လှည့်ကွက်မိသွားသောစီနီယာဖန်း
Vol. 27 Ch. 393
"ဒါက တကယ် အလုပ်ဖြစ်ရဲ့လား.. အသက်ရှူမဝတာတွေ မဖြစ်ဘူးလား"
ငွေရောင်လေးက သစ်သားပုံးကို သံသယဖြင့် ကြည့်လိုက်သည်။
"အဆင်ပြေပါတယ်"
မွန်းစတားဘောပင်က ခေါင်းခါယမ်းပြီး ပြောလိုက်သည်။
"ငါ့သခင်က သူ့ကိုရေစည်ထဲ မထည့်ခင်မှာ သူ့ရဲ့ အပ်စိုက် သွေးကြောမှတ်တွေကို စည်းခတ်ပြီး ခန္ဓာကိုယ်အတွင်းက ဝိညာဉ်စွမ်းအင်တွေ ချောချောမွေ့မွေ့ လည်ပတ်နိုင်စေဖို့အတွက် သွေးကြော ပိတ်ဆို့မှုတွေကို ရှင်းလင်းထားတယ်"
ငွေရောင်လေးက ခေါင်းညိတ်လိုက်သည်။
"အဲဒီလိုလား"
သူက ဆရာလေးလင်း တစ်ယောက် အမွေးစိမ်းခွေးကို သစ်သားစည်ထဲသို့ ထည့်လိုက်သည်ကိုသာ မြင်ခဲ့ပြီး ဘာလုပ်ခဲ့မှန်း မသိခဲ့ပေ။
ဝိညာဉ်စွမ်းအင်ဖြင့် အောက်ဆီဂျင်ကို သယ်ယူသွားစေသည့် "ခန္ဓာကိုယ်တွင်း ဝိညာဉ်စွမ်းအင် လည်ပတ်မှု" နည်းလမ်းက သွေးကြောများကို အတူတကွ ချိတ်ဆက်ရာတွင် အသုံးများသည်။
၎င်းက လိပ်အသက်ရှူခြင်း နည်းစနစ်၏ အဆင့်မြင့်ဗားရှင်းတစ်ခုဖြစ်သော်လည်း ကြာရှည် အသုံးပြုနိုင်၏။
"ခန္ဓာကိုယ်တွင်း ဝိညာဉ်စွမ်းအင် လည်ပတ်မှု" နည်းစနစ်ကိုအသက်သွင်းထားရင် ကျင့်ကြံသူက ခုနစ်ရက်ကနေ ဆယ်ရက်အထိ အသက်မရှုဘဲ နေနိုင်တယ်.. ကျင့်ကြံခြင်း နယ်ပယ်အဆင့် ပိုမြင့်လေ ဒီအခြေအနေကို ကြာကြာထိန်းထားနိုင်လေဲ"
"ဒါက တကယ် အသုံးဝင်တယ်လား..."
ငွေရောင်လေးက သူ့ခေါင်းကို ကုတ်လိုက်သည်။
တကယ်ထိရောက်မှု ဘယ်လောက်ရှိသလဲဆိုတာ သူ အရမ်းသိချင်နေခဲ့၏။
ယနေ့ခေတ်တွင် အရေပြားရောဂါကို ကုသရန်အတွက် ရိုးရာကုထုံးများ ပေါများလှသည်။
ကုသနည်း အစစ် ဟုတ်မဟုတ် မည်သူက သိနိုင်မည်နည်း။
ငွေရောင်လေးက မျက်ခုံးပင့်လိုက်သည်။
"ဘယ်လောက်ကြာအောင် စိမ်ရမှာလဲ"
မွန်းစတား ဘောပင် "အပူပေးပြီးရင် ရှစ်နာရီကြာတဲ့အထိ တည်ရတယ်"
"............."
ယင်းက တစ်နည်းနည်းဖြင့် မူမမှန်ဟု ငွေရောင်လေး ခံစားမိနေဆဲပင်။
......................
ဝမ်လင်းက ထွင်ထျန်းဟာကို သစ်သားစည်ထဲသို့ ထည့်လိုက်သောအခါတွင် ၎င်း၏ အပ်စိုက် သွေးကြောမှတ်များကို တံဆိပ်ခတ်ထားပြီး "ခန္ဓာကိုယ်တွင်း ဝိညာဉ်စွမ်းအင်လည်ပတ်မှု" နည်းစနစ်ကို အသက်သွင်းပေးခဲ့သည်။
ထွင်ထျန်းဟာက နွေးထွေးသော သူတော်စင် သားရဲသွေးတွင် စိမ်နေရခြင်း အတွက် အလွန်ထူးဆန်းသော ခံစားမှုတစ်ခု ဖြစ်ပေါ်နေသည်။
သူက အိပ်ပျော်သလိုမျိုး အနည်းငယ် ခံစားခဲ့ရ၏။
အိပ်ပျော်နေသော်လည သူ့အသိစိတ်က နိုးကြားနေခဲ့သည်။
သို့ရာတွင် ခန္ဓာကိုယ်က အိပ်စက်နေဆဲမို့ မျက်လုံးကိုမူ မဖွင့်နိုင်သေးပေ။
ယင်းက အိပ်စက်ခြင်းရောဂါ၏ ပုံမှန်လက္ခဏာ တစ်ခုဖြစ်သည်။
သို့သော် ထွင်ထျန်းဟာက တစ်ခုခု မှားယွင်းနေကြောင်း သတိပြုမိရန် အချိန်အကြာကြီး မယူခဲ့ရပေ။
သူ့စိတ်ထဲတွင် မြင်ကွင်းက ပြောင်းလဲသွားသည်ကို ရုတ်တရက် သဘောပေါက်လိုက်သည်။
ထို့နောက် သူက ကျွန်းတစ်ကျွန်းပေါ်သို့ ပြုတ်ကျခဲ့သည်။
အေးမြသော ပင်လယ်လေညင်းက သူ၏စိမ်းစိုသော အမွေးများကို လွှမ်းခြုံထားသည်။
ထွင်ထျန်းဟာက ခြေထောက်တစ်ဖက်ကို မြှောက်လိုက်ပြီး ကမ်းခြေရှိ သဲများကို ထိကြည့်လိုက်သည်။
"ဘာတွေဖြစ်နေတာလဲဟ"
"ငါက ကုသခံနေရတာ မဟုတ်ဘူးလား"
ထွင်ထျန်းဟာက ၎င်း၏ အတွေးအမြင်များကို စုစည်းကာ ခဏမျှ စဉ်းစားခဲ့သည်။
ဤအခြေအနေ အတွက် ရှင်းလင်းချက် တစ်ခုသာ ထွက်လာ၏။
လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားအချို့က သူ၏ဝိညာဉ်ကို ဤနေရာလွတ်ထဲသို့ ခေါ်ဆောင်လာခဲ့ခြင်းပင်။
"ဘယ်သူက ဒီလိုလုပ်ရပ်မျိုး လုပ်ခဲ့တာလဲ"
ထိုအကြောင်းကို တွေးနေစဥ်မှာပင် ထွင်ထျန်းဟာက အုန်းပင်များ၏ အလယ်တွင် အဖြူရောင် ၀တ်စုံဝတ် အဖိုးအိုတစ်ဦး ပေါ်လာသည်ကို တွေ့လိုက်ရသည်။
ထွင်ထျန်းဟာက ချက်ချင်းပင် သတိကပ်ထားလိုက်သည်။
ဤအဖိုးအိုက သာမန် အဖိုးအိုတစ်ဦး မဟုတ်လောက်ပေ။
သူ၏အော်ရာက နက်နဲစွာ စီးဆင်းနေပြီး သူ၏အဝတ်များက လေမတိုက်ဘဲ တဖျပ်ဖျပ် လွင့်နေ၏။
စိတ်ဝိညာဉ်စွမ်းအားက သူ့ပတ်လည်တွင် ငါးပေပတ်လည် အချင်းဝက် ရှိသော အကာအရံ တစ်ခုကို ဖွဲ့စည်းထားသည်။
ယင်းကို ကြည့်လျှင် ဤအဖိုးအိုက အနည်းဆုံး ပကတိအင်မော်တယ် တစ်ယောက် ဖြစ်နိုင်၏။
ထွင်ထျန်းဟာက အဖိုးအိုကို မကြည့်ရဲ ကြည့်ရဲ လှမ်းကြည့်လိုက်သည်။
အဖိုးအိုက ထွင်ထျန်းဟာ မကြောက်စေရန်အတွက် သူ့အော်ရာကို ဖိနှိပ်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။
"ညီနောင်ခွေး မကြောက်နဲ့.. ဒီအဖိုးအိုက မင်းကို ထိခိုက်အောင် လုပ်မှာ မဟုတ်ဘူး"
အုန်းသီး အဖိုးအိုက ပြောလိုက်သည်။
ထွင်ထျန်းဟာက သူ့ရှေ့ရှိ အဖိုးအိုအား အဝေးကနေ ကြည့်၍ မေးခွန်းထုတ်လိုက်၏။
"စီနီယာက ဘယ်သူလဲ"
"ငါ့မျိုးရိုးက ဖန်း.. နာမည်ကတော့ ကွမ်းလို့ခေါ်တယ်.. မင်းငါ့ကို တာအိုကျင့်ကြံသူကွမ်းလို့ ခေါ်နိုင်ပါတယ်"
အဖိုးအို အသံက ပင်လယ်လေနဲ့ ရောစပ်လုမတတ် နူးညံ့လွန်းနေသည်။
ထွင်ထျန်းဟာ"စီနီယာ မင်းဘာလို့ ငါ့ကို ဆင့်ခေါ်ရတာလဲ"
ထိုစကားကို ကြားလျှင် အဖိုးအိုက မြေပြင်ပေါ် ဒူးထောက်ချလိုက်ပြီး သက်ပြင်းချလိုက်သည်။
"မင်းရဲ့သခင်က အစွမ်းထက်လွန်းနေလို့ပါ..."
"............."
ထွင်ထျန်းဟာ ရုတ်တရက် သဘောပေါက်သွားသည်။
ဤလူက ဆရာလေးလင်း၏ ခြိမ်းခြောက်ခြင်းကို ခံနေရကြောင်း သိသာ ထင်ရှားနေ၏။
ထိုအတိုင်းဆိုလျှင် သူကို ဆင့်ခေါ်ခြင်းက အံ့သြစရာမဟုတ်တော့ပေ။
ထွင်ထျန်းဟာ "မင်း ငါ့သခင်ကို မြင်ဖူးလား။"
"မြင်ဖူးတယ်..နှစ်ခါ..."
ထိုစကားကို ပြောပြီးသည်နှင့် ဖန်းကွမ်းက မျက်ရည်ကျနေ၏။
"ဒါက ငါကိုယ်တိုင် တည်ဆောက်ထားတဲ့ နေရာလွတ်ပဲ.. အဆုံးသတ်မှာ မင်းရဲ့သခင်က ငါ့ကို အကူအညီမပေးဘဲပစ်ထားခဲ့တယ်.. သူက ငါ့ကို မျက်နှာသာမပေးခဲ့ဘူး"
ဖန်ကွမ်းက ဒူးထောက်ထားရင်း မြေပြင်ကို လက်သီးနှင့်ထိုးလိုက်သည်။
သူ့မျက်နှာပေါ်တွင် မျက်ရည်စများ ရှိနေ၏။
သူ့တွင် ပကတိအင်မော်တယ် ပုံစံမျိုး ရှိမနေခဲ့ပေ။
ဤမြင်ကွင်းကြောင့် ထွင်ထျန်းဟာက တိတ်ဆိတ်နေခဲ့သည်။
သူ့မြင်တွေ့ရသလောက် ဆိုလျှင် ဤအဖိုးအိုက အတော်လေးကို အကြပ်အတည်း ဖြစ်နေပုံရသည်။
"စိတ်အေးအေးထားပါ တာအိုကျင့်ကြံသူကွမ်း"
စီနီယာကွမ်းက ငိုရှိုက်ရင်း ဇာတ်လမ်းတစ်ခုလုံးကို ပြောပြခဲ့ရာ ထွင်ထျန်းဟာက အနည်းနှင့်အများ သိရှိလာခဲ့သည်။
ယခင်က ဆရာလေးလင်းသည် ဖိုးဖိုးဝမ်၏ မီးဖိုချောင်သုံးဓားကို ဖက်တီးလော၏ ဆိုင်တွင် သွားရောက် ပြုပြင်ရင်း ဖက်တီးလောတွင် ကောင်းကင်အက်ကွဲ ကျောက်တုံးတစ်တုံး ရှိနေသည်ကို တွေ့ခဲ့ရသည်။
ထို့နောက်တွင် ဆရာလေးလင်းက ဖက်တီးလောကို ၎င်း၏ ကောင်းကင်မျက်လုံးဖြင့် အကဲဖြတ်ရန် ကူညီပေးခဲ့သည်။
ရလဒ်အနေဖြင့် သူက ကောင်းကင်အက်ကွဲ ကျောက်တုံးအတွင်းရှိ ဤလျှို့ဝှက်နေရာသို့ မထင်မှတ်ပဲ စုပ်ယူခံလိုက်ရပြီး ယခု ထွင်ထျန်းဟာ ရှေ့တွင် ရပ်နေသော ဖန်းကွမ်းကို တွေ့လိုက်ရသည်။
တာအိုကျင့်ကြံသူကွမ်း
"အစတုန်းကတော့ သူ့ကို ငါ့တပည့်အဖြစ် ဒါမှမဟုတ် ငါ့ရဲ့ ယုံကြည်သူအဖြစ် ခေါ်ချင်ခဲ့တယ်.. ဒီနည်းလမ်းကပဲ ငါ့ကိုသံသရာဝဋ်ဆင်းရဲကို အောင်အောင်မြင်မြင် ကျော်လွှားနိုင်ပြီး အင်မော်တယ်အရှင်မြတ် အဖြစ်ကို တက်လှမ်းနိုင်စေလိမ့်မယ် .. ဒါပေမဲ့ မင်းရဲ့သခင်က ငါ့ကို လှည့်စားလိမ့်မယ်လို့ ဘယ်သူထင်မိမှာလဲ"
ထွင်ထျန်းဟာ "............."
[သူသဘောတူရင်သာ အဓိပ္ပါယ်မဲ့သွားလိမ့်မယ်]
တာအိုကျင့်ကြံသူကွမ်းက သက်ပြင်းချလိုက်သည်။
ဒီနေရာကို တည်ဆောက်စဥ်က နေရာလွတ်ထဲကို ပထမဆုံး ဝင်ရောက်လာတဲ့လူက ငါနဲ့ ဝိညာဉ်စာချုပ် အလိုအလျောက် ချုပ်ဆိုရမဲ့ စည်းမျဉ်းတစ်ခုကို ငါချမှတ်ထားခဲ့တယ်"
"ငါ့ရဲ့ပထမဆုံးကြိုးစားမှု ကျရှုံးခဲ့ပြီးနောက်မှာတော့ စာချုပ်စွမ်းအားကို အသုံးချပြီး မင်းသခင်ရဲ့ အိပ်မက်မြင်ကွင်းကို ကျူးကျော်ဝင်ရောက်ဖို့ လုပ်ခဲ့တယ်"
ထွင်ထျန်းဟာ "ပြီးတော့ရော ဘာဆက်ဖြစ်လဲ"
ဖန်းကွမ်း "စာချုပ်က ရုတ်သိမ်းခံလိုက်ရတယ်.."
ထွင်ထျန်းဟာ ".........."
စာချုပ်ကို တားမြစ်ခြင်းက အခြားမည်သူမဆို အတွက် အလွန်တရာ ခက်ခဲနိုင်သော်လည်း လင်းကျန်းရန် အတွက်မူ လွယ်ကူသောအလုပ်ပင်။
ဖန်းကွမ်းက ထိုအချိန်တွင် ငိုချင်သလို ခံစားခဲ့ရသည်။
"အဲဒီတုန်းက ဒီနေရာမှာ တစ်သက်လုံး ပိတ်မိသွားမှာကိုကြောက်ပြီး မင်းသခင်နဲ့ စာချုပ်ချုပ်ဖို့ လောဘဖြစ်ခဲ့မိတယ်"
ထွင်ထျန်းဟာ "............."
တာအိုကျင့်ကြံသူကွမ်းက အသက်ခပ်ပြင်းပြင်းရှူပြီး ပြောလိုက်သည်။
"ဒီတစ်ခါတော့ အပြင်က စီနီယာဆီ စကားပါးပေးဖို့ညီနောင်ခွေးကို အကူအညီ တောင်းချင်လို့ ခေါ်လိုက်တာပါ"
ထိုစကားကို ကြားလျှင် ထွင်ထျန်းဟာက စိတ်ထဲကနေ ရယ်မောလိုက်သည်။
"ကူညီပေးရင် ငါ့အတွက် ဘာပြန်ရနိုင်မလဲ"
ထွင်ထျန်းဟာက အဖိုးအိုကို စိုက်ကြည့်၍ မေးလိုက်သည်။
"ဘယ်သူမှ စိတ်ကူးနဲ့တောင် ရယူဖို့ မဖြစ်နိုင်တဲ့ အသေးစိတ်ပုံကြမ်းတစ်ခု ပြန်ပေးပါ့မယ်"
"ငါ့လွတ်လပ်ခွင့်ကို ရဖို့ ဒီအသေးစိတ်ပုံကြမ်းနဲ့ အရောင်းအဝယ် လုပ်တာက ငါ့အတွက် နည်းနည်းတောင် ဆုံးရှုံးသွားသလို ငါခံစားရတယ်"
တာအိုကျင့်ကြံသူကွမ်းက ပြောလိုက်သည်။
"အဲဒီ အသေးစိတ်ပုံကြမ်းက ဘာလဲ"
ဖန်းကွမ်း၏ စကားက ထွင်ထျန်းဟာ၏ စိတ်ဝင်စားမှုကို နှိုးဆွခဲ့သည်။
တာအို ကျင့်ကြံသူကွမ်းက ရယ်လိုက်သည်။
"ညီနောင်ခွေးကို ရိုးရှင်းတဲ့မေးခွန်းတစ်ခု အရင် မေးလို့ရမလား"
ထွင်ထျန်းဟာ "..???.."
ဖန်းကွမ်း "မင်းသခင်ရဲ့စစ်မှန်တဲ့ နယ်ပယ်အဆင့်က ဘာလဲ မင်းသိလား"
"မင်းက ငါ့သခင်ရဲ့ နယ်ပယ်အဆင့်ကို စူးစမ်းချင်နေတာလား"
ထွင်ထျန်းဟာက သူ့ကို မော့ကြည့်လိုက်သည်။
"စီနီယာဖန်းကွမ်း.. မင်းကိုယ်မင်း ဆုံးဖြတ်တာပဲ ပိုကောင်းမယ်... ဒါပေမဲ့ ငါ့သခင် ဘယ်လို ကျင့်ကြံလည်း ဆိုတာတော့ ငါပြောပြနိုင်ပါတယ် "
ဖန်းကွမ်း "ပြောပြပါ ညီနောင်ခွေး"
"သူက ရေဒီယို ကျွမ်းဘားနဲ့ မျက်လုံးလေ့ကျင့်ခန်းတွေကို နေ့တိုင်းလုပ်တယ်.. ဒါ့အပြင် ငါးသုံး အပေါ် အခြေပြုပြီး အစီအရင်လေ့ကျင့်ခန်းကို ထပ်တိုး လေ့ကျင့်ခန်း အနေနဲ့ ပြုလုပ်လေ့ရှိတယ်"
"........."
"ငါးသုံးဆိုတာ ဘာလဲ"
"ကောလိပ်စာမေးပွဲ ငါးနှစ် နဲ့ သရုပ်ပြ သုံးနှစ်"
"..........."