့ပေ။

"အမှုန့်ရဲ့ ဘေးထွက်ဆိုးကျိုးက အသေးအဖွဲ မဟုတ်တဲ့အတွက် ဒါကို အစက မသုံးချင်ခဲ့ဘူး.. ဘာပဲဖြစ်ဖြစ် ငါသူ့ကို အခွင့်အရေး ပေးခဲ့ပါသေးတယ်"

ဝေ့ကျစ် သက်ပြင်းချလိုက်သည်။

ထိုသို့ပြောနေစဥ် အရိုးနဂါး ပိုင်ရှင်၏ မျက်လုံးများက တဖြည်းဖြည်း ထုံထိုင်းထိုင်း ဖြစ်သွားသည်ကို ထွင်ထျန်းဟာ မြင်လိုက်ရသည်။

ယင်းမှာ အမှုန့်၏ အကျိုးသက်ရောက်မှု စတင်နေပြီဖြစ်ကြောင်း လက္ခဏာများပင်။

ဝေ့ကျစ်က ထိုလူကို စိုက်ကြည့်နေသည်။

"မင်း ဘယ်အဖွဲ့အစည်းကလဲ"

အရိုးနဂါးပိုင်ရှင်က ပြန်ဖြေလိုက်သည်။

"နတ်ဆိုး.. နတ်ဆိုး မုဆိုးများအဖွဲ့အစည်းကပါ"

ဝေ့ကျစ်" အမာခံ အဖွဲ့ဝင်ဘယ်နှစ်ယောက်ရှိလဲ"

အရိုးနဂါးပိုင်ရှင် "အမာခံကြီးကြပ်ရေးမှူး ရာချီရှိပါတယ်.."

ဤအဖြေက ဝေ့ကျစ် နှင့် ထွင်ထျန်းဟာတို့ နှစ်ယောက်ကို အံ့အားသင့်စေခဲ့သည်။

[တကယ်ပဲ အမာခံကြီးကြပ်ရေးမှူး ရာချီရှိတယ်လား]

သို့ဆိုလျှင် အဖွဲ့ဝင် အရေအတွက် ထောင်ပေါင်းများစွာ သို့မဟုတ် သောင်းကျော် ရှိနိုင်၏။

ပြီးခဲ့သည့်နှစ် အနည်းငယ်အတွင်း နိုင်ငံတစ်ဝှမ်းရှိ အိမ်မွေးတိရစ္ဆာန် လေ့ကျင့်ပေးသူများ အသင်းသည် ရဲများနှင့်ပူးပေါင်းကာ အိမ်မွေးတိရစ္ဆာန်မုဆိုးများ၏ တရားမဝင်အဖွဲ့အစည်း အများအပြားကို ရှင်းလင်းရန် ကြိုးပမ်းခဲ့သည်။

သို့သော်လည်း အဖွဲ့အစည်း အများစုမှာ အဖွဲ့ဝင်ဦးရေ တစ်ရာထက် မပိုခဲ့ပေ။

အမာခံကြီးကြပ်ရေးမှူး ရာချီရှိသည့် ဤအဖွဲ့အစည်းနှင့် နှိုင်းယှဉ်လျှင် ထိုအဖွဲ့အစည်းများက လုံးဝ အသေးအဖွဲပင်။

ဆိုရလျှင် ဤနတ်ဆိုးမုဆိုးများ အဖွဲ့အစည်းက တကယ်ပင် အင်အား တောင့်တင်းလွန်းသော အဖွဲ့အစည်း ဖြစ်သည်။

..................

တခြားတစ်ဖက်တွင် ဝမ်လင်းက ကျောင်းက ပြန်လာပြီးနောက် အချိန်ကို ကြည့်လိုက်သည်။

ညနေငါးနာရီ ထိုးနေပြီ ဖြစ်သော်လည်း ထွင်ထျန်းဟာက အိမ်ပြန်မရောက်သေးပေ။

ဝမ်လင်းက ပုံမှန်မဟုတ်ဟု ခံစားလိုက်ရသည်။

ယုတ္တိဗေဒအရ ပြောရလျှင် အကဲဖြတ်စင်တာ၏ လုပ်ငန်းစဉ်က မည်မျှနှောင့်နှေးနေပါစေ၊ စာမေးပွဲမှာ သုံးလေးနာရီအတွင်း လုပ်ဆောင်နိုင်သင့်သည်။

ထွင်ထျန်းဟာက မနက်ကတည်းက ထွက်သွားမှန်း သူသိသည်။

ဤအချိန်ထိ ပြန်မရောက်သေးသည်က အနည်းငယ် ထူးဆန်းနေ၏။

ဖိုးဖိုးဝမ်က အချိန်ကို ကြည့်ပြီးနောက် ထွင်ထျန်းဟာ အတွက် အနည်းငယ် စိုးရိမ်နေမိသည်။

"လင်းလင်း.. ထွင်ထျန်းဟာ ဘာလို့ ပြန်မလာသေးတာလဲ"

ဖိုးဖိုးဝမ်က တီဗီမှ တဆင့် အိမ်မွေးတိရစ္ဆာန် ကုန်ကူးသူများအကြောင်းကို သိရှိခဲ့သည်။

အထူးသဖြင့် မကြာသေးမီ နှစ်များ အတွင်း ဟွာရှို့နိုင်ငံက ဤပြဿနာကို ပြင်းထန်စွာ နှိမ်နင်းခဲ့၏။

ဖိုးဖိုးဝမ်က ဝမ်လင်းကို စိုးရိမ်တကြီး ကြည့်လိုက်သည်။

"ဒီအိမ်မွေးတိရစ္ဆာန် ကုန်ကူးသူတွေက ဂေါ်ရီလာ အရွယ်လောက်ရှိတဲ့ ဝိညာဥ်သားရဲတွေကို ခိုးယူနိုင်တဲ့ အထိ အစွမ်းရှိတယ်လို့ ကြားဖူးတယ်.. ထွင်ထျန်းဟာက အားနည်းပြီး ကိုယ်လုံးက သေးသေးလေး.. ကလေးက အန္တရာယ် တွေ့နေပြီလား မသိဘူး"

ထိုစကားကြောင့် ဝမ်လင်း အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

သူက ထွင်ထျန်းဟာ နှင့် ဝိညာဉ် အိမ်မွေးတိရစ္ဆာန် စာချုပ်ကို ချုပ်ဆိုထားသောကြောင့် ယခုအချိန်တွင် ထွင်ထျန်းဟာက လုံခြုံနေပြီး အသက်အန္တရာယ် လုံးဝမရှိကြောင်း ကောင်းစွာသိရှိထားသည်။

ဖိုးဖိုးဝမ် ပြောသော စိတ်ဝိညာဉ် အိမ်မွေးတိရိစ္ဆာန် မှောင်ခိုသမားများနှင့် ပတ်သက်၍မူ....

ထွင်ထျန်းဟာကိုသာ ခိုးယူဖို့ ကြိုးစားလျှင် မှောင်ခိုကုန်ကူးသူများ၏ ကံဆိုးမှုဟုသာ ဝမ်လင်းအနေဖြင့် တွေးမိခဲ့သည်။

All Chapters