← Chapters

ခေါက်ဆွဲခြောက်ကြွပ်ကြော်တွေက ဘာသုံးစားလို့ရလဲ

Vol. 27 Ch. 396

ခေါက်ဆွဲခြောက်ကြွပ်ကြော်တွေက ဘာသုံးစားလို့ရလဲ

Vol. 27 Ch. 396

ဇာတ်လမ်းက အနည်းငယ် ထူးဆန်းသော်လည်း တကယ့်အဖြစ်အပျက်ဖြစ်သည်။

ဖန်းကွမ်းက နှင်းရွာတွင် ဖြစ်ပျက်ခဲ့သည်များကို ပြောပြရင်း သူ့မျက်လုံးထောင့်ကနေ ကြည်လင်သောမျက်ရည်များ စီးကျလာသည်။

ဘဝမှာ အင်တာနက်သုံးချင်တဲ့အခါတွင် wifi မရှိသည့်အခါ၊ အိမ်သာသုံးနေချိန် အိမ်သာသုံးစက္ကူ မရှိသည့်အခါ၊ အသင့်စားခေါက်ဆွဲခြောက်တွင် ဟင်းခတ်အမွှေးအကြိုင်များ ကင်းမဲ့သည့်အခါ၊ မသေခင်မှာ သင့် ပိုက်ဆံတွေကို အကုန်အစင် မသုံးစွဲနိုင်ခဲ့တဲ့အခါ စသည်တို့ထက် ပို၍ နာကျင်စရာ ဘာမှမရှိခဲ့ပေ။

"ညီနောင်ခွေး.. ဒီပစ္စည်းကို ယူလိုက်.. မင်းအနေနဲ့ ငါ့တောင်းဆိုချက်ကို အပြင်က စီနီယာဆီ တင်ပြပေးရင်ရပါပြီ"

ဖန်းကွမ်းက ထွင်ထျန်းဟာကို ပြောလိုက်သည်။

သူက သူ့ကိုယ်သူ စိတ်ပိုင်းဖြတ်ပြီးသားပင်။

အင်မော်တယ်အရှင်မြတ် အဆင့်မှာ လူအများစု မက်မောသောအဆင့် ဖြစ်သော်လည်း လွယ်လွယ် မရရှိနိုင်သောအရာ ဖြစ်သည်။

ဖန်းကွမ်းက အစောပိုင်းနှစ်များတွင် သံသရာဝဋ်ဆင်းရဲကို ဖြတ်ကျော်ရန် သမားရိုးကျ နည်းလမ်းများကို ရှာဖွေခဲ့သော်လည်း အန္တရာယ်အနည်းဆုံး နည်းလမ်းကို ရှာဖွေရန် နှစ်ပေါင်းငါးရာ ကြာခဲ့ရသည်။

ထို့အပြင် အလွန် အရေးကြီးသော အချက်မှာ သူ့ကိုကူညီရန် လူကောင်းတစ်ဦး လိုအပ်နေခြင်းပင်။

ထို့ကြောင့် ဝမ်လင်း နှင့် တွေ့ကတည်းကပင် ဖန်ကွမ်းက ဤကိစ္စကို စဉ်းစားနေခဲ့သည်။

စိတ်ဝိညာဉ်နေရာလွတ်မှ မထွက်ခွာမီ ထွင်ထျန်းဟာက စာလိပ်ကို နေရာလွတ် မျိုချခြင်း စွမ်းရည်ကို အသုံးပြု၍ တိုက်ရိုက်မျိုချခဲ့သည်။

နေရာလွတ်ထဲမှ ထွက်သွားပြီးနောက်တွင် ထွင်ထျန်းဟာက သတိပြန်လည်လာသည်။

မျက်လုံးကို ဖွင့်လိုက်သည်နှင့် ငွေရောင်ဆံပင်နှင့် ချာတိတ်လေးက စူးစူးရဲရဲ စိုက်ကြည့်နေသည်ကို သူ တွေ့လိုက်ရသည်။

ငွေရောင်လေးက ထွင်ထျန်းဟာကို စိုက်ကြည့်ကာ အကြီးအကျယ် စိတ်ရှုပ်သွားသည်။

"ဝိုး.. မင်းတကယ်နိုးလာပြီ.. ခုနက စည်ထဲကနေ အသားနံ့ထွက်လာတော့ မင်းခွေးသားစွပ်ပြုတ် ဖြစ်သွားပြီလို့ ငါကထင်နေတာ"

ထွင်ထျန်းဟာ"..........."

"ဘယ်လိုခံစားရလဲ"

ဝမ်လင်းက ထွင်ထျန်းဟာကို စိုက်ကြည့်ကာ စိတ်ချင်းဆက်သွယ်၍ မေးလိုက်သည်။

ထွင်ထျန်းဟာက ၎င်း၏ မျက်လုံးများကို မှိတ်ထားပြီး ဝိညာဉ်စွမ်းအင်ကို ခန္ဓာကိုယ်တစ်လျောက် စီးဆင်းစေခဲ့သည်။

ကိုယ်တွင်း၌ ပုံမှန်မဟုတ်သော ဝိညာဉ်စွမ်းအား တစ်ခု လုပ်ဆောင်နေကြောင်း ရှင်းရှင်းလင်းလင်း ခံစားနိုင်ခဲ့ပြီး လန်းဆန်းမှုကိုပါ သူခံစားခဲ့ရ၏။

သူတော်စင် သားရဲသွေးဖြင့် ရေချိုးပြီးနောက် သူက အသစ်စက်စက် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ရ သကဲ့သို့ ခံစားနေရ၏။

ဝိညာဉ်စွမ်းအင်က ၎င်း၏ သွေးကြောများ တစ်လျှောက် ယခင်ကထက် ပိုမိုချောမွေ့စွာ စီးဆင်းနေပြီး လုံးဝအဆီးအတား မရှိတော့ဟုပင် ဆိုနိုင်သည်။

ဒါတင်မကဘဲ ထွင်ထျန်းဟာက သူ့စိတ်ဝိညာဉ်၏ နက်နဲသော နေရာထဲတွင် အံ့သြစရာကောင်းသည့် အရာများကို ခံစားခဲ့ရ၏။

ယင်းက စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ် အကြား ဆက်စပ်မှု တိုးတက်လာသည်မှာ ထင်ရှားနေသည်။

ထွင်ထျန်းဟာ ခေါင်းညိတ်လိုက်သည်။

"ငါအများကြီး ပိုကောင်းလာသလို ခံစားရတယ်"

သူတော်စင် သားရဲ၏သွေးက ၎င်း၏ စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်အကြား ပေါင်းစပ်မှုကို အရှိန်မြှင့်ပေးခဲ့သည်။

သို့သော် ထွင်ထျန်းဟာက အလွန်ဆိုးရွားသည့် ပြဿနာတစ်ခုကို သတိထားမိခဲ့သည်။

ယင်းမှာ သူ၏ ခွေးမွေးများက အနီရောင်သို့ အမှန်တကယ် ပြောင်းလဲသွားခြင်းပင်။

"ဘာလို့ ငါ့အမွေးတွေက နီလာတာလဲ"

အနီရောင်အမွေးနှင့် ထွင်ထျန်းဟာ၏ အသွင်အပြင်မှာ အဝေးကနေ ကြည်လျှင် ဝက်ပေါင်ခြောက် နှင့် တူနေ၏။

ငွေရောင်လေးက ပြုံးရွှင်စွာ ပြောလိုက်သည်။

"သူတော်စင် သားရဲသွေးကို စိမ်ပြီးလို့ အနည်းဆုံး တစ်လအတွင်းမှာ ဒီအရောင်က ပျောက်ကွယ်သွားမှာပါ"

မွန်းစတား ဘောပင်"ဒါက ပြဿနာ မဟုတ်ပါဘူး...ငါတို့အိမ်မှာ အိုမိုဆပ်ပြာမှုန့် ရှိတယ်"

ငွေရောင်လေး "အဲဒါဘာလဲ..."

မွန်းစတားဘောပင် "ဒါက ဆရာလေးလင်း ကိုယ်တိုင် လုပ်ထားတဲ့ အ၀တ်လျှော်ဆပ်ပြာမှုန့်ပါ"

"အဲဒါက အာဖရိကသားတွေကို ဥရောပသားတွေ ဖြစ်အောင် ပြောင်းလဲပေးနိုင်ပါတယ်"

".............."

ငွေရောင်လေးက သူ၏ အမြင်သုံးပါးလုံး အပြင်းအထန် ထိုးနှက်ခံလိုက်ရသည်ဟု ခံစားမိခဲ့သည်။

သူတော်စင် သားရဲသွေးက အမှန်တကယ် ထိရောက်ကြောင်း အတည်ပြုပြီးနောက် ဝမ်လင်းက စိတ်သက်သာရာ ရသွားသည်။

သို့သော် ဤကုသမှု တစ်ခုတည်းက အိပ်စက်ခြင်း ပြဿနာကို လုံးလုံးလျားလျား ဖြေရှင်းရန် မလုံလောက်ပေ။

အရှင်းမပျောက်ခင် အထိ ထွင်ထျန်းဟာက အနည်းဆုံး နောက်ထပ် သုံးကြိမ်ခန့် ထပ်စိမ်ရန် လိုအပ်မည်ဟု သူခန့်မှန်းထားသည်။

ထို့နောက် ဝမ်လင်းက မေးစေ့ကို ပွတ်သပ်၍ ငွေရောင်လေးကို ကြည့်လိုက်သည်။

သူ့မျက်နှာပေါ်ရှိ အမူအရာက ငွေရောင်လေးကို အနည်းငယ် တုန်လှုပ်သွားစေ၏။

မျက်လုံးတွင် နွေးထွေးမှု နှင့် ကြင်နာမှု တို့အပြင် ထူးခြားသောအကြည့်များ ရောထွေးနေသည်။

ဤအပြုံးမျိုးက မလိုလားအပ်သည့် ရည်ရွယ်ချက်ကို ဖုံးကွယ်ထားသည့် အပြုံးမျိုးပင်။

"............."

ဝမ်လင်းက သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ လေးထောင့်ဘောက်စ်တစ်ခုက လေထဲကနေ ပျံသန်း၍ သူ့လက်ထဲသို့ ရောက်ရှိလာ၏။

ထို့နောက် ဝမ်လင်းက လေးထောင့်ဘောက်စ်ကို ဂရုတစိုက်ကိုင်ကာ အသက်ခပ်ပြင်းပြင်းရှူလိုက်သည်။

သူက ထိုဘောက်စ်ကို ငွေရောင်လေး ဆီသို့ မလွှဲပြောင်းမီ သူ့ကိုယ်သူ တည်ငြိမ်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့ရ၏။

ငွေရောင်လေးက ခေါက်ဆွဲအကြွပ်ကြော်ဘောက်စ်ကို ရရှိပြီးနောက် အတွေးထဲတွင် နစ်မြောသွားခဲ့သည်။

".................."

ဆုလဒ်အဖြစ် ရရှိသည့် ခေါက်ဆွဲခြောက် အကြွပ်ကြော် နှစ်ဆယ်ထုပ်မှာ ဟာသတစ်ခုဟု သူထင်မှတ်ခဲ့သည်။

အဆုံးသတ်တွင် ခေါက်ဆွဲခြောက်ကြွပ်ကြော်မှာ ကြွပ်ရွရုံသာ ရှိသည် မဟုတ်ပါလော။

သူကမူ သူတော်စင် သားရဲသွေး လေးထောင် မီလီလီတာ အပြည့်အဝ ပေးခဲ့ရသည်။

ငွေရောင်လေးက ရင်နာသလို ခံစားလိုက်ရသော်လည်း ဆရာလေးလင်းက သူ့ထက် ပိုနာကျင်နေပုံရသည်ကို လျင်မြန်စွာ သတိပြုမိသည်။

[ဆရာလေးလင်းက ဘာကြောင့် အသည်းကွဲတဲ့ပုံစံ ဖြစ်နေရတာလဲ]

မွန်းစတားဘောပင် "ဒါက ငါ့သခင် မင်းကို ကတိပေးထားတဲ့ ဆုလဒ်ပဲ.. မစ္စတာ ငွေရောင်လေးက နောက်ထပ် သူတော်စင် သားရဲသွေး မီလီမီတာ ခြောက်ထောင်ကို မပေးရသေးပေမဲ့ သခင်က ကြိုပေးထားတာပါ.. မစ္စတာ ငွေရောင်လေး ဘယ်အချိန် လွှဲပြောင်းပေးဖို့ အဆင်ပြေနိုင်မလဲ

ငွေရောင်လေး "..........."

သူမွေးကတည်းက အလွန် စိတ်မကောင်း ဖြစ်ခဲ့ရသည်မှာ ဤတစ်ကြိမ် ပထမဆုံးအကြိမ် ဖြစ်သည်။

ခေါက်ဆွဲခြောက်ဘောက်စ်ကို ကိုင်ဆောင်ထားသည့် သူ့မျက်နှာတွင် မကျေနပ်ချက်များနှင့် ပြည့်နှက်နေသည်။

[ခေါက်ဆွဲခြောက်အကြွပ်ကြော်..]

[ခေါက်ဆွဲခြောက်အကြွပ်ကြော်က ဘာမို့လို့လဲ]

[အဲဒါက သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေပြီး နုပျိုမှုကို ထိန်းသိမ်းပေတဲ့ ဆေးလုံးလို အသွင်အပြင်ကို အာဟာရဖြစ်စေနိုင်လို့လား]

[အနှစ်သာရ သန့်စင် ဆေးလုံးလို သွေးကြောတွေကို သန့်စင်ပေးနိုင်လို့လား]

[တာဟွမ်ဆေးလုံးလို ခွန်အားကို ဖြည့်တင်းပေးပြီး ချီကို သန်စွမ်းစေနိုင်လို့လား]

[သေသူရဲ့ ဝိညာဉ်ကို ပြန်ခေါ်နိုင်တဲ့ ဆေးလို ပြန်လည်ကောင်းမွန်လာစေဖို့ ကူညီပေးနိုင်လို့လား]

[အဆင့်တက် ဆေးလုံးလို နယ်ပယ်အဆင့်ကို ဖြတ်ကျော်တဲ့ အောင်မြင်မှုနှုန်းကို မြှင့်တင်ပေးနိုင်လို့လား]

[ဘာမှအသုံးမကျတဲ့ ခေါက်ဆွဲခြောက် ဆိုတာ အရမ်းသိသာနေတာပဲလေ]

ထို့ထက်မက အဆင့်တက် ဆေးလုံးမှာ ဒဏ္ဍာရီတစ်ခုမျှသာဖြစ်သည်။

သမိုင်းမှတ်တမ်းများတွင် ထိုအကြောင်းနှင့် ပတ်သက်ပြီး ဆက်စပ် ရေးသားမှုများ ရှိသော်လည်း ယနေ့ အချိန်အထိ မည်သူမျှ မဖော်စပ်နိုင်ခဲ့ပေ။

ရှောင်မျိုးနွယ်စုက ဟွာရှို့နိုင်ငံရှိ ထိပ်တန်း အဂ္ဂိရတ်ပညာရှင် တစ်ထောင်ကျော်ကို စုဆောင်းပြီး ၎င်းတို့၏ ထိပ်တန်း အဂ္ဂိရတ်ဆရာများနှင့် အတူ သုတေသန ဓာတ်ခွဲခန်းတစ်ခုကို တည်ထောင်ရန် ငွေကြေးများစွာ သုံးစွဲခဲ့ကြောင်း ငွေရောင်လေး ကြားဖူးသည်။

သို့သော် ဆယ်စုနှစ်များစွာ ကြာပြီးနောက်တွင်ပင် ၎င်းတို့က အဆင့်တက်ဆေးလုံး၏ အခြေခံ ဖော်မြူလာကိုပင် မဖော်ထုတ်နိုင်ခဲ့ကြပေ။

ခေါက်ဆွဲခြောက်ကြွပ်ကြော် အထုပ်နှစ်ဆယ်ပါသည့် ဘောက်စ်ကို ကိုင်ထားရင်း ငွေရောင်လေး စဉ်းစားမိလိုက်သည်။

လူသားကမ္ဘာ၏ ဝိညာဥ်သားရဲများတွင် အမြင့်ဆုံးအဆင့်မှာ ပထမတန်းစား ဝိညာဥ် သားရဲ ဖြစ်သည်။

ပထမတန်းစား ဝိညာဉ်သားရဲက သူတော်စင် သားရဲအဆင့်သို့ တက်လိုလျှင် သံသရာဝဋ်ဆင်းရဲကို ဖြတ်ကျော်ရန် ကြိုးစားနေသည့် ပကတိအင်မော်တယ်နှင့် တူနေလိမ့်မည်။

ယင်းက အချိန်များစွာနှင့် ကြီးလေးသော တန်ဖိုးကို ပေးဆပ်ရမည် ဖြစ်သည်။

သို့သော် ပထမတန်းစား ဝိညာဉ်သားရဲ အနေဖြင့် သူတော်စင် သားရဲ ဖြစ်လာရန် အခြေအနေ အနည်းငယ်သာ ရှိ၏။

ယင်းက သူတော်စင် သားရဲထံမှ အမွေဆက်ခံသော သန့်စင်သည့် အသွေးအသားပေါ်တွင်သာ မူတည်သည်။

သူတော်စင် သားရဲများကိုလည်း အဆင့်အမျိုးမျိုး ခွဲခြားထားသေးသည်။

ငွေရောင်လေးက သူ့ကိုယ်သူ သူတော်စင် သားရဲအဆင့်တွင် ဆဌမအဆင့် သူတော်စင် သားရဲ ဖြစ်မည်ဟု တွေးထင်ခဲ့သည်။

သူမွေးစဥ်ကဆိုလျှင် နဝမအဆင့်သာ ရှိသေးသည်။

ဆဌမ အဆင့်သို့ ရောက်ရန် သူက နှစ်ပေါင်းခြောက်ထောင်ခန့် ကျင့်ကြံခဲ့ရ၏။

ဆိုလိုသည်မှာ အဆင့်တစ်ခုလျှင် နှစ်၂၀၀၀ ဖြစ်သည်။

သူက ယခုအခါတွင် အသက်ရှစ်ထောင်ရှိပြီ ဖြစ်သော်လည်း သူတော်စင် သားရဲများ၏ စံနှုန်းအရ ကလေးအရွယ်သာ ရှိနေဆဲဖြစ်သည်။

သူတော်စင် သားရဲများအတွက် ၎င်းတို့၏ နယ်ပယ်အဆင့်ကို တိုးတက်အောင် လုပ်ရန်မှာ အမှန်တကယ်ပင် ခက်ခဲလွန်းလှသည်

ထို့အပြင် ယခုအခါ သူတော်စင် သားရဲများမှာ ကမ္ဘာပေါ်တွင် မျိုးသုဉ်းလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။

ဤကမ္ဘာတွင် အခြားသော သူတော်စင် သားရဲများ ရှိကောင်းရှိနိုင်သေးသည်။

သို့မဟုတ် ၎င်းတို့အားလုံး ဇာတ်မြုပ် ပုန်းအောင်းနေခြင်းလည်း ဖြစ်နိုင်သည်။

အနည်းဆုံးတော့ လွန်ခဲ့သည့် ရာစုနှစ် တစ်ခုလုံးတွင် ငွေရောင်လေးက အခြားသော သူတော်စင် သားရဲ၏ အော်ရာကို မခံစားခဲ့ရပေ။

ထို့ကြောင့် ငွေရောင်လေးက သူ့ကိုယ်သူ ကမ္ဘာပေါ်တွင် တစ်ပါးတည်းသော သူတော်စင် သားရဲ ဖြစ်နိုင်သည်ဟု တွေးထင်ခဲ့သည်။

"ငါက ရှားပါးသားရဲပဲ... မင်း ငါ့ကို ဘာလို့ နည်းနည်းလေးမှ မချစ်နိုင်ရတာလဲ"

ထိုအကြောင်းကိုတွေးမိပြီး ငွေရောင်လေး ရုတ်တရက် ဝမ်းနည်းသွားသည်။

ငွေရောင်ဆံပင်နှင့် ချာတိတ်လေးက ခေါက်ဆွဲခြောက် အကြွပ်ကြော်ဘောက်စ်ကို ကိုင်ရင်း မျက်နှာပေါ်တွင် ဝမ်းနည်းသည့် အမူအရာ ဖြစ်ပေါ်လာသည်ကို မြင်လိုက်ရသဖြင့် မွန်းစတား ဘောပင်က စိတ်ထဲကနေ သက်ပြင်းချလိုက်၏။

[တစ်ချို့လူတွေက သူတို့ရဲ့ ကံကြမ္မာ ဘယ်လောက် ကောင်းလဲဆိုတာကို မသိကြဘူးပဲ]

"ညီနောင် ငွေရောင်လေး.. ဒီခေါက်ဆွဲခြောက် အကြွပ်ကြော်က ငါတို့သခင်အတွက်တော့ အဖိုးမဖြတ်နိုင်တဲ့ အရာပဲ"

မွန်းစတား ဘောပင်က ငွေရောင်လေး၏ ပခုံးကိုပုတ်၍ အားပေးလိုက်သည်။

"အဲဒါက လူတော်တော်များများ လိုချင်တာတောင် မရနိုင်တဲ့အရာပဲ.. မင်းတော့ ကံထူးသွားခဲ့ပြီ"

"ဘယ်လို.."

ထိုစကားကြောင့် ငွေရောင်လေး အံသြသွားမိသည်။

All Chapters