← Chapters

ငွေရောင်လေး၏ တိုက်ပွဲ

Vol. 27 Ch. 401

ငွေရောင်လေး၏ တိုက်ပွဲ

Vol. 27 Ch. 401

စိတ်အေးအေးထားပြီး ဦးနှောက်ကို အသုံးပြုသူတိုင်းက တစ်ခုခု မှားနေပြီမှန်း သေချာပေါက် သိနိုင်မည်ဟု ဟန်အိုက်က ထင်ခဲ့သည်။

အဆုံးသတ်တွင် တတိယတန်းစား အမွေးစိမ်း ခွေးတစ်ကောင်ကို ငွေရောင်ဆံပင် လူငယ်တစ်ဦးနှင့် ချိတ်ဆက်ရန်မှာ အမှန်တကယ်ပင် ခက်ခဲလွန်းလှသည်။

အဘယ်ကြောင့်ဆိုသော် ဝိညာဉ်သားရဲများ အနေဖြင့် လူသားအသွင်ပြောင်းလျှင် များသောအားဖြင့် ၎င်းတို့၏ မူလကိုယ်ခန္ဓာနှင့် တူညီသော အရာတစ်ခု ရှိကြသည်။

သို့သော် ယခုလက်ရှိ အခြေအနေတွင်မူ ဂျူနီယာ ဟန်အိုက်က စကားတစ်ခွန်းမှ မပြောနိုင်ဘဲ ကူကယ်ရာမဲ့နေသည်။

သန်မာသော ခွန်အားအပြင် ကျင့်ကြံခြင်း အဝန်းအဝိုင်းသည် စီနီယာများအပေါ် အမြဲ ဦးစားပေး အလေးထားခဲ့သည်။

စီနီယာအချို့မှာ အလွန်တယူသန်လွန်းပြီး ဂျူနီယာများကို လွန်စွာ အားကိုးရာမဲ့သလို ခံစားရစေသည်။

၎င်းတို့က ပြဿနာများကို ဖြေရှင်းရာတွင် စာအုပ်ကြီးအတိုင်း တရားသေ စွဲကိုင်ထားပြီး ခေါင်းမာသူများလည်း ဖြစ်ကြသည်။

သူက ထောင်ချောက်ဟု ယူဆထားသော်လည်း စိတ်ဝိညာဥ်အမှတ်အသားကို လွှဲပြောင်းခြင်းဆိုသည့် အယူအဆက အနည်းငယ် စိတ်ကူးယဉ် ဆန်လွန်းနေသောကြောင့် စီနီယာအကို ဟန်အိုက်ကို ဖျောင်းဖြဖို့ အကြောင်းပြချက်အား မစဉ်းစားနိုင်ခဲ့ပေ။

သူတွေးမိသလောက် သီအိုရီအရလည်း ဖြစ်မလာနိုင်ပေ။

ငွေရောင်လေးက ဆောက်လက်စ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ရပ်နေသည်။

ဤနေရာတွင် အခြားမည်သူမျှမရှိဟု သူအတည်ပြုထားပြီး ဖြစ်သည်။

သံတံခါး အပြင်ဘက်တွင် ရပ်နေသော နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းမှ ကျင့်ကြံသူနှစ်ဦးကို သူ ရှင်းရှင်းလင်းလင်း မြင်နေရ၏။

တစ်ယောက်က စိတ်ဝိညာဥ်ဖွဲ့စည်းခြင်း အဆင့်မှာ ဖြစ်ပြီး နောက်တစ်ယောက်မှာ စိတ်ဝိညာဥ် အခြေတည် အဆင့်မှာ ဖြစ်သည်။

၎င်းတို့၏ နယ်ပယ်အဆင့်များကို စူးစမ်းလေ့လာပြီးနောက်တွင် ငွေရောင်လေးက အလွန်ပင် စိတ်ပျက်သွားမိသည်။

သူ၏ ပြိုင်ဘက်က အားနည်းလွန်း၍ သူ့အတွက် ရှက်ဖို့အတော်ကောင်းနေ၏။

ယေဘုယျအားဖြင့် ပြောရလျှင် မညီမျှသော နယ်ပယ်အဆင့်များနှင့် ရင်ဆိုင်ရာတွင် လုပ်ဆောင်ရန် အခက်ခဲဆုံးအရာမှာ "သက်ညှာမှုပြုခြင်း" ဖြစ်သည်။

သို့သော် ယနေ့တွင်မူာ ဤပြဿနာအတွက် ငွေရောင်လေးက လုံးဝ စိုးရိမ်စရာမလိုပေ။

ဗုံးပစ်စီနီယာ အင်မော်တယ် အစောပိုင်းက ပြောခဲ့သော ညွှန်ကြားချက်ကို သူသတိရမိသည်။

ယင်းမှာ နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းမှ အကြီးအကဲနှစ်ဦးအား သူမည်သူမည်ဝါ ဖြစ်ကြောင်း မဖော်ပြဘဲ သတ်ပစ်ရန် ဖြစ်သည်။

ဆိုလိုသည်မှာ သူက ၎င်းတို့အား စိတ်ပူစရာ မလိုဘဲ သုတ်သင်နိုင်၏။

[ဒီနှစ်ယောက်ကို အနာကျင်ဆုံးနဲ့ အဆိုးရွားဆုံး သေအောင်ဘယ်လိုသတ်ရင်ကောင်းမလဲ]

ငွေရောင်လေးက မေးစေ့ကို ပွတ်သပ်၍ စဉ်းစားရင်း အနည်းငယ် ပြုံးလိုက်မိသည်။

နတ်ဆိုးမုဆိုးများ အဖွဲ့အစည်း၏ အကြောင်းက လွန်ခဲ့သော နှစ်ရက် အတွင်း တစ်မြို့လုံးသို့ ပျံ့နှံ့သွားသောကြောင့် ငွေရောင်လေးက မသိဘဲမနေချေ။

ထို့အပြင် ယခင်က သူတော်စင် သားရဲများ သေဆုံးရခြင်း အကြောင်းရင်းမှာလည်း နတ်ဆိုးမုဆိုးများ အဖွဲ့အစည်း နှင့် လုပ်ဆောင်ချက် ဆင်တူသော အဖွဲ့အစည်းများကြောင့် ဖြစ်သည်။

၎င်းတို့က အသက်ကို အမြတ်အစွန်း အတွက် လျစ်လျူရှုပြီး သက်ရှိများကို မြက်တစ်ပင်လောက်ပင် တန်ဖိုးမထားခဲ့ချေ။

ဤကဲ့သို့သော လူများသည် သေဒဏ်ပေးဖို့ ထိုက်တန်လွန်းနေ၏။

တွေးတောနေရင်း ငွေရောင်လေး၏ နားရွက်များက ရုတ်တရက် လှုပ်ရှားသွားသည်။

ကြီးမားသော သံတံခါး၏ အပြင်ဘက်ကနေ မီးရှူးမီးပန်းကဲ့သို့ တောက်ပသော ဘောလုံးတစ်လုံး အထဲသို့ လွင့်ပျံလာသည်။

နောက်ထပ် အခိုက်အတန့်တွင်မူ ဘောလုံးထဲကနေ အလင်းတန်းများ ထွက်ပေါ်လာပြီး ချိတ်များအဖြစ်သို့ ပြောင်းလဲကာ သူ့ရှေသို့ လျှပ်တပြက် ရောက်ရှိလာ၏။

"ထောင်ချောက်ဘော်လုံးလား"

ငွေရောင်လေးက တစ်ချက်ကြည့်သည်နှင့် ဤအလင်းဘော်လုံး၏ ဇစ်မြစ်ကို သိနိုင်ခဲ့သည်။

ထောင်ချောက်ဘော်လုံးက ဝိညာဥ်သားရဲများကို ဖမ်းယူရာတွင် အသုံးပြုလေ့ရှိသော မှော်ရတနာတစ်ခု ဖြစ်သည်။

ထို့အပြင် အရည်အချင်းပြည့်မီသော အိမ်မွေးတိရစ္ဆာန် လေ့ကျင့်ပေးသူများကသာ ဤမှော်ရတနာ အမျိုးအစားကို ပိုင်ဆိုင်ခွင့်နှင့် အသုံးပြုခွင့်ရှိကြောင်း ဥပဒေအရ အတိအလင်း ပြဋ္ဌာန်းထားသည်။

"ဟက်.. ငါ့ကို ထောင်ချောက်ဘော်လုံးနဲ့ ဖမ်းချင်တာလား"

ငွေရောင်လေး၏ မျက်နှာက အလွန်တရာ တည်ငြိမ်နေသည်။

သူ့မျက်နှာထက်တွင် စိတ်ရှည်သည်းခံသော အမူအရာများ ဖြစ်ပေါ်နေ၏။

သူက သူ့ဆီသို့ ရောက်လာမည့်ချိတ်ကို စောင့်မနေဘဲ ထောင်ချောက် ဘော်လုံးကို ဖမ်းရန် သူ့လက်ကို တိုက်ရိုက်ဆန့်ထုတ်လိုက်သည်။

အဆုံးသတ်တွင် စီနီယာ စန်းလန်၏ ကြိုးပမ်းမှုက မအောင်မြင်ခဲ့ပေ။

ထောင်ချောက်ဘော်လုံး၏ အလင်းက တမဟုတ်ချင်း ပျောက်ကွယ်သွားပြီး ဖမ်းယူမှု မအောင်မြင်ကြောင်း အချက်ပြခဲ့သည်။

နတ်ဆိုးမုဆိုးများ အဖွဲ့အစည်း၏ အကြီးအကဲ နှစ်ဦးက ထောင်ချောက်ဘော်လုံးကို ထုတ်လွှတ်ခဲ့သော်လည်း ငွေရောင်လေးကိုက မြန်ဆန်လွန်းနေသည်။

အကြီးအကဲနှစ်ဦးက အထဲသို့ ဝင်လာခဲ့ရာ ထောင်ချောက်ဘော်လုံးက ငွေရောင်ဆံပင် လူငယ်၏ လက်ထဲတွင် ရှိနေသည်ကို တွေ့လိုက်ရသည်။

"ဘယ်လိုတောင်လဲဟ"

ငွေရောင်လေးက စိတ်ထဲတွင် သက်ပြင်းချလိုက်ပြီး ထောင်ချောက်ဘော်လုံးကို အမှုန့်ဖြစ်အောင် ခြေမွလိုက်သည်။

စန်းလန်က လုံးဝ မှင်တက်နေခဲ့သည်။

"မဖြစ်နိုင်ဘူး"

ဤထောင်ချောက်ဘော်လုံးက အကောင်းဆုံး အမျိုးအစားဖြစ်ပြီး ဒုတိယတန်းစား ဝိညာဥ်သားရဲကို ဖမ်းယူနိုင်မှုတွင် ရှစ်ဆယ့်ငါး ရာခိုင်နှုန်း အောင်မြင်မှုနှုန်း ရှိသည်။

ငွေရောင်လေးက ဘာမှ ပြန်မပြောဘဲ မဲ့ပြုံးပြုံးလိုက်၏။

[ငါ့ကို အမှိုက်ဘော်လုံးနဲ့ ဖမ်းချင်တာလား.. ဒီနှစ်ကောင် ဘယ်ကနေ ယုံကြည်မှု ရလာတာလဲ]

စန်းလန်က ငွေရောင်လေးကို စိုက်ကြည့်နေသည်။

"ကောင်းပြီ.. အစိမ်းရောင်ခွေး.. မင်းမှာ အရည်အချင်း ရှိသားပဲ"

ငွေရောင်လေး "ငါက ဘာလို့ ခွေးဖြစ်သွားရတာလဲ"

စန်းလန် "ဟက်.. မင်းကို လူသားအဖြစ် ပြောင်းလဲပေးနိုင်တဲ့ ဆေးတွေကို စားရုံနဲ့ မင်းကိုယ်မင်း ပထမတန်းစား ဝိညာဥ် သားရဲအဖြစ်ကနေ ရုန်းထွက်နိုင်ပြီလို့ မထင်လိုက်နဲ့"

ငွေရောင်လေး "............."

ဤမြင်ကွင်းကို ဘေးကနေကြည့်ရင်း အနီးနားရှိ ဂျူနီယာ ဟန်အိုက်က အလွန် တုန်လှုပ်သွားသည်။

လူငယ်က ထောင်ချောက်ဘောလုံးကို အလွယ်တကူ ဖမ်းနိုင်၍ ပုံမှန်မဟုတ်ကြောင်း ထင်ရှားနေပြီ ဖြစ်သည်။

"စီနီယာ စန်းလန်.. ဒီလူနဲ့ ပတ်သတ်ပြီး တစ်ခုခုတော့ ရှိမယ်ထင်တယ်.. ငါတို့တွေ နောက်ပြန်ဆုတ်ရင် မကောင်းဘူးလား”

ဟန်အိုက်က ဤသတိပေးချက်ကို ပေးရာတွင် ရည်ရွယ်ချက်ကောင်းရှိသော်လည်း စန်းလန်က နားမထောင်လိုခဲ့ပေ။

"ထပ်ပြီး တိုက်ခိုက်ရမယ်.. ဒီတစ်ခါတော့ သူရှောင်လို့မရအောင် သေချာလေး လုပ်ရမယ်"

စကားပြောနေစဉ် စန်းလန်က လက်ဝှေ့ယမ်းကာ အလင်းဘော်လုံး တစ်လုံးကို ထုတ်လွှတ်လိုက်ပြန်သည်။

"ဒီတစ်ခါ မင်း ဖမ်းမမိစေရဘူး"

စန်းလန်က ကောက်ကျစ်စွာ ပြုံးလိုက်သည်။

၎င်းက ယခင် ထောင်ချောက် ဘောလုံး၏ အပ်ဒိတ်ဗားရှင်းတစ်ခုဖြစ်သည်။

၎င်းက ပိုမိုမြန်ဆန်ရုံသာမက အောင်မြင်မှုရာနှုန်း မြင့်မား၏။

ပို၍အရေးကြီးသည်မှာ ၎င်းတွင် "မမြင်နိုင်သော" သက်ရောက်မှုရှိနေခြင်းပင်။

ဤထောင်ချောက်ဘော်လုံးက ရှေးခေတ် ကျင့်ကြံသူများ၏ အမွေအနှစ်တစ်ခု ဖြစ်ကြောင်း သိသာ ထင်ရှားသည်။

အခြေအနေ မစိုးရိမ်ရလျှင် စန်းလန်က ၎င်းကို ပေါ့ပေါ့တန်တန် အသုံးပြုမည် မဟုတ်ပေ။

သာမန် ထောင်ချောက်ဘော်လုံး တစ်လုံး၏ စျေးနှုန်းမှာ အင်မော်တယ် ရွှေချောင်းတစ်ထောင် ဖြစ်သည်။

ဤပစ္စည်းအတွက် စန်းလန်က အင်မော်တယ် ရွှေချောင်းပေါင်း တစ်သောင်းကျော်ခန့် ကုန်ကျမည်ဟု ငွေရောင်လေး ခန့်မှန်းခဲ့သည်။

ဝိညာဉ်သားရဲများ ဖမ်းခြင်းသည် ငွေကို မီးရှို့သော ကစားနည်းတစ်ခုလည်း ဖြစ်သည်။

သို့သော် စန်းလန်၏ မျှော်လင့်ချက်များက မပြည့်မြောက်ခဲ့ပေ။

ငွေရောင်ဆံပင်နှင့် လူငယ်လေးက သူဘောလုံးကို ထုတ်လွှတ်ပြီးနောက် စက္ကန့်ဝက် မပြည့်မီမှာပင် ဘောလုံးကို ဖမ်းမိခဲ့သည်။

စန်းလန်က အလွန် ထိတ်လန့်သွားပြီး နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်။

"မင်း.."

"မင်းမှာ တခြားနည်းလမ်းတွေ မရှိတော့ဘူးလား"

ငွေရောင်လေးက စိတ်ပျက်လက်ပျက် အမူအရာဖြင့် စန်းလန်ကို ကြည့်လိုက်သည်။

၎င်းက ငွေရောင်လေး မြင်ဖူးသမျှ စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူများတွင် အညံ့ဆုံး ကျင့်ကြံသူ ဖြစ်သည်မှာ သေချာသည်။

မှော်ရတနာကို အလွန်အမင်း အားကိုးသော စန်းလန်မှာ ငွေရောင်လေးနှင့် အတွေ့တွင် မျှော်လင့်ချက်မဲ့သွား၏။

"မဖြစ်နိုင်ဘူး...မင်းက ဝိညာဥ်သားရဲပဲလေ.. ဝိညာဥ်သားရဲကိုဖမ်းဖို့ဆိုရင် ထောင်ချောက်ဘော်လုံးထက် ပိုထိရောက်တဲ့ တခြား မှော်ရတနာ မရှိနိုင်ဘူး"

စန်းလန်က တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။

"ဟန်အိုက်.. ငါတို့ဝှက်ဖဲကို ထုတ်လိုက်ရအောင်"

"စီနီယာအစ်ကို စန်းလန်.."

"ဆုံးရှုံးမှုအတွက် ငါတာဝန်ယူမယ်"

စန်းလန်းသက်ပြင်းချလိုက်သည်။

ဤအခြေအနေအထိ ရောက်လာပြီဖြစ်၍ နောက်ပြန်လှည့်စရာအကြောင်း မရှိတော့ပေ။

ထို့နောက်တွင် ဟန်အိုက်က ကူကယ်ရာမဲ့စွာဖြင့် သိုလှောင်အိတ်ထဲကနေ ပုံဆောင်ခဲများဖြင့် အလှဆင်ထားသည့် ထောင်ချောက်ဘောလုံး တစ်လုံးကို ထုတ်ယူလိုက်သည်။

ယင်းက သူတို့၏ နောက်ဆုံး ဝှက်ဖဲလည်း ဖြစ်၏။

ဤထောင်ချောက်ဘော်လုံးက ထောင်ချောက်ဘော်လုံး အမျိုးအစားထဲတွင် အဆင့်အမြင့်မားဆုံးလည်း ဖြစ်သည်။

"မာစတာဘော်လုံးလား"

ထိုမာစတာဘော်လုံးက ပထမတန်းစား ဝိညာဥ်သားရဲကို ဖမ်းယူရာတွင် ရာနှုန်းပြည့် အောင်မြင်မှုနှုန်း မြင့်မား၏။

"သွားလေရော့.. မာစတာဘော်လုံး"

စန်းလန်က ကြုံးဝါးလိုက်သည်။

ငွေရောင်လေး "............"

မာစတာဘောလုံးထံမှ တောက်ပသော အလင်းတန်း တစ်ခု ထွက်ပေါ်လာသည်။

ထို့နောက်တွင် ငွေရောင်လေးက သက်ပြင်းတစ်ချက် ချကာ ဤအလင်းဘောလုံးကို လေထဲမှာပင် ဖမ်းယူရန် လက်ကို ဆန့်ထုတ်လိုက်ပြန်သည်။

"မဖြစ်နိုင်ဘူး.. ဒါလုံးဝမဖြစ်နိုင်ဘူး"

စန်းလန်က မျက်လုံးပြူးသွားသည်။

ဤမာစတာဘော်လုံးက ၎င်းတို့၏ နောက်ဆုံးနှင့် အပြင်းထန်ဆုံးသော ဝှက်ဖဲ ဖြစ်သည်။

၎င်းက ဝိညာဥ်သားရဲကို ဖမ်းရာတွင် ရာနှုန်းပြည့် အောင်မြင်မှုနှုန်း မြင့်မား၏။

၎င်းကို မည်သို့သော သားရဲက ပိတ်ဆို့ထားနိုင်ပါအံ့နည်း။

ငွေရောင်လေးက မာစတာဘောလုံးကို လက်ထဲ၌ ကိုင်ထား၏။

စန်းလန်က ကူကယ်ရာမဲ့စွာဖြင့် ပါးစပ်ထောင့်များ တလှုပ်လှုပ် ဖြစ်နေသည်။

ဤမာစတာဘော်လုံးက အလွန်ပြင်းထန်ပြီး အလွန်လည်း ရှားပါးသည်။

ပထမတန်းစား ဝိညာဥ်သားရဲတစ်ကောင်ကို ဖမ်းဖို့ အသုံးပြုစဥ်ကပင် ရာနှုန်းပြည့် အောင်မြင်ခဲ့ဖူး၏။

သို့သော် ပြဿနာမှာ ငွေရောင်လေးက သူတော်စင် သားရဲဖြစ်နေခြင်းပင်။

All Chapters