← Chapters

ဆရာလေးလင်း၏ အဝေးမှ အထောက်အပံ့

Vol. 26 Ch. 387

ဆရာလေးလင်း၏ အဝေးမှ အထောက်အပံ့

Vol. 26 Ch. 387

ဤကမ္ဘာပေါ်ရှိ လေ့ကျင့်ရေးဆရာအချို့သည် ခန္ဓာကိုယ်လှုပ်ရှားမှုကိုသာ အဓိကထား၍ လေ့ကျင့်ခဲ့ကြသည်။

"မင်းက ဘာလို့ ခန္ဓာကိုယ် လှုပ်ရှားမှုကိုပဲ ကျင့်ထားတာလဲ"

ဝေ့ကျစ် ရှင်းပြလိုက်သည်။

"အိမ်မွေးတိရစ္ဆာန် လေ့ကျင့်ပေးသူတွေက တိုက်ပွဲဝင်ဖို့အတွက် စိတ်ဝိညာဉ် အိမ်မွေးတိရစ္ဆာန်တွေကို အားကိုးကြတယ်.. ငါတို့အတွက် အရေးကြီးဆုံးအရာက အိမ်မွေးတိရစ္ဆာန်ကို တိုက်ပွဲအတွင်း ညွှန်ကြားမှုပေးဖို့နဲ့ တစ်ချိန်တည်းမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ပဲ"

"ဒါကြောင့် ငါ ငယ်ငယ်လေးကတည်းက တခြားအရာတွေထက် ခန္ဓာကိုယ်လှုပ်ရှားမှုကိုပဲ သင်ခဲ့တယ်.. ငါကောင်းကောင်း ရှောင်တိမ်းနိုင်သရွေ့ ငါ့ကိုရိုက်နိုင်တဲ့သူ မရှိဘူးလေ"

ထွင်ထျန်းဟာ အံ့အားသင့်သွားသည်။

".............."

ယင်းက အနည်းငယ် အဓိပ္ပါယ် မရှိသလို ထင်ရသော်လည်း သေသေချာချာ တွေးကြည့်လျှင် အဓိပ္ပါယ်ရှိလှသည်။

ထွင်ထျန်းဟာ "ဒါဆို မင်းရဲ့ စိတ်ဝိညာဉ် အိမ်မွေးတိရိစ္ဆာန်တွေ ဒီကို ယူလာလား"

ဝေ့ကျစ် "မယူလာဘူးလေ"

ထွင်ထျန်းဟာ "............"

ရှောင်တိမ်းခြင်း စွမ်းရည်ကို ဆက်လက် အသုံးပြုရင်း ဝေ့ကျစ်က ရဲရင့်သော ယုံကြည်ချက်ဖြင့် ပြုံးလိုက်သည်။

"မင်းရှိနေတာပဲလေ"

ထွင်ထျန်းဟာ "............."

[ချီး.. ကလိမ်ကကျစ်ကောင်]

ဤသို့ဖြင့် တိုက်ပွဲ၏ ဝန်ထုပ်ဝန်ပိုးက သူ့အပေါ်သို့ ကျရောက်လာကြောင်း ထွင်ထျန်းဟာ သိရှိလိုက်သည်။

သစ်သားအိမ်လေးက ကျယ်ဝန်းသော်လည်း ဝေ့ကျစ် အနေဖြင့် တိုက်ခိုက်မှုများကို ရှောင်ရှားရန် အတွက် ခန္ဓာကိုယ် လှုပ်ရှားမှုများကို အသုံးပြုနေခြင်းမှာ ရေရှည် ဖြေရှင်းချက် မဟုတ်ပေ။

အဆုံးသတ်တွင် သူ၏ ကာယခွန်အားနှင့် ဝိညာဉ်စွမ်းအင်အားလုံးက ကုန်ဆုံးသွားမည် ဖြစ်သည်။

"အစီအရင်ကို ခင်းကျင်းလိုက်တော့"

ဦးလေးကျိုက လူအုပ်စုနောက်သို့ ဆုတ်မသွားမီ ပေါ့ပါးစွာ အော်ဟစ်လိုက်သည်။

ရွှေအမြူတေအဆင့် ကျင့်ကြံသူ ဆယ့်နှစ်ဦးဖြင့် ဖွဲ့စည်းထားသော ဤအစီအရင်သည် ထူးကဲသော အကျိုးသက်ရောက်မှု ရှိသည်။

ဦးလေးကျိုက ၎င်းတို့၏ ဝိညာဉ်စွမ်းအား များကို စုစည်းကာ တစ်အိမ်လုံးကို လှုပ်ခါစေလိုက်ရာ သစ်သားနံရံများတွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာ၏။

ပြင်းထန်သော တုန်ခါမှုများကြောင့် ထွက်ပေါ်လာသော စူးစူးရှရှ အသံလှိုင်းများက စိတ်နှလုံးကို ထုံကျဉ်စေသည်။

ကြောင်ကြီးတစ်ကောင်က လက်သည်းများဖြင့် ကျောက်သင်ပုန်းကို ဆွဲခြစ်လိုက်သလိုပင်။

ထိုအသံက ကြားရသည့်သူတိုင်းကို နာကျင်စေ၏။

"ရွှေအမြူတေအဆင့် ကျင့်ကြံသူ ဆယ့်နှစ်ယောက်ရဲ့ ပေါင်းစပ် ဖိနှိပ်မှုကနေ မင်းတို့တွေ မလွတ်မြောက်နိုင်ဘူး"

"ငါတို့ရဲ့ နယ်ပယ်အဆင့်တွေက အတူတူပဲမို့ မင်းတို့မှာ လွတ်မြောက်ဖို့ လမ်းမရှိဘူး"

သူ့ရှေ့မှ လူနှင့်ခွေးက လုံးဝကို မလှုပ်မယှက် ဖြစ်နေပြီး မှော်အစီအရင်ထဲတွင် ပိတ်မိနေသောကြောင့် ဦးလေးကျိုက ဝင့်ကြွားစွာ ပြောလိုက်သည်။

ဝေ့ကျစ်က အေးစက်သော ချွေးများ ထွက်ပေါ်လာ၏။

ပြင်းထန်သော ဖိနှိပ်မှု အစီအရင်အောက်တွင် သူ၏ ခန္ဓာကိုယ် လှုပ်ရှားမှုများက လုံးဝ အသုံးမဝင်တော့ပေ။

ထွင်ထျန်းဟာ၏ မျက်လုံးများက ကျဥ်းမြောင်းသွားသည်။

လက်ရှိ အခြေအနေကို သုံးသပ်ရလျှင် သူတို့က အရေအတွက် အားဖြင့်ရှုံးနိမ့်နေသလို တူညီသော တိုက်ပွဲဝင် အင်အားလည်း မရှိပေ။

အဆုံးသတ်တွင် သူ့အတွက် ရွေးချယ်စရာ တစ်ခုသာ ရှိတော့သည်။

စိတ်ဝိညာဉ် အိမ်မွေးတိရစ္ဆာန်စာချုပ်၏ သဘောတူညီချက်အရ ပိုင်ရှင်က မိမိ၏ အိမ်မွေးတိရစ္ဆာန် ပေါ်တွင် အထောက်အပံ့ စွမ်းအားများ ပေးပိုင်ခွင့်ရှိသည်။

ထိုသို့ပေးရာတွင် အကွာအဝေးက ပြဿနာမဟုတ်ပေ။

အိမ်မွေးတိရစ္ဆာန်များ အနေဖြင့် အဝေးကနေ အကူအညီကို ရယူနိုင်သည်။

ထွင်ထျန်းဟာက ဤဝှက်ဖဲကို အစောပိုင်း ကတည်းက တွေးမိသော်လည်း အသုံးမချချင်ခဲ့ပေ။

သူက နတ်ဆိုးဘုရင် ဖြစ်ဖူး၍ မာနကြီး၏။

အစောပိုင်းတွင် ဝေ့ကျစ်က အလွန်သန်မာပြီး မှောင်ခိုတစ်ဖွဲ့လုံးကို အမှောက်သိပ်နိုင်မည်ဟု သူထင်ခဲ့သည်။

သို့သော် သူ၏ အတွေးမှားသွားကြောင်း အချိန်က လက်တွေ့သက်သေပြခဲ့၏။

ဤအချိန်တွင် လူတိုင်းက ရလဒ်ထွက်သွားပြီဟု ထင်ခဲ့ကြသည်။

ဦးလေးကျိုက ထွင်ထျန်းဟာကို အထင်သေးစွာ ကြည့်လိုက်သည်။

"မင်းရဲ့ အမွေးတွေကတော့ ထူးဆန်းပါတယ်.. ဒါပေမယ့် မင်းအသားက အရမ်းကောင်းတယ်.. အသားပေါင်း လုပ်လိုက်ရင် တော်တော်အရသာ ရှိလိမ့်မယ်"

ဝေ့ကျစ်က အစီအရင် အတွင်း၌ လုံးလုံးလျားလျား ဖိနှိပ်ခံထားရသော်လည်း မတုန်လှုပ်ခဲ့ပေ။

ဆိုရလျှင် ပရော်ဖက်ရှင်နယ် အိမ်မွေးတိရစ္ဆာန် လေ့ကျင့်ရေးဆရာတစ်ယောက် အနေဖြင့် နံပါတ်တစ် ဦးစားပေးမှာ ကိုယ့်ကိုယ်ကို ကာကွယ်ရန် ဖြစ်သည်။

ထို့ကြောင့် သူ့တွင် လွတ်မြောက်မည့် နည်းလမ်း မရှိသည်တော့ မဟုတ်ပေ။

သို့ရာတွင် ထွင်ထျန်းဟာကို သူ့အနေဖြင့် ချန်ထား၍ မဖြစ်ချေ။

ယင်းအချိန်မှာပင် ထွင်ထျန်းဟာက ဦးလေးကျိုကို အေးစက်စက် ပြောလိုက်သည်။

"မင်းတို့လောက်ကို ငါမနိုင်ဘူးလို့ တကယ်ကြီး ထင်နေတာလား"

ထိုစကားကြောင့် ရွှေအမြူတေအဆင့် ကျင့်ကြံသူများက ရယ်လိုက်ကြသည်။

ဤစကားက တွေးကြည့်ရုံဖြင့်ပင် အတော်လေး ရယ်စရာ ကောင်းနေ၏။

နောက်ဘက်တွင် ရပ်နေသော ဦးလေးကျိုက ထွင်ထျန်းဟာကို စက္ကန့်အနည်းငယ်ကြာ စိုက်ကြည့်ပြီးနောက် ရယ်မော၍ ပြောလိုက်သည်။

"မင်းဟာ ဒုတိယတန်းစား မရောက်သေးတဲ့ ဝိညာဉ်ခွေး တစ်ကောင်ထက် ဘာမှ မပိုပါဘူး.. မင်းအနေနဲ့ ငါတို့ကို စိန်ခေါ်ဖို့ အရည်အချင်း ပြည့်မီချင်ရင်တော့ ငါတို့ဆီမှာ ကျွန်ခံလိုက်တာ အကောင်းဆုံးပဲ"

ထွင်ထျန်းဟာ ရယ်လိုက်သည်။

"မင်းက ဒီဘုရင်ကြီးကို ကျွန်ခံစေချင်တာလား.. မင်းမှာ အဲဒီလို အရည်အချင်း မပြည့်မီမှာကို ငါစိုးရိမ်မိတယ်.. မင်းကိုယ်မင်း အရည်အချင်း ရှိတယ်လို့ ထင်ရင် ငါ့ကို စက္ကန့်သုံးဆယ်လောက် အချိန်ပေးလိုက်လေ.. မင်းတို့ကောင်တွေ အားလုံးကို အမိုက်စား အနိုင်ယူပြလိုက်မယ်"

"မင်းဘာပြောလိုက်တာလဲ"

ထွင်ထျန်းဟာ၏ မျက်လုံးများက ကျဥ်းမြောင်းသွားသည်။

"ငါပြောချင်တာက ငါ့ကို စက္ကန့်သုံးဆယ်လောက် အချိန်ပေးကြည့်စမ်းပါ.. ငါက မင်းတို့လို အညစ်အကြေးတွေကို အနိုင်ယူပြမယ်"

သူ၏ ပြတ်သားသော စကားကြောင့် သစ်သားအိမ်ရှိ လူတိုင်းက အချိန်အတော်ကြာ တိတ်ဆိတ်သွားခဲ့သည်။

ပတ်ဝန်းကျင် လေထုက အေးခဲသွားသလိုပင်။

ဝေ့ကျစ်၏ မျက်နှာထက်တွင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်နေ၏။

စက္ကန့်သုံးဆယ်လား..

"မင်းလို ရောကျော်ခွေးက စက္ကန့်သုံးဆယ်ထဲနဲ့ ဘာတွေများ လုပ်နိုင်မှာမို့လဲ"

ဦးလေးကျိုက အေးစက်စက် ရေရွတ်လိုက်သည်။

"ကောင်းပြီလေ.. ငါမင်းကို စက္ကန့်သုံးဆယ် အချိန်ပေးမယ်.. မင်းဘာလုပ်နိုင်မလဲ ကြည့်ရတာပေါ့"

စာချုပ်မှ တစ်ဆင့် ဝမ်လင်းနှင့် ဆက်သွယ်ရန် အချိန်ရသွား၍ ထွင်ထျန်းဟာ ဝမ်းသာသွားခဲ့သည်။

ဆက်သွယ်မှု ပြုလုပ်စဥ် အတွင်း ပြင်ပ အနှောင့်အယှက် လုံးဝ ဝင်၍မရပေ။

အရေးကြီးဆုံးမှာ စက္ကန့်သုံးဆယ်က လုံလောက်သည်ထက်ပင် အချိန်ပိုနေခြင်းပင်။

နတ်ဆိုးမုဆိုးများ အဖွဲ့အစည်း၏ မောက်မာသောသဘောထားကြောင့် သူက အချိန်ကို တောင်းဆိုကြည့်ခဲ့၏။

သူ၏ အစီအစဥ်အတိုင်း တကယ်ကြီး ခွင့်ပြုမည်ဟု မည်သူထင်မိမည်နည်း။

စက္ကန့်သုံးဆယ်..

စက္ကန့်သုံးဆယ်ပြီးသည်နှင့် ဤလူတွေအားလုံး..

ထိုအချိန်တွင် ပတ်ဝန်းကျင် တစ်ခုလုံးက တိတ်ဆိတ်သွားသည်။

စက္ကန့်သုံးဆယ် ကြာပြီးနောက် ဘာဆက်ဖြစ်မည်ကို လူတိုင်းက စောင့်မျှော်နေကြသည်။

....................

စက္ကန့်သုံးဆယ်ကို ကျော်သွားသည်နှင့်..

ကောင်းကင်က တစ်ဟုန်ထိုး တောက်ပလာသည်။

ကောင်းကင်၏ စွမ်းအားများ သွန်းလောင်းလိုက် သကဲ့သို့ ဝိညာဥ်ရေး အလင်းတန်း တစ်ခုက သစ်သားအိမ်၏ မျက်နှာကျက်ကို ရုတ်တရက် ထိုးဖောက် ဝင်ရောက်ကာ ထွင်ထျန်းဟာ ပေါ်သို့ ကျရောက်သွားသည်။

"အဲဒါက ဘာလဲ"

သစ်သားအိမ်မှ ဦးလေးကျို ဦးဆောင်သည့် ရွှေအမြူတေအဆင့် ကျင့်ကြံသူ ဆယ့်နှစ်ဦးစလုံးက အလွန် အံ့ဩနေကြပြီး မသိစိတ်ကနေ သံသယများ ထွက်ပေါ်လာကြသည်။

ယင်းအချိန်တွင် အဆုံးမဲ့ အလင်းတန်းက ထွင်ထျန်းဟာ ပတ်ပတ်လည်တွင် လှည့်ပတ်နေသည်။

သူ့ခြေဖဝါးမှာပင် အလင်းတန်းများ တောက်ပနေ၏။

ဤဝိညာဥ်အလင်းရောင် တိုးလာသည်နှင့်အမျှ ထွင်ထျန်းဟာ၏ အစွမ်းသတ္တိက သိသိသာသာ မြင့်တက်လာသည်။

အမြီးကို လှုပ်ရုံမျှဖြင့် မမြင်နိုင်သော ဝိညာဉ်စွမ်းအားများ ထွက်ပေါ်လာ၏။

ယင်းအချိန်တွင် အားလုံးက အသံတစ်သံကို ကြားလိုက်ရသည်။

အသံက အခြားနေရာမှ ထွက်ပေါ်လာခြင်း မဟုတ်။

ဤမမြင်နိုင်သော ဝိညာဉ်စွမ်းအား တိုက်ခိုက်မှုက ရွှေအမြူတေအဆင့် ကျင့်ကြံသူ၁၂ယောက် အစောပိုင်းက ထုတ်ဖော်ထားသော အစီအရင်ကို ပျက်စီးသွားစေသည်။

"ဦးလေးကျို ဒါက ဘာလဲ"

"အထောက်အပံ့စွမ်းရည်တွေပဲ"

"ဒီခွေးရဲ့ ပိုင်ရှင်က စာချုပ်စွမ်းအားကို အသုံးပြုပြီး စွမ်းအားတွေ ထောက်ပံ့လိုက်ပုံပဲ"

"စုစုပေါင်း အထောက်အပံ့ စွမ်းရည် ဘယ်နှစ်မျိုးလောက်ရှိလဲ"

ဦးလေးကျိုက မျက်လုံးများ ကျဥ်းမြောင်းလိုက်ပြီး ထွင်ထျန်းဟာကို အလေးအနက် အကဲခတ်လိုက်၏။

"ဒီအလင်းရောင် အရဆို အထောက်အပံ့စွမ်းရည် လေးဆယ်ထက်မနည်း ရှိမယ်..."

"လေးဆယ်ထက် မနည်းရှိတယ်.. ဟုတ်လား"

အခြားအမျိုးသားများက ဖြူဖျော့သွားကြသည်။

"မထိတ်လန့်ပါနဲ့.. အဲဒါတွေက အထောက်အပံ့ စွမ်းရည်တွေပါပဲ.. အချိန်ခဏပဲ သုံးနိုင်တယ်... အဲဒီ အချိန်ကာလကို ဖြတ်ကျော်ဖို့ပဲ လိုတယ်"

ဦးလေးကျိုက ပြောလိုက်သည်။

"အံမယ်.. အချိန်ကာလကို ကျော်ဖြတ်နိုင်ဖို့ပဲ လိုတယ် ဟုတ်လား"

ဤစကားကို ကြားသောအခါ ထွင်ထျန်းဟာ ရယ်လိုက်သည်။

အထောက်အပံ့စွမ်းရည် မည်မျှကြာကြာခံသနည်း ဆိုသည်မှာ အထောက်အပံ့စွမ်းရည်၏ အဆင့်ပေါ်တွင် မူတည်သည်။

အဆင့်နိမ့် အထောက်အပံ့ စွမ်းရည်က အချိန်တိုအတွင်းသာ ခံလိမ့်မည်။

သို့သော် ဤအထောက်အပံ့ စွမ်းရည်များကိုမူ ဆရာလေးလင်း ကိုယ်တိုင် ထည့်သွင်းပေးထားခြင်း ဖြစ်နေသည်။

စုစုပေါင်း အထောက်အပံ့ စွမ်းရည် လေးဆယ့်ကိုးခု အပြည့်ရှိသည်။

ထို့အပြင် အားလုံးက ပြီးပြည့်စုံသည့် အထောက်အပံ့ စွမ်းရည်များ ဖြစ်၏။

ထွင်ထျန်းဟာက စိတ်ထဲကနေ ခုန်ပေါက် ပျော်ရွှင်သွားခဲ့သည်။

"မင်းတို့တော့ ကိစ္စပြတ်ပြီ"

"လက်ရှိ အချိန်မှာ ငါ့ကိုယ်ငါတောင် ကြောက်လာပြီ"

All Chapters