ဂန္တဝင်ထဲက နတ်ဆိုးနတ်ဘုရား
Vol. 26 Ch. 388
ခွေးများတွင်လည်း ကံကောင်းသော နေ့ရက်များ ရှိသည်။
ဤပြောင်းလဲမှု ဖြစ်စဉ်ကြောင့် ရွှေအမြူတေအဆင့် ကျင့်ကြံသူ ၁၂ ဦးလုံး ထိတ်လန့်သွားကြသည်။
အထောက်အပံ့ စွမ်းရည်ပေါင်း လေးဆယ့်ကိုးခု၏ ပံ့ပိုးမှုဖြင့်အချင်းသုံးပေ ရှိသော စက်ဝိုင်းတစ်ခုက ထွင်ထျန်းဟာ၏ ပတ်ပတ်လည်တွင် လေဝဲကဲ့သို့ လှည့်ပတ်နေသည်။
ထွင်ထျန်းဟာက ထိုလေဝဲထဲသို့ သူ၏ အော်ရာကို သွန်းလောင်းလိုက်သည်။
ထွင်ထျန်းဟာ၏ စွမ်းအားက ယခင်နှင့် လုံးဝ နှိုင်းယှဉ်၍ မရတော့ပေ။
ငါးမိနစ်ကြာပြီးနောက်တွင် လူတိုင်းက တိတ်ဆိတ်သွားခဲ့သည်။
"မင်း.."
အဆုံးသတ်တွင် ဦးလေးကျို၏ မျက်လုံးများတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ပေါ်လာ၏။
အထောက်အပံ့ စွမ်းရည်က အကျိုးသက်ရောက်မှု ကြာမြင့်လေလေ အားနည်းလေလေ ဖြစ်သည်။
များသောအားဖြင့် ထိုစွမ်းရည်က နှစ်မိနစ်မျှသာ ကြာရှည်နိုင်၏။
ဦးလေးကျို၏ အတွေ့အကြုံအရ ငါးမိနစ် ဆိုသည်မှာ အလွန်ကြာမြင့်နေပြီ ဖြစ်သည်။
သို့သော် အထောက်အပံ့ စွမ်းရည်က လုံးဝ အားနည်းသွားသည့် လက္ခဏာ မပြသေးပေ။
ယင်းမှာ ဤအထောက်အပံ့ စွမ်းရည်က အလွန်မြင့်မားသော ထိပ်တန်းအဆင့် စွမ်းရည် ဖြစ်နိုင်ကြောင်း သက်သေပြနေ၏။
အရေးကြီးဆုံး အချက်မှာ စွမ်းရည် တစ်ခုချင်းစီက ပြီးပြည့်စုံမှုရှိနေခြင်းပင်။
ဦးလေးကျိုက သူတို့အနေဖြင့် ကြီးကျယ်သော စီနီယာ တစ်ဦးကို အပြစ်လုပ်မိပြီ ဖြစ်ကြောင်း စတင် သိရှိလာခဲ့သည်။
"ဘယ်သူလဲ... မင်းရဲ့ပိုင်ရှင်က ဘယ်သူလဲ"
ဦးလေးကျိုက သူ၏ စွမ်းအားကို လုံးလုံးလျားလျား ထိန်းချုပ်၍ မရတော့ပေ။
သူ၏ မောက်မာသော လေသံကလည်း ပျောက်ကွယ်သွားခဲ့သည်။
သူက ဖိအားအောက်တွင် လုံးဝ ရောက်ရှိနေပြီး အသက်ရှုရန်ပင် ခက်ခဲနေ၏။
နတ်ဆိုးမုဆိုး အဖွဲ့အစည်း၏ ရွှေအမြူတေအဆင့် ကျင့်ကြံသူ ၁၂ ယောက်မှာ ဒုတိယတန်းစား အဆင့်ကို မရောက်သေးသော ခွေးတစ်ကောင်၏ နှိမ်နှင်းခြင်းကို ခံခဲ့ရသည်။
ဤအကြောင်းသာ ပျံ့နှံ့သွားလျှင် သူတို့က ဟားတိုက်စရာများ ဖြစ်လာလိမ့်မည်။
သို့သော် ယခုအချိန်တွင် ဦးလေးကျိုက ထိုအရာများကို စဉ်းစားနေရန် အချိန်မရှိပေ။
၎င်းတို့ ယခု အနိုင်ရနိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ အထောက်အပံ့ စွမ်းရည်၏ ကြာချိန်ကို တတ်နိုင်သမျှ အချိန်ဆွဲရန် သို့မဟုတ် တိုက်ပွဲများကို တတ်နိုင်သမျှ ရှောင်ရှားရန်သာ ဖြစ်သည်။
"အားလုံးပဲ မင်းတို့ရဲ့ဝိညာဉ်စွမ်းအင် အားလုံးကို ငါ့ရဲ့ လျှို့ဝှက်ဆန်းကြယ် ထီးဆီ လွှဲပေးပါ.. အတူတူပူးပေါင်းပြီး တိုက်ကြရအောင်"
ဦးလေးကျိုက သူ့လက်ကို မြှောက်လိုက်ရာ ကြီးမားသော ထီးတစ်လက် ထွက်ပေါ်လာသည်။
ရွှေအမြူတေအဆင့် ကျင့်ကြံသူ ဆယ့်နှစ်ယောက်က အတူတကွ လုပ်ဆောင်လိုက်ရာ ထီးပေါ်တွင် တောက်ပသော ဝိညာဉ်အလင်းရောင်များ ထွက်ပေါ်လာ၏။
သို့သော် အလွန်လျင်မြန်စွာပင် ဤအလင်းရောင်က ချက်ချင်းပျောက်ကွယ်သွားသည်။
"ဘာတွေဖြစ်နေတာလဲ"
ဦးလေးကျိုက သူ၏ထီးကို ရေခဲအလွှာတစ်ခုက ဖုံးလွှမ်းနေသည်အား တွေ့ရှိကာ ထိတ်လန့်သွားသည်။
"ဒါ.. ဒါက အော်ရာ အေးခဲခြင်းစွမ်းရည်ပါလား"
ဤမြင်ကွင်းကို မြင်သောအခါ ဝေ့ကျစ်က မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ပေ။
ဤသည်မှာ နတ်ဆိုးမျိုးနွယ်၏ အလွန်အဆင့်မြင့်သော စွမ်းရည် ဖြစ်သည်။
ကမ္ဘာခြားဂိတ် ပထမနှစ်ကြိမ် ဆင်းသက်လာသော အခါတွင် အိမ်မွေးတိရစ္ဆာန် လေ့ကျင့်ပေးသူများ အသင်းက နတ်ဆိုးမျိုးနွယ်၏ အသုံးများသော စွမ်းရည်များကို စေ့စေ့စပ်စပ် ခွဲခြမ်းစိတ်ဖြာပြီး ကမ္ဘာခြားဂိတ်မှ ထွက်လာသော နတ်ဆိုးများကို တုံ့ပြန်ခဲ့သည်။
"အော်ရာအေးခဲခြင်းစွမ်းရည်"သည် နတ်ဆိုးများ၏ စွမ်းရည် တစ်ခုဖြစ်သည်။
၎င်းက မှော်လက်နက်မှ ထုတ်လုပ်သော ဝိညာဉ်စွမ်းအားလှိုင်း သို့မဟုတ် ဓားကို ခုခံနိုင်သည့် အထူးချီကို ထုတ်လွှတ်ကာ လက်နက်ကို ခေတ္တ ချွတ်ယွင်းသွားအောင် ပြုလုပ်နိုင်၏။
ထိုအချိန်က နတ်မိစ္ဆာနတ်ဘုရား လီရှောင်လူသည် အော်ရာအေးခဲခြင်းစွမ်းရည်၏ အလွန်အဆင့်မြင့်သော ဗားရှင်းကို အသုံးပြုခဲ့ပြီး ဗိုလ်ချုပ်ရီ နှင့် အခြားသူများကို တိုက်ပွဲတွင် အခက်တွေ့စေခဲ့သည်။
ဝေ့ကျစ်က အသေးစိတ် အချက်အလက်များကို ရှင်းရှင်းလင်းလင်း မသိသော်လည်း သမိုင်းကြောင်းကိုမူ သိရှိခဲ့သည်။
ထိုအချိန်က ဤနတ်ဆိုးမျိုးနွယ်၏ "အော်ရာအေးခဲခြင်းစွမ်းရည်" ဖြင့် လီရှောင်လူက လူတိုင်းကို ထိတ်လန့်စေခဲ့သည်။
ကောင်းကင်အဆင့် လူသားမျိုးနွယ် ဖြစ်သည့် ဟစ်ဟော့ပ်ဂိုဏ်း နှင့် ပထမဆုံး ထိပ်တိုက် ရင်ဆိုင်မှုတွင် လီရှောင်လူကဟစ်ဟော့စ်ဂိုဏ်း၏ ထိပ်တန်းအဆင့် ရစ်သမ် ကျင့်ကြံသူအားလုံးကို တိုက်ရိုက် အပြီးအပိုင် သုတ်သင်နိုင်ခဲ့သည်။
ထိုအချိန်၌ လေထုပင် အေးခဲသွားသည်ဟု ပြောစမှတ်ပြုကြသည်။
တိုက်ပွဲအပြီးတွင် လီရှောင်လူက ဟစ်ဟော့စ် ဖျက်ဆီးခြင်း ဘုရင်ဘွဲ့ကို အပ်နှင်းခံခဲ့ရသည်။
......................
ဝေ့ကျစ်က ထွင်ထျန်းဟာကို ပို၍ စိတ်ဝင်စားလာခဲ့သည်။
၎င်းက ဝိညာဉ်ခွေးများ အဆင့်တွင် မပါဝင်သော မျိုးစိတ်တစ်ခုဖြစ်သည့် ရော်ကျော်ခွေး တစ်ကောင်မျှသာ ဖြစ်သော်လည်းများပြားလှသော ဝိညာဉ်စွမ်းအားကို ဖုံးကွယ်ထားခဲ့သည်။
ထိုကဲ့သို့ ထူးခြားသော ဝိညာဉ်ခွေး တစ်ကောင်မှာ အမှန်တကယ်ပင် နတ်ဆိုးမျိုးနွယ်၏ စွမ်းရည်ကို အသုံးပြုနိုင်စွမ်းရှိနေ၏။
ဝေ့ကျစ်က ထွင်ထျန်းဟာ၏ အခြေအနေကို အတိအကျခန့်မှန်းနိုင်ပြီဟု ထင်ခဲ့သည်။
မှော်ထီးက စက္ကန့်အနည်းငယ် အကြာမှာပင် ချက်ချင်း ချို့ယွင်းသွားခဲ့၏။
ဦးလေးကျို၏ မျက်နှာက သိသိသာသာပင် ပြောင်းလဲသွားသည်။
သူက ကြောက်လန့်တကြားဖြင့် နောက်သို့ ခြေလှမ်းများစွာ ဆုတ်လိုက်သည်။
ဤခွေးပိုင်ရှင်က အလွန်အစွမ်းထက်ရုံ သာမက ခွေး၏ ဝိသေသ လက္ခဏာကပင် သူထင်ထားသလောက် မရိုးရှင်းကြောင်း သူသိခဲ့သည်။
"မင်းရဲ့ လက်ရှိနယ်ပယ်အဆင့်နဲ့ ငါ့နားတောင် ကပ်လို့ရမှာမဟုတ်ဘူး"
"ဟက်.. ငါ့ကိုတိုက်ဖို့ အင်အားတွေ ပေါင်းစည်းချင်သေးတာလား"
ထွင်ထျန်းဟာက ခွေးခေါင်းကို မော့လိုက်ပြီး အေးစက်စက် ပြုံးလိုက်သည်။
နောက်ထပ် အခိုက်အတန့်တွင် ထွင်ထျန်းဟာ၏ ခန္ဓာကိုယ်ကနေ မြင့်မြတ်သော အလင်းတန်းတစ်ခု ထုတ်လွှတ်လိုက်သည်ကို ဝေ့ကျစ် တွေ့လိုက်ရသည်။
[သူက မဟာစွမ်းရည်အချို့ကို ထုတ်လွှတ်လိုက်တာလား]
................
ဝေ့ကျစ်က သူ့ရှေ့မှ မြင်ကွင်းကို မျက်တောင်မခတ်တမ်း ကြည့်နေသည်။
"မလှုပ်ရှားနိုင်တော့ဘူးဟ"
ဦးလေးကျိုက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
လျှို့ဝှက်ဆန်းကြယ် ထီးကို အေးခဲသွားစေသော ထူးခြားသည့်အော်ရာက သူတို့၏ ခန္ဓာကိုယ်ကိုပါ အေးခဲသွားစေသည်ကို မြင်လျှင် သူဝမ်းနည်းသွားသည်။
ယင်းက သာမန် တတိယတန်းစား ဝိညာဉ်ခွေးတစ်ကောင် လုပ်နိုင်သည့် အရာမဟုတ်မှန်း သေချာသွားပြီ ဖြစ်သည်။
ဤစွမ်းအား၏ အတိုင်းအတာအရ ဒုတိယတန်းစား ဝိညာဉ်သားရဲများပင် ထိုသို့ မစွမ်းဆောင်နိုင်လောက်ပေ။
ဦးလေးကျို၏ စိတ်ထဲတွင် အတွေးမျိုးစုံ လှည့်ပတ်နေသည်။
"မင်းငါ့ကို အနှောင့်အယှက် မပေးခဲ့သင့်လူး"
ထွင်ထျန်းဟာက ဤလူများကို ပျင်းရိစွာ ငေးကြည့်လိုက်သည်။
နောက်ထပ် အခိုက်အတန့်တွင် ရွှေအမြူတေအဆင့် ကျင့်ကြံသူများ၏ ဦးခေါင်းများကို ဆုပ်ကိုင်ထားပုံရသည့် မရေမတွက်နိုင်သော အစိမ်းရောင် လက်ပုံသဏ္ဍာန် အော်ရာတစ်ခု ထွက်ပေါ်လာ၏။
ကျင့်ကြံသူများက ၎င်းကို မခုခံနိုင်သလို ရှောင်တိမ်း၍လည်းမရပေ။
ဤအော်ရာက ၎င်းတို့၏ ဦးခေါင်းခွံကို ထိုးဖောက် ဝင်ရောက်သွားသည်နှင့် ဦးလေးကျိုက ချက်ချင်း အမှောင်ကျသွားသလို ခံစားလိုက်ရသည်။
ဆယ်စက္ကန့်လောက် အကြာတွင် ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ရွှေအမြူတေအဆင့် ကျင့်ကြံသူများက မြေပြင်ပေါ်သို့ လဲကျသွား၏။
ဦးလေးကျိုက သနားစရာကောင်းသော အမူအရာဖြင့် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။
"စီနီယာခွေး... ငါ့အသက်ကိုချမ်းသာပေးပါ.. ငါမှားသွားပါတယ်"
ထွင်ထျန်းဟာက ဤအော်သံအားလုံးကို လုံးဝ ဂရုမစိုက်သလို တုန်လှုပ် ချောက်ခြားခြင်းလည်း မရှိပေ။
တစ်မိနစ်အကြာတွင် လက်ပုံသဏ္ဍာန် အော်ရာကို ကျင့်ကြံသူ ဆယ့်နှစ်ယောက်၏ ဦးခေါင်းကနေ ပြန်လည် ရုတ်သိမ်းလိုက်၏။
ကျင့်ကြံသူများက အသတ်မခံရသော်လည်း အော်ရာများမှာ အလွန်တရာ မှိန်ဖျော့သွားခဲ့သည်။
အများစု၏ မျက်နှာအမူအရာမှာ သူတို့၏ အသက်ကို လုယူခံရသလိုမျိုး မျက်စိပျက်မျက်နှာပျက် ဖြစ်နေ၏။
သစ်သားအိမ်လေးထဲမှ ရှုပ်ထွေးလှသည့် မြင်ကွင်းကို ကြည့်ရင်း ဝေ့ကျစ်၏ နှုတ်ခမ်းများက ခြောက်သွေ့သွားသည်။
"ညီနောင်ခွေး ဘာတွေ ဖြစ်ပျက်သွားလဲဆိုတာ ကျေးဇူးပြုပြီး ရှင်းပြလို့ရမလား"
ဝေ့ကျစ်က ဖြစ်ပျက်ခဲ့သမျှကို သေချာနားမလည်ခဲ့ပေ။
တိုတိုပြောရလျှင် အဆုံးသတ် တိုက်ခိုက်မှုက သာမန်စွမ်းရည်မဟုတ်မှန်း သေချာနေ၏။
မဟုတ်လျှင် ဤရွှေအမြူတေအဆင့် ကျင့်ကြံသူ ၁၂ယောက်က စိတ်ကြိုက် ကစားခံရပြီး စွန့်ပစ်ခံလိုက်ရသလိုမျိုး စိတ်ဓာတ်ကျနေစရာ အကြောင်း မရှိပေ။
ထွင်ထျန်းဟာက ပြုံးပြ၍ ပြောလိုက်သည်။
"ငါ သူတို့တစ်ယောက်ချင်းစီက သက်တမ်း အနှစ်ငါးဆယ်စီ ယူခဲ့တယ်"
"လခွမ်း"
"ကိုယ်ပိုင်သက်တမ်းကို ဆွဲဆန့်မလို့လား"
ဝေ့ကျစ်က ဤစကားကြောင့် တုန်လှုပ်သွားသည်။
ယင်းက တကယ်ကို ရက်စက်လွန်း၏။
-----------------------
နာမည်ကြီး ဟစ်ဟော့အနုပညာရှင် PG One နှင့် အိမ်ထောင်ရေး ဖောက်ပြန်ခဲ့သည့် မင်းသမီး လီရှောင်လူသည် ဟစ်ဟော့အသိုင်းအဝိုင်းကို ဖျက်ဆီးပစ်ခဲ့သဖြင့် ဤသို့နှယ် နာမည်ပြောင်ပေးခဲ့ခြင်း ဖြစ်သည်။