← Chapters

စွမ်းအားမြင့် စီနီယာကြီးတွေက တူညီတဲ့အစားအစာကို စားကြသည်။

Vol. 27 Ch. 398

စွမ်းအားမြင့် စီနီယာကြီးတွေက တူညီတဲ့အစားအစာကို စားကြသည်။

Vol. 27 Ch. 398

ဖန်းကွမ်း၏ ဇာတ်လမ်းက ရှင်းပြရန် အနည်းငယ် ရှုပ်ထွေးနေသည်။

လျှို့ဝှက်ချက်များစွာ ပါဝင်နေသောကြောင့် ထိုအကြောင်းကို စကားလုံးအနည်းငယ်ဖြင့် ရှင်းပြရန် နည်းလမ်းမရှိပေ။

ထို့အပြင် ထွင်ထျန်းဟာက ဖန်းကွမ်း၏ နေရာလွတ်ထဲတွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို ဝမ်လင်းအား ကိုယ်တိုင်ပြောလျှင် ဇာတ်လမ်း၌ မပါသည့် အရာများကို အပိုထပ်ထည့်ထားသည်ဟု သံသယဖြစ်ဖွယ် အလားအလာ ရှိနေ၏။

ထို့ကြောင့် ထွင်ထျန်းဟာက စားပွဲပေါ်သို့ တိုက်ရိုက်ခုန်တက်ကာ သူ့ဦးခေါင်းဖြင့် ဝမ်လင်း၏ လက်ကို ပွတ်သပ်လိုက်သည်။

ဝမ်လင်းတွင် မှတ်ဉာဏ်များ ပြန်လည် ရယူနိုင်စွမ်းရှိကြောင်းသူ သိသော်လည်း ထိုစွမ်းရည်မှာ အကန့်အသတ် ရှိသည်။

ဥပမာအားဖြင့် ပါဝင်ပတ်သက်သူ တစ်ဦးမှ အဖြစ်အပျက်တစ်ခုအား တိုက်ရိုက် ပြန်လည် ပြောပြခြင်းက ကိုယ်တိုင် ကြားသိခဲ့ရသည့် သတင်းများထက် သေချာပေါက် ရှင်းရှင်းလင်းလင်း ရှိမည်ဖြစ်သည်။

ထို့ကြောင့် ထွင်ထျန်းဟာက သူ၏ မှတ်ဉာဏ်ကို တိုက်ရိုက်ကူးယူပြီး ဝမ်လင်းထံ ပေးပို့သည့် ရိုးရှင်းသော နည်းလမ်းကိုသာ ရွေးချယ်ခဲ့သည်။

မှတ်ဉာဏ်တစ်ခုကို ရှာဖွေခြင်းနှင့် ပြန်လည်ရယူခြင်း သို့မဟုတ် ကူးယူခြင်းနှင့် ကူးထည့်ခြင်းသည် အမှန်တကယ်တွင် ကျင့်ကြံသူများအတွက် သင်ယူရန် ခက်ခဲသော နည်းလမ်းတစ်ခု ဖြစ်သည်။

ယင်းက ထွင်ထျန်းဟာ မသင်ယူနိုင်ဟု မဆိုလိုပေ။

မည်သို့ပင်ဖြစ်စေ ထွင်ထျန်းဟာက အံ့သြဖွယ် အစွမ်းထက်သည့် နတ်ဆိုးဘုရင် ဖြစ်ခဲ့ဖူးသည် မဟုတ်ပါလား။

ဝမ်လင်းက ထွင်ထျန်းဟာ၏ မှတ်ဉာဏ်ကို လက်ခံယူပြီးနောက်တွင် အမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

ထွင်ထျန်းဟာ တစ်ယောက် ရေချိုးနေစဉ်အတွင်း ဤမျှကြီးကျယ်သော အဖြစ်အပျက်များ ဖြစ်ပျက်ခဲ့သည်ကို သူ မသိခဲ့ပေ။

ယခင်က ဖန်းကွမ်းသည် ဝမ်လင်း၏ ဝိညာဉ်ကို ခွင့်ပြုချက်မရဘဲ သူနှင့် စာချုပ်ချုပ်ရန် အတင်းအကြပ် ဖိအားပေးခဲ့သည်။

ယင်းက ဝမ်လင်းကို အတော်လေး မကျေမနပ် ဖြစ်စေခဲ့ပြီး ဖန်းကွမ်းကို လျစ်လျူရှုရန် ရွေးချယ်စေခဲ့၏။

ဝမ်လင်းက ဖန်းကွမ်းတစ်ယောက် သူ့အတွက် ရနိုင်မည့် အခွင့်အလမ်းများကို ဆုပ်ကိုင်ထားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သူက ဝမ်လင်း၏ အိမ်မွေးတိရစ္ဆာန် စာချုပ်မှတဆင့် ထွင်ထျန်းဟာကို တွေ့ရှိခဲ့ခြင်းပင်။

အရွယ်ရောက်သူမှာ အဆုံးသတ်တွင် အရွယ်ရောက်သူဟုသာ ဆိုနိုင်၏။

ဝမ်လင်းက အလွန်သန်မာသည်မှာ သံသယဝင်စရာ မရှိသော်လည်း အဆုံးသတ်တွင် သူက ဆယ့်ခြောက်နှစ်သာ ရှိသေး၏။

သူက ကျင့်ကြံခြင်းနှင့် ပတ်သက်လျှင် ခရီးအတော်ရောက်နေပြီဖြစ်သည်။

သို့သော် တစ်ချိန်တည်းမှာပင် သူက အတွေ့အကြုံများစွာ ရှိမနေခဲ့ပေ။

ဝမ်လင်း ကိုယ်တိုင်ပင်လျှင် သူ၏ အတွေ့အကြုံမရှိခြင်း ပြဿနာကို မဖြေရှင်းနိုင်ပေ။

ယင်းက အချိန်ကာလဖြင့်သာ ဖြေရှင်းနိုင်မည့်အရာ ဖြစ်သည်။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် သူ၏ နယ်ပယ်အဆင့်ကို မထိန်းချုပ်နိုင်ခြင်းသည်မှာလည်း အချိန် ပြဿနာတစ်ခုပင် ဖြစ်သည်။

သူ၏ နယ်ပယ်အဆင့်များက လျင်မြန်စွာ ဖွံ့ဖြိုးလာခဲ့သည်။

သာမန် ကျင့်ကြံသူများ အနေဖြင့် နယ်ပယ်အဆင့် တစ်ခုကိုဖြတ်ကျော်ရန် အသေအလဲ ကြိုးစားနေရသော အချိန်တွင် သူက နယ်ပယ်အသစ် တစ်ခုကို အလိုအလျောက် အဆင့်တက်နေ၏။

ထို့အပြင် သူက နယ်ပယ်အဆင့် တစ်ခုကို ရောက်တိုင်း ထိုနယ်ပယ်နှင့် လိုက်လျောညီထွေအောင် လုပ်ရန် အချိန်မလုံလောက်သောကြောင့် ခါးသီးစွာ ခံစားခဲ့ရ၏။

သို့သော် သူ့စွမ်းအားကို မည်ကဲ့သို့ ထိန်းရမလဲ ဆိုသည်ကိုမူ ဘယ်တော့မှ မမေ့ပေ။

သူ့အစ်ကို ဝမ်မင် ပြောခဲ့သလို သူ့ခန္ဓာကိုယ်က တာအို စည်းတံဆိပ်ထဲမှ အထူးပစ္စည်းများနှင့် တဖြည်းဖြည်း ရင်းနှီးလာခဲ့သည်။

တာအို စည်းတံဆိပ် သက်တမ်းကုန်ခါနီး၍ အားနည်းသောအချိန်မျိုးတွင် သူ၏အော်ရာကို ထိန်းချုပ်မထားနိုင်ပေ။

ဆိုရလျှင် တာအိုစည်းတံဆိပ်၏ ထိရောက်မှုက လျော့နည်းလာသည်ဟု ဆိုနိုင်သည်။

ယင်းက သူ၏ အင်မော်တယ် ခန္ဓာကိုယ်ကြောင့်ဟု သူထင်ခဲ့သည်။

"အင်မော်တယ်အသွင်ယူစွမ်းရည်" သည် ယခင်က ဖန့်ရှင်း အသုံးပြုခဲ့ဖူးသော မဟာစွမ်းရည် ဖြစ်ပြီး ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ ဝိညာဉ်စွမ်းအင်ကို စုစည်းကာ သာမန်ခန္ဓာကိုယ်ကို အချိန်တိုအတွင်း အင်မော်တယ်ခန္ဓာကိုယ် အဖြစ်သို့ ပြောင်းလဲပေးနိုင်သည့် နည်းစနစ် တစ်မျိုးဖြစ်သည်။

သို့သော် ဤနည်းစနစ်က များပြားလှသော စွမ်းအင် ပမာဏကို သုံးစွဲရပြီး အလွန်တိုတောင်းသော အချိန်ကာလ တစ်ခုအထိသာ ကြာရှည်ခံသည်။

ထိုစွမ်းရည်က တိုက်ပွဲတွင် အသုံးပြုသည့်အခါတွင်မူ အမှန်တကယ်ပင် အံ့မခန်းဖြစ်၏။

အဘယ်ကြောင့်ဆိုသော် အင်မော်တယ်ခန္ဓာကိုယ်ကပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေစွာ ရှိနိုင်၍ ဖြစ်သည်။

ဤစွမ်းရည်ကို ထုတ်သုံးသည်နှင့် လူတစ်ဦးသည် မည်သည့်ပတ်ဝန်းကျင်မျိုးတွင် မဆို လွတ်လပ်စွာ တိုက်ခိုက်နိုင်မည်ဖြစ်သည်။

၎င်း၏ အကောင်းဆုံးသော အစိတ်အပိုင်းမှာ ဘေးထွက်ဆိုးကျိုးမရှိဘဲ ကျင့်ကြံခြင်း အသိုင်းအဝိုင်းမှ အသိအမှတ်ပြုထားသည့် ရှေးကျသောစွမ်းရည် ဖြစ်နေခြင်းပင်။

လူတစ်ဦးတွင် လုံလောက်သော ဝိညာဉ်စွမ်းအင်ရှိသရွေ့ ထိုစွမ်းရည်ကို အချိန်မရွေး ဆက်လက် အသုံးပြုနိုင်သည်။

တစ်ခုတည်းသော အားနည်းချက်မှာ သင်ယူရန် ခက်ခဲခြင်းပင်ဖြစ်သည်။

ထို့ကြောင့် တစ်စုံတစ်ခုသော ရှုထောင့်မှကြည့်လျှင် ဝမ်လင်း၏ အခြေအနေသည် ပို၍ပင် ဆန်းကြယ်နေသည်ဟု ဆိုရမည်။

သူက အင်မော်တယ်ခန္ဓာကိုယ်ဖြင့် မွေးဖွားလာခဲ့သူ ဖြစ်သည်။

ဝမ်မင် ရှာဖွေတွေ့ရှိခဲ့သော "ဝမ်လင်း ဆန့်ကျင်ရေး ပစ္စည်း"ကို တွန်းလှန်ရသည့် အကြောင်းရင်းမှာ ဝမ်လင်း၏ အင်မော်တယ်ခန္ဓာကိုယ်က ဆက်လက် ဖွံ့ဖြိုးနေသောကြောင့်ပင်။

သူက အသက်ကြီးလာလေလေ၊ သူ့ခန္ဓာကိုယ်က လိုက်လျောညီထွေ ဖြစ်လာပြီး သန်မာလေလေ ဖြစ်သည်။

ဝမ်လင်း၏ လက်ရှိ အင်မော်တယ်ခန္ဓာကိုယ်က သူငယ်တန်းအဆင့်ကို ကျော်ဖြတ်ကာ မူလတန်း အဆင့်သို့ ရောက်ရှိနေပြီဟု ဆိုနိုင်၏။

ယင်းသို့ဖြစ်ရသည့် အကြောင်းရင်းမှာ သူ့ကိုယ်ပေါ်ရှိ တာအိုအစီအရင်ထံမှ အကျိုးသက်ရောက်မှု အားနည်းလာရခြင်းကြောင့် ဖြစ်သည်။

ဤသည်မှာ ရေရှည်ဖြေရှင်းချက်မဟုတ်ကြောင်း ဝမ်လင်း သိသည်။

သူ့အနေဖြင့် တခြားနည်းလမ်းကို စဉ်းစားရပေမည်။

တာအိုစည်းတံဆိပ်၏ အကျိုးသက်ရောက်မှုက မည်မျှကြာရှည်ခံမည်ကို သူမသိပေ။

ထို့ကြောင့် တာအိုကျင့်ကြံသူ ကွမ်းဟု ခေါ်သည့် စီနီယာ ဖန်းကွမ်း တစ်ယောက် ထွင်ထျန်းဟာကို ပြောပြခဲ့သည်များကို သူသိရှိသောအခါ စိတ်ဝင်စားသွားသည်။

တကယ်တမ်း ဝမ်လင်း စိတ်ဝင်စားသောအရာမှာ ကမ္ဘာခြားဂိတ်တံခါး မဟုတ်ဘဲ အင်မော်တယ်ရတနာအိမ် ဖြစ်၏။

ကောလဟလအရ ထိုနေရာတွင် အင်မော်တယ်ကျန်းရွမ်က သူ၏ စည်းစိမ်ဥစ္စာတွေ အားလုံးကို ချန်ထားခဲ့သည်ဟု သိရသည်။

ထိုနေရာက ကျင့်ကြံခြင်း လောက၏ "ရတနာသိုက်" ဖြစ်၏။

ထိုအချိန်က အင်မော်တယ်ကျန်းရွမ်သည် ကျင့်ကြံခြင်း ကမ္ဘာတစ်ဝှမ်းလုံးကို ပျံ့နှံ့သွားစေခဲ့သည့် စကားနှစ်ခွန်းကို ပြောကြားခဲ့သည်။

ပထမ-

ရတနာသုံးမျိုးဖြစ်သည့် "ကြယ်ခုနစ်ပွင့်ဓား" "ခရမ်းရောင်ရွှေဘူး" နှင့် "ရွှေရောင် ကြိုး" တို့ကို စုဆောင်းနိုင်သူအား ကိုယ်တိုင်ကိုယ်ကျ လာရောက်ခေါ်ဆောင်၍ တပည့်အဖြစ် လက်ခံကာ အင်မော်တယ်စံအိမ်၏ သဲလွန်စကို ပေးမည်ဖြစ်သည်။

ဒုတိယ-

ကံကြမ္မာ ရေစက်ရှိသူ တစ်ဦးကသာ အင်မော်တယ် ရတနာအိမ်၏ နေရာကို ရှာတွေ့ခဲ့လျှင် ၎င်းတွင်ရှိသည့် စည်းစိမ်ဥစ္စာ အားလုံးကို အမွေဆက်ခံနိုင်မည် ဖြစ်သည်။

ဤပြောဆိုချက်နှစ်ခုက အမှန်တကယ်အားဖြင့် ကြာမြင့်နေပြီဖြစ်ပြီး ဝမ်လင်း မမွေးမီကပင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေပြီဖြစ်သည်။

အင်မော်တယ်ရတနာအိမ်က အလွန် ကျော်ကြားသော်လည်း ယခုအချိန်အထိ ထိုနေရာကို မည်သူမျှ ရှာမတွေ့သေးပေ။

ဝမ်လင်းက ထိုနေရာတွင် သူ့ကို အကူအညီ ပေးနိုင်မည့် အရာ တစ်ခုခု ရှိကောင်းရှိနိုင်မည်ဟု တွေးခဲ့သည်။

ထို့ကြောင့် အင်မော်တယ် ရတနာအိမ် အတွက် ဆိုလျှင် သူက ဖန်းကွမ်းနှင့် ကောင်းမွန်စွာ စကားစမြည် ပြောဆိုနိုင်ပေသည်။

သို့သော် ဖန်းကွမ်းက သတိထားပြီး ဆက်ဆံဖို့လိုသည်ဟု ဝမ်လင်း ခံစားမိသည်။

ထို့နောက် ဝမ်လင်းက ချက်ချင်းပင် မက်ဆေ့ချ် တစ်စောင်ပေးပို့ပြီး လက်ရှိ ကျင့်ကြံခြင်း အသိုင်းအဝိုင်းတွင် တရားမျှတမှု အပြည့်ရှိသော ဗုံးပစ်စီနီယာ အင်မော်တယ်ကို လှမ်းခေါ်လိုက်သည်။

ဗုံးပစ်စီနီယာအင်မော်တယ်က တစ်စက္ကန့်နီးပါး အတွင်း စာပြန်ခဲ့၏။

"ညီနောင်လင်း မင်းမှာ တကယ်ပဲ အင်မော်တယ်ရတနာအိမ်ရဲ့ သဲလွန်စတွေ ရှိနေတာလား"

အခြားတစ်ဖက်တွင် ဗုံးပစ်စီနီယာ အင်မော်တယ်မှာ.ဝမ်လင်း၏ စာကို ဖတ်ပြီးနောက် လုံးဝ တုန်လှုပ်သွားခဲ့သည်။

ထိုသတင်းသာ ပြန့်သွားလျှင် ကျင့်ကြံခြင်း အသိုင်းအဝိုင်းတစ်ခုလုံး တုန်လှုပ်အံ့သြသွားမည် ဖြစ်၏။

ညီနောင်လင်းက အလွန်ဆန်းကြယ်သည်ဟု ခံစားခဲ့ရသည့် အချိန်များ သူ့တွင် ရှိခဲ့ဖူးသည်။

ထို့အပြင် ဗုံးပစ်စီနီယာ အင်မော်တယ် အလွန်သိချင်သော အရာတစ်ခု ရှိသည်။

ဝမ်လင်း အကြောင်း သူသိသလောက် ပြောရလျှင် ဝမ်လင်းက ဤကဲ့သို့ ကြီးကျယ်သောကိစ္စတွင် ပါဝင်လေ့ မရှိချေ။

ပထမအချက်အနေဖြင့် ဝမ်လင်းက သိုသိုသိပ်သိပ် နေရသည်ကိုသာ နှစ်သက်ပြီး လူသိရှင်ကြား ဖြစ်မည်ကို မနှစ်သက်ပေ။

ဒုတိယအချက်အနေဖြင့် ဤကိစ္စက အရမ်းခက်ခဲမည်ဟု သူခံစားခဲ့ရ၏။

သို့သော် ယခုတစ်ကြိမ်တွင်မူ ဝမ်လင်းက အလွန် တက်ကြွနေပြီး သူ့ကိုပင် ဆွေးနွေးရန် ဖိတ်ခေါ်ခဲ့သည်။

ဗုံးပစ်စီနီယာအင်မော်တယ်က စူးစမ်းသောအနေဖြင့် မက်ဆေ့ခ်ျပို့လိုက်သည်။

"ညီနောင်လင်း.. မင်းက ဘာကြောင့် အင်မော်တယ် ရတနာအိမ်ကို ရုတ်တရက် စိတ်ဝင်စားနေတာလဲ"

တစ်ဖက်တွင်လည်း ဤစာကို ကြည့်ပြီး ဝမ်လင်းက နှုတ်ဆိတ်နေသည်။

သူ၏ အော်ရာထိန်းချုပ်သည့် ကိစ္စမှာ သူ၏ မိသားစုဝင် အနည်းငယ်မျှသာ သိထားကြသည်။

သူက ဗုံးပစ်စီနီယာအင်မော်တယ် နှင့် မည်မျှပင် ရင်းနှီးနေပါစေ၊ ထိုအကြောင်းကို ဝမ်လင်းက ပြောပြမည် မဟုတ်ပေ။

ဤသည်မှာ သူ၏ အကြီးမားဆုံး လျှို့ဝှက်ချက် ဖြစ်သည် မဟုတ်လော။

ဝမ်လင်း ပြန်မဖြေသည်ကို မြင်လျှင် ဗုံးပစ်စီနီယာ အင်မော်တယ်က သူ့ဘာသာသူ မှန်းဆ၍ နောက်ထပ် မက်ဆေ့ချ်တစ်ခုကို အမြန်ပို့လိုက်သည်။

ဗုံးပစ်စီနီယာအင်မော်တယ် "အင်မော်တယ်ရတနာအိမ်မှာ ခေါက်ဆွဲခြောက်ကြွပ်ကြော်တွေ သိုလှောင်ထားလို့လား"

ဝမ်လင်း "............."

ဗုံးပစ်စီနီယာ အင်မော်တယ်က လုံးဝကို ပေါက်ကရ တွေးတောလိုက်သည်။

အင်မော်တယ်ကျန်းရွမ်ကလည်း ညီနောင်လင်းလို ခေါက်ဆွဲခြောက်ကြွပ်ကြော် ကြိုက်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။

"စီနီယာကြီးတွေက တူညီတဲ့ အစားအစာကို စားကြတဲ့ပုံပဲ"

All Chapters