ကောင်းကင်လက်နက်ရှစ်မျိုး..
Vol. 28 Ch. 408
ထင်ထားသည့်အတိုင်း ဤမိုက်ခရိုဝေ့သည်လည်း အသွင်ပြောင်း မှော်ရတနာ ဖြစ်နေပါသလော။
ထိုအစား ဤမေးခွန်းကို မေးနိုင်၏။
ဤအိမ်ကြီး၌ ထူးခြားပြီး မဆန်းကြယ်သည့် ပစ္စည်း ရှိရော ရှိပါသေးရဲ့လော။
ဗုံးပစ်စီနီယာ အင်မော်တယ်က ကူကယ်ရာမဲ့စွာဖြင့် သူ၏ချွေးများကို သုတ်လိုက်သည်။
ဤနေရာ၌ ရေခဲသေတ္တာ၊ လေအေးပေးစက် နှင့် အဝတ်လျှော်စက်မှသည် အိမ်သာ၊ ဗီရိုနှင့် ထမင်းပေါင်းအိုးအထိ အသွင်ပြောင်းမှော်ရတနာ အများအပြားကို တွေ့မြင်ခဲ့ရသည်။
သာမန်ပစ္စည်း မည်သည့်အရာမျှ ဤအိမ်၌ ရှိပုံမရချေ။
ဤကဲ့သို့ ထူးဆန်းသော မိုက်ခရိုဝေ့ကိုမူ ဗုံးပစ်စီနီယာ အင်မော်တယ်က သူ့တစ်သက်တွင် ပထမဆုံး အကြိမ် မြင်ဖူးခြင်းပင်။
လင်းကျန်းရန် အသွင်ပြောင်းထားသော ဤအိမ်သုံးပစ္စည်းများက သေစေလောက်သော ဖန်တီးမှုဟု ဆို၍ ရသော်လည်း လက်တွေ့ အသုံးကျသည်မှာတော့ သေချာသည်။
အချို့သော ပရိဘောဂများမှာ ထူးဆန်းပြီး အလှဆင်ထားခြင်းထက် ဘာမှမပိုသည့်ပုံ ပေါက်နေသေးသော်လည်း ၎င်းတို့ကို အတွင်းကျကျ လေ့လာလျှင် အဆင့်မြင့်စွာ ဖန်တီးထားသည်ကို တွေ့လာရမည် ဖြစ်၏။
အပြင်ပန်းက အသုံးမကျပုံ ပေါက်သော်လည်း အတွင်းပိုင်းက အထင်ကြီးစရာဟု ဆိုရပေမည်။
ဖွင့်ထားသည့် မိုက်ခရိုဝေ့ဖ်ကို စိုက်ကြည့်ရင်း ဗုံးပစ်စီနီယာအင်မော်တယ်က အတွေးထဲတွင် စီးမြောနေခဲ့သည်။
ထို့နောက် အလွန်လျင်မြန်စွာပင် ဤအတွေးရေယာဥ်ကြောက မိုက်ခရိုဝေ့ဖ်မှ "ဒင်း" ဟူသော အသံကြောင့် ပြတ်တောက်သွားသည်။
[ဘာလဲဟ ပြီးသွားပြီလား]
[နှစ်မိနစ်တောင် မကြာသေးဘူးလေ]
ဗုံးပစ်စီနီယာ အင်မော်တယ်က နှုတ်ခမ်းထောင့်များ တလှုပ်လှုပ် ဖြစ်နေ၏။
သံလိုက်ကျောက်ဖြင့် ပြုလုပ်ထားသည့် သတ္တုက လက်နက်သန့်စင်ရာတွင် အသုံးပြုသော အမာခံ သတ္တုများထဲမှ တစ်ခုဖြစ်သည်။
မီးဖိုတစ်ခုတွင် များသောအားဖြင့် အပူချိန် တစ်သောင်းငါးထောင် ဒီဂရီထက် မနည်းသော ဝိညာဉ်မီးတောက် တစ်ခု လိုအပ်ပြီး အကြမ်းဖျင်းအားဖြင့် နှစ်နာရီခန့် ကြာမြင့်၏။
အဆုံးသတ်တွင်မူ လင်းကျန်းရန်က သံလိုက်ကျောက်တုံးကို ထူးဆန်းသော မိုက်ခရိုဝေ့ဖ်တွင် နှစ်မိနစ်မျှ ထားခြင်းဖြင့် ၎င်းကို ပြုလုပ်နိုင်ခဲ့သည်။
ထိုသတင်းသာ ပေါက်ကြားသွားလျှင် လက်နက်သန့်စင်သည့် ပန်းပဲဆရာ ဘယ်နှစ်ယောက်က သူတို့၏ မီးဖိုရှေ့တွင် သွေးအန်သွားမလဲ မသိနိုင်ပေ။
ဖန်တီးမှုက အလွန်ကောင်းသလို သိပ္ပံနည်းလည်း ကျခဲ့သည်။
ဝမ်လင်းက မိုက်ခရိုဝေ့ဖ်ကို ဖွင့်ရင်း သံလိုက်ကျောက်၏ သတ္တုရည်ကို ဆွဲထုတ်ရန် ဆွဲငင်အား စွမ်းရည်ကို အသုံးပြုခဲ့သည်။
ရောစပ်ပြီးနောက်တွင် သတ္တုအရည်၏ အရောင်က နက်မှောင်သော ရွှေရောင် ဖြစ်နေ၏။
ဤအရည်ကို ဝမ်လင်းက လေထဲမှာပင် အလုံး တစ်လုံးအဖြစ် ပေါင်းစည်းလိုက်သည်။
"ညီနောင်လင်း ဒီသန့်စင်နည်းရဲ့ အောင်မြင်မှု ရာခိုင်နှုန်းက ဘယ်လောက်လဲ"
"ကျရှုံးနိုင်ခြေရော ဘယ်လောက်ရှိလဲ"
ဗုံးပစ်စီနီယာ အင်မော်တယ်က အလွန်သိချင်လာ၍ မေးခွန်း မေးရုံမှတစ်ပါး တခြားမရှိခဲ့ပေ။
ဤသန့်စင်ခြင်းနည်းလမ်းက မြန်ဆန်လွန်းသည်။
ဤအမြန်နှုန်းဖြင့်ဖြင့် အောင်မြင်မှုနှုန်း မြင့်မားနေသေးပါက ၎င်းက အမှန်တကယ်ပင် ပုံမှန်မဟုတ်လောက်ပေ။
ယင်းက ဂိမ်းတစ်ခုတွင် သင့်ငွေအားလုံး နီးပါးကို အသုံးပြုပြီး လက်နက်အဆင့်မြှင့်ထားသော စာလိပ်နှစ်ဆယ်ကို ဝယ်ယူသည်ထက် တစ်ကြိမ်တည်းဖြင့် သင်၏လက်နက်ကို အဆနှစ်ဆယ် တိုက်ရိုက်မြှင့်တင်ပေးသည့်ပုံစံမျိုး ဖြစ်သည်။
လက်နက်များကို သန့်စင်ခြင်း သို့မဟုတ် စွမ်းအားမြှင့်တင်ခြင်းမှာ ဖြစ်နိုင်ခြေရှိသော ကိစ္စဖြစ်သော်လည်း အောင်မြင်နိုင်ခြေ ရှိသကဲ့သို့ ကျရှုံးမှု ဖြစ်နိုင်ခြေလည်း သဘာဝအတိုင်း ရှိသည်။
'ဖက်တီးလော'ပင် ၀က်သားရေချပ်ဝတ်ကို ဖန်တီးဖို့ ကြိုးစားရင်း အကြိမ်ကြိမ် ကျရှုံးခဲ့ရသည် မဟုတ်ပါလား။
"ကျရှုံးမှုမရှိဘူး"
ဝမ်လင်းက စိတ်ချင်းဆက်သွယ်၍ ပြောရင်း လေထုတွင် စုဝေးနေသော သတ္တုရည် အလုံးကြီးကို စိုက်ကြည့်နေသည်။
"ရာနှုန်းပြည့် အောင်မြင်မှုနှုန်း"
ဗုံးပစ် စီနီယာ အင်မော်တယ်က နောက်တစ်ကြိမ် အသက်ကို မနည်း ရှူခဲ့ရသည်။
ခြေရင်း၌ လဲလျောင်းနေသည့် ထွင်ထျန်းဟာ၏ အလှောင်ခံရမည်စိုး၍ သူ့မျက်နှာတွင် အံ့ဩသော အရိပ်အယောင်ကို ထင်ရှားစွာ ထုတ်ဖော်မပြရဲတော့ပေ။
တကယ်တမ်းတွင် မူလဘူတ လက်နက်သန့်စင်ခြင်း နည်းစနစ်က အောင်မြင်မှုနှုန်း အလွန် မြင့်မားနေသော်လည်း ကျရှုံးနိုင်သည့် အလားအလာများလည်း ရှိနေသေးသည်။
ဝမ်လင်းက ကျရှုံးစရာမရှိဟု ယုံကြည်ရသည့် အကြောင်းအရင်းမှာ သူက လွန်ခဲ့သည့် ရက်အနည်းငယ်ကမှ မဟာကံကြမ္မာတာအိုကို အသက်သွင်းခဲ့သောကြောင့်ပင်။
ယင်း၏ အကျိုးသက်ရောက်မှုက ယခုတိုင်ရှိနေဆဲ ဖြစ်သည်။
မဟာကံကြမ္မာ တာအိုက စတင် အသက်သွင်းသည်နှင့် ဆယ်ရက်အထိ ကြာနိုင်၏။
ဆိုရလျှင် လက်နက်သန့်စင်ရာ၌ မဟာကံကြမ္မာတာအို၏ အထောက်အပံ့ကို ရခဲ့ခြင်းမှာ ပြီးပြည့်စုံသော တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်သည်။
မဟာတာအို စွမ်းရည်နှစ်မျိုးကို ပေါင်းစပ်လိုက်ခြင်းဖြင့် သူ၏ လက်နက်ကို သန့်စင်သည့် အောင်မြင်မှုနှုန်းက 99.99 ရာခိုင်နှုန်း အထိ ခုန်တက်သွားခဲ့သည်။
သူသောက်တလွဲ လုပ်လျှင်ပင် အောင်မြင်လိမ့်ဦးမည်သာ။
သာမန်လက်နက် သန့်စင်ခြင်း လုပ်ငန်းစဉ်နှင့် မတူဘဲ မဟာတာအို စွမ်းရည်တစ်ခု ဖြစ်သည့် မူလဘူတ လက်နက် သန့်စင်စွမ်းရည်တွင် ထူးခြားသော အဆင့်တစ်ခု ရှိသည်။
အခြားသော ပန်းပဲဆရာများက လက်နက်များကို လက်ဖြင့် သန့်စင်သော်လည်း ဝမ်လင်းကမူ ချီစွမ်းအား ကိုသာ အားကိုးအားထားပြုသည်။
ထို့နောက်တွင် ပျံဝဲနေသော သတ္တုရည် အလုံးကြီး ရှေ့တွင် ရပ်နေသော ဝမ်လင်းက လက်ဟန်အချို့ ပြုလုပ်ခဲ့သည်။
လက်ဟန်ဖြင့် ဖော်ထုတ်လိုက်သည့် စည်းတံဆိပ် အချို့မှ အလင်းတန်းများ ထွက်ပေါ်လာပြီး သတ္တုရည်အလုံးကြီး ထဲသို့ ဖြည်းညှင်းစွာ ရောနှောသွားသည်ကို ဗုံးပစ်စီနီယာ အင်မော်တယ် တွေ့လိုက်ရ၏။
"ညီနောင်လင်းက ဘယ်လိုမျိုး လက်စွပ်ကို ပြုလုပ်နေတာလဲ"
ဗုံးပစ်စီနီယာ အင်မော်တယ်က တစ်ဖက်မှကြည့်ကာ အလွန်သိချင်နေခဲ့သည်။
မှော်လက်စွပ် အမျိုးအစား အမျိုးမျိုး ရှိသောကြောင့် ၎င်းတို့၏ အဆင့်အတန်းများကလည်း ကွဲပြားမှုရှိသည်။
စျေးကွက်တွင် လက်ရှိရောင်းချနေသော မှော်လက်စွပ်များသည် လက်စွပ်အတွင်း၌ သီးခြားနေရာလွတ် ရှိမနေတတ်ပေ။
၎င်းကို မှော်လက်စွပ်ဟု ခေါ်ဆိုသည်မှာ စင်စစ် ရှက်စရာ ကောင်းလွန်းနေသည်။
လက်စွပ်ထဲ လူတစ်ယောက်ကို ထည့်ထားနိုင်လျှင် ပို၍ပင် ရှားပါးသော မှော်လက်စွပ် ဖြစ်သွားပေလိမ့်မည်။
ဗုံးပစ်စီနီယာ အင်မော်တယ်က နားမလည်နိုင်သော အမူအရာဖြင့် ဝမ်လင်းကို ကြည့်နေသည်။
ထွင်ထျန်းဟာက လက်နက် သန့်စင်သည့် ကျမ်းစာအုပ်ကို ခြေသည်းဖြင့် ညှပ်၍ ဗုံးပစ်စီနီယာ အင်မော်တယ်ဆီ ပစ်ပေးလိုက်သည်။
ထိုကျမ်းက အလွန်အသုံးများသော ရှေးဟောင်းကျမ်းစာအုပ် တစ်အုပ်ဖြစ်သည်။
သားရေအဖုံးတွင် ရွှေအက္ခရာဖြင့် ရေးထိုးထားသော ရိုးရာ အက္ခရာငါးလုံး ပါရှိသည်။
ယင်းက အနောက်ကမ္ဘာမှ မှော်အက္ခရာများ ကဲ့သို့ပင်၊
ကောင်းကင်လက်နက် ရှစ်မျိုးကျမ်း...
ဗုံးပစ်စီနီယာ အင်မော်တယ်က ဂန္ထဝင်ကျမ်းများကို လေ့လာခဲ့ဖူးသဖြင့် ဤအက္ခရာကို ဖတ်ရှုနိုင်ခဲ့သည်။
ဤကျမ်းက အမှန်တကယ်ပင် လက်နက်သန့်စင်သည့်.ကျမ်း တစ်ခုဖြစ်သည်။
သို့သော် အမှန်တကယ်တွင် လုံးဝ အဆန်းကြီးတော့ မဟုတ်ပေ။
ဤကျမ်းသည် လက်နက်သန့်စင်ခြင်း လောက၏ စွယ်စုံကျမ်း သို့မဟုတ် စာပေ အသိုင်းအဝိုင်းရှိ ဂန္တဝင်ဝတ္ထုလေးခုနှင့် တူညီသည်။
၎င်းတို့၏ ရေးသားသူ မည်သူမည်ဝါဖြစ်သည်ကို မည်သူမျှ သေချာ မသိနိုင်သော်လည်း ၎င်းတို့မှာ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့လျက် ရှိသည်။
ဤ ကျမ်းတွင် မူပိုင်ခွင့်ပြဿနာ တစ်စုံတစ်ရာမရှိသောကြောင့် အမျိုးမျိုးသော ဗားရှင်းများကို အရောင်း ကိုယ်စားလှယ်ကြီးများက ထုတ်ဝေခဲ့ပြီး စာအုပ်ဆိုင်များတွင် ရောင်းချခဲ့ကြသည်။
၎င်းက မည်သည့် စာအုပ်ဆိုင်တွင်မဆို တွေ့ရှိနိုင်သော စာအုပ်အမျိုးအစားလည်း ဖြစ်သည်။
အရေးအကြီးဆုံးမှာ ကောင်းကင်လက်နက်ကျမ်းတွင် မှော်လက်နက် အမျိုးအစား အားလုံးကို အသေးစိတ်ဖော်ပြထားပြီး အကျယ်တဝင့် မှတ်တမ်းတင်ထားသော်လည်း ဤစာအုပ်ကို ကိုးကား၍ မှော်လက်နက် ပြုလုပ်ရန်မှာမူ ယေဘုယျအားဖြင့် မဖြစ်နိုင်ပေ။
လက်နက်သန့်စင်ခြင်း နည်းလမ်း များက ရှုပ်ထွေးသော လုပ်ငန်းစဥ် တစ်ခုဖြစ်သည်။
သေးငယ်သည့် အမှားတစ်ခုကပင် ကျရှုံးမှုကို ဖြစ်စေနိုင်၏။
ကောင်းကင် လက်နက် ရှစ်မျိုးကျမ်းက မှော်လက်နက်များ မည်ကဲ့သို့ ထုလုပ်ရမည်ကို ခြုံငုံသုံးသပ်ချက်သာ ပေးထားပြီး တိကျသော အသေးစိတ် အချက်အလက်များ မပါရှိပေ။
ပြတ်သားစွာ ပြောရလျှင် ၎င်းသည် မပြည့်စုံသောကျမ်း တစ်ခုဖြစ်သည်။
ကျမ်းထဲတွင် မှတ်တမ်းတင်ထားသော မှော်လက်နက်များက အလွန်အစွမ်းထက်သော်လည်း သူသိထားသလောက်ဆိုလျှင် စာအုပ်ထဲမှ လက်နက်များကို မည်သူမှ မပြုလုပ်နိုင်သေးပေ။
သို့ရာတွင် အနည်းငယ် ထူးဆန်းနေသည်ဟု သူခံစားနေရသည်။
"ညီနောင်ထွင်ထျန်းဟာ.. ဒီစာအုပ်ရဲ့ မျက်နှာဖုံးက ငါမှတ်မိတဲ့အရာနဲ့ ဘာကြောင့် မတူရတာလဲ"
ထွင်ထျန်းဟာ "မင်းမသိသေးဘူးကိုး.. ဒါပေမယ့် ဒီကောင်းကင် လက်နက် ရှစ်မျိုးကျမ်းက မူရင်းပဲ.. ဒီကျမ်းကို ပေးခဲ့တာက ဖေဖေဝမ်ရဲ့ ပရိတ်သတ်ပဲ.. စျေးကွက်မှာ ထုတ်ထားတဲ့ ဗားရှင်းအားလုံးက အနည်းနဲ့အများ မပြည့်စုံပေမဲ့ ဒီကျမ်းကတော့ ပြီးပြည့်စုံတယ်"
ဗုံးပစ်စီနီယာအင်မော်တယ် အံ့ဩသွားသည်။
"စီနီယာဝမ်ရဲ့ စာဖတ်ပရိတ်သတ်လား"
ထွင်ထျန်းဟာ "ဟုတ်တယ် ဒီပရိသတ်က ဖေဖေဝမ်ရဲ့အမာခံဖန်ပဲ"
"ဒီလိုကျမ်းမျိုးကို ဘယ်လို စာဖတ် ပရိတ်သတ်မျိုးက ပေးနိုင်တာလဲ"
ဗုံးပစ်စီနီယာအင်မော်တယ် ချွေးစေးများ ထွက်လာသည်။
ယခုခေတ်တွင် စာရေးဆရာများ အနေဖြင့် ပရိသတ်ထံမှ ဓားခုတ် မခံရလျှင်ပင် တော်တော် ကံကောင်းနေပြီဟု ယူဆရ၏။
ဝတ္ထုကို အပ်ဒိတ်လုပ်ရန် အတွက် စာရေးဆရာကို ပြဿနာတက်အောင် လှုံ့ဆော်သူများလည်း ရှိခဲ့ဖူးသည် မဟုတ်လော။
ဆိုရလျှင် ယခုခေတ်တွင် စာရေးဆရာများ၏ အခြေအနေသည် စိုးရိမ်စရာ အခြေအနေသို့ ရောက်နေပြီ ဖြစ်သည်။
ထွင်ထျန်းဟာ"ဒီအမာခံပရိသတ်က အရမ်းသဘောကောင်းတယ်.. ဘယ်သူကမှ လက်လှမ်းမမီနိုင်တဲ့ ဆေးပြင်းလိပ်ကိုတောင် ဖေဖေဝမ်ဆီ ပေးလိုက်သေးတယ်"
ဗုံးပစ်စီနီယာအင်မော်တယ် "သူက ဘယ်သူလဲ"
ထွင်ထျန်းဟာ "ငါပြောပြလို့မဖြစ်ဘူး"
ဗုံးပစ်စီနီယာအင်မော်တယ် "............"