← Chapters

ဆန်းကြယ်သောကုသနည်း

Vol. 27 Ch. 392

ဆန်းကြယ်သောကုသနည်း

Vol. 27 Ch. 392

ထိုအချိန်တွင် ငွေရောင်လေးက အလွန် စိတ်လှုပ်ရှားနေပုံရသည်။

ဝမ်လင်းက အခန်းကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေ၏။

သူက ယခုအချိန်တွင် သူ၏ သင်ခန်းစာများကို ပြန်လည်သုံးသပ်နေဆဲ ဖြစ်၍ မည်သူမျှ သူ့ကို အနှောင့်အယှက် မပြုရဲပေ။

ဝမ်လင်း ကိုယ်တိုင် ငွေရောင်လေးကို ဖတ်ခေါ်ခဲ့သော်လည်း မွန်းစတားဘောပင်နှင့် မှင်စာခဲဖျက်တို့က တင်းကြပ်စွာ စောင့်ကြည့်နေသည်။

အသွင်ပြောင်းမှင်စာများသည် လူသားများနှင့် ဝိညာဉ်သားရဲများနှင့်မတူပေ။

၎င်းတို့တွင် တမူ ထူးခြားသော စွမ်းအင်များ ရှိသောကြောင့် ကျင့်ကြံသူများ အနေဖြင့် အကြမ်းဖျင်း နားလည်ရန် ခက်ခဲသည်။

သို့သော် သူတော်စင် သားရဲဖြစ်သည့် ငွေရောင်လေး၏ ဆဌမအာရုံက အလွန်စူးရှ၏။

ဤညီအစ်ကိုနှစ်ဦးက သာမန်လူများ မဟုတ်ကြောင်းသဘောပေါက်ရန် သူ့အတွက် အချိန်အများကြီး မယူလိုက်ရပေ။

လက်ရှိ သူ၏အာရုံက ဝမ်လင်း၏ ခြေရင်းတွင် အိပ်ပျော်နေသော ထွင်ထျန်းဟာဆီ ရောက်ရှိနေ၏။

ဤအမွေးစိမ်းခွေးထံမှ ထွက်ပေါ်လာသော ဝိညာဉ်စွမ်းအင် လှိုင်းလုံးများက သာမန် မဟုတ်ကြောင်း ငွေရောင်လေးက ခံစားနိုင်ခဲ့သည်။

ခြုံပြောရလျှင် ဤအခန်းထဲ၌ သူ့ကို စောင့်ကြည့်နေသူများ ရှိနေမှန်း သူ သတိထားမိလိုက်သည်။

ထို့အပြင် အခန်းထဲ၌ လူသား တစ်ယောက်မှ မရှိမှန်းလည်း ချက်ချင်း သဘောပေါက်သွား၏။

[လင်းကျန်းရန်ကိုရော လူသားလို့ ယူဆလို့ ရရဲ့လား]

[သူဘယ်လိုတောင်ကျင့်ကြံခဲ့တာလဲ]

[သူက အရမ်းသန်မာလွန်းတယ်]

[လင်းကျန်းရန်က သေချာပေါက် နတ်ဘုရားတစ်ပါးပဲ]

...................

ငွေရောင်လေးက အချိန်ကို ကြည့်လိုက်သည်။

ငါးမိနစ်လောက် အကြာတွင် ဝမ်လင်းက စာကျက်၍ ပြီးစီးသွားပြီး သူ့စာအုပ်ကို ပိတ်လိုက်သည်။

ထို့နောက် သူက ငွေရောင်လေး ဘက်သို့ သူ့ကုလားထိုင်ကို လှည့်လိုက်သည်။

"ယူလာလား"

ဆရာလေးလင်းက အမြဲလိုလို စိတ်ချင်းဆက်သွယ်၍ ပြောဆိုသော်လည်း အသံက ကြည်လင်ပြတ်သားပြီး အံ့အားသင့်ဖွယ် ကောင်းနေ၏။

ငွေရောင်လေး၏ လက်ထဲတွင် အလင်းတန်းများ လင်းလက်လာပြီး သူ့လက်ဖဝါးပေါ်၌ အနီရောင်သလင်းခဲ တစ်ခု ထွက်ပေါ်လာသည်။

"သားရဲသွေး လေးထောင် မီလီမီတာကို ဒီသွေးသလင်းခဲ ထဲမှာ ပေါင်းထည့်ထားတယ်.. စီနီယာလင်း အဲဒါကို သုံးချင်တဲ့အချိန်ကျရင် ရေကို ဆတူရောပြီးသုံးပါ"

သွေးသလင်းကျောက်ကို လက်နှစ်ဖက်ဖြင့် ယူလိုက်စဥ်ကတည်းက ၎င်းမှ ထွက်ပေါ်လာသည့် တက်ကြွသော စွမ်းအားကို ဝမ်လင်း တစ်ယောက် ခံစားသိရှိနိုင်နေပြီ ဖြစ်သည်။

ငွေရောင်လေး ပြောခဲ့သည့်အတိုင်း သွေးသလင်းကျောက်၌ သူတော်စင် သားရဲသွေး လေးထောင် မီလီမီတာ ပါရှိသည်။

၎င်းကို စစ်ဆေးပြီးနောက် ဝမ်လင်းက ရေချိုးခန်းထဲသို့ ဝင်ကာ သစ်သားစည်တစ်လုံးကို မီလီမီတာ လေးထောင် ရေဖြည့်ခဲ့၏။

သူက ရေပမာဏ တိုင်းတာရန် ကောင်းကင်မျက်လုံးကို အသုံးပြုခဲ့သည်။

တစ်စက်မှ မပိုသလို တစ်စက်မှလည်း မလျော့ပေ။

ထို့နောက် ဝမ်လင်းက ရေစည်ထဲသို့ သွေးသလင်းခဲ ပစ်ထည့်လိုက်သည်ကို ငွေရောင်လေးက ကြည့်နေခဲ့သည်။

"စီနီယာလင်း ဘာလုပ်မလို့လဲ "

ငွေရောင်လေးက ငေးကြည့်ရင်း မေးလိုက်သည်။

"အမွေးစိမ်းခွေးကို တွေ့တယ်မလား.. အဲဒါ ငါတို့သခင်ရဲ့ အိမ်မွေးတိရစ္ဆာန် ထွင်ထျန်းဟာပဲ"

မွန်းစတားဘောပင်က ပြောလိုက်သည်။

"ငါတို့ သူ့ကို ရေချိုးပေးမလို့လေ"

"ရေချိုးပေးမယ် ဟုတ်လား"

သူတော်စင် သားရဲသွေးဖြင့် ရေချိုးခြင်း...

ငွေရောင်လေးက နှုတ်ခမ်းများ တလှုပ်လှုပ် ဖြစ်သွားသည်။

ယင်းက အရမ်းလွန်လွန်းအား ကြီးနေ၏။

မနေ့က သူ အနားပင်မယူဘဲ သွေးအများအပြား စုဆောင်းခဲ့သည်။

သို့သော် အဆုံးသတ်တွင် ရေချိုးရာ၌ အသုံးပြုလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။

သူ့နှလုံးသားက အကြောင်းတစ်ခုခုကြောင့် နာကျင်သွားသလို ရုတ်တရက် ခံစားလိုက်ရ၏။

ဝမ်လင်း၏ ရည်ရွယ်ချက်ကို အတိအကျ မသိရသေးမီမှာပင် ဝမ်လင်းက လက်ချောင်းတစ်ချောင်း လှုပ်ရှားလိုက်သည်ကို ငွေရောင်လေး တွေ့လိုက်ရသည်။

အိပ်မောကျနေသော အမွေးစိမ်းခွေးမှာ ရုတ်တရက် လွင့်မျောသွားသည်။

ထို့နောက် ဝမ်လင်းက လက်ချောင်းကို အောက်သို့ ညွှန်ပြလိုက်၏။

"ဗွမ်း"

ခွေးကလေးကို သစ်သားပုံးထဲသို့ တိုက်ရိုက် ပစ်ချလိုက်သည့် အသံကို ငွေရောင်လေး ကြားလိုက်ရသည်။

တစ်ဖက်တွင် မွန်းစတား ဘောပင်က ရှင်းပြလိုက်သည်။

"ငါတို့သခင်ရဲ့ အိမ်မွေးတိရစ္ဆာန်က အကြောင်းတစ်ခုခုကြောင့် ပြင်းထန်တဲ့ အိပ်စက်ရောဂါကို ခံစားနေရတယ်...သူအိပ်ပျော်သွားတဲ့အခါ သတိလစ်သွားသလိုပဲ.. ဒီအခြေအနေကို သေချာလေး ကိုင်တွယ် ဖြေရှင်းဖို့အတွက် ငါတို့သခင်က ရှေးခေတ်က ပညာရပ်တစ်ခုကို အသုံးပြုခဲ့တယ်.. ဒီပညာရပ်ရဲ့ အရေးကြီးဆုံး အစိတ်အပိုင်းက သူတော်စင် သားရဲသွေးပဲ"

"သူတော်စင် သားရဲသွေးက အိပ်စက်ရောဂါကို ကုသရာမှာ မှော်ဆန်တဲ့ အာနိသင်ရှိတယ်လို့ ရှေးကျမ်းစာတွေမှာ ဆိုထားတယ်"

"ရှေးခေတ်က ကျမ်းစာလား"

ငွေရောင်လေး အနည်းငယ် အံ့သြသွားသည်။

ထိုအကြောင်းကို တွေးတောရင်း သူက လက်သည်းကိုက်လိုက်သည်။

ဤအပြုအမူက သူ၏ လူသားပုံစံဘဝတွင် ရရှိခဲ့သည့် အကျင့်ဆိုးတစ်ခု ဖြစ်သည်။

သားရဲအသွင်ဖြင့် သူ၏ခွာများကို ကိုက်ရန် နည်းလမ်း မရှိ၍ သားရဲဘဝတွင် သူဒါမျိုး လုံးဝမလုပ်ဖူးပေ။

"ငါသိသလောက်တော့ ကုထုံးကျမ်းတွေမှာ သူတော်စင် သားရဲသွေးကို အသုံးပြုခြင်းနဲ့ ပတ်သက်တဲ့ အသေးစိတ်မှတ်တမ်းတွေ သိပ်မရှိသလိုပဲ"

"အင်မော်တယ် ဆရာဝန် ခန်းနို့ ကိုသိလား"

မွန်းစတားဘောပင်က ရှင်းပြလိုက်သည်။

"ဒီအချက်အလက်ကို ရှေးခေတ် ဆေးကျမ်းစာထဲမှာ ချန်ထားခဲ့တာ သူပဲ"

"အင်မော်တယ်ဆရာဝန် ကျမ်းအပြင် ငါတို့သခင်မှာသူတော်စင် ဆရာဝန်ကျမ်း၊ နတ်ဆိုးဆရာဝန်ကျမ်း၊ ဘုရင်ဆရာဝန်ကျမ်း၊ ဧကရာဇ်ဆရာဝန်ကျမ်းနဲ့ ခွေးဆရာဝန် ကျမ်းတွေလည်း ရှိသေးတယ်"

"............."

ထိုစကားကိုကြားလျှင် ငွေရောင်လေး၏ မျက်နှာပေါ်တွင် ချက်ချင်းပင် စူးရှသော အကြည့်တစ်ခု ဖြစ်ပေါ်လာသည်။

"ဒါပေမယ့် စီနီယာလင်းက ဘာတွေ လုပ်နေတာလဲ"

စစ်မှန်သော သူတော်စင် သားရဲအနေဖြင့် သူတော်စင် သားရဲသွေး၏ ဂုဏ်သတ္တိများနှင့် ပတ်သက်လျှင် ငွေရောင်လေးထက် ပို၍ ရင်းနှီးကျွမ်းဝင်သူ ဤနေရာတွင် မရှိပေ။

သူ့သွေးက အိပ်စက်ခြင်းရောဂါကို ပျောက်ကင်းအောင် ကုသနိုင်မလားဆိုတာ မသိနိုင်သော်လည်း သူတော်စင်သားရဲသွေးကို စိမ်လိုက်ရုံဖြင့် လုံးဝ အသုံးမဝင်မှန်း သူသိသည်။

ငွေရောင်လေးက မွန်းစတားဘောပင်နှင့် သိပ္ပံနည်းကျ ဆွေးနွေးမှုများ ပြုလုပ်နေရင်း ဝမ်လင်း တစ်ခုခု လုပ်တော့မည်ကို မြင်လိုက်ရသည်။

ဝမ်လင်းက တရုတ် အစိမ်းရောင် ကြက်သွန် နှင့်တူသော ဝိညာဥ်မြက်ပင်ကို အမြန်ထုတ်ယူလိုက်သည်ကို သူတွေ့လိုက်ရ၏။

ဝမ်လင်း အစိမ်းရောင် ကြက်သွန် ထုတ်ယူလိုက်သည်နှင့် အားကောင်းသော ဝိညာဉ်ချီ စီးကြောင်းကို ငွေရောင်လေး ချက်ချင်း ခံစားခဲ့ရသည်။

ဆိုရလျှင် ဤကြက်သွန်၌ ကြောက်စရာကောင်းသော ဝိညာဉ်စွမ်းအား ပမာဏ ပါ၀င်နေ၏။

ဝမ်လင်းက ဤ အစိမ်းရောင် ကြက်သွန်ကို ပိုင်းဖြတ်ပြီး ကြက်သွန်စိတ်လေးများကို သစ်သားစည်ထဲသို့ ထည့်လိုက်သည်။

ငွေရောင်လေးက အံသြသွားသည်။

ဤအပင်က သူတစ်ခါမှ မမြင်ဖူးသော ဝိညာဥ်မြက်ပင် ဖြစ်သည်။

"အစိမ်းရောင် ကြက်သွန်နဲ့တူတဲ့ ဒီဝိညာဥ်မြက်က ဘာလဲ"

မွန်းစတား ဘောပင် "ဒီအစိမ်းရောင် ကြက်သွန်နဲ့တူတဲ့ ဝိညာဉ်မြက်က တကယ်တော့ ကြက်သွန်ပင်ပါပဲ"

ငွေရောင်လေး "..........."

ဤအစိမ်းရောင် ကြက်သွန်က ဝိညာဉ်စွမ်းအားများ ပြည့်လျှံနေ၍ အစိမ်းရောင် ကြက်သွန် စစ်စစ် လုံးဝ မဟုတ်ဟု သူထင်ခဲ့မိသည်။

မွန်းစတား ဘောပင် "သာမန် အစိမ်းရောင် ကြက်သွန်နဲ့ ကွာခြားချက်ကို ပြောရရင် ဒီကြက်သွန်က ငါတို့သခင်ကိုယ်တိုင် စိုက်ပျိုးထားတာကြောင့် ထူးခြားတဲ့ အာနိသင်တွေ ရှိတယ်"

ငွေရောင်လေး ".............."

သစ်သားစည် ထဲသို့ ကြက်သွန်စိတ်များ ဖြန့်ကြဲပြီး နောက်တွင် ဝမ်လင်းက သစ်သားစည်ကို အဖုံးဖြင့် ဖုံးအုပ်လိုက်သည်။

ထို့နောက်တွင် ဝမ်လင်းက လက်ပိုက်၍ စောင့်ကြည့်နေခဲ့၏။

ယခု သူလုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ စောင့်ဆိုင်းခြင်းပင်။

"မေးပါရစေ... စည်ကို အဖုံးဖုံးလိုက်တာ ဘာလို့လဲ"

မွန်းစတား ဘောပင် "ဒီသစ်သားစည်က သာမန်ပစ္စည်းပါပဲ.. ဒါပေမယ့် ငါတို့သခင် ကိုယ်တိုင် အသွင်ပြောင်းပေးလိုက်တဲ့ နောက်မှာတော့ အဖုံးကို ဖုံးလိုက်တာနဲ့ အပူပေးနိုင်စွမ်း ရှိလာခဲ့တယ်.. အခုတော့ ဆူပွက်လာဖို့ပဲ စောင့်ရတော့မယ်"

ငွေရောင်လေးက ဤနည်းလမ်းတွင် တစ်ခုခု မှားယွင်းနေသည်ဟု ခံစားမိသည်။

"............"

"သူတော်စင် သားရဲသွေးကို စည်ထဲထည့်.. ကြက်သွန်စိတ်တွေကို အပေါ်ကနေ ဖြန့်ကြဲ.. ပြီးရင် အဖုံးပိတ်ပြီး အပူပေး"

ဤနည်းလမ်းက အနည်းငယ် ရင်းနှီးနေပုံ ပေါက်နေ၏။

ငွေရောင်ဆံပင် လူငယ်လေး၏ တွေးတောနေသော အမူအရာကို မြင်လျှင် မွန်းစတားဘောပင်က ရှင်းပြလိုက်သည်။

"မင်းမြင်နေရတာက အင်မော်တယ်ဆရာဝန် ခန်းနို့ ရဲ့ ကျမ်းထဲမှာ မှတ်တမ်းတင်ထားတဲ့ ခေါက်ဆွဲပြုတ်ကုသနည်းပဲ"

ငွေရောင်လေး "..........."

သူတော်စင် သားရဲသွေးကို ဤနည်းဖြင့် အသုံးပြုနိုင်ကြောင်း သူ့အနေဖြင့် ပထမဆုံး ကြားသိရခြင်းပင်။

[ခေါက်ဆွဲပြုတ် ကုသနည်း ဆိုပါလား]

[နာမည်က ဘယ်လောက်တောင် မိုက်လိုက်လဲ]

All Chapters